BLACKPINK ရဲ့ 'Deadline' ဖျော်ဖြေပွဲကို အမေရိကန်နိုင်ငံ လော့ခ်အိန်ဂျလိစ့်ထိ သွားရောက်အားပေးခဲ့တဲ့ BTS အဖွဲ့ဝင် RM နဲ့ SUGA

 123

ရောင်နီ(NP News) - ဇူလိုင် ၁၆

တောင်ကိုရီးယား အမျိုးသား K Pop အဖွဲ့ BLACKPINK ရဲ့ 'Deadline' ကမ္ဘာလှည့် ဖျော်ဖြေရေး ခရီးစဉ်ရဲ့တစ်စိတ်တစ်ပိုင်းဖြစ်တဲ့ အမေရိကန်နိုင်ငံ၊ လော့ခ်အိန်ဂျလိစ့်မှာပြုလုပ်တဲ့ ဖျော်ဖြေပွဲမှာ BTS အဖွဲ့ဝင် RM နဲ့ SUGA လည်း သွားရောက်အားပေးခဲ့တယ်လို့ သိရပါတယ်။

BLACKPINK အဖွဲ့ဟာ ဇူလိုင် ၅ ရက်မှ ၆ ရက်အထိ တောင်ကိုရီးယားနိုင်ငံ၊ ဆိုးလ်မှာ ဖျော်ဖြေရေးခရီးစဉ်ကို အောင်မြင်စွာစတင်ခဲ့ပြီး လော့အိန်ဂျလိစ့် SoFi Stadium မှာ ဆက်လက်ဖျော်ဖြေခဲ့ပါတယ်။ ဒါဟာ ၂၀၂၂ ခုနှစ်၊'Born Pink' ဖျော်ဖြေပွဲအပြီး သုံးနှစ်ခန့်အတွင်း BLACKPINK ရဲ့ ပထမဆုံးအဖွဲ့လိုက် ဖျော်ဖြေရေး ခရီးစဉ်ဖြစ်ပါတယ်။ BLACKPINK ဟာ SoFi Stadium မှာ ဇူလိုင်လ ၁၂ ရက်မှ ၁၃ ရက်အထိ ဖျော်ဖြေခဲ့တာဖြစ်ပြီး ဖျော်ဖြေပွဲမှာ BTS အဖွဲ့ဝင် RM နဲ့ SUGA တို့ကို VIP ပွဲကြည့်စင်ကနေ မြင်တွေ့ခဲ့ရပါတယ်။

BLACKPINK ရဲ့ 'Deadline' ခရီးစဉ်ဟာ ဇူလိုင် ၁၈ ရက်မှာတော့ အမေရိကန်နိုင်ငံ၊ ချီကာဂိုမှာ ဖျော်ဖြေပွဲ ဆက်လက်ပြုလုပ်မှာဖြစ်ပြီး ဇူလိုင် ၂၂ ရက်မှ ၂၃ ရက်အထိ ကနေဒါ၊ တိုရွန်တို၊ ဇူလိုင် ၂၆ ရက်နဲ့ ၂၇ ရက်အထိ နယူးယောက်မြို့မှာ ဆက်လက်ဖျော်ဖြေသွားမှာ ဖြစ်ကာ ၂၀၂၆ ခုနှစ် ဇန်နဝါရီလအထိ ကမ္ဘာပတ်ဖျော်ဖြေသွားမယ်လို့ သိရပါတယ်။

zawgyi version
BLACKPINK ရဲ႕ 'Deadline' ေဖ်ာ္ေျဖပြဲကို အေမရိကန္ႏိုင္ငံ ေလာ့ခ္အိန္ဂ်လိစ့္ထိ သြားေရာက္အားေပးခဲ့တဲ့ BTS အဖြဲ႕ဝင္ RM နဲ႔ SUGA
ေရာင္နီ(NP News) - ဇူလိုင္ ၁၆

ေတာင္ကိုရီးယား အမ်ိဳးသား K Pop အဖြဲ႕ BLACKPINK ရဲ႕ 'Deadline' ကမာၻလွည့္ ေဖ်ာ္ေျဖေရး ခရီးစဥ္ရဲ႕တစ္စိတ္တစ္ပိုင္းျဖစ္တဲ့ အေမရိကန္ႏိုင္ငံ၊ ေလာ့ခ္အိန္ဂ်လိစ့္မွာျပဳလုပ္တဲ့ ေဖ်ာ္ေျဖပြဲမွာ BTS အဖြဲ႕ဝင္ RM နဲ႔ SUGA လည္း သြားေရာက္အားေပးခဲ့တယ္လို႔ သိရပါတယ္။

BLACKPINK အဖြဲ႕ဟာ ဇူလိုင္ ၅ ရက္မွ ၆ ရက္အထိ ေတာင္ကိုရီးယားႏိုင္ငံ၊ ဆိုးလ္မွာ ေဖ်ာ္ေျဖေရးခရီးစဥ္ကို ေအာင္ျမင္စြာစတင္ခဲ့ၿပီး ေလာ့အိန္ဂ်လိစ့္ SoFi Stadium မွာ ဆက္လက္ေဖ်ာ္ေျဖခဲ့ပါတယ္။ ဒါဟာ ၂၀၂၂ ခုႏွစ္၊'Born Pink' ေဖ်ာ္ေျဖပြဲအၿပီး သုံးႏွစ္ခန႔္အတြင္း BLACKPINK ရဲ႕ ပထမဆုံးအဖြဲ႕လိုက္ ေဖ်ာ္ေျဖေရး ခရီးစဥ္ျဖစ္ပါတယ္။ BLACKPINK ဟာ SoFi Stadium မွာ ဇူလိုင္လ ၁၂ ရက္မွ ၁၃ ရက္အထိ ေဖ်ာ္ေျဖခဲ့တာျဖစ္ၿပီး ေဖ်ာ္ေျဖပြဲမွာ BTS အဖြဲ႕ဝင္ RM နဲ႔ SUGA တို႔ကို VIP ပြဲၾကည့္စင္ကေန ျမင္ေတြ႕ခဲ့ရပါတယ္။

BLACKPINK ရဲ႕ 'Deadline' ခရီးစဥ္ဟာ ဇူလိုင္ ၁၈ ရက္မွာေတာ့ အေမရိကန္ႏိုင္ငံ၊ ခ်ီကာဂိုမွာ ေဖ်ာ္ေျဖပြဲ ဆက္လက္ျပဳလုပ္မွာျဖစ္ၿပီး ဇူလိုင္ ၂၂ ရက္မွ ၂၃ ရက္အထိ ကေနဒါ၊ တို႐ြန္တို၊ ဇူလိုင္ ၂၆ ရက္နဲ႔ ၂၇ ရက္အထိ နယူးေယာက္ၿမိဳ႕မွာ ဆက္လက္ေဖ်ာ္ေျဖသြားမွာ ျဖစ္ကာ ၂၀၂၆ ခုႏွစ္ ဇန္နဝါရီလအထိ ကမာၻပတ္ေဖ်ာ္ေျဖသြားမယ္လို႔ သိရပါတယ္။

Related news

© 2021. All rights reserved.