ဆိုရှယ်မီဒီယာမှတစ်ဆင့် မဖွယ်မရာဗီဒီယိုမှတ်တမ်းရယူပြီးခြိမ်းခြောက်ငွေညှစ်မှုများကျယ်ပြန့်လာ

 1409

သက်ပိုင်(NP News)-ဇူလိုင် ၁၇

မြန်မာနိုင်ငံတွင် Online မှ Video Call ခေါ်ကာ ကြိုတင်မှတ်တမ်းယူထားပြီးနောက် အဆိုပါ မှတ်တမ်းဖြင့် ခြိမ်းခြောက်ငွေညှစ်မှုများ ပိုများလာနေကြောင်း ဆိုရှယ်မီဒီယာ အသုံးပြုသူများက The Statesman ဂျာနယ်သို့ ပြောသည်။
မြန်မာနိုင်ငံတွင် လူသုံးအများဆုံး ဆိုရှယ်မီဒီယာများဖြစ်သည့် Facebook,Viber နှင့် Telegram တို့အပြင် အခြားသော ဆိုရှယ်မီဒီများမှတစ်ဆင့် Video Call ခေါ်ကာ ဆက်ကျင်ဘက်လိင်များ ကိုပြပြီးနောက် အဆိုပါ ဖြစ်စဉ်ကို မှတ်တမ်းရယူပြီး ခြိမ်းခြောက်ငွေညှစ်သည့် ဖြစ်စဉ်များကို ပိုမိုပြုလုပ်လာနေခြင်း ဖြစ်ကြောင်း မန္တလေးမြို့ဒေသခံတစ်ဦးက ဆိုသည်။
“အသိတွေထဲမှာလည်းအဲဒီလို ဖြစ်စဉ်ကြုံခဲ့တဲ့လူတွေရှိတယ်။ဟိုဘက်က ကိုယ်နဲ့မသိတဲ့ တစ်ယောက်က Video Call ခေါ်လို့ကိုင်လိုက်တာ။ကိုင်တဲ့အချိန်မှာ ခေါ်တဲ့ဘက်က မိန်းမကိုယ်ကို ပြထားတယ်။ ပြီးတော့ ငါးစက္ကန့်လောက်အတွင်းမှာ ပြန်ချသွားတယ်။ပြီးရင် အဲဒီအကြောင်းမှတ်တမ်းတင်ထားတဲ့ Video ကို ပြန်ပို့ပြီး ငွေဘယ်လောက်ပေးရင်ပေး၊ မပေးရင် ဒီကိစ္စကို လိုင်းပေါ်မှာဖြန့်မယ်၊ မင်းရဲ့မိသားစုတွေ၊ အသိတွေဆီကို ပို့ပစ်မယ်ဆိုပြီး ခြိမ်းခြောက်တာမျိုးပေါ့နော်။ဒါမျိုးတွေ တော်တော်များများ ကြုံလာကြရတယ်။ အသိထဲမှာတင် မနည်းတော့ဘူး။အဓိကကတော့ ကိုယ်နဲ့မရင်းနှီးတဲ့လူ ဖုန်းခေါ်ရင် မကိုင်ကြဖို့ပါပဲ” ဟု ၎င်းကရှင်းပြသည်။
ထိုသို့ ခြိမ်းခြောက်မှုများကြောင့် အရှက်ကွဲမည်ကို စိုးရိမ်သည့်အတွက် တောင်းသမျှငွေကို ပေးနေရ၊ ပေးခဲ့ရသူများရှိသကဲ့သို့ ၎င်းဖြစ်စဉ်အား ပြန်လည် ရင်ဆိုင်တုန့်ပြန် ဖြေရှင်းခဲ့သူများလည်း ရှိခဲ့ကြောင်းနှင့် အများစုမှာ တောင်းသမျှငွေကို ပေးနေကြရကြောင်း မေးမြန်းချက်များအရ သိရသည်။
“သူတို့တွေက ရိုးသားတဲ့လူတွေကို ပစ်မှတ်ထားတာများတယ်။ အချို့ရန်ကုန်လို မြို့မှာနေတဲ့ သူတွေတောင် ဒီလိုမျိုးအကြပ်ကိုင်ခံရတဲ့အခါ ငွေပေးပြီး ဖြေရှင်းကြရတယ်လို့သိရတယ်။ နောက်မှ မခံနိုင်တော့မှ သူတို့အဖြစ်ကို လိုင်းပေါ်ပြန်တင်လို့ လူတွေသိလာရတာ။ နယ်ကလူတွေဆိုရင် ဘယ်လိုတောင် ကြုံတွေ့နေရမလဲမသိဘူး ” ဟု ရန်ကုန်မြို့ဒေသခံတစ်ဦးကဆိုသည်။
ယခင်က ထိုသို့ လိင်မှုကိစ္စဖြင့် ခြိမ်းခြောက်ငွေညှစ်မှုများကို အမျိုးသမီးများအပေါ် ပစ်မှတ်ထားခဲ့မှုများသည်ကို တွေ့ရသော်လည်း ၂၀၂၃ ခုနှစ်နောက်ပိုင်းမှ စတင်ကာအမျိုးသားများ ကိုပို၍ ဦးတည်လာသည်ကို တွေ့ရှိရကြောင်း ဆိုရှယ်မီဒီယာ အသုံးပြုသူများက ဆိုသည်။
ယခုကဲ့သို့ ခြိမ်းခြောက်ငွေညှစ်ခံရပါက စိုးရိမ်မှုမလွန်ကဲကြရန်၊ မကြောက်လန့်ဘဲ သေသေချာချာ စဉ်းစားပြီးမှသာ ရင်ဆိုင်ဖြေရှင်းသင့်ကြောင်းနှင့် မိမိနှင့်ရင်းနှီးခြင်းမရှိသောသူများမှ Video Call ခေါ်ခြင်းကို ရှောင်ကျဉ်သင့်ကြောင်း ဆိုရှယ်မီဒီယာအသုံးပြုသူများက သတိပေးပြောဆိုကြသည်။
“ဆိုက်ဘာလုံခြုံရေးဥပဒေ” ပုဒ်မ(၇၂)အရ အများပြည်သူကြည့်ရှုခြင်းငှာ မသင့်လျှော်သော သတင်းအချက်အလက်များကို အီလက်ထရောနစ်နည်းပညာဖြင့် ဖြန့်ချိခြင်း၊ ဖြန့်ဝေခြင်း၊ ပေးပို့ခြင်း၊ ကူးယူစေခြင်း (သို့မဟုတ်) ရောင်းချခြင်များအတွက် ထောင်ဒဏ် အနည်းဆုံး တစ်လမှ ခြောက်လ၊ ဒဏ်ငွေ အနည်းဆုံး ကျပ်(၁၀)မှ သိန်း(၁၀၀)အထိ ချမှတ်နိုင်သည့်အပြင် ဒဏ်နှစ်ရပ်လုံး ချမှတ်နိုင်သည်ဟု ထည့်သွင်းဖော်ပြထားပြီး ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၆(ဃ)အရ ဆက်သွယ်ရေး ကွန်ယက် တစ်ခုခုကို အသုံးပြု၍ ပုဂ္ဂိုလ်တစ်ဦးဦးအား ခြောက်လှန့်တောင်းယူခြင်း၊ခြိမ်းခြောက်ခြင်းနှင့် အသရေဖျက်ခြင်းတို့ ပြုလုပ်ပါက နှစ်နှစ်ထက်မပိုသော ထောင်ဒဏ်ဖြစ်စေ၊ ငွေကျပ်ဆယ်သိန်းထက်မပိုသော ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးကိုဖြစ်စေ ချမှတ်နိုင်ကြောင်း သိရသည်။

Zawgyi Version:
ဆိုရွယ္မီဒီယာမွတစ္ဆင့္ မဖြယ္မရာဗီဒီယိုမွတ္တမ္းရယူၿပီးၿခိမ္းေျခာက္ေငြညႇစ္မႈမ်ားက်ယ္ျပန႔္လာ
သက္ပိုင္(NP News)-ဇူလိုင္ ၁၇

ျမန္မာႏိုင္ငံတြင္ Online မွ Video Call ေခၚကာ ႀကိဳတင္မွတ္တမ္းယူထားၿပီးေနာက္ အဆိုပါ မွတ္တမ္းျဖင့္ ၿခိမ္းေျခာက္ေငြညႇစ္မႈမ်ား ပိုမ်ားလာေနေၾကာင္း ဆိုရွယ္မီဒီယာ အသုံးျပဳသူမ်ားက The Statesman ဂ်ာနယ္သို႔ ေျပာသည္။
ျမန္မာႏိုင္ငံတြင္ လူသုံးအမ်ားဆုံး ဆိုရွယ္မီဒီယာမ်ားျဖစ္သည့္ Facebook,Viber ႏွင့္ Telegram တို႔အျပင္ အျခားေသာ ဆိုရွယ္မီဒီမ်ားမွတစ္ဆင့္ Video Call ေခၚကာ ဆက္က်င္ဘက္လိင္မ်ား ကိုျပၿပီးေနာက္ အဆိုပါ ျဖစ္စဥ္ကို မွတ္တမ္းရယူၿပီး ၿခိမ္းေျခာက္ေငြညႇစ္သည့္ ျဖစ္စဥ္မ်ားကို ပိုမိုျပဳလုပ္လာေနျခင္း ျဖစ္ေၾကာင္း မႏၲေလးၿမိဳ႕ေဒသခံတစ္ဦးက ဆိုသည္။
“အသိေတြထဲမွာလည္းအဲဒီလို ျဖစ္စဥ္ႀကဳံခဲ့တဲ့လူေတြရွိတယ္။ဟိုဘက္က ကိုယ္နဲ႔မသိတဲ့ တစ္ေယာက္က Video Call ေခၚလို႔ကိုင္လိုက္တာ။ကိုင္တဲ့အခ်ိန္မွာ ေခၚတဲ့ဘက္က မိန္းမကိုယ္ကို ျပထားတယ္။ ၿပီးေတာ့ ငါးစကၠန႔္ေလာက္အတြင္းမွာ ျပန္ခ်သြားတယ္။ၿပီးရင္ အဲဒီအေၾကာင္းမွတ္တမ္းတင္ထားတဲ့ Video ကို ျပန္ပို႔ၿပီး ေငြဘယ္ေလာက္ေပးရင္ေပး၊ မေပးရင္ ဒီကိစၥကို လိုင္းေပၚမွာျဖန႔္မယ္၊ မင္းရဲ႕မိသားစုေတြ၊ အသိေတြဆီကို ပို႔ပစ္မယ္ဆိုၿပီး ၿခိမ္းေျခာက္တာမ်ိဳးေပါ့ေနာ္။ဒါမ်ိဳးေတြ ေတာ္ေတာ္မ်ားမ်ား ႀကဳံလာၾကရတယ္။ အသိထဲမွာတင္ မနည္းေတာ့ဘူး။အဓိကကေတာ့ ကိုယ္နဲ႔မရင္းႏွီးတဲ့လူ ဖုန္းေခၚရင္ မကိုင္ၾကဖို႔ပါပဲ” ဟု ၎ကရွင္းျပသည္။
ထိုသို႔ ၿခိမ္းေျခာက္မႈမ်ားေၾကာင့္ အရွက္ကြဲမည္ကို စိုးရိမ္သည့္အတြက္ ေတာင္းသမွ်ေငြကို ေပးေနရ၊ ေပးခဲ့ရသူမ်ားရွိသကဲ့သို႔ ၎ျဖစ္စဥ္အား ျပန္လည္ ရင္ဆိုင္တုန႔္ျပန္ ေျဖရွင္းခဲ့သူမ်ားလည္း ရွိခဲ့ေၾကာင္းႏွင့္ အမ်ားစုမွာ ေတာင္းသမွ်ေငြကို ေပးေနၾကရေၾကာင္း ေမးျမန္းခ်က္မ်ားအရ သိရသည္။
“သူတို႔ေတြက ႐ိုးသားတဲ့လူေတြကို ပစ္မွတ္ထားတာမ်ားတယ္။ အခ်ိဳ႕ရန္ကုန္လို ၿမိဳ႕မွာေနတဲ့ သူေတြေတာင္ ဒီလိုမ်ိဳးအၾကပ္ကိုင္ခံရတဲ့အခါ ေငြေပးၿပီး ေျဖရွင္းၾကရတယ္လို႔သိရတယ္။ ေနာက္မွ မခံႏိုင္ေတာ့မွ သူတို႔အျဖစ္ကို လိုင္းေပၚျပန္တင္လို႔ လူေတြသိလာရတာ။ နယ္ကလူေတြဆိုရင္ ဘယ္လိုေတာင္ ႀကဳံေတြ႕ေနရမလဲမသိဘူး ” ဟု ရန္ကုန္ၿမိဳ႕ေဒသခံတစ္ဦးကဆိုသည္။
ယခင္က ထိုသို႔ လိင္မႈကိစၥျဖင့္ ၿခိမ္းေျခာက္ေငြညႇစ္မႈမ်ားကို အမ်ိဳးသမီးမ်ားအေပၚ ပစ္မွတ္ထားခဲ့မႈမ်ားသည္ကို ေတြ႕ရေသာ္လည္း ၂၀၂၃ ခုႏွစ္ေနာက္ပိုင္းမွ စတင္ကာအမ်ိဳးသားမ်ား ကိုပို၍ ဦးတည္လာသည္ကို ေတြ႕ရွိရေၾကာင္း ဆိုရွယ္မီဒီယာ အသုံးျပဳသူမ်ားက ဆိုသည္။
ယခုကဲ့သို႔ ၿခိမ္းေျခာက္ေငြညႇစ္ခံရပါက စိုးရိမ္မႈမလြန္ကဲၾကရန္၊ မေၾကာက္လန႔္ဘဲ ေသေသခ်ာခ်ာ စဥ္းစားၿပီးမွသာ ရင္ဆိုင္ေျဖရွင္းသင့္ေၾကာင္းႏွင့္ မိမိႏွင့္ရင္းႏွီးျခင္းမရွိေသာသူမ်ားမွ Video Call ေခၚျခင္းကို ေရွာင္က်ဥ္သင့္ေၾကာင္း ဆိုရွယ္မီဒီယာအသုံးျပဳသူမ်ားက သတိေပးေျပာဆိုၾကသည္။
“ဆိုက္ဘာလုံၿခဳံေရးဥပေဒ” ပုဒ္မ(၇၂)အရ အမ်ားျပည္သူၾကည့္ရႈျခင္းငွာ မသင့္ေလွ်ာ္ေသာ သတင္းအခ်က္အလက္မ်ားကို အီလက္ထေရာနစ္နည္းပညာျဖင့္ ျဖန႔္ခ်ိျခင္း၊ ျဖန႔္ေဝျခင္း၊ ေပးပို႔ျခင္း၊ ကူးယူေစျခင္း (သို႔မဟုတ္) ေရာင္းခ်ျခင္မ်ားအတြက္ ေထာင္ဒဏ္ အနည္းဆုံး တစ္လမွ ေျခာက္လ၊ ဒဏ္ေငြ အနည္းဆုံး က်ပ္(၁၀)မွ သိန္း(၁၀၀)အထိ ခ်မွတ္ႏိုင္သည့္အျပင္ ဒဏ္ႏွစ္ရပ္လုံး ခ်မွတ္ႏိုင္သည္ဟု ထည့္သြင္းေဖာ္ျပထားၿပီး ဆက္သြယ္ေရးဥပေဒပုဒ္မ ၆၆(ဃ)အရ ဆက္သြယ္ေရး ကြန္ယက္ တစ္ခုခုကို အသုံးျပဳ၍ ပုဂၢိဳလ္တစ္ဦးဦးအား ေျခာက္လွန႔္ေတာင္းယူျခင္း၊ၿခိမ္းေျခာက္ျခင္းႏွင့္ အသေရဖ်က္ျခင္းတို႔ ျပဳလုပ္ပါက ႏွစ္ႏွစ္ထက္မပိုေသာ ေထာင္ဒဏ္ျဖစ္ေစ၊ ေငြက်ပ္ဆယ္သိန္းထက္မပိုေသာ ေငြဒဏ္ျဖစ္ေစ၊ ဒဏ္ႏွစ္ရပ္လုံးကိုျဖစ္ေစ ခ်မွတ္ႏိုင္ေၾကာင္း သိရသည္။
သက္ပိုင္

Related news

© 2021. All rights reserved.