အာဇာနည်နေ့တွင် ဗိုလ်ချုပ်အောင်ဆန်းပြတိုက်သို့ လာရောက်လည်ပတ်သူများပြား

 272

ချယ်ရီ (NP News) - ဇူလိုင် ၁၉
ရန်ကုန်တိုင်းဒေသကြီး၊ ဗဟန်းမြို့နယ်၊ နတ်မောက်လမ်းရှိ ဗိုလ်ချုပ်အောင်ဆန်းပြတိုက်သို့ အာဇာနည်နေ့တွင် လာရောက်လည်ပတ်သူ များပြားကြောင်း တွေ့မြင်ရသည်။
ယနေ့ကျရောက်သည့် အာဇာနည်နေ့အခမ်းအနားများကို ကိုဗစ်(၁၉) စည်းမျဉ်း၊ စည်းကမ်းများနှင့်အညီ ပြည်သူများဘေးအန္တရာယ် ကင်းရှင်းစေရန် ရည်ရွယ်ချက်ဖြင့် တာဝန်ကျလုံခြုံရေးဝန်ထမ်းများက စည်းစနစ်ကျစွာ ကျင်းပပြုလုပ်ခဲ့ကြောင်း တွေ့ရသည်။
ပြတိုက်သို့ လာရောက်လည်ပတ်၊ လေ့လာသူများထဲတွင် ရဟန်းသံဃာများ၊ သက်ကြီးရွယ်အိုများ၊ အစိုးရဝန်ထမ်းများ၊ ပြည်သူများနှင့် ကျောင်းသား၊ ကျောင်းသူများ ပါဝင်ကြောင်း တွေ့မြင်ရသည်။
အဆိုပါ ပြတိုက်တွင် အဝင်ဝမှစကာ ဗိုလ်ချုပ်အောင်ဆန်း၏ အထ္တုပ္ပတိများကို ပိုစတာများဖြင့်ပြသထားကာ သမိုင်းဝင်ပစ္စည်းများကိုလည်း ပြသထားပြီး သိရှိလိုသည်များကို မေးမြန်းရာ တာဝန်ရှိသူများက ရှင်းလင်းဖြေကြားခဲ့ကြောင်း သိရသည်။
ထို့ပြင် ဗိုလ်ချုပ်နှင့်ပတ်သက်၍ အမေးအဖြေနှင့်ဆုပေးသောအစီစဉ်လည်း ပါဝင်ကြောင်း တွေ့ရသည်။
အာဇာနည်နေ့တွင် ဗိုလ်ချုပ်အောင်ဆန်းပြတိုက်သာမက အာဇာနည်ဗိမာန် နှင့် ဝန်ကြီးများရုံးသို့လည်း လာရောက်လေ့လာသူ များပြားခဲ့ကြောင်း သိရသည်။

Zawgyi Version:
အာဇာနည္ေန႔တြင္ ဗိုလ္ခ်ဳပ္ေအာင္ဆန္းျပတိုက္သို႔ လာေရာက္လည္ပတ္သူမ်ားျပား
ခ်ယ္ရီ (NP News) - ဇူလိုင္ ၁၉
ရန္ကုန္တိုင္းေဒသႀကီး၊ ဗဟန္းၿမိဳ႕နယ္၊ နတ္ေမာက္လမ္းရွိ ဗိုလ္ခ်ဳပ္ေအာင္ဆန္းျပတိုက္သို႔ အာဇာနည္ေန႔တြင္ လာေရာက္လည္ပတ္သူ မ်ားျပားေၾကာင္း ေတြ႕ျမင္ရသည္။
ယေန႔က်ေရာက္သည့္ အာဇာနည္ေန႔အခမ္းအနားမ်ားကို ကိုဗစ္(၁၉) စည္းမ်ဥ္း၊ စည္းကမ္းမ်ားႏွင့္အညီ ျပည္သူမ်ားေဘးအႏၲရာယ္ ကင္းရွင္းေစရန္ ရည္႐ြယ္ခ်က္ျဖင့္ တာဝန္က်လုံၿခဳံေရးဝန္ထမ္းမ်ားက စည္းစနစ္က်စြာ က်င္းပျပဳလုပ္ခဲ့ေၾကာင္း ေတြ႕ရသည္။
ျပတိုက္သို႔ လာေရာက္လည္ပတ္၊ ေလ့လာသူမ်ားထဲတြင္ ရဟန္းသံဃာမ်ား၊ သက္ႀကီး႐ြယ္အိုမ်ား၊ အစိုးရဝန္ထမ္းမ်ား၊ ျပည္သူမ်ားႏွင့္ ေက်ာင္းသား၊ ေက်ာင္းသူမ်ား ပါဝင္ေၾကာင္း ေတြ႕ျမင္ရသည္။
အဆိုပါ ျပတိုက္တြင္ အဝင္ဝမွစကာ ဗိုလ္ခ်ဳပ္ေအာင္ဆန္း၏ အထၱဳပၸတိမ်ားကို ပိုစတာမ်ားျဖင့္ျပသထားကာ သမိုင္းဝင္ပစၥည္းမ်ားကိုလည္း ျပသထားၿပီး သိရွိလိုသည္မ်ားကို ေမးျမန္းရာ တာဝန္ရွိသူမ်ားက ရွင္းလင္းေျဖၾကားခဲ့ေၾကာင္း သိရသည္။
ထို႔ျပင္ ဗိုလ္ခ်ဳပ္ႏွင့္ပတ္သက္၍ အေမးအေျဖႏွင့္ဆုေပးေသာအစီစဥ္လည္း ပါဝင္ေၾကာင္း ေတြ႕ရသည္။
အာဇာနည္ေန႔တြင္ ဗိုလ္ခ်ဳပ္ေအာင္ဆန္းျပတိုက္သာမက အာဇာနည္ဗိမာန္ ႏွင့္ ဝန္ႀကီးမ်ား႐ုံးသို႔လည္း လာေရာက္ေလ့လာသူ မ်ားျပားခဲ့ေၾကာင္း သိရသည္။

Related news

© 2021. All rights reserved.