အိန္ဒိယနိုင်ငံမှာ မိုးကြိုးပစ်ခံရမှုကြောင့် အနည်းဆုံးလူ(၃၃)ဦး သေဆုံး

 218

Pika (NP News) - ဇူလိုင် ၁၉
အိန္ဒိယနိုင်ငံအရှေ့ပိုင်းမှာ ယခုသီတင်းပတ်အတွင်း ပြင်းထန်တဲ့မုန်တိုင်းတွေတိုက်ခတ်မှုနဲ့အတူ မိုးကြိုးပစ်မှုတွေ ကြောင့် အနည်းဆုံးလူ(၃၃)ဦးသေဆုံးခဲ့ပြီး အခြားလူဒါဇင်ချီ ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ တာဝန်ရှိသူတွေက ပြောကြားခဲ့ပါတယ်။
သေဆုံးမှုတွေဟာ ဘီဟာပြည်နယ်မှာဖြစ်ပွားခဲ့တာဖြစ်ပြီး သေဆုံးသူအများစုဟာ လယ်သမားတွေနဲ့ အမိုးအကာ မရှိတဲ့နေရာမှာ အလုပ်လုပ်ကြတဲ့ အလုပ်သမားတွေဖြစ်တယ်လို့လည်း သိရပါတယ်။ ဒါ့ပြင် ဘီဟာပြည်နယ်ရဲ့ အစိတ်အပိုင်းတွေမှာ မိုးသည်းထန်စွာရွာသွန်းမှုနဲ့အတူ မိုးကြိုးပစ်တာတွေ ပိုမိုများပြားလာနိုင်တယ်လို့လည်း ခန့်မှန်းထားကြပါတယ်။
အဲဒီဖြစ်ရပ်တွေဖြစ်ပွားခဲ့ပြီးနောက် ကြိုတင်ကာကွယ်မှုအဆင့်တွေလုပ်ဆောင်ဖို့အတွက် သတိပေးချက်တွေ ပြုလုပ်ဖို့ တာဝန်ရှိသူတွေကို ညွှန်ကြားထားတယ်လို့ ဘီဟာပြည်နယ် သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲရေးဝန်ကြီး ဗီဂျေးကူမာက ပြောကြားခဲ့ပါတယ်။ ဒါ့ပြင် မိုးကြိုးပစ်ခံရမှုကြောင့် သေဆုံးသွားသူတွေရဲ့မိသားစုဝင်တွေကို နစ်နာကြေးအဖြစ် ရူပီး(၄)သန်းပေးအပ်သွားမယ်လို့ ဘီဟာပြည်နယ်အစိုးရက ထုတ်ပြန်ကြေညာခဲ့ပါတယ်။
၂ဝ၂၄ ခုနှစ်တုန်းက ဘီဟာပြည်နယ်မှာ မိုးကြိုးပစ်ခံရမှုကြောင့် လူ(၂၄၃)ဦးသေဆုံးခဲ့ပြီး ယခုနှစ်အစောပိုင်းမှာ မိုးကြိုးပစ်ခံရမှုကြောင့် အနည်းဆုံးလူ(၂၇၅)ဦး သေဆုံးခဲ့တယ်လို့လည်း သိရပါတယ်။

Zawgyi Version:
အိႏၵိယႏိုင္ငံမွာ မိုးႀကိဳးပစ္ခံရမႈေၾကာင့္ အနည္းဆုံးလူ(၃၃)ဦး ေသဆုံး
Pika (NP News) - ဇူလိုင္ ၁၉
အိႏၵိယႏိုင္ငံအေရွ႕ပိုင္းမွာ ယခုသီတင္းပတ္အတြင္း ျပင္းထန္တဲ့မုန္တိုင္းေတြတိုက္ခတ္မႈနဲ႔အတူ မိုးႀကိဳးပစ္မႈေတြ ေၾကာင့္ အနည္းဆုံးလူ(၃၃)ဦးေသဆုံးခဲ့ၿပီး အျခားလူဒါဇင္ခ်ီ ထိခိုက္ဒဏ္ရာရရွိခဲ့တယ္လို႔ တာဝန္ရွိသူေတြက ေျပာၾကားခဲ့ပါတယ္။
ေသဆုံးမႈေတြဟာ ဘီဟာျပည္နယ္မွာျဖစ္ပြားခဲ့တာျဖစ္ၿပီး ေသဆုံးသူအမ်ားစုဟာ လယ္သမားေတြနဲ႔ အမိုးအကာ မရွိတဲ့ေနရာမွာ အလုပ္လုပ္ၾကတဲ့ အလုပ္သမားေတြျဖစ္တယ္လို႔လည္း သိရပါတယ္။ ဒါ့ျပင္ ဘီဟာျပည္နယ္ရဲ႕ အစိတ္အပိုင္းေတြမွာ မိုးသည္းထန္စြာ႐ြာသြန္းမႈနဲ႔အတူ မိုးႀကိဳးပစ္တာေတြ ပိုမိုမ်ားျပားလာႏိုင္တယ္လို႔လည္း ခန႔္မွန္းထားၾကပါတယ္။
အဲဒီျဖစ္ရပ္ေတြျဖစ္ပြားခဲ့ၿပီးေနာက္ ႀကိဳတင္ကာကြယ္မႈအဆင့္ေတြလုပ္ေဆာင္ဖို႔အတြက္ သတိေပးခ်က္ေတြ ျပဳလုပ္ဖို႔ တာဝန္ရွိသူေတြကို ၫႊန္ၾကားထားတယ္လို႔ ဘီဟာျပည္နယ္ သဘာဝေဘးအႏၲရာယ္စီမံခန႔္ခြဲေရးဝန္ႀကီး ဗီေဂ်းကူမာက ေျပာၾကားခဲ့ပါတယ္။ ဒါ့ျပင္ မိုးႀကိဳးပစ္ခံရမႈေၾကာင့္ ေသဆုံးသြားသူေတြရဲ႕မိသားစုဝင္ေတြကို နစ္နာေၾကးအျဖစ္ ႐ူပီး(၄)သန္းေပးအပ္သြားမယ္လို႔ ဘီဟာျပည္နယ္အစိုးရက ထုတ္ျပန္ေၾကညာခဲ့ပါတယ္။
၂ဝ၂၄ ခုႏွစ္တုန္းက ဘီဟာျပည္နယ္မွာ မိုးႀကိဳးပစ္ခံရမႈေၾကာင့္ လူ(၂၄၃)ဦးေသဆုံးခဲ့ၿပီး ယခုႏွစ္အေစာပိုင္းမွာ မိုးႀကိဳးပစ္ခံရမႈေၾကာင့္ အနည္းဆုံးလူ(၂၇၅)ဦး ေသဆုံးခဲ့တယ္လို႔လည္း သိရပါတယ္။

Related news

© 2021. All rights reserved.