DPLA အဖွဲ့ဝင် (၁၂)ဦး လက်နက်ခဲယမ်းများနှင့်အတူ တပ်မတော်ထံ ထပ်မံအလင်းဝင်ရောက်လာ

467

Pearl (NP News) - ဇူလိုင် ၂၀
DPLA အဖွဲ့ဝင် (၁၂)ဦး လက်နက်ခဲယမ်းများနှင့်အတူ တပ်မတော်ထံ ထပ်မံ အလင်းဝင်ရောက်လာကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီမှ ထုတ်ပြန်ထားသည်။
DPLA အဖွဲ့မှ အမျိုးသား ၁၁ ဦးနှင့် အမျိုးသမီး ၁ ဦး၊ စုစုပေါင်း ၁၂ ဦးတို့သည် Type-81 အမျိုးအစားသေနတ် ၁၂ လက်၊ ၎င်းကျည် ၁၅၁၅ တောင့်၊ ကျည်အိမ် ၂၁ ခု၊ MA-1 အမျိုးအစားသေနတ် ၁ လက်တို့နှင့်အတူ ဥပဒေဘောင်အတွင်း ဝင်ရောက်လာခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ဥပဒေဘောင်အတွင်း ဝင်ရောက်လာသူများ၏ ကနဦးပြောကြားချက်များအရ အများစုသည် တောင်ယာလုပ်ငန်းလုပ်ကိုင် နေကြသူများဖြစ်ပြီး အကြမ်းဖက်အဖွဲ့၏ အတင်းအဓမ္မခြိမ်းခြောက်ဖမ်းဆီး၍ လူသစ်စုဆောင်းခံရသူများဖြစ်ကာ သီပေါမြို့ ၊ မန်လွယ်ကျေးရွာအနီးတွင် သင်တန်းတက်ရောက်၍ နယ်မြေအလိုက် အခြေပြုလှုပ်ရှားသည့် ကျေးရွာများ၊ တောတွင်းစခန်းများတွင် အဓမ္မစေခိုင်းချက်အရ အကြမ်းဖက်လုပ်ငန်းများကို လုပ်ဆောင်ခဲ့ရကြောင်း သိရသည်။
ထို့ပြင် ၎င်းတို့ အဖွဲ့များအတွင်း၌ပင် အချင်းချင်းဗိုလ်ကျနှိပ်စက်၊ သတ်ဖြတ်ခြင်း၊ အဓမ္မမှုကျူးလွန်ခြင်းစသည့် အကြမ်းဖက်လုပ်ရပ်များကြောင့် လက်နက်ကိုင်လမ်းစဉ်အားစွန့်လွှတ်၍ ဥပဒေဘောင်အတွင်းဝင်ရောက်ရန်အတွက် နောင်ချိုမြို့နယ်၊ ဆရာအေးကုန်းကျေးရွာ၊ ထိုမှတစ်ဆင့် ကျောက်တောကျေးရွာ၊ ၎င်းမှတစ်ဆင့် လယ်ကြီးတောကျေးရွာ၊ အင်းဝိုင်းကျေးရွာများသို့ အဆင့်ဆင့်ထွက်ခွာလာခဲ့ပြီး ညောင်ထောက်ကျေးရွာသို့ရောက်ရှိစဉ် အဆိုပါကျေးရွာအနီး လုံခြုံရေးလုပ်ငန်းများဆောင်ရွက်နေသည့် တပ်မတော်စစ်ကြောင်းထံသို့ သတင်းပို့ကာယခုကဲ့သို့ ပြန်လည်ဝင်ရောက်လာ ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ထိုသို့ဥပဒေဘောင်အတွင်းဝင်ရောက်လာသူများအား လွှဲပြောင်းအပ်နှံပွဲကို ယမန်နေ့ (ဇူလိုင်လ ၁၉ရက်)က ပြင်ဦးလွင်တပ်နယ်၌ပြုလုပ်ခဲ့ပြီး ဥပဒေဘောင်အတွင်းဝင်ရောက်လာသည့် DPLA အဖွဲ့ဝင်များက ၎င်းတို့နှင့်အတူယူဆောင်လာသည့် လက်နက်ခဲယမ်းတို့ကိုအပ်နှံခဲ့ကြောင်း သိရသည်။
အဆိုပါလက်နက်ခဲယမ်းများအတွက် ဆုကြေးငွေကျပ်သိန်း ၆၅၀ နှင့် ထောက်ပံ့ပစ္စည်းများပေး အပ်ပြီးနောက် ဝန်ခံကတိလက်မှတ်ရေးထိုးစေပြီး ၎င်းတို့၏ မိဘအုပ်ထိန်းသူများထံသို့ လွှဲပြောင်းအပ်နှံခဲ့ကြောင်း သိရသည်။
ပြီးခဲ့သည့် ဇူလိုင်လ ၁၇ ရက်နေ့တွင် TNLA ၊ DPLA နှင့် MDY-PDF အဖွဲ့ဝင် စုစုပေါင်း ၁၄ ဦး၊ ဇူလိုင်လ ၁၈ ရက်နေ့တွင် DPLA နှင့် MDY-PDF အဖွဲ့ဝင် ၁၅ ဦး ပြန်လည်ဝင်ရောက်လာခဲ့ကြောင်း သိရှိရသည်။

Zawgyi Version:
DPLA အဖြဲ႕ဝင္ (၁၂)ဦး လက္နက္ခဲယမ္းမ်ားႏွင့္အတူ တပ္မေတာ္ထံ ထပ္မံအလင္းဝင္ေရာက္လာ
Pearl (NP News) - ဇူလိုင္ ၂၀
DPLA အဖြဲ႕ဝင္ (၁၂)ဦး လက္နက္ခဲယမ္းမ်ားႏွင့္အတူ တပ္မေတာ္ထံ ထပ္မံ အလင္းဝင္ေရာက္လာေၾကာင္း ႏိုင္ငံေတာ္စီမံအုပ္ခ်ဳပ္ေရးေကာင္စီမွ ထုတ္ျပန္ထားသည္။
DPLA အဖြဲ႕မွ အမ်ိဳးသား ၁၁ ဦးႏွင့္ အမ်ိဳးသမီး ၁ ဦး၊ စုစုေပါင္း ၁၂ ဦးတို႔သည္ Type-81 အမ်ိဳးအစားေသနတ္ ၁၂ လက္၊ ၎က်ည္ ၁၅၁၅ ေတာင့္၊ က်ည္အိမ္ ၂၁ ခု၊ MA-1 အမ်ိဳးအစားေသနတ္ ၁ လက္တို႔ႏွင့္အတူ ဥပေဒေဘာင္အတြင္း ဝင္ေရာက္လာခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။
ဥပေဒေဘာင္အတြင္း ဝင္ေရာက္လာသူမ်ား၏ ကနဦးေျပာၾကားခ်က္မ်ားအရ အမ်ားစုသည္ ေတာင္ယာလုပ္ငန္းလုပ္ကိုင္ ေနၾကသူမ်ားျဖစ္ၿပီး အၾကမ္းဖက္အဖြဲ႕၏ အတင္းအဓမၼၿခိမ္းေျခာက္ဖမ္းဆီး၍ လူသစ္စုေဆာင္းခံရသူမ်ားျဖစ္ကာ သီေပါၿမိဳ႕ ၊ မန္လြယ္ေက်း႐ြာအနီးတြင္ သင္တန္းတက္ေရာက္၍ နယ္ေျမအလိုက္ အေျချပဳလႈပ္ရွားသည့္ ေက်း႐ြာမ်ား၊ ေတာတြင္းစခန္းမ်ားတြင္ အဓမၼေစခိုင္းခ်က္အရ အၾကမ္းဖက္လုပ္ငန္းမ်ားကို လုပ္ေဆာင္ခဲ့ရေၾကာင္း သိရသည္။
ထို႔ျပင္ ၎တို႔ အဖြဲ႕မ်ားအတြင္း၌ပင္ အခ်င္းခ်င္းဗိုလ္က်ႏွိပ္စက္၊ သတ္ျဖတ္ျခင္း၊ အဓမၼမႈက်ဴးလြန္ျခင္းစသည့္ အၾကမ္းဖက္လုပ္ရပ္မ်ားေၾကာင့္ လက္နက္ကိုင္လမ္းစဥ္အားစြန႔္လႊတ္၍ ဥပေဒေဘာင္အတြင္းဝင္ေရာက္ရန္အတြက္ ေနာင္ခ်ိဳၿမိဳ႕နယ္၊ ဆရာေအးကုန္းေက်း႐ြာ၊ ထိုမွတစ္ဆင့္ ေက်ာက္ေတာေက်း႐ြာ၊ ၎မွတစ္ဆင့္ လယ္ႀကီးေတာေက်း႐ြာ၊ အင္းဝိုင္းေက်း႐ြာမ်ားသို႔ အဆင့္ဆင့္ထြက္ခြာလာခဲ့ၿပီး ေညာင္ေထာက္ေက်း႐ြာသို႔ေရာက္ရွိစဥ္ အဆိုပါေက်း႐ြာအနီး လုံၿခဳံေရးလုပ္ငန္းမ်ားေဆာင္႐ြက္ေနသည့္ တပ္မေတာ္စစ္ေၾကာင္းထံသို႔ သတင္းပို႔ကာယခုကဲ့သို႔ ျပန္လည္ဝင္ေရာက္လာ ခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။
ထိုသို႔ဥပေဒေဘာင္အတြင္းဝင္ေရာက္လာသူမ်ားအား လႊဲေျပာင္းအပ္ႏွံပြဲကို ယမန္ေန႔ (ဇူလိုင္လ ၁၉ရက္)က ျပင္ဦးလြင္တပ္နယ္၌ျပဳလုပ္ခဲ့ၿပီး ဥပေဒေဘာင္အတြင္းဝင္ေရာက္လာသည့္ DPLA အဖြဲ႕ဝင္မ်ားက ၎တို႔ႏွင့္အတူယူေဆာင္လာသည့္ လက္နက္ခဲယမ္းတို႔ကိုအပ္ႏွံခဲ့ေၾကာင္း သိရသည္။
အဆိုပါလက္နက္ခဲယမ္းမ်ားအတြက္ ဆုေၾကးေငြက်ပ္သိန္း ၆၅၀ ႏွင့္ ေထာက္ပံ့ပစၥည္းမ်ားေပး အပ္ၿပီးေနာက္ ဝန္ခံကတိလက္မွတ္ေရးထိုးေစၿပီး ၎တို႔၏ မိဘအုပ္ထိန္းသူမ်ားထံသို႔ လႊဲေျပာင္းအပ္ႏွံခဲ့ေၾကာင္း သိရသည္။
ၿပီးခဲ့သည့္ ဇူလိုင္လ ၁၇ ရက္ေန႔တြင္ TNLA ၊ DPLA ႏွင့္ MDY-PDF အဖြဲ႕ဝင္ စုစုေပါင္း ၁၄ ဦး၊ ဇူလိုင္လ ၁၈ ရက္ေန႔တြင္ DPLA ႏွင့္ MDY-PDF အဖြဲ႕ဝင္ ၁၅ ဦး ျပန္လည္ဝင္ေရာက္လာခဲ့ေၾကာင္း သိရွိရသည္။