ဂါဇာမှာ အမြန်ဆုံးအပစ်အခတ်ရပ်စဲရေးကို မျှော်လင့်ထားတယ်လို့ ဂျာမန်အဓိပတိပြော

 104

Pika (NP News) - ဇူလိုင် ၂ဝ
ဂါဇာကမ်းမြောင်ဒေသမှာ အမြန်ဆုံးအပစ်အခတ်ရပ်စဲရေးကို မျှော်လင့်ထားတယ်လို့ ဂျာမန်အဓိပတိ Friedrich Merz က ပြောကြားခဲ့ပါတယ်။
Friedrich Merz ဟာ အစ္စရေးဝန်ကြီးချုပ်နေတန်ရာဟုနဲ့ဖုန်းပြောစဉ်အချိန်အတွင်း ယခုလိုပြောဆိုခဲ့တာဖြစ်တယ် လို့လည်း သိရပါတယ်။ Friedrich Merz က “အရေးတကြီးလိုအပ်နေတဲ့ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီတွေဟာ ဂါဇာကမ်းမြောင်ဒေသမှာရှိတဲ့ပြည်သူတွေဆီကို ဘေးကင်းကင်းနဲ့ရောက်ဖို့လိုအပ်ပါတယ်။ ပြီးတော့ ဟားမက်လက်နက်ကိုင်အဖွဲ့လက်နက်ဖျက်သိမ်းရေးဟာ မရှိမဖြစ်လိုအပ်ပါတယ်” လို့ ပြောခဲ့ပါတယ်။
ဒါ့ပြင် ဖမ်းဆီးခံထားရတဲ့ဓါးစာခံတွေ ချက်ချင်းပြန်လွှတ်ပေးဖို့ကိုလည်း မျှော်လင့်ထားတယ်လို့ Friedrich Merz က ပြောကြားခဲ့ပါတယ်။ ၎င်းက “ဂါဇာကမ်းမြောင်ဒေသမှာ အမြန်ဆုံးအပစ်အခတ်ရပ်စဲရေးရရှိဖို့ မျှော်လင့်ပါတယ်။ ပြီးတော့ ဟားမက်လက်နက်ကိုင်အဖွဲ့ဟာ ဂျာမနီနိုင်ငံသားတွေ အပါအဝင် ဖမ်းဆီးခံထားရတဲ့ ဓါးစာခံတွေအားလုံး ကို ချက်ချင်းပြန်လွှတ်ပေးရပါမယ်” လို့ ပြောခဲ့ပါတယ်။
ဂါဇာကမ်းမြောင်ဒေသမှာ ရက်ပေါင်း(၆၀)ကြာ အပစ်အခတ်ရပ်စဲရေးနဲ့ပတ်သက်ပြီး ကြိုးပမ်းမှုတွေ ရှိနေချိန်မှာပဲ Friedrich Merz ရဲ့ပြောဆိုချက်တွေ ထွက်ပေါ်လာတာဖြစ်ပါတယ်။

Zawgyi Version:
ဂါဇာမွာ အျမန္ဆုံးအပစ္အခတ္ရပ္စဲေရးကို ေမွ်ာ္လင့္ထားတယ္လို႔ ဂ်ာမန္အဓိပတိေျပာ
Pika (NP News) - ဇူလိုင္ ၂ဝ
ဂါဇာကမ္းေျမာင္ေဒသမွာ အျမန္ဆုံးအပစ္အခတ္ရပ္စဲေရးကို ေမွ်ာ္လင့္ထားတယ္လို႔ ဂ်ာမန္အဓိပတိ Friedrich Merz က ေျပာၾကားခဲ့ပါတယ္။
Friedrich Merz ဟာ အစၥေရးဝန္ႀကီးခ်ဳပ္ေနတန္ရာဟုနဲ႔ဖုန္းေျပာစဥ္အခ်ိန္အတြင္း ယခုလိုေျပာဆိုခဲ့တာျဖစ္တယ္ လို႔လည္း သိရပါတယ္။ Friedrich Merz က “အေရးတႀကီးလိုအပ္ေနတဲ့ လူသားခ်င္းစာနာေထာက္ထားမႈဆိုင္ရာ အကူအညီေတြဟာ ဂါဇာကမ္းေျမာင္ေဒသမွာရွိတဲ့ျပည္သူေတြဆီကို ေဘးကင္းကင္းနဲ႔ေရာက္ဖို႔လိုအပ္ပါတယ္။ ၿပီးေတာ့ ဟားမက္လက္နက္ကိုင္အဖြဲ႕လက္နက္ဖ်က္သိမ္းေရးဟာ မရွိမျဖစ္လိုအပ္ပါတယ္” လို႔ ေျပာခဲ့ပါတယ္။
ဒါ့ျပင္ ဖမ္းဆီးခံထားရတဲ့ဓါးစာခံေတြ ခ်က္ခ်င္းျပန္လႊတ္ေပးဖို႔ကိုလည္း ေမွ်ာ္လင့္ထားတယ္လို႔ Friedrich Merz က ေျပာၾကားခဲ့ပါတယ္။ ၎က “ဂါဇာကမ္းေျမာင္ေဒသမွာ အျမန္ဆုံးအပစ္အခတ္ရပ္စဲေရးရရွိဖို႔ ေမွ်ာ္လင့္ပါတယ္။ ၿပီးေတာ့ ဟားမက္လက္နက္ကိုင္အဖြဲ႕ဟာ ဂ်ာမနီႏိုင္ငံသားေတြ အပါအဝင္ ဖမ္းဆီးခံထားရတဲ့ ဓါးစာခံေတြအားလုံး ကို ခ်က္ခ်င္းျပန္လႊတ္ေပးရပါမယ္” လို႔ ေျပာခဲ့ပါတယ္။
ဂါဇာကမ္းေျမာင္ေဒသမွာ ရက္ေပါင္း(၆၀)ၾကာ အပစ္အခတ္ရပ္စဲေရးနဲ႔ပတ္သက္ၿပီး ႀကိဳးပမ္းမႈေတြ ရွိေနခ်ိန္မွာပဲ Friedrich Merz ရဲ႕ေျပာဆိုခ်က္ေတြ ထြက္ေပၚလာတာျဖစ္ပါတယ္။

Related news

© 2021. All rights reserved.