အမြန်လမ်းပေါ် တက်လာသည့် PDF အဖွဲ့ကို လုံခြုံရေးအဖွဲ့ကပစ်ခတ်ရှင်းလင်းရာ တစ်နာရီခန့်ထိတွေ့ တိုက်ပွဲဖြစ်ပွား

6124
Pearl (NP News) - ဇူလိုင် ၂၀
အမြန်လမ်းပေါ် တက်လာသည့် PDF အဖွဲ့ကို လုံခြုံရေးအဖွဲ့ကပစ်ခတ်ရှင်းလင်းရာ တစ်နာရီခန့်ထိတွေ့ တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်မှာ ယနေ့ (ဇူလိုင်လ ၂၀ရက်) ၊ နံနက် (၉)နာရီခန့်က ရန်ကုန်-မန္တလေး အမြန်လမ်း မိုင်တိုင် (၃၁၈) အနီးတွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး တစ်နာရီခန့် ခရီးသွားကားများပိတ်မိနေခဲ့ကြောင်း သိရသည်။
“တစ်နာရီလောက် ယာဉ်ကျောတော့ ပိတ်သွားတယ်။ အကြမ်းဖက်အဖွဲ့က ကားလမ်းပေါ်တက်လာလို့ ပစ်တယ်လို့ ပြောတယ်။ ပစ်ရင်းနဲ့ တိုက်ပွဲ ဖြစ်တာ။ PDF က ပြန်ဆုတ်သွားတယ်တဲ့။ ပြင်စည်ရဲစခန်းအပိုင်ထဲမှာ ဖြစ်တာ။ လက်နက်ကြီး အသံတွေတော့ တစ်ချက်တစ်ချက်ကြားရတယ်” ဟု ဖြစ်စဉ်သိရှိသူတစ်ဦးက NP News သို့ ပြောသည်။
မြင်းခြံခရိုင်တပ်ရင်းနှင့် နွားထိုးကြီး PDF တို့အနေဖြင့် မကြာခဏ အမြန်လမ်းမပေါ်တက်၍ ရဲကင်းစခန်းချို့ကိုတိုက်ခိုက်ခြင်း၊ ခရီးသွားကားများကို တား၍ ပိုက်ဆံကောက်ခံခြင်းများကို ပြုလုပ်လျှက်ရှိကြောင်းလည်း သိရသည်။
ထို့ပြင် အမြန်လမ်း၌ တိုက်ပွဲများ ဖော်ဆောင်မည်ဖြစ်ကြောင်းလည်း ပြီးခဲ့သည့် ၂၀၂၄ ခုနှစ်က ခြိမ်းခြောက်ထုတ်ပြန်ထား ဖူးသည်။

Zawgyi Version:
အျမန္လမ္းေပၚ တက္လာသည့္ PDF အဖြဲ႕ကို လုံၿခဳံေရးအဖြဲ႕ကပစ္ခတ္ရွင္းလင္းရာ တစ္နာရီခန႔္ထိေတြ႕ တိုက္ပြဲျဖစ္ပြား
Pearl (NP News) - ဇူလိုင္ ၂၀
အျမန္လမ္းေပၚ တက္လာသည့္ PDF အဖြဲ႕ကို လုံၿခဳံေရးအဖြဲ႕ကပစ္ခတ္ရွင္းလင္းရာ တစ္နာရီခန႔္ထိေတြ႕ တိုက္ပြဲျဖစ္ပြားခဲ့ေၾကာင္း သိရသည္။
ျဖစ္စဥ္မွာ ယေန႔ (ဇူလိုင္လ ၂၀ရက္) ၊ နံနက္ (၉)နာရီခန႔္က ရန္ကုန္-မႏၲေလး အျမန္လမ္း မိုင္တိုင္ (၃၁၈) အနီးတြင္ ျဖစ္ပြားခဲ့ျခင္းျဖစ္ၿပီး တစ္နာရီခန႔္ ခရီးသြားကားမ်ားပိတ္မိေနခဲ့ေၾကာင္း သိရသည္။
“တစ္နာရီေလာက္ ယာဥ္ေက်ာေတာ့ ပိတ္သြားတယ္။ အၾကမ္းဖက္အဖြဲ႕က ကားလမ္းေပၚတက္လာလို႔ ပစ္တယ္လို႔ ေျပာတယ္။ ပစ္ရင္းနဲ႔ တိုက္ပြဲ ျဖစ္တာ။ PDF က ျပန္ဆုတ္သြားတယ္တဲ့။ ျပင္စည္ရဲစခန္းအပိုင္ထဲမွာ ျဖစ္တာ။ လက္နက္ႀကီး အသံေတြေတာ့ တစ္ခ်က္တစ္ခ်က္ၾကားရတယ္” ဟု ျဖစ္စဥ္သိရွိသူတစ္ဦးက NP News သို႔ ေျပာသည္။
ျမင္းၿခံခ႐ိုင္တပ္ရင္းႏွင့္ ႏြားထိုးႀကီး PDF တို႔အေနျဖင့္ မၾကာခဏ အျမန္လမ္းမေပၚတက္၍ ရဲကင္းစခန္းခ်ိဳ႕ကိုတိုက္ခိုက္ျခင္း၊ ခရီးသြားကားမ်ားကို တား၍ ပိုက္ဆံေကာက္ခံျခင္းမ်ားကို ျပဳလုပ္လွ်က္ရွိေၾကာင္းလည္း သိရသည္။
ထို႔ျပင္ အျမန္လမ္း၌ တိုက္ပြဲမ်ား ေဖာ္ေဆာင္မည္ျဖစ္ေၾကာင္းလည္း ၿပီးခဲ့သည့္ ၂၀၂၄ ခုႏွစ္က ၿခိမ္းေျခာက္ထုတ္ျပန္ထား ဖူးသည္။