ရုရှားနှင့်ကုန်သွယ်မှု အကျိုးဆက်များရင်ဆိုင်ရလိမ့်မည်ဟု အိန္ဒိယ၊ တရုတ် နှင့် ဘရာဇီးတို့ကို နေတိုးအကြီးအကဲ သတိပေး

711

Pika (NP News) - ဇူလိုင ၂၁
အိန္ဒိယ၊ တရုတ် နှင့် ဘရာဇီးနိုင်ငံတို့အနေဖြင့် ရုရှားနိုင်ငံနှင့်စီးပွားရေး ဆက်လက်လုပ်ဆောင်နေမည်ဆို ပါက အကျိုးဆက်များရှိလာလိမ့်မည်ဖြစ်ကြောင်း နေတိုးအဖွဲ့အထွေထွေအတွင်းရေးမှူး မာ့ခ်ရူတီက သတိပေးပြောဆိုခဲ့သည်။
လာမည့်ရက်ပေါင်း(၅၀)အတွင်း ငြိမ်းချမ်းရေး သဘောတူညီချက်မရရှိခဲ့ပါက ယူကရိန်းအတွက် စစ်ရေးအကူအညီအသစ်များ ထောက်ပံ့ပေးရန်နှင့် ရုရှား၏ ကုန်သွယ်ဖက်နိုင်ငံများအပေါ် (၁၀ဝ)ရာခိုင် နှုန်း အခွန်စည်းကြပ်မှုများ ချမှတ်သွားမည်ဟု ခြိမ်းခြောက်ထားသည့် ဒေါ်နယ်ထရမ့်၏ ထုတ်ပြန်ကြေ ညာချက်များထွက်ပေါ်လာပြီးနောက် မာ့ခ်ရူတီ၏ သတိပေးပြောဆိုချက်များ ထွက်ပေါ်လာခြင်းဖြစ် သည်။
မာ့ခ်ရူတီက “ဒါက အိန္ဒိယ၊ တရုတ်နဲ့ ဘရာဇီးတို့အတွက် ကျွန်တော်ရဲ့သတိပေးချက်ပဲ ဖြစ်ပါ တယ်။ အိန္ဒိယ၊ တရုတ်၊ ဘရာဇီးတို့အနေနဲ့ ရုရှားနဲ့စီးပွားရေးတွေ ဆက်လက်လုပ်ဆောင်နေမယ်ဆိုရင် အကျိုးဆက်တွေ ရှိလာပါလိမ့်မယ်” ဟု ပြောဆိုခဲ့သည်။ ထို့ပြင် ယူကရိန်းငြိမ်းချမ်းရေးဆွေးနွေးပွဲများ နှင့်ပတ်သက်ပြီး အလေးအနက်ထားရန် လိုအပ်ကြောင်းကို ရုရှားသမ္မတပူတင်အား ဖုန်းခေါ်ပြောစေလို ကြောင်း အိန္ဒိယ၊ တရုတ်နှင့် ဘရာဇီးနိုင်ငံတို့ကို မာခ့်ရူတီကတိုက်တွန်းခဲ့ကြောင်းသိရသည်။
မာ့ခ်ရူတီက “အဲဒီလိုမဟုတ်ဘူးဆိုရင် အကျိုးဆက်တွေက ဘရာဇီး၊ အိန္ဒိယနဲ့ တရုတ်တို့ အပေါ် အကြီးအကျယ် သက်ရောက်မှုတွေရှိလာပါလိမ့်မယ်” ဟု သတိပေးခဲ့သည်။

Zawgyi Version:
႐ုရွားႏွင့္ကုန္သြယ္မႈ အက်ိဳးဆက္မ်ားရင္ဆိုင္ရလိမ့္မည္ဟု အိႏၵိယ၊ တ႐ုတ္ ႏွင့္ ဘရာဇီးတို႔ကို ေနတိုး အႀကီးအကဲ သတိေပး
Pika (NP News) - ဇူလိုင ၂၁
အိႏၵိယ၊ တ႐ုတ္ ႏွင့္ ဘရာဇီးႏိုင္ငံတို႔အေနျဖင့္ ႐ုရွားႏိုင္ငံႏွင့္စီးပြားေရး ဆက္လက္လုပ္ေဆာင္ေနမည္ဆို ပါက အက်ိဳးဆက္မ်ားရွိလာလိမ့္မည္ျဖစ္ေၾကာင္း ေနတိုးအဖြဲ႕အေထြေထြအတြင္းေရးမႉး မာ့ခ္႐ူတီက သတိေပးေျပာဆိုခဲ့သည္။
လာမည့္ရက္ေပါင္း(၅၀)အတြင္း ၿငိမ္းခ်မ္းေရး သေဘာတူညီခ်က္မရရွိခဲ့ပါက ယူကရိန္းအတြက္ စစ္ေရးအကူအညီအသစ္မ်ား ေထာက္ပံ့ေပးရန္ႏွင့္ ႐ုရွား၏ ကုန္သြယ္ဖက္ႏိုင္ငံမ်ားအေပၚ (၁၀ဝ)ရာခိုင္ ႏႈန္း အခြန္စည္းၾကပ္မႈမ်ား ခ်မွတ္သြားမည္ဟု ၿခိမ္းေျခာက္ထားသည့္ ေဒၚနယ္ထရမ့္၏ ထုတ္ျပန္ေၾက ညာခ်က္မ်ားထြက္ေပၚလာၿပီးေနာက္ မာ့ခ္႐ူတီ၏ သတိေပးေျပာဆိုခ်က္မ်ား ထြက္ေပၚလာျခင္းျဖစ္ သည္။
မာ့ခ္႐ူတီက “ဒါက အိႏၵိယ၊ တ႐ုတ္နဲ႔ ဘရာဇီးတို႔အတြက္ ကြၽန္ေတာ္ရဲ႕သတိေပးခ်က္ပဲ ျဖစ္ပါ တယ္။ အိႏၵိယ၊ တ႐ုတ္၊ ဘရာဇီးတို႔အေနနဲ႔ ႐ုရွားနဲ႔စီးပြားေရးေတြ ဆက္လက္လုပ္ေဆာင္ေနမယ္ဆိုရင္ အက်ိဳးဆက္ေတြ ရွိလာပါလိမ့္မယ္” ဟု ေျပာဆိုခဲ့သည္။ ထို႔ျပင္ ယူကရိန္းၿငိမ္းခ်မ္းေရးေဆြးေႏြးပြဲမ်ား ႏွင့္ပတ္သက္ၿပီး အေလးအနက္ထားရန္ လိုအပ္ေၾကာင္းကို ႐ုရွားသမၼတပူတင္အား ဖုန္းေခၚေျပာေစလို ေၾကာင္း အိႏၵိယ၊ တ႐ုတ္ႏွင့္ ဘရာဇီးႏိုင္ငံတို႔ကို မာခ့္႐ူတီကတိုက္တြန္းခဲ့ေၾကာင္းသိရသည္။
မာ့ခ္႐ူတီက “အဲဒီလိုမဟုတ္ဘူးဆိုရင္ အက်ိဳးဆက္ေတြက ဘရာဇီး၊ အိႏၵိယနဲ႔ တ႐ုတ္တို႔ အေပၚ အႀကီးအက်ယ္ သက္ေရာက္မႈေတြရွိလာပါလိမ့္မယ္” ဟု သတိေပးခဲ့သည္။