စစ်မှုထမ်းတာဝန်ထမ်းဆောင်ခဲ့သူများအတွက်အလုပ်အကိုင်ရရှိရေးစီမံခန့်ခွဲမှု ကော်မတီဖွဲ့စည်း

326

သက်ပိုင်(NP News) - ဇူလိုင် ၂၁
စစ်မှုထမ်းတာဝန်ကျေပွန်စွာထမ်းဆောင်ခဲ့သူများ အလုပ်အကိုင်ရရှိရေးစီမံခန့်ခွဲမှုကော်မတီကို ၂ဝ၂၅ ခုနှစ်၊ ဇူလိုင်လ ၈ ရက်က စတင်ဖွဲ့စည်းထားကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ အချက်အလက်များအရ သိရသည်။
အဆိုပါကော်မတီအား ဒုတိယဝန်ကြီးချုပ်နှင့် ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးက ဥက္ကဋ္ဌ အဖြစ် တာဝန်ယူဆောင်ရွက်မည်ဖြစ်ပြီး ဒုတိယဥက္ကဋ္ဌ (၁) အဖြစ် ပြည်ထောင်စုဝန်ကြီး အလုပ်သမားဝန်ကြီးဌာန တာဝန်ယူ ဆောင်ရွက်ထားကြောင်း သိရသည်။
ကော်မတီအနေဖြင့် တာဝန်ကျေပွန်စွာထမ်းဆောင်ခဲ့ပြီးသော ပြည်သူ့စစ်မှုထမ်းများသည် ရန်သူကြောင့် မသန်မစွမ်းဖြစ်မှု EA1၊ EA2 နှင့် NEA များကို အမြဲတမ်းစစ်မှုထမ်းများနည်းတူ စစ်ရေးချုပ်ရုံး ကွပ်ကဲမှုအောက် ပြန်လည်နေရာချထားရေးညွှန်ကြားရေးမှူးရုံး အစီအစဉ်ဖြင့် အမြဲတမ်းစစ်မှုထမ်း EA များနည်းတူ ပြန်လည်နေရာချထားနိုင်ရေး ဆောင်ရွက်ပေးရန်နှင့် အမြဲတမ်းစစ်မှုထမ်းများနှင့် ပြည်သူ့စစ်မှုထမ်းများနှုတ်ထွက်ခွင့်ပြုချိန်တွင် ပြန်လည် နေရာချထားမှုခံယူ လို / မလို ဆန္ဒအလျောက် လျှောက်ထားတင်ပြစေပြီး ပြန်လည် နေရာချထားမှု ခံယူလိုသူများအား ၎င်းတို့ဆန္ဒပြုသည့် အသက်မွေးဝမ်းကြောင်း လုပ်ငန်းအလိုက် နိုင်ငံတော်နှင့်တပ်မတော်မှ အသက်မွေးသင်တန်းများ ပေးနိုင်ရေး ဆောင်ရွက်ပေးရန် လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင်ပါရှိသည်။
ထို့အပြင် ကာကွယ်ရေးဝန်ကြီးဌာန၊ နယ်စပ်ရေးရာဝန်ကြီးဌာန၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ စက်မှုဝန်ကြီးဌာန၊ အလုပ်သမားဝန်ကြီးဌာန၊ သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာနနှင့် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနတို့မှ သက်ဆိုင်သည့် အသက်မွေးဝမ်းကျောင်းဆိုင်ရာ သင်တန်းများအား အဆင့်မီစွာ သင်ကြားပေးနိုင်ရေး ဆောင်ရွက်ပေးရန်နှင့် ပြန်လည် နေရာချထားမှု ခံယူလိုသော အမြဲတမ်းစစ်မှုထမ်းများနှင့် ပြည်သူ့စစ်မှုထမ်းများအား တက်ရောက်အောင်မြင်ခဲ့သည့် အသက်မွေးသင်တန်းကျောင်းမှ အသိအမှတ်ပြု လက်မှတ် (Certificate of Recognition) ထုတ်ပေးရန်တို့ ကိုလည်း ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
ယင်းအပြင် အသက်မွေးသင်တန်းအမျိုးအစားအလိုက် အသိအမှတ်ပြုလက်မှတ်များအား အစိုးရ၊ ပုဂ္ဂလိကလုပ်ငန်း၊ ဌာနများမှ အသိအမှတ်ပြု၍ အလုပ်နေရာခန့်ထားပေးရေး ဆောင်ရွက်ပေးရန်နှင့် အမြဲတမ်းစစ်မှုထမ်းများအတွက် တပ်မတော်ထွက်ခွင့်လက်မှတ် (တပ်မတော်ပုံစံ ရေး-၈၈)နှင့် ပြည်သူ့စစ်မှုထမ်းများအတွက် ပြည်သူ့စစ်မှုထမ်းဆောင်ပြီးကြောင်း လက်မှတ်ပုံစံ(၁၂) ကိုင်ဆောင်ထားသူများ ပြန်လည်နေရာချထားမှုခံယူလိုပါက သက်ဆိုင်ရာအစိုးရဝန်ကြီးဌာနများနှင့် ပုဂ္ဂလိကကုမ္ပဏီများက ဦးစားပေးအလုပ်အကိုင် ခန့်ထားပေးနိုင်ရေး (ပြည်တွင်း/ ပြည်ပအလုပ်အကိုင်များ) မူဝါဒ၊ လုပ်ထုံးလုပ်နည်း များနှင့်အညီ သတ်မှတ်ဆောင်ရွက်ပေးရန်တို့ ကိုလည်း လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ထုတ်ပြန်ချက်အရ သိရသည်။
ထို့အပြင် ပြန်လည်နေရာချထားမှုခံယူလိုသော အမြဲတမ်းစစ်မှုထမ်းများနှင့် ပြည်သူ့စစ်မှုထမ်းများအား အလုပ်သမားဝန်ကြီးဌာနမှ ပြည်တွင်းအလုပ်သမားကတ် (Labour Card)၊ : (OWIC - Overseas Worker Identification Card) ပြုလုပ်ထုတ်ပေးခြင်းနှင့် ပြည်ပအလုပ်အကိုင်ရရှိရေး သက်ဆိုင်ရာဌာနများနှင့် ညှိနှိုင်းဆောင်ရွက်ပေးရန်နှင့် စစ်မှုထမ်းတာဝန် ကျေပွန်စွာထမ်းဆောင်ပြီးသူများအနေဖြင့် စစ်မှုမထမ်းဆောင်မီ အစိုးရဝန်ထမ်း၊ ပုဂ္ဂလိကလုပ်ငန်း၊ အဖွဲ့အစည်း၊ ကုမ္ပဏီများ၏ ဝန်ထမ်းများ ဖြစ်ပါက ယင်းကာလတွင် ထမ်းဆောင် ခဲ့သောအလုပ်အကိုင်၊ လုပ်ငန်းနေရာများအလိုက် ပြန်လည်ခန့်ထားနိုင်ရေးကို တာဝန်ယူဆောင်ရွက်ပေးရန် တို့ကိုလည်း ကော်မတီမှ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

Zawgyi Version:
စစ္မႈထမ္းတာဝန္ထမ္းေဆာင္ခဲ့သူမ်ားအတြက္အလုပ္အကိုင္ရရွိေရးစီမံခန႔္ခြဲမႈ ေကာ္မတီဖြဲ႕စည္း
သက္ပိုင္(NP News) - ဇူလိုင္ ၂၁
စစ္မႈထမ္းတာဝန္ေက်ပြန္စြာထမ္းေဆာင္ခဲ့သူမ်ား အလုပ္အကိုင္ရရွိေရးစီမံခန႔္ခြဲမႈေကာ္မတီကို ၂ဝ၂၅ ခုႏွစ္၊ ဇူလိုင္လ ၈ ရက္က စတင္ဖြဲ႕စည္းထားေၾကာင္း ႏိုင္ငံေတာ္စီမံအုပ္ခ်ဳပ္ေရးေကာင္စီ၏ အခ်က္အလက္မ်ားအရ သိရသည္။
အဆိုပါေကာ္မတီအား ဒုတိယဝန္ႀကီးခ်ဳပ္ႏွင့္ ကာကြယ္ေရးဝန္ႀကီးဌာန ျပည္ေထာင္စုဝန္ႀကီးက ဥကၠ႒ အျဖစ္ တာဝန္ယူေဆာင္႐ြက္မည္ျဖစ္ၿပီး ဒုတိယဥကၠ႒ (၁) အျဖစ္ ျပည္ေထာင္စုဝန္ႀကီး အလုပ္သမားဝန္ႀကီးဌာန တာဝန္ယူ ေဆာင္႐ြက္ထားေၾကာင္း သိရသည္။
ေကာ္မတီအေနျဖင့္ တာဝန္ေက်ပြန္စြာထမ္းေဆာင္ခဲ့ၿပီးေသာ ျပည္သူ႔စစ္မႈထမ္းမ်ားသည္ ရန္သူေၾကာင့္ မသန္မစြမ္းျဖစ္မႈ EA1၊ EA2 ႏွင့္ NEA မ်ားကို အၿမဲတမ္းစစ္မႈထမ္းမ်ားနည္းတူ စစ္ေရးခ်ဳပ္႐ုံး ကြပ္ကဲမႈေအာက္ ျပန္လည္ေနရာခ်ထားေရးၫႊန္ၾကားေရးမႉး႐ုံး အစီအစဥ္ျဖင့္ အၿမဲတမ္းစစ္မႈထမ္း EA မ်ားနည္းတူ ျပန္လည္ေနရာခ်ထားႏိုင္ေရး ေဆာင္႐ြက္ေပးရန္ႏွင့္ အၿမဲတမ္းစစ္မႈထမ္းမ်ားႏွင့္ ျပည္သူ႔စစ္မႈထမ္းမ်ားႏႈတ္ထြက္ခြင့္ျပဳခ်ိန္တြင္ ျပန္လည္ ေနရာခ်ထားမႈခံယူ လို / မလို ဆႏၵအေလ်ာက္ ေလွ်ာက္ထားတင္ျပေစၿပီး ျပန္လည္ ေနရာခ်ထားမႈ ခံယူလိုသူမ်ားအား ၎တို႔ဆႏၵျပဳသည့္ အသက္ေမြးဝမ္းေၾကာင္း လုပ္ငန္းအလိုက္ ႏိုင္ငံေတာ္ႏွင့္တပ္မေတာ္မွ အသက္ေမြးသင္တန္းမ်ား ေပးႏိုင္ေရး ေဆာင္႐ြက္ေပးရန္ လုပ္ေဆာင္သြားမည္ျဖစ္ေၾကာင္း ထုတ္ျပန္ခ်က္တြင္ပါရွိသည္။
ထို႔အျပင္ ကာကြယ္ေရးဝန္ႀကီးဌာန၊ နယ္စပ္ေရးရာဝန္ႀကီးဌာန၊ စိုက္ပ်ိဳးေရး၊ ေမြးျမဴေရးႏွင့္ ဆည္ေျမာင္းဝန္ႀကီးဌာန၊ သမဝါယမႏွင့္ေက်းလက္ဖြံ႕ၿဖိဳးေရးဝန္ႀကီးဌာန၊ စက္မႈဝန္ႀကီးဌာန၊ အလုပ္သမားဝန္ႀကီးဌာန၊ သိပၸံႏွင့္နည္းပညာဝန္ႀကီးဌာနႏွင့္ လူမႈဝန္ထမ္း၊ ကယ္ဆယ္ေရးႏွင့္ ျပန္လည္ေနရာခ်ထားေရးဝန္ႀကီးဌာနတို႔မွ သက္ဆိုင္သည့္ အသက္ေမြးဝမ္းေက်ာင္းဆိုင္ရာ သင္တန္းမ်ားအား အဆင့္မီစြာ သင္ၾကားေပးႏိုင္ေရး ေဆာင္႐ြက္ေပးရန္ႏွင့္ ျပန္လည္ ေနရာခ်ထားမႈ ခံယူလိုေသာ အၿမဲတမ္းစစ္မႈထမ္းမ်ားႏွင့္ ျပည္သူ႔စစ္မႈထမ္းမ်ားအား တက္ေရာက္ေအာင္ျမင္ခဲ့သည့္ အသက္ေမြးသင္တန္းေက်ာင္းမွ အသိအမွတ္ျပဳ လက္မွတ္ (Certificate of Recognition) ထုတ္ေပးရန္တို႔ ကိုလည္း ေဆာင္႐ြက္သြားမည္ျဖစ္ေၾကာင္း သိရသည္။
ယင္းအျပင္ အသက္ေမြးသင္တန္းအမ်ိဳးအစားအလိုက္ အသိအမွတ္ျပဳလက္မွတ္မ်ားအား အစိုးရ၊ ပုဂၢလိကလုပ္ငန္း၊ ဌာနမ်ားမွ အသိအမွတ္ျပဳ၍ အလုပ္ေနရာခန႔္ထားေပးေရး ေဆာင္႐ြက္ေပးရန္ႏွင့္ အၿမဲတမ္းစစ္မႈထမ္းမ်ားအတြက္ တပ္မေတာ္ထြက္ခြင့္လက္မွတ္ (တပ္မေတာ္ပုံစံ ေရး-၈၈)ႏွင့္ ျပည္သူ႔စစ္မႈထမ္းမ်ားအတြက္ ျပည္သူ႔စစ္မႈထမ္းေဆာင္ၿပီးေၾကာင္း လက္မွတ္ပုံစံ(၁၂) ကိုင္ေဆာင္ထားသူမ်ား ျပန္လည္ေနရာခ်ထားမႈခံယူလိုပါက သက္ဆိုင္ရာအစိုးရဝန္ႀကီးဌာနမ်ားႏွင့္ ပုဂၢလိကကုမၸဏီမ်ားက ဦးစားေပးအလုပ္အကိုင္ ခန႔္ထားေပးႏိုင္ေရး (ျပည္တြင္း/ ျပည္ပအလုပ္အကိုင္မ်ား) မူဝါဒ၊ လုပ္ထုံးလုပ္နည္း မ်ားႏွင့္အညီ သတ္မွတ္ေဆာင္႐ြက္ေပးရန္တို႔ ကိုလည္း လုပ္ေဆာင္သြားမည္ျဖစ္ေၾကာင္း ထုတ္ျပန္ခ်က္အရ သိရသည္။
ထို႔အျပင္ ျပန္လည္ေနရာခ်ထားမႈခံယူလိုေသာ အၿမဲတမ္းစစ္မႈထမ္းမ်ားႏွင့္ ျပည္သူ႔စစ္မႈထမ္းမ်ားအား အလုပ္သမားဝန္ႀကီးဌာနမွ ျပည္တြင္းအလုပ္သမားကတ္ (Labour Card)၊ : (OWIC - Overseas Worker Identification Card) ျပဳလုပ္ထုတ္ေပးျခင္းႏွင့္ ျပည္ပအလုပ္အကိုင္ရရွိေရး သက္ဆိုင္ရာဌာနမ်ားႏွင့္ ညႇိႏႈိင္းေဆာင္႐ြက္ေပးရန္ႏွင့္ စစ္မႈထမ္းတာဝန္ ေက်ပြန္စြာထမ္းေဆာင္ၿပီးသူမ်ားအေနျဖင့္ စစ္မႈမထမ္းေဆာင္မီ အစိုးရဝန္ထမ္း၊ ပုဂၢလိကလုပ္ငန္း၊ အဖြဲ႕အစည္း၊ ကုမၸဏီမ်ား၏ ဝန္ထမ္းမ်ား ျဖစ္ပါက ယင္းကာလတြင္ ထမ္းေဆာင္ ခဲ့ေသာအလုပ္အကိုင္၊ လုပ္ငန္းေနရာမ်ားအလိုက္ ျပန္လည္ခန႔္ထားႏိုင္ေရးကို တာဝန္ယူေဆာင္႐ြက္ေပးရန္ တို႔ကိုလည္း ေကာ္မတီမွ ေဆာင္႐ြက္သြားမည္ျဖစ္ေၾကာင္း သိရသည္။