"တရားမဲ့ပြုကျင့်မှုရှိခဲ့လို့ ဖြစ်ခဲ့တဲ့(၂၀၂၀) ကို လုံးဝပြောင်းပြန်အနေနဲ့ ဒီရွေးကောက်ပွဲကတော့ တရားမျှတမှုရှိတယ်" - သီးသန့်အင်တာဗျူး

131

သက်ပိုင် (NP News) - နိုဝင်ဘာလ ၁၉
ရခိုင့်ဦးဆောင်ပါတီသည် ရခိုင်ပြည်နယ်တွင်အခြေစိုက်သည့် ပါတီတစ်ခုဖြစ်ကာ လာမည့် ပါတီစုံအထွေထွေ ရွေးကောက်ပွဲတွင် တိုင်းဒေသကြီး၊ ပြည်နယ်အဆင့် ဝင်ရောက်ယှဉ်ပြိုင်မည့် ပါတီတစ်ခုလည်းဖြစ်သည်။ ရခိုင့် ဦးဆောင်ပါတီနှင့်ပတ်သက်၍ ပါတီ၏မူဝါဒ၊ အနာဂတ်ရည်မှန်းချက်များ နှင့် ရွေးကောက်ပွဲအတွက် ကြိုးပမ်းအားထုတ်ရာတွင်တွေ့ကြုံရမှုများကို ပါတီဥက္ကဋ္ဌဖြစ်သူ ဒေါက်တာအေးမောင်နှင့်ဆက်သွယ်မေးမြန်းထားသည်များကို ကောက်နုတ်ဖော်ပြအပ်ပါသည်။
မေး ။ ရွေးကောက်ပွဲအပေါ်ဘယ်လိုမြင်ပါသလဲ။
ဖြေ။ အခုက ရွေးကောက်ပွဲအကြိုကာလကို ဖြတ်သန်း နေကြတာပေါ့။ ရွေးကောက်ပွဲဆိုတာကို ပြောတိုင်းမှာ ရွေးကောက်ပွဲတစ်ရပ်ကိုကြီးကြပ်ပေးတဲ့ အစိုးရ တစ်ရပ်ရှိရမယ်။ နောက်ပြီး ရွေးကောက်ပွဲကိုကိုယ် တိုင်ကိုယ်ကျ ဆောင်ရွက်ပေးရတဲ့ ရွေးကောက်ပွဲ ကော်မရှင်ဆိုတာ ရှိရတယ်။ အဲဒီတော့ အစိုးရတစ်ရပ်၊ ကော်မရှင်တစ်ခုပေါ့ဗျာ။ သူတို့တွေရဲ့ ရွေးကောက် ပွဲအလွန်ကာလ မျှော်မှန်းချက်ဆိုတာရှိမှာပေါ့။ ဒီအ ပေါ်မူတည်ပြီးတော့ ကျွန်တော်တို့ဖြတ်သန်းခဲ့ရတဲ့ အနေအထားကို အခြေခံပြီးမှ ရွေးကောက်ပွဲအကြို ကာလမှာ သတ်မှတ်ပြဋ္ဌာန်းထားတဲ့ ဥပဒေတွေအ တိုင်းပဲ ဖြတ်သန်းနေရတာကိုး။ ဒီဥပဒေတွေကို ပြန်သုံးသပ်ရမယ်ဆိုရင် နံပါတ်(၁)ကတော့ နိုင်ငံရေး ပါတီမှတ်ပုံတင်ခြင်းဥပဒေဖြစ်မှာပေါ့။ နောက်ပြီး ရွေးကောက်ပွဲကို ဖြတ်သန်းနိုင်အောင် ပြဋ္ဌာန်းထားတဲ့ ရွေးကောက်ပွဲ ဥပဒေ၊ နည်းဥပဒေတွေ ပါတာပေါ့။ ဒီဥပဒေတွေအရပဲ ဒီရွေးကောက်ပွဲအကြိုကာလကို ဖြတ်သန်းနေကြရတာပေါ့။ ရွေးကောက်ပွဲအလွန်ကာ လနဲ့ ပတ်သက်ရင်တော့ မျှော်မှန်းချက်တွေက ပါတီ အသီးသီးမှာလည်းရှိမယ်။ နိုင်ငံတော် အစိုးရမှာ လည်းရှိမယ်။ ရွေးကောက်ပွဲကို ကိုယ်တိုင်ကြီးကြပ် ပေးရတဲ့ ရွေးကောက်ပွဲကော်မရှင်မှာလည်း ရှိမှာပေါ့။ ဆိုတော့ ကျွန်တော်တို့နိုင်ငံဖြတ်သန်းခဲ့ရတဲ့ လက်ရှိ အနေအထားကိုပြောရရင် ရွေးကောက်ပွဲသည် လို အပ်တယ်။ ရွေးကောက်ပွဲသည် အရွေ့တစ်ခုအတွက် ပထမခြေလှမ်းဖြစ်တယ်။ ရွေးကောက်ပွဲအလွန်မှာ တည်ငြိမ်အေးချမ်းနေမှ ဖွံ့ဖြိုးတိုးတက်ရေး လမ်းစ တစ်ခုရောက်အောင်၊ ရွေးကောက်ပွဲအလွန်မျှော်မှန်းချက်တွေကို ပါတီတိုင်းက ချမှတ်ထားကြရတာပေါ့ဗျာ။လက်ရှိမှာဆိုရင် မြန်မာ့ရုပ်မြင်သံကြားမှာလည်း ပါတီတိုင်းကတင်ပြနေကြတာပေါ့။ မူဝါဒတွေ၊ သ ဘောထားတွေ လုပ်ငန်းစဉ်တွေရှိမှာပေါ့။ ဒီပေါ်မူ တည်ပြီးတော့မှ လက်ရှိကာလ ရွေးကောက်ပွဲအပေါ်မှာ ဖြတ်သန်းရင်း ရွေးကောက်ပွဲအလွန်မှာ ဘာကိုလုပ် မယ်ဆိုပြီး ရွေးကောက်ပွဲကတိကဝတ်တွေကိုလည်း ပါတီတိုင်းကပေးကြတာပေါ့။ အခုကတော့ ရွေး ကောက်ပွဲအကြိုကာလပေါ့။ ဒီကာလကို ဖြတ်သန်း နေကြရတာပေါ့။ ဒီလိုဖြတ်သန်းကြရတဲ့အခါ အနာ ရည်မှန်းချက်၊ မျှော်မှန်းချက်တွေက အရမ်းကို လွှမ်းမိုးပါတယ်။ ဒီမျှော်မှန်းချက်ကိုမူတည်ပြီးတော့မှ ရွေးကောက်ပွဲကော်မရှင်ဆိုရင်လည်း လွပ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲကို ကျင်းပမယ်ဆိုတဲ့ အခင်းအကျင်းဖြစ်အောင် သူဘယ်လိုဖန်တီးထားလဲ ပေါ့။ ဒီလိုဖန်တီးတဲ့အခါမှာ ဥပဒေ၊ နည်းဥပဒေတွေ ရှိတာပေါ့။ ဒီဥပဒေတွေက လက်ဆုပ်လက်ကိုင် ပြနိုင် ရင်တော့ ရွေးကောက်ပွဲအကြိုကာလ ပြဋ္ဌာန်း သတ် မှတ်ချက်တွေဖြစ်တာပေါ့ဗျာ။
မေး။ လာမယ့်ရွေးကောက်ပွဲအတွက် ပွင့်လင်းမျှတ လွတ်လပ်မှုကိုကော ဘယ်လိုမြင်လဲခင်ဗျ။
ဖြေ။ ဒီအပေါ်မှာ ရွေးကောက်ပွဲနဲ့ ပတ်သက်ပြီးတော့ လွတ်လပ်ပြီးမျှတဖြစ်မယ်၊ ဘယ်လောက်ပွင့်လင်း တယ်။ ဘယ်လောက်ဖွင့်ထားတယ်ဆိုတာ သတ် မှတ်ချက်တွေရှိတာပေါ့။ ဒီတော့ ကျွန်တော်တို့ မျှော်မှန်းတာကတော့ ပါတီ တိုင်းက ရွေးကောက်ပွဲကို ဥပဒေနည်းဥပဒေအတိုင်း ပြဋ္ဌာန်းချက်ပါအတိုင်း မျှခြေတစ်ခုအတွင်းမှာ ရှိရမယ့်အခွင့်အရေး ရှိဖိ့လို အပ်တာပေါ့။ ဒါကတော့ (၁) အချက်ပေါ့ဗျာ။ (၂) အချက်ကတော့ အစိုးရသည် လည်းကောင်း၊ ရွေးကောက်ပွဲကော်မရှင်သည်လည်း ကောင်း တရားမျှတပြီးတော့ လွပ်လပ်မှုဆိုတဲ့ဘက်ကို ဘယ်လိုဦးတည်ပြီးပံ့ပိုးကူညီကြသလဲ။ ဘက်လိုက် မှုကင်ကင်းနဲ့ပေါ့ဗျာ။ ဒါလေးတွေက ထင်သာမြင် သာရှိတဲ့ အခင်းကျင်းလေးတွေပေါ့ဗျာ။ ဒီအပေါ်မှာ ပြန်သုံးသပ်ရရင် အရင်တုန်းက ကြုံခဲ့ကြရတဲ့ ရွေး ကောက်ပွဲ မဲဘယ်လိုပေးကြရသလဲ။ မဲပေးမယ့် မဲဆန္ဒရှင်အပေါ်မှာ ဘယ်လိုလွှမ်းမိုးကြသလဲပေါ့ဗျာ။ အခုကတော့ ပါတီတစ်ခုက အုပ်စိုးတဲ့ အစိုးရတစ်ရပ် ကျင်းပတာ မဟုတ်တဲ့အခါကျတော့ အဲဒီမြင်ကွင်း ကတော့ နည်းနည်းတော့ ကင်းမှာပေါ့။ အာဏာရတဲ့ အစိုးရတစ်ရပ်က ရွေးကောက်ပွဲဝင်မယ်။ ရွေး ကောက်ပွဲကော်မရှင်ကိုလည်း သူကပဲ ဖွဲ့စည်းထား မယ်ဆိုတဲ့အပိုင်းမှာတော့ အများကြီးလွှမ်းမိုးမှု ရှိတာပေါ့ဗျာ။ မိမိအာဏာရတဲ့ပါတီ ထပ်အနိုင်ရဖို့ အတွက် မဲဆန္ဒရှင်တွေအပေါ်မှာရော၊မဲပေးတဲ့ စနစ်အပေါ်မှာရော၊ မဲဆန္ဒရှင်းစာရင်းတိကျမှု၊ မတိ ကျမှု အပေါ်မှာရော မျိုးစုံလွှမ်းမိုးနိုင်ခြေရှိတာပေါ့။ ဒါတွေက ရွေးကောက်ပွဲပုံရိပ်ကို အများကြီး ထိခိုက် စေနိုင်တာပေါ့။ ဒီတော့ ခုနကပြောသလိုပဲ ရွေး ကောက်ပွဲအကြိုကာလမှာ ဥပဒေနည်းဥပဒေက အရမ်းအရေးကြီးပါတယ်။ နောက်ပြီးတော့ မဲပေး ပိုင်ခွင့်ဆိုတဲ့ မဲဆန္ဒရှင်တွေရဲ့ အခန်းကဏ္ဍပါပဲ။ ဒီတော့ သူတို့မဲပေးခွင့် မဆုံးရှုံးအောင် ဆောင်ရွက်ကြ ရမယ်။ အရင်တုန်းက မဲဆန္ဒနယ်ပြင်ပရောက်တဲ့သူ တွေ မဲပေးပိုင်ခွင့်ကို ဥပဒေအရပေးခဲ့တာရှိတယ်။ ဦး သိန်းစိန်လက်ထက်မတိုင်ခင်ကတည်းက စီးပွားရေး အရ ပြည်မဘက်ရောက်နေတဲ့သူတွေကို မဲပေးဖို့ အတွက် ခြောက်လဆိုတာ သတ်မှတ်ခဲ့တာရှိတယ်။ ဒါပေမဲ့ NLD လက်ထက်မှာ ဒါကို လျှော့လိုက်တယ် ပေါ့။ သုံးလဖြစ်သွားတာပေါ့။ အကြောင်းအမျိုးမျိုး ကြောင့် ကိုယ့်ပြည်နယ်ကနေ တခြားဒေသကို ရောက် နေတာသုံးလရှိသွားရင် အဲဒီဒေသမှာ မဲပေးပိုင်ခွင့်ကို လျှောက်ထားနိုင်တယ်ပေါ့ဗျာ။ အခုပြောနေကြတဲ့ ၃(က)ပေါ့ဗျာ။ အခုကတော့ အရင်တုန်းက နိုင် ငံခြားရောက်နေတဲ့ သူတွေကိုသာပေးခဲ့တဲ့ ပုံစံ(၁၅) ဆိုတာနဲ့ ပြည်မကိုရောက်နေတဲ့ မဲဆန္ဒရှင်တွေကို လည်း ဖြည့်ခွင့်ပေးထားတာကိုတွေ့ရတာပေါ့ဗျာ။ ဒီတော့ အဝေးရောက်မဲကိုလည်း ပေးခွင့်ပြုထား တာတွေရှိလာတာပေါ့။ ဒီတော့ မဲဆန္ဒရှင်တွေနဲ့ပတ် သက်လို့ လက်ရှိကာလ ရွေးကောက်ပွဲကော်မရှင်သည် ပိုပြီး အသေးစိတ်ကျကျ မဲပေးပိုင်ခွင့် မဆုံးရှုံးရအောင် ဆောင်ရွက်တယ်ဆိုတဲ့အပိုင်းနဲ့ သွားတာပေါ့။ နောက်တစ်ပိုင်းပြန်ကြည့်ရင်လည်း ကြိုတင်မဲဆိုတာ ရှိခဲ့တာပေါ့။ ဒီအရာမှာလည်း တိတိကျကျလေးတွေ တွေ့ရတာပေါ့။ အရင်တုန်းကတော့ ရွေးကောက်ပွဲ ကျင်းပတဲ့ကာလမှ ကြိုတင်မဲဆိုတာတွေက အရေ အတွက်ပေါင်းစုံနဲ့လာပြီး ရွေးကောက်ပွဲမဲရုံတွေကို အများကြီးလာအပ်နှံတာ ခံရတာပေါ့။ အခုအဲဒီလိုတွေ မဖြစ်အောင် ရွေးကောက်ပွဲမတိုင်ခင် (၄၈) နာရီမှသာ လာပြီး မဲပေးဖို့ လုပ်ပေးတာပေါ့။ ဒီတော့ ဒါတွေက မဲဆန္ဒရှင်တွေနဲ့ပတ်သက်ပြီး ဖြေလျှော့တာတွေ။ မဲဆန္ဒရှင်တွေအတွက် လွတ်လပ်ပြီးမျှတအောင်၊ မဲပေးပိုင်ခွင့် မဆုံးရှုံးရအောင်၊ ကြိုတင်မဲနဲ့ ပတ် သက်ပြီး စနစ်တကျဖြစ်အောင် သွားတာဆိုတော့ ဒါကတော့ ပိုကောင်းတယ်လို့ သုံးသပ်လို့ရတာပေါ့။ပြီးတော့ ရွေးကောက်ပွဲကျင်းပတဲ့အနေအထားမှာ နိုင်ငံတကာက လေ့လာစောင့်ကြည့်သူတွေ၊ ပြည် တွင်းကစောင့်ကြည့်လေ့လာသူတွေ၊ သတင်းထောက် တွေ စသည်ဖြင့် တရားမျှတတဲ့ ရွေးကောက်ပွဲဟုတ် မဟုတ်၊ လူတိုင်းမဲပေးပိုင်ခွင့်ရှိမရှိ လေ့လာနိုင် အောင်ကိုလည်း ဖိတ်ခေါ်ထားတာကိုလည်း တွေ့ရပါ တယ်။ ရွေးကောက်ပွဲမတိုင်ခင်မှာလည်း ကိုယ်စား လှယ်လောင်းစိစစ်တာတွေကိုလည်း တွေ့ရပါတယ်။ ဒါလေးတွေကလည်း တော်တော်လေးကိုအဆင် ပြေပါတယ်။ နောက်ပြီးတရားမျှတတဲ့ ရွေးကောက်ပွဲ ကြီးဖြစ်အောင် လုံခြုံမှုအစီအမံကလည်း အရေးပါ တယ်။
မေး။ ဒါဆို မဲဆန္ဒရှင်တွေရဲ့ လုံခြုံရေးနဲ့ပတ် သက်လို့ကော ဘယ်လိုမြင်ပါသလဲ။
ဖြေ။ မဲလာပေးသူတွေရဲ့ လုံခြုံမှုအတွက် ဖိအား မဖြစ်စေရအောင် လက်နက်ကိုင်အဖွဲ့အစည်းတွေရဲ့ ကဏ္ဍကလည်း အရေးကြီးတာပေါ့။ ဒီတော့ လက်နက် ကိုင် ပဋိပက္ခရှိတဲ့နေရာတိုင်းမှာ သူတို့ကြိုက်တဲ့ ပါတီ(သို့မဟုတ်) အဖွဲ့အစည်းတစ်ခုပေါ်မှာ မဲမ ပေးရင် ဘာလုပ်မယ်ဆိုတဲ့ ဖိအားမပါဖို့လည်းလို အပ်တာပေါ့။ ဒီလိုမဖြစ်အောင်လည်း ရွေးကောက်ပွဲ ကော်မရှင်က ကြီးကြပ်ပေးဖို့လည်း လိုတာပေါ့။မဲဆန္ဒရှင်တွေကို ဖိအားပေးပြီး လွတ်လွတ်လပ်လပ် ဆုံးဖြတ်ပိုင်ခွင့်မရှိအောင် လက်နက်နဲ့ ခြိမ်းခြောက် တာမျိုး၊ တစ်နည်းနည်းနဲ့ သူတို့ရဲ့ ရပ်တည်မှုပျက်ပြား အောင် ဖိအားပေးတာမျိုး မရှိဖို့လိုအပ်တာပေါ့။
မေး။ ရွေးကောက်ပွဲအလွန်ကာလမှာဆိုရင်တော့ ဘာတွေလိုအပ်မယ်ထင်လဲ။
ဖြေ။ ရွေးကောက်ပွဲအလွန်ကာလမှာဆိုရင်လည်း ပြိုင်ဆိုင်ကြတဲ့ နိုင်ငံရေးပါတီ ကိုယ်စားလှယ်လောင်း တွေရဲ့ အဂတိလေးတွေကို စိစစ်တဲ့အခါမှာ လွတ် လွတ်လပ်လပ်နဲ့ တရားမျှတစွာ ဥပဒေ၊ နည်းဥပဒေ ပေါ်မှာ အခြေပြုပြီးမှ စီရင်ဆုံးဖြတ်ပေးဖို့ လိုတာပေါ့။ ဒါက ရွေးကောက်ပွဲကော်မရှင်နဲ့ တိုက်ရိုက်ပတ်သက် တာပေါ့ဗျာ။ အစောကပြောခဲ့တဲ့အချက်တွေနဲ့ ရွေး ကောက်ပွဲအလွန်အချက်တွေနဲ့ အကုန်စုံပြီးတော့မှပဲ ရွေးကောက်ပွဲတစ်ခုအပေါ်မှာ သုံးသပ်ကြမယ်ထင်ပါ တယ်။ ကျွန်တော်တို့ကတော့ ဖြတ်သန်းဖူးတဲ့ ရွေး ကောက်ပွဲအတွေ့အကြုံတွေအရ လက်ရှိရွေး ကောက်ပွဲသည် တရားမျှတတဲ့ ရွေးကောက်ပွဲဘက်ကို ပိုဦးတည်နိုင်တယ်လို့တော့ သုံးသပ်တာပေါ့။ ဘာလို့ လဲဆိုရင် အာဏာရအစိုးရတစ်ရပ်က ကျင်းပတဲ့ ရွေးကောက်ပွဲမဟုတ်ဘူး။ နံပါတ်နှစ်အချက်ကို ပြန်ပြောရရင် အခုလက်ရှိအစိုးရပေါ့ဗျာ။ (၂၀၂၀) ရွေးကောက်ပွဲအပေါ်မှာ အခြေခံပြီးတော့မှ ရွေး ကောက်ပွဲ တရားမျှတမှုမရှိလို့ဆိုတဲ့ သတ်မှတ်ချက်နဲ့ အာဏာကိုထိန်းလာပြီးတော့မှ ရွေးကောက်ပွဲကို ကျင်းပပေးကြတာကိုး။ ဒါကြောင့် တရားမဲ့ပြုကျင့်မှုရှိခဲ့ လို့ ဖြစ်ခဲ့တဲ့ (၂၀၂၀) ကို လုံးဝပြောင်းပြန်အနေနဲ့ ဒီရွေးကောက်ပွဲကတော့ တရားမျှတမှုရှိတယ်။ လူတိုင်းမဲပေးပိုင်ခွင့်ရှိတယ်။ တိကျတဲ့ မဲဆန္ဒရှင်တွေ မဲလာပေးကြတယ်။ မဲဆန္ဒရှင်တွေဟာ ဖိအားတစ်ခု အောက်မှာ မဲပေးခြင်းမဟုတ်ဘူး။ လွတ်လွတ်လပ် လပ် မဲဆန္ဒပြုခြင်းဖြစ်တယ်ဆိုတဲ့ ဦးတည်ချက်နဲ့ သွားမယ့်အနေထားမျိုးဖြစ်တယ်လို့ မြင်ပါတယ်။
မေး။ ရွေးကောက်ပွဲအလွန်ကာလအတွက်ပါတီရဲ့ ရည်မှန်းချက်က ဘာဖြစ်မလဲ။
ဖြေ ။ ရွေးကောက်ပွဲနဲ့ပတ်သက်တဲ့ မူဝါဒရယ်လို့တော့ ပြောရခက်ပါတယ်။ ကျွန်တော်တို့ ရွေးကောက်ပွဲအ လွန်နဲ့ပတ်သက်ပြီးတော့ ပြောရရင် ရွေးကောက်ပွဲ အလွန်ကာလမှာ ပါတီအနေနဲ့ ရွေးကောက်ပွဲအောင် အောင်မြင်မြင် ပြီးမြောက်ပြီး လွှတ်တော်အသီးသီးကို ရောက်ရှိခဲ့ကြမယ်ဆိုရင် ကျွန်တော်တို့ ငြိမ်းချမ်းရေး နဲ့ပတ်သက်လို့ သက်ဆိုင်တဲ့ ဘက်ပေါင်းစုံနဲ့ ပူးပေါင်း ကြိုးပမ်း ဆောင်ရွက်သွားမယ်ဆိုတဲ့ မူကိုချထားတာရှိ ပါတယ်။ ဒီမိုကရေစီကိုအခြေခံတဲ့ ပြည်ထောင်စု တည်ဆောက်ရေးကို ကြိုးပမ်းဆောင်ရွက်သွားမယ်။ ရခိုင်ဒေသငြိမ်းချမ်းရေး၊ တည်ငြိမ်ရေးနဲ့ဖွံ့ဖြိုးတိုး တက်ရေးကို အားသွန်ခွန်စိုက် ကြိုးပမ်းဆောင်ရွက် မယ်။ နောက်ပြီး ပြည်သူများ စိတ်အေးချမ်းသာရေးနဲ့ စိတ်ပိုင်းဆိုင်ရာ လုံခြုံမှုအတွက် တက်နိုင်သလောက် ဆောင်ရွက်မယ်။ ရခိုင်စစ်ဘေးရှောင်များ နေရပ်ပြန် နိုင်ရေး၊ လူမှုစီးပွားဘဝ ပြန်လည်ထူထောင်ရေးကို ကြိုးပမ်းဆောင်ရွက်မယ်။ နောက်ပြီး ရခိုင်ဒေသမှာ အကြောင်းကြောင်းတွေကြောင့် သယ်ယူပို့ဆောင် ရေးစရိတ်ကြီးမြင့်တာ။ အခြေခံစားသောက်ကုန် ပစ္စည်းတွေ ဈေးကြီးမြင့်နေတာမျိုးလို အခက်အခဲအ ကျပ်အတည်းတွေကို ကြိုးစားဖြေရှင်းမယ်။ နောက်ပြီး ရခိုင်ဒေသမှာ လူမျိုးစုပေါင်းစုံ၊ ဘာသာပေါင်းစုံ ရှိကြတော့ ငြိမ်းချမ်းတည်ငြိမ်ပြီးတော့ လုံခြုံစွာ၊ သဟဇာတရှိစွာ ယှဉ်တွဲနေထိုင်နိုင်တဲ့ တရားဥပဒေစိုး မိုးတဲ့ အခင်းအကျင်းဖြစ်အောင် ကျွန်တော်တို့ ကြိုးစားဖန်တီးတည်ဆောက်မယ်။ နိုင်ငံတော်အနေ နဲ့ပဲဖြစ်ဖြစ်၊ ရခိုင်ဒေသအနေနဲ့ပဲဖြစ်ဖြစ် ပြန်လည် တည်ဆောက်ရေးကဏ္ဍတွေမှာ တက်တက်ကြွကြွ ပူး ပေါင်းပါဝင်ဆောင်ရွက်မယ်ဆိုတဲ့မူကို ချထားတာရှိ ပါတယ်။ ဒါက ရွေးကောက်ပွဲအလွန်ကာလ ပါတီရဲ့ ရည်မှန်းချက်ကိုပြောတာပါ။
မေး ။ UEC ရဲ့ စည်းကမ်းသတ်မှတ်ချက်တွေမ ဖြေလျှော့ခင်မှာ ဘယ်လိုအခက်ခဲတွေရှိခဲ့လဲ။ ဒါနဲ့ ပတ်သက်ပြီး ဘယ်လိုမြင်ပါလဲ။
ဖြေ။ ဒါကတော့ ဥပဒေသတ်မှတ်ချက်တွေပေါ့။ဥပဒေသတ်မှတ်ချက်တွေက ရှေ့နောက်ဖွင့်ဆိုချက် ညီညွတ်ဖို့လိုတာပေါ့။ စိတ်ကူးပေါ်တိုင်းတင်ပြတိုင်း ပြန်ပြင်တာမျိုးမဖြစ်ဖို့တော့ လိုတာပေါ့။ တစ်သမတ် တည်းရှိဖို့လိုတာပေါ့။ ဥပမာ- ပါတီတစ်ခုကို စတည် ထောင်ကတည်းပေါ့ဗျာ။ ရွေးကောက်ပွဲကာလမတိုင် ခင်အထိပေါ့။ တစ်ပြေးညီ Leverage Power တူဖို့ လိုတာပေါ့။ ပါတီတိုင်းကိုပြောတာပါ။ ဒီတော့ စိတ် ကူးတည့်တိုင်း တင်ပြတိုင်းကို ပြန်ပြင်တာကျတော့ ပထမကာလမှာ ဥပဒေနည်းဥပဒေတွေနဲ့ မညီဘူး ဆိုပြီး ပယ်ဖျက်ခြင်းခံရတဲ့ ပါတီတွေအတွက်အင်မ တန် နစ်နာတာပေါ့။ ဒါလေးတွေက သတိချပ်ဖို့လို တာပေါ့။ ဒါကြောင့် ရွေးကောက်ပွဲ ဥပဒေ၊ နည်းဥပဒေ ကို ခဏခဏ ပြင်နေရမျိုး၊ နောက်ဆုံးပြင်တဲ့ အပေါ် မှာမူတည်တယ်ဆိုရင် ပထမပယ်ဖျက်ထားတဲ့ ပါတီ အားလုံးဟာ အကျုံးမဝင်ဘူးဖြစ်ရမှာပေါ့။ အဓိပ္ပာယ် ကလေ။ ဒါမျိုးတစ်ခု သတ်သတ်မှတ်မှတ်ရှိဖို့လိုတာ ပေါ့။ ဥပမာဆိုရင် - ပါတီဝင်ဦးရေတစ်သိန်းရှိရမယ်။ ရုံးဘယ်လောက်ဖွင့်ရမယ်။ ဒါတွေကို ကာလတစ်ခုမှာ ပြန်ပြင်တယ်ဆိုရင် ဒီကာလသည် ရွေးကောက်ပွဲနဲ့ ပတ်သက်ပြီးတော့ ပြေးလမ်းအချိန်မီဖို့ လိုအပ်တာ ပေါ့။ ဒီလိုအချိန်မျိုးမှာ ပြင်ရမှာပေါ့။ ဥပမာဆိုရင် ပါတီဝင်တစ်သိန်းကို ငါးသောင်းဖြေလျှော့တယ်ဆို ပါစို့။ ငါးသောင်းဆိုတာကို ရွေးကောက်ပွဲမတိုင်ခင် သတ်မှတ်ကာလအတွင်းမှာ ငါးသောင်းအနေအထား ပြည့်နိုင်တဲ့ အနေအထားဖြစ်အောင် ဖန်တီးပေးရမှာ ပေါ့။ ရုံးလည်းဒီလိုပဲ (၃၃၀)ရဲ့ ထက်ဝက်ကျော်လို့ သတ်မှတ်ရင် အဲဒီလိုသတ်မှတ်တဲ့ကာလအနေ အထားမှာ ပါတီတွေရဲ့ပြေးလမ်းပေါ့ဗျာ။ အချိန် လုံလောက်မှု ရှိဖို့လိုတာပေါ့။ ဥပမာဆိုပါတော့ တိုင်းဒေသကြီးတွေနဲ့ပတ်သက်ရင် ပါတီဝင်တစ် ထောင်ဆိုရင် တစ်ထောင်ပြည့်ဖို့လိုတာပေါ့။ တစ် ထောင်မပြည့်ရင် ရွေးကောက်ပွဲ ဝင်ကိုမဝင်ရဘူး။ မြို့ နယ်ငါးခုရုံးဖွင့်ရမယ်ဆိုရင် ဒီလိုမဖွင့်နိုင်တဲ့ပါတီ တွေ ကို ရွေးကောက်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်ခွင့် ပြုကို မပြုရဘူးပေါ့ဗျာ။ ဥပမာ-ရွေးကောက်ပွဲနီး တဲ့ကာလ လေးမှာ ပါတီထောင်မယ်ဗျာ။ တစ်မြို့နယ်ပဲ ဖွင့်လို့ ရမှာပေါ့ဗျာ။ သဘောက။ ဒီတော့ ရွေးကောက်ပွဲကာ လအလွန်မှာအထိ ရက်ပေါင်း(၉၀)ရှိနေရင် သတ် မှတ်တဲ့ ရက်(၉၀)အတွင်းမှာ ရုံးဖွင့်ပြီးဖြစ်ရမယ်လို့ သတ်မှတ်ထားမှာပေါ့ဗျာ။ ဒီတော့ ရက်(၉၀) ဆိုတာ မျိုးက ရွေးကောက်ပွဲအလွန်ကာလအထိ အကျုံးဝင် နေရင် သူ့ရဲ့ ဥပဒေ သတ်မှတ်ချက်က အဓိပ္ပာယ်မဲ့ သွားတာပေါ့။ ဒီလိုတွေမဟုတ်တဲ့အခါကျတော့ Leverage Power မတူတာမျိုးတွေ တွေ့ရတာပေါ့။ ဒါကိုဘယ်မှာတွေ့ရလဲဆိုတော့ အခုတွေ့ရတာပေါ့။ တချို့ပါတီတွေ ဥပမာ (၈) လပိုင်းနောက်ဆုံးရက်မှာ ပါတီတည်ထောင်ခွင့်ရကြ တယ်ပေါ့ဗျာ။ ဒီကာလ တွေမှာ (၃) မြို့နယ်တို့ (၅) မြို့နယ်တို့ သတ်မှတ် တဲ့အတိုင်းမဖွင့်နိုင်သေးဘူးပေါ့ဗျာ။ ဒါပေမဲ့ သူရဲ့ ပြေးလမ်းကျတော့ ရက် (၉၀) ဆိုတော့ သူတို့ရုံးပြည့်ရ မယ့်အနေအထားက (၁၂) လပိုင်းကျော်အထိ သွား တာပေါ့။ ဒီအခါ ရွေးကောက်ပွဲကာလ အလွန်ကို ရောက်သွားတာပေါ့။ ဒီတော့ ဥပဒေပြဋ္ဌာန်းချက် အရဆိုရင်တော့ သူ့မှာ မပြည့်ရင်လည်း ရွေးကောက်ပွဲ ဝင်ခွင့်ရသွားပြီလေ။ ဒါပေမဲ့ တချို့ပါတီတွေကျတော့ ဒီလိုမဟုတ်ပြန်ဘူးဗျ။ တည်ထောင်တာစောတယ်။ ဒါကြောင့် ရက်(၉၀) ပြည့်သွားတယ်။ဒီကာလမှာ အကြောင်းကြောင်းတွေကြောင့် ပါတီရုံးမဖွင့်လိုက် နိုင်ဘူး။ ဒါမျိုးတွေကြောင့် ရွေးကောက်ပွဲဥပဒေအရ ပယ်ဖျက်ခြင်းခံရတာပေါ့။ ဒါကြောင့် ဒီနှစ်ခုရဲ့ အနေ အထားကို သုံးသပ်ရင် ပါတီတစ်ခုနဲ့တစ်ခုက ဥပဒေ အရ Leverage Power မတူကြပါဘူး။
မေး ။ ဘယ်မဲဆန္ဒနယ်တွေကနေ ဝင်ပြိုင်သွားမလဲ။
ဖြေ။ ကျွန်တော်ကတော့ စစ်တွေခရိုင် အမျိုးသား လွှတ်တော်ကို ဝင်ပြိုင်သွားမှာပါ။ FPTP ပြိုင်ဖို့ အကုန်လုံးတင်ထားပြီးပြီ။ နောက်ပြီး ကိုယ်စားလှယ် လောင်းလက်မှတ်လည်း ရပြီးပြီ။ လိုအပ်တဲ့ ပြင်ဆင် မှုတွေကိုလည်း တတ်နိုင်သလောက်လုပ်ထားပြီး ပါပြီဗျ။ ပါတီအနေနဲ့ဆိုရင်တော့ အခုပထမအကြိမ် ကျင်းပမယ့် မြို့နယ်တိုင်းမှာ ဝင်ရောက်ယှဉ်ပြိုင်သွားမှာပါ။
မေး။ ရွေးကောက်ပွဲအတွက် စိန်ခေါ်မှုတွေက ဘာ များဖြစ်မလဲ။
ဖြေ။ ကျွန်တော်တို့က စစ်မက်ဖြစ်ပွားတဲ့ဇုန်ထဲမှာ ရှိနေတာပေါ့။ ဆိုတော့ အထူးသဖြင့် လူထုသည် ကျီး လန့်စာစားဖြစ်တာပေါ့။ တစ်ဖက်နဲ့တစ်ဖက်က ရွေး ကောက်ပွဲကို အမြင်တစ်မျိုးစီနဲ့ ဖြတ်သန်းနေကြရ တာပေါ့။ ဒါပေမဲ့ လူထုရဲ့အသံ(လိုလားချက်)ကို ရွေးကောက်ပွဲသည် ရာနှုန်းပြည့်နီးပါးလောက်သူ တို့ရဲ့ ဆန္ဒအမှန်ကို ထုတ်ဖော်ပြောကြားလာနိုင်တာ ပေါ့။ လူထုသည် စစ်မက်ဖြစ်ပွားခြင်းကိုလိုလားခြင်းဟုတ်မဟုတ်၊ ငြိမ်းချမ်းတည်ငြိမ်ခြင်းကို လိုလားခြင်း ဟုတ်မဟုတ်ကတော့ ရွေးကောက်ပွဲက အဖြေပေး လိမ့်မယ်ဗျ။ ဒီတော့ ရွေးကောက်ပွဲမှာ မဲလာပေးတဲ့ လူနည်းရင်တော့ဖြင့် လူထုသည် လက်နက်ကိုင် ပဋိပက္ခကို အားပေးတယ်ဆိုတာ ဖြစ်သွားနိုင်တာ ပေါ့။ ဒီလိုမဟုတ်ဘူး လက်နက်ကိုင်ပဋိပက္ခကို အားမပေးဘူး။ လက်ရှိ အကျဉ်းအကြပ်ကြားထဲကနေ ရုန်းထွက်ချင်ပြီ။ လူမှုစီးပွားဘဝ ပြန်လည်ထူ ထောင်ရေးနဲ့ ပြန်လည်အေးချမ်းမှုကို လိုလားပြီ။ အ မျိုးသားပြန်လည်ရင်ကြားစေ့ရေးနဲ့ ပြည်လည်ထူ ထောင်ရေးကဏ္ဍကို အားသွန်ခွန်စိုက်အားပေးနေ ကြပြီဆိုရင်တော့ မဲပေးလာတဲ့ပရိသတ်က တော် တော်များနိုင်ခြေရှိပါတယ်။ ရွေးကောက်ပွဲသည် အဖြေတစ်ခုနဲ့ နိုင်ငံရေးထွက်ပေါက်တစ်ခုကို လူထုရဲ့မျှော်မှန်းချက်ကို ပုံဖော်လာမယ့်အနေ အထားမျိုးလည်း ဖြစ်သွားနိုင်တာပေါ့။
မေး။ ပါတီကိုယ်စားလှယ်လောင်းတွေရဲ့လုံခြုံရေး ကို ပါတီဘက်က ဘာတွေလုပ်ပေးထားလဲ။
ဖြေ ။ ကျွန်တော်တို့က မိမိကိုယ်မိမိ လုံခြုံရေးကို အဓိကထားပါတယ်။ ထိပ်တိုက်တွေ့တာကို ကျွန် တော်တို့ ရှောင်ပါတယ်။ ရွေးကောက်ပွဲနဲ့ ပတ်သက်လို့ တက်ကြွလွန်းတာလည်းမဟုတ်ဘူး။ မတက်ကြွလွန်း တာလည်း မဟုတ်ဘူး။ ပုံမှန်သွားပါတယ်။ လူထုရဲ့ အသံလေးတွေကို စောင့်ကြည့်တာပေါ့ လူထုရဲ့ အနေအထားကို စောင့်ကြည့်တာပေါ့။ လူထုသည် အကျဉ်းကျပ်ကြားထဲမှာ ဘယ်လောက်ထိ ကျရောက် နေသလဲ။ ကိုယ်တွေလာရောက်ခြင်းဖြင့် လူထုအ တွက် အနှောင့်အယှက်များဖြစ်သလား။ စည်းရုံး တာကစလို့ ဒီအတိုင်းသွားပါတယ်။ စစ်ရဲ့ ဒဏ်ရာ ဒဏ်ချက်နောက် လူထုသည် ဘယ်ဘက်ကို ဦးတည် နေပြီလဲ၊ ပဋိပက္ခက ရုန်းထွက်ချင်ပြီလား။ လက်နက် ကိုင်ပဋိပက္ခနဲ့ နိုင်ငံရေး ရည်မှန်းချက်၊ နိုင်ငံရေးမျှော် မှန်းချက် နှစ်ခုကို သေသေချာချာ သဘောပေါက် ကြပြီလားပေါ့။ ဒါနဲ့သွားပါတယ်။ ဒီတော့ လုံခြုံမှု ဆိုတာကတော့ဖြင့် ကျွန်တော်တင်ပြသလိုပါပဲ။ မိမိ ကိုယ်မိမိ လုံခြုံမှု နောက် မိမိအဖွဲ့အစည်း လုံခြုံ မှုပေါ့ဗျာ။ နောက်ဥပဒေရဲ့ အရိပ်အာဝါသပေါ့ ဗျာ။ဒါကသွားသင့် မသွားသင့်ပေါ့ဗျာ။ ခုနကပြောတဲ့ ကာလစည်းကမ်းသတ်မှတ်ချက်တွေရှိပါတယ်။ ပုဒ်မ (၁၄၄)ထုတ်ထားသလားဆိုတာမျိုးပေါ့။ တည်ငြိမ် အေးချမ်းမှုကို ဂဃနဏ လေ့လာပြီးတော့မှ သွားသင့် လား၊ မသွားသင့်ဘူးလား ဆိုတာကို အောက်ခြေမှာ လည်း အသေးစိတ်လေ့လာနေပါတယ်။ အခုထိတော့ ကျွန်တော်တို့ ရခိုင်ဘက်မှာ မဲဆွယ်စည်းရုံးမှု မစသေးပါဘူး။ ကျွန်တော်တို့ အချိန်ကာလလေး တစ်ခုစောင့်နေပါတယ်။ နောက် အလွန်တရာ တက် ကြွလွန်းတဲ့ စည်းရုံးမှုလည်း ကျွန်တော်တို့မလုပ်ဘူးဗျ။ ပါတီကြီးတွေရဲ့အနေအထားကိုလည်း စောင့်ကြည့်ပါ တယ်။ လူထုရဲ့နိုင်ငံရေး ရေချိန်ကိုလည်း သုံးသပ်ပါ တယ်။ ရွေးကောက်ပွဲအပေါ်မှာ ထားတဲ့ သဘောထား တွေကိုလည်း သုံးသပ်ပါတယ်။ အနေအထားပေါင်းစုံနဲ့ ကျွန်တော်တို့ သုံးသပ်နေပါတယ်။ လူထုဘက်က သွားရမယ့်လမ်းကြောင်းကို သူတို့ပင်ကိုအသိတွေမှာ သိလာမယ့်အချိန်ကို ကျွန်တော်တို့ စောင့်ပါတယ်။ ပင်ကိုအသိလေးတွေကလည်း ကျွန်တော်တို့မျှော် မှန်းထားတဲ့အနေအထားကို ရောက်နေကြပြီလို့ လည်း သုံးသပ်ပါတယ်။ အများအားဖြင့် ကျွန်တော် တို့ မဲဆွယ်စည်းရုံးတဲ့နည်းဗျူဟာက ဒေသခံလူထုအ နေအထားနဲ့ ဒေသမှာရှိတဲ့ပါတီတွေရဲ့ နည်းဗျူဟာနဲ့ ဆိုင်ပါတယ်။ ဖြစ်နိုင်ခြေရှိတဲ့ ချဉ်းကပ်မှုကတော့ ဗီနိုင်းကမ်ပိန်းနဲ့ ပန်းဖလက်ကမ်ပိန်းဖြစ်ဖို့ ပိုများပါ တယ်။ ဟိုးအရင် ရွေးကောက်ပွဲတွေတုန်းကလို ကြီး ကြီးမားမား လူထုအစည်းဝေးတွေထက် တစ်အိမ် တက်ဆင်း ဗီနိုင်းကမ်ပိန်းဖြစ်ဖို့များတယ်။ စတေ ကာတွေ ပန်းဖလက်တွေနဲ့ပေါ့နော်။
မေး။ လက်ရှိပါတီအပေါ် လူထုရဲ့သဘောထား အမြင်ကကော ဘယ်လိုရှိတာကိုတွေ့ရပါသလဲ။
ဖြေ။ အစတုန်းကတော့ ကျွန်တော်တို့ ပါတီဖြတ် သန်းခဲ့တဲ့ သမိုင်းတော့ရှိပါတယ်။ ရခိုင်လူထုမှာ လည်းဖြတ်သန်းခဲ့ကြတဲ့ နိုင်ငံရေးသမိုင်းတော့ ရှိတာ ပေါ့။ အထူးသဖြင့် လက်နက်ကိုင် ပဋိပက္ခ ဇာတ်ရှိန် မြင့်တဲ့အခါကျတော့ နိုင်ငံရေးသမားတွေအပေါ်မှာ အားမလိုအားမရအခြေအနေတွေ ဖြစ်သွားနိုင်ခြေ ရှိတာပေါ့။ ဒါပေမဲ့ အချိန်ကာလကြာလာတာနဲ့အမျှ စစ်ရဲ့ဒဏ်ရာဒဏ်ချက်ပေါ်မှာ လူထုသည် နက်နက် ရှိုင်းရှိုင်းတွေးခေါ်တာတွေ ဖြစ်လာတာပေါ့ဗျာ။ ဒီဟာ ရဲ့ ရိုက်ခတ်မှုကိုပြန်ကြည့်တဲ့အခါ နိုင်ငံရေးသည် လို အပ်တယ်။ အခုလို အမာနှစ်ခုကြားဖြစ်တဲ့အခါမှာ ဒီကြားမှာလူထုကို ကောင်းမွန်တဲ့နေရာကို ဦးဆောင် ပေးနိုင်မယ့် နိုင်ငံရေးအင်အားစုလိုအပ်ချက်ဆိုတဲ့ အရာကို သဘောပေါက်လာကြတာပေါ့။ ဒီနှစ်ခုကြား မှာညှိနှိုင်းပေးနိုင်မယ့် အင်အားစုတစ်ခုကို သူတို့ ပုံဖော်ကြမှာပေါ့ဗျာ။ အဲဒီလိုပုံဖော်တဲ့အခါမှာ ကျွန် တော်တို့ပါတီများ ပါမလားပေါ့။ တစ်နည်းအားဖြင့် ကျောက်ဆောင်နှစ်ခုကြားမှာ ကြားညပ်နေတဲ့ လူထု အပေါ်မှာ မရိုက်ခတ်နိုင်အောင်ဦးဆောင်နိုင်မယ့် ပါတီများ၊ ပုဂ္ဂိုလ်များကို လူထုသည် မျှော်လင့်ကောင်း မျှော်လင့်နိုင်တာပေါ့။ ဒီလိုအနေအထား ရောက်မ ရောက်ကတော့ မိမိပါတီရဲ့ အောင်မြင်မှုနဲ့ ဆိုင်တာ ပေါ့ဗျာ။ ဒီလိုမျှော်လင့်တဲ့ ပါတီ၊ ပုဂ္ဂိုလ်တွေ ကြားမှာ ကျွန်တော်တို့ပါနိုင်အောင်တော့ ကြိုးစားနေကြရ တာပေါ့။ ဒီလောက်ဆိုရင်တော့ နိုင်နိုင်ခြေရှိတာပေါ့။
မေး။ လွှတ်တော်ထဲကိုရောက်ခဲ့ရင် ဘယ်အရာကို ပထမဆုံးဆောင်ရွက်သွားမလဲ။
ဖြေ။ ကျွန်တော်တို့ကတော့ ပြည်နယ်ရော၊ပြည် ထောင်စုရော ရောက်မယ်လို့ထင်ပါတယ်။ ဒီတော့ ပြည်နယ်ဆိုရင် အဲဒီကာလရဲ့အနေအထားကို သုံးသပ်ရမှာပေါ့။ စစ်ရဲ့ ဒဏ်ရာဒဏ်ချက်၊ နောက်ပြီး ကိုယ့်ရဲ့အဝန်းအဝိုင်းပြန်လည်ထူထောင်ရေးကဏ္ဍ၊ဒါတွေအပေါ်မှာ ကျွန်တော်တို့ပါတီ ဘယ်လောက်ပါ နိုင်လဲပေါ့။ တစ်နည်းအားဖြင့် ဥပဒေပြုမှု၊ လွှတ် တော်အပိုင်းမှာကော ဘယ်လောက်ထိပါနိုင်သလဲ ဆိုတာကို ကြည့်ပြီးတော့မှ ရှေ့ဆက်သွားရမှာပေါ့။အဲဒီလိုပဲပြည်ထောင်စုအပိုင်းမှာလည်း ဘယ်လို အနေအထားရှိတယ်ဆိုတာကို ကြည့်ရမှာပေါ့။ အဓိ ကတော့ နံပါတ်တစ်အချက်ကတော့ ငြိမ်းချမ်းရေးပါပဲ။ဘက်ပေါင်းစုံနဲ့ ကျွန်တော်တို့ ပူးပေါင်းဆောင်ရွက် သွားမှာပါ။ ပြည်ထောင်စု ငြိမ်းချမ်းရေးမရရင် ဘာမှ လုပ်လို့မရဘူး။ ဒီတော့ ငြိမ်းချမ်းရေးကဏ္ဍကို ဇောက်ချလုပ်ဖို့ ကျွန်တော်တို့ ပါတီအနေနဲ့ ဦးတည် ထားပါတယ်။ ဒုတိယတစ်ချက်က ပြည်ထောင်စု ပြန်လည် တည်ဆောက်ရေး ပေါ့ဗျာ။ အမျိုးသားပြန် လည်ရင်ကြားစေ့ရေး၊ ညီညွတ်ရေးဆိုတာက ဒီမိုက ရေစီဖက်ဒရယ်ပြည်ထောင်စု ဆိုတဲ့မူ။ အဲဒီမူအတိုင်း လက်ရှိ ဖွဲ့စည်းပုံအခြေခံဥပဒေကို ဘယ်လိုပြုပြင် သွားနိုင်မလဲ။ ပြင်ဆင်ဖြည့်စွက်သွားနိုင်မလဲ ဆိုတာနဲ့ ပြန်လည်ထူထောင်ရေးအပိုင်းဆိုပြီး သုံးခုပေါ့ဗျာ။ ဒါကို ပြည်ထောင်စုအပိုင်းမှာ အဓိကသွားမယ်။ ပြည်နယ်မှာလည်း ဒီသုံးချက်ကို ကိုယ့်ပါတီကလူ ဘယ်လောက်ရောက်လဲဆိုတာကိုမူတည်ပြီး ဆက်သွားမှာပေါ့။
မေး။ လက်ရှိမှာ ပါတီကိုယ်စားလှယ်လောင်းတွေနဲ့ ပါတီဝင်တွေ ခြိမ်းခြောက်ခံရတာမျိုးရှိလား။
ဖြေ။ အဲဒါတော့ မပြောတတ်ဘူး။ ကျွန်တော်တို့က ရန်ကုန်သို့မဟုတ် စစ်တွေဘက်အခြမ်းကို ရောက်နေ ကြတာကိုး။ ဟိုအရင်တုန်းကတော့ ရှိခဲ့ဖူးပါတယ်။ကျွန်တော့်ကိုခရီးသွားတဲ့အခါ အဖမ်းခံထိမယ် ဆိုပြီး ဒါမျိုးတွေ ကြားရတာပေါ့။ တိုက်ရိုက်တော့မဟုတ် ဘူးပေါ့။ အဲဒါကြောင့် အဖမ်းအဆီးမခံနိုင်တဲ့ နေရာ မှာနေပေးတာပေါ့ဗျာ။ ဖမ်းမယ်ဆိုတာ ဘယ်သူတွေ ဘာရယ်၊ ဘယ်လိုအဝတ်အစားတွေဆိုတာ မသိနိုင် ဘူးလေ။ ဒါကြောင့် မဖမ်းနိုင်မယ့်နေရာတွေမှာ အခု ထိ နေပေးနေရတာပေါ့။ အဖမ်းဆီးခံရတဲ့သူတွေ လည်း ရှိခဲ့ကြပါတယ်။ ကျွန်တော်တို့က (၂၀၁၈) ကတည်းက ပါတီထူထောင်ခဲ့ကြတာ ဆိုတော့လေ။(၂၀၂၀)ကိုလည်း ဖြတ်သန်းခဲ့ကြတယ်။ လက်နက် ကိုင် ပဋိပက္ခအကြီးကြီးတွေကိုလည်း ဖြတ်ခဲ့တယ်။နောက်ပြီး ကျွန်တော်တို့ပါတီဆိုင်းဘုတ်တင်ထားတဲ့ မြို့နယ်တွေဆိုရင်လည်း တစ်ဖက် AA ဆီမှာ ရောက်သွားတယ်ပေါ့ဗျာ။ ဒီတော့ ပါတီဝင်လူထုက လည်း ဟိုဘက်ဒီဘက်ရောက်ကြတာပေါ့ဗျာ။ ပါတီကိုအသစ်ပြန်လည်မှတ်ပုံတင်တဲ့အခါကျတော့ ဟိုဘက်ရောက်နေတဲ့ လူထုကိုထားခဲ့ရတာပေါ့ဗျာ။ ဒီဘက် ရောက်တဲ့လူထုနဲ့ပဲ မှတ်ပုံတင်ကြရတာပေါ့။ ဒီလို အကျပ်အတည်းတော့ ရှိပါတယ်။ ရွေးကောက်ပွဲ ဝင်မယ်၊ အမတ်လောင်းလုပ်မယ်ဆိုတဲ့ ရည်မှန်းချက် နဲ့ ပါတီဝင်အချို့တောင်မှ ကိုယ့်ရဲ့ဒေသကို သွားတဲ့ အခါမှာ အဖမ်းဆီးခံရပြီးတော့ ပါတီဝင်အဖြစ်ကနေ စွန့်လွှတ်လိုက်ရတာမျိုးတွေလည်း ရှိပါတယ်။ ဒါ CEC ထဲကကို ရှိတာပါ။ ဒါကြောင့် သတိထား ကြရတာပေါ့။ လာမယ့်ရွေးကောက်ပွဲအတွက် ကိုယ့် ကိုယ်ကို လုံခြုံမှုကို အဓိကထားနေရတာပေါ့။ ဆောင် ရန်ရှောင်ရန်လေးတွေနဲ့ တစ်ဖက် အဖွဲ့အစည်းတွေရဲ့ မျက်စိစပါးမွေး မစူးဖို့လည်း သတိထားခိုင်းရတာပေါ့။အားလုံးကို အချိန်အခါကိုကြည့်ပြီးသတိတရားကြီး စွာနဲ့ ဖြတ်သန်းနေကြရတာပေါ့။
မေး။ ရွေးကောက်ပွဲကိုကန့်ကွက်နေကြတဲ့သူတွေအပေါ်မှာ ဘာများပြောချင်ပါသလဲ။
ဖြေ ။ ရွေးကောက်ပွဲကတော့ လိုအပ်ချက်တစ်ခုပေါ့။လက်ရှိဖွဲ့စည်းပုံအခြေခံဥပဒေအရလည်း လိုအပ် ချက်တစ်ခုဖြစ်တယ်။ နောက်တစ်ခုကတော့ ပိတ် လှောင်ခြင်းခံရတဲ့ မြန်မာ့လူ့အဖွဲ့အစည်းအတွက် လည်း ရွေးကောက်ပွဲသည် ထွက်ပေါက်တစ်ခုဖြစ် သည်။ ဒီရွေးကောက်ပွဲအလွန်ကာလသည် လူမှုအဖွဲ့ အစည်းအားလုံးရဲ့ နိုင်ငံရေးပဋိပက္ခ၊ လူမှုရေးပဋိပက္ခ အားလုံးကို ဖြေရှင်းနိုင်ခြေရှိတဲ့ အနေအထားဖြစ်အောင် တွန်းပို့ပေးဖို့လိုအပ်တာပေါ့။ ဒါမှလည်းပဲ ဆိုးကျိုးသံသရာကနေ ရုန်းထွက်နိုင်ခြေရှိတာပေါ့။ ဒါကြောင့် ရွေးကောက်ပွဲသည် လိုအပ်ချက်တစ်ရပ်ဖြစ်တယ်ဆိုတာကို လက်ခံပေးကြဖို့ တိုက်တွန်းလိုပါတယ်။

Zawgyi Version:
"တရားမဲ့ျပဳက်င့္မႈရွိခဲ့လို႔ ျဖစ္ခဲ့တဲ့(၂၀၂၀) ကို လုံးဝေျပာင္းျပန္အေနနဲ႔ ဒီေ႐ြးေကာက္ပြဲကေတာ့ တရားမွ်တမႈရွိတယ္" - သီးသန႔္အင္တာဗ်ဴး
သက္ပိုင္ (NP News) - ႏိုဝင္ဘာလ ၁၉
ရခိုင့္ဦးေဆာင္ပါတီသည္ ရခိုင္ျပည္နယ္တြင္အေျခစိုက္သည့္ ပါတီတစ္ခုျဖစ္ကာ လာမည့္ ပါတီစုံအေထြေထြ ေ႐ြးေကာက္ပြဲတြင္ တိုင္းေဒသႀကီး၊ ျပည္နယ္အဆင့္ ဝင္ေရာက္ယွဥ္ၿပိဳင္မည့္ ပါတီတစ္ခုလည္းျဖစ္သည္။ ရခိုင့္ ဦးေဆာင္ပါတီႏွင့္ပတ္သက္၍ ပါတီ၏မူဝါဒ၊ အနာဂတ္ရည္မွန္းခ်က္မ်ား ႏွင့္ ေ႐ြးေကာက္ပြဲအတြက္ ႀကိဳးပမ္းအားထုတ္ရာတြင္ေတြ႕ႀကဳံရမႈမ်ားကို ပါတီဥကၠ႒ျဖစ္သူ ေဒါက္တာေအးေမာင္ႏွင့္ဆက္သြယ္ေမးျမန္းထားသည္မ်ားကို ေကာက္ႏုတ္ေဖာ္ျပအပ္ပါသည္။
ေမး ။ ေ႐ြးေကာက္ပြဲအေပၚဘယ္လိုျမင္ပါသလဲ။
ေျဖ။ အခုက ေ႐ြးေကာက္ပြဲအႀကိဳကာလကို ျဖတ္သန္း ေနၾကတာေပါ့။ ေ႐ြးေကာက္ပြဲဆိုတာကို ေျပာတိုင္းမွာ ေ႐ြးေကာက္ပြဲတစ္ရပ္ကိုႀကီးၾကပ္ေပးတဲ့ အစိုးရ တစ္ရပ္ရွိရမယ္။ ေနာက္ၿပီး ေ႐ြးေကာက္ပြဲကိုကိုယ္ တိုင္ကိုယ္က် ေဆာင္႐ြက္ေပးရတဲ့ ေ႐ြးေကာက္ပြဲ ေကာ္မရွင္ဆိုတာ ရွိရတယ္။ အဲဒီေတာ့ အစိုးရတစ္ရပ္၊ ေကာ္မရွင္တစ္ခုေပါ့ဗ်ာ။ သူတို႔ေတြရဲ႕ ေ႐ြးေကာက္ ပြဲအလြန္ကာလ ေမွ်ာ္မွန္းခ်က္ဆိုတာရွိမွာေပါ့။ ဒီအ ေပၚမူတည္ၿပီးေတာ့ ကြၽန္ေတာ္တို႔ျဖတ္သန္းခဲ့ရတဲ့ အေနအထားကို အေျခခံၿပီးမွ ေ႐ြးေကာက္ပြဲအႀကိဳ ကာလမွာ သတ္မွတ္ျပ႒ာန္းထားတဲ့ ဥပေဒေတြအ တိုင္းပဲ ျဖတ္သန္းေနရတာကိုး။ ဒီဥပေဒေတြကို ျပန္သုံးသပ္ရမယ္ဆိုရင္ နံပါတ္(၁)ကေတာ့ ႏိုင္ငံေရး ပါတီမွတ္ပုံတင္ျခင္းဥပေဒျဖစ္မွာေပါ့။ ေနာက္ၿပီး ေ႐ြးေကာက္ပြဲကို ျဖတ္သန္းႏိုင္ေအာင္ ျပ႒ာန္းထားတဲ့ ေ႐ြးေကာက္ပြဲ ဥပေဒ၊ နည္းဥပေဒေတြ ပါတာေပါ့။ ဒီဥပေဒေတြအရပဲ ဒီေ႐ြးေကာက္ပြဲအႀကိဳကာလကို ျဖတ္သန္းေနၾကရတာေပါ့။ ေ႐ြးေကာက္ပြဲအလြန္ကာ လနဲ႔ ပတ္သက္ရင္ေတာ့ ေမွ်ာ္မွန္းခ်က္ေတြက ပါတီ အသီးသီးမွာလည္းရွိမယ္။ ႏိုင္ငံေတာ္ အစိုးရမွာ လည္းရွိမယ္။ ေ႐ြးေကာက္ပြဲကို ကိုယ္တိုင္ႀကီးၾကပ္ ေပးရတဲ့ ေ႐ြးေကာက္ပြဲေကာ္မရွင္မွာလည္း ရွိမွာေပါ့။ ဆိုေတာ့ ကြၽန္ေတာ္တို႔ႏိုင္ငံျဖတ္သန္းခဲ့ရတဲ့ လက္ရွိ အေနအထားကိုေျပာရရင္ ေ႐ြးေကာက္ပြဲသည္ လို အပ္တယ္။ ေ႐ြးေကာက္ပြဲသည္ အေ႐ြ႕တစ္ခုအတြက္ ပထမေျခလွမ္းျဖစ္တယ္။ ေ႐ြးေကာက္ပြဲအလြန္မွာ တည္ၿငိမ္ေအးခ်မ္းေနမွ ဖြံ႕ၿဖိဳးတိုးတက္ေရး လမ္းစ တစ္ခုေရာက္ေအာင္၊ ေ႐ြးေကာက္ပြဲအလြန္ေမွ်ာ္မွန္းခ်က္ေတြကို ပါတီတိုင္းက ခ်မွတ္ထားၾကရတာေပါ့ဗ်ာ။လက္ရွိမွာဆိုရင္ ျမန္မာ့႐ုပ္ျမင္သံၾကားမွာလည္း ပါတီတိုင္းကတင္ျပေနၾကတာေပါ့။ မူဝါဒေတြ၊ သ ေဘာထားေတြ လုပ္ငန္းစဥ္ေတြရွိမွာေပါ့။ ဒီေပၚမူ တည္ၿပီးေတာ့မွ လက္ရွိကာလ ေ႐ြးေကာက္ပြဲအေပၚမွာ ျဖတ္သန္းရင္း ေ႐ြးေကာက္ပြဲအလြန္မွာ ဘာကိုလုပ္ မယ္ဆိုၿပီး ေ႐ြးေကာက္ပြဲကတိကဝတ္ေတြကိုလည္း ပါတီတိုင္းကေပးၾကတာေပါ့။ အခုကေတာ့ ေ႐ြး ေကာက္ပြဲအႀကိဳကာလေပါ့။ ဒီကာလကို ျဖတ္သန္း ေနၾကရတာေပါ့။ ဒီလိုျဖတ္သန္းၾကရတဲ့အခါ အနာ ရည္မွန္းခ်က္၊ ေမွ်ာ္မွန္းခ်က္ေတြက အရမ္းကို လႊမ္းမိုးပါတယ္။ ဒီေမွ်ာ္မွန္းခ်က္ကိုမူတည္ၿပီးေတာ့မွ ေ႐ြးေကာက္ပြဲေကာ္မရွင္ဆိုရင္လည္း လြပ္လပ္ၿပီး တရားမွ်တတဲ့ ေ႐ြးေကာက္ပြဲကို က်င္းပမယ္ဆိုတဲ့ အခင္းအက်င္းျဖစ္ေအာင္ သူဘယ္လိုဖန္တီးထားလဲ ေပါ့။ ဒီလိုဖန္တီးတဲ့အခါမွာ ဥပေဒ၊ နည္းဥပေဒေတြ ရွိတာေပါ့။ ဒီဥပေဒေတြက လက္ဆုပ္လက္ကိုင္ ျပႏိုင္ ရင္ေတာ့ ေ႐ြးေကာက္ပြဲအႀကိဳကာလ ျပ႒ာန္း သတ္ မွတ္ခ်က္ေတြျဖစ္တာေပါ့ဗ်ာ။
ေမး။ လာမယ့္ေ႐ြးေကာက္ပြဲအတြက္ ပြင့္လင္းမွ်တ လြတ္လပ္မႈကိုေကာ ဘယ္လိုျမင္လဲခင္ဗ်။
ေျဖ။ ဒီအေပၚမွာ ေ႐ြးေကာက္ပြဲနဲ႔ ပတ္သက္ၿပီးေတာ့ လြတ္လပ္ၿပီးမွ်တျဖစ္မယ္၊ ဘယ္ေလာက္ပြင့္လင္း တယ္။ ဘယ္ေလာက္ဖြင့္ထားတယ္ဆိုတာ သတ္ မွတ္ခ်က္ေတြရွိတာေပါ့။ ဒီေတာ့ ကြၽန္ေတာ္တို႔ ေမွ်ာ္မွန္းတာကေတာ့ ပါတီ တိုင္းက ေ႐ြးေကာက္ပြဲကို ဥပေဒနည္းဥပေဒအတိုင္း ျပ႒ာန္းခ်က္ပါအတိုင္း မွ်ေျခတစ္ခုအတြင္းမွာ ရွိရမယ့္အခြင့္အေရး ရွိဖိ့လို အပ္တာေပါ့။ ဒါကေတာ့ (၁) အခ်က္ေပါ့ဗ်ာ။ (၂) အခ်က္ကေတာ့ အစိုးရသည္ လည္းေကာင္း၊ ေ႐ြးေကာက္ပြဲေကာ္မရွင္သည္လည္း ေကာင္း တရားမွ်တၿပီးေတာ့ လြပ္လပ္မႈဆိုတဲ့ဘက္ကို ဘယ္လိုဦးတည္ၿပီးပံ့ပိုးကူညီၾကသလဲ။ ဘက္လိုက္ မႈကင္ကင္းနဲ႔ေပါ့ဗ်ာ။ ဒါေလးေတြက ထင္သာျမင္ သာရွိတဲ့ အခင္းက်င္းေလးေတြေပါ့ဗ်ာ။ ဒီအေပၚမွာ ျပန္သုံးသပ္ရရင္ အရင္တုန္းက ႀကဳံခဲ့ၾကရတဲ့ ေ႐ြး ေကာက္ပြဲ မဲဘယ္လိုေပးၾကရသလဲ။ မဲေပးမယ့္ မဲဆႏၵရွင္အေပၚမွာ ဘယ္လိုလႊမ္းမိုးၾကသလဲေပါ့ဗ်ာ။ အခုကေတာ့ ပါတီတစ္ခုက အုပ္စိုးတဲ့ အစိုးရတစ္ရပ္ က်င္းပတာ မဟုတ္တဲ့အခါက်ေတာ့ အဲဒီျမင္ကြင္း ကေတာ့ နည္းနည္းေတာ့ ကင္းမွာေပါ့။ အာဏာရတဲ့ အစိုးရတစ္ရပ္က ေ႐ြးေကာက္ပြဲဝင္မယ္။ ေ႐ြး ေကာက္ပြဲေကာ္မရွင္ကိုလည္း သူကပဲ ဖြဲ႕စည္းထား မယ္ဆိုတဲ့အပိုင္းမွာေတာ့ အမ်ားႀကီးလႊမ္းမိုးမႈ ရွိတာေပါ့ဗ်ာ။ မိမိအာဏာရတဲ့ပါတီ ထပ္အႏိုင္ရဖို႔ အတြက္ မဲဆႏၵရွင္ေတြအေပၚမွာေရာ၊မဲေပးတဲ့ စနစ္အေပၚမွာေရာ၊ မဲဆႏၵရွင္းစာရင္းတိက်မႈ၊ မတိ က်မႈ အေပၚမွာေရာ မ်ိဳးစုံလႊမ္းမိုးႏိုင္ေျခရွိတာေပါ့။ ဒါေတြက ေ႐ြးေကာက္ပြဲပုံရိပ္ကို အမ်ားႀကီး ထိခိုက္ ေစႏိုင္တာေပါ့။ ဒီေတာ့ ခုနကေျပာသလိုပဲ ေ႐ြး ေကာက္ပြဲအႀကိဳကာလမွာ ဥပေဒနည္းဥပေဒက အရမ္းအေရးႀကီးပါတယ္။ ေနာက္ၿပီးေတာ့ မဲေပး ပိုင္ခြင့္ဆိုတဲ့ မဲဆႏၵရွင္ေတြရဲ႕ အခန္းက႑ပါပဲ။ ဒီေတာ့ သူတို႔မဲေပးခြင့္ မဆုံးရႈံးေအာင္ ေဆာင္႐ြက္ၾက ရမယ္။ အရင္တုန္းက မဲဆႏၵနယ္ျပင္ပေရာက္တဲ့သူ ေတြ မဲေပးပိုင္ခြင့္ကို ဥပေဒအရေပးခဲ့တာရွိတယ္။ ဦး သိန္းစိန္လက္ထက္မတိုင္ခင္ကတည္းက စီးပြားေရး အရ ျပည္မဘက္ေရာက္ေနတဲ့သူေတြကို မဲေပးဖို႔ အတြက္ ေျခာက္လဆိုတာ သတ္မွတ္ခဲ့တာရွိတယ္။ ဒါေပမဲ့ NLD လက္ထက္မွာ ဒါကို ေလွ်ာ့လိုက္တယ္ ေပါ့။ သုံးလျဖစ္သြားတာေပါ့။ အေၾကာင္းအမ်ိဳးမ်ိဳး ေၾကာင့္ ကိုယ့္ျပည္နယ္ကေန တျခားေဒသကို ေရာက္ ေနတာသုံးလရွိသြားရင္ အဲဒီေဒသမွာ မဲေပးပိုင္ခြင့္ကို ေလွ်ာက္ထားႏိုင္တယ္ေပါ့ဗ်ာ။ အခုေျပာေနၾကတဲ့ ၃(က)ေပါ့ဗ်ာ။ အခုကေတာ့ အရင္တုန္းက ႏိုင္ ငံျခားေရာက္ေနတဲ့ သူေတြကိုသာေပးခဲ့တဲ့ ပုံစံ(၁၅) ဆိုတာနဲ႔ ျပည္မကိုေရာက္ေနတဲ့ မဲဆႏၵရွင္ေတြကို လည္း ျဖည့္ခြင့္ေပးထားတာကိုေတြ႕ရတာေပါ့ဗ်ာ။ ဒီေတာ့ အေဝးေရာက္မဲကိုလည္း ေပးခြင့္ျပဳထား တာေတြရွိလာတာေပါ့။ ဒီေတာ့ မဲဆႏၵရွင္ေတြနဲ႔ပတ္ သက္လို႔ လက္ရွိကာလ ေ႐ြးေကာက္ပြဲေကာ္မရွင္သည္ ပိုၿပီး အေသးစိတ္က်က် မဲေပးပိုင္ခြင့္ မဆုံးရႈံးရေအာင္ ေဆာင္႐ြက္တယ္ဆိုတဲ့အပိုင္းနဲ႔ သြားတာေပါ့။ ေနာက္တစ္ပိုင္းျပန္ၾကည့္ရင္လည္း ႀကိဳတင္မဲဆိုတာ ရွိခဲ့တာေပါ့။ ဒီအရာမွာလည္း တိတိက်က်ေလးေတြ ေတြ႕ရတာေပါ့။ အရင္တုန္းကေတာ့ ေ႐ြးေကာက္ပြဲ က်င္းပတဲ့ကာလမွ ႀကိဳတင္မဲဆိုတာေတြက အေရ အတြက္ေပါင္းစုံနဲ႔လာၿပီး ေ႐ြးေကာက္ပြဲမဲ႐ုံေတြကို အမ်ားႀကီးလာအပ္ႏွံတာ ခံရတာေပါ့။ အခုအဲဒီလိုေတြ မျဖစ္ေအာင္ ေ႐ြးေကာက္ပြဲမတိုင္ခင္ (၄၈) နာရီမွသာ လာၿပီး မဲေပးဖို႔ လုပ္ေပးတာေပါ့။ ဒီေတာ့ ဒါေတြက မဲဆႏၵရွင္ေတြနဲ႔ပတ္သက္ၿပီး ေျဖေလွ်ာ့တာေတြ။ မဲဆႏၵရွင္ေတြအတြက္ လြတ္လပ္ၿပီးမွ်တေအာင္၊ မဲေပးပိုင္ခြင့္ မဆုံးရႈံးရေအာင္၊ ႀကိဳတင္မဲနဲ႔ ပတ္ သက္ၿပီး စနစ္တက်ျဖစ္ေအာင္ သြားတာဆိုေတာ့ ဒါကေတာ့ ပိုေကာင္းတယ္လို႔ သုံးသပ္လို႔ရတာေပါ့။ၿပီးေတာ့ ေ႐ြးေကာက္ပြဲက်င္းပတဲ့အေနအထားမွာ ႏိုင္ငံတကာက ေလ့လာေစာင့္ၾကည့္သူေတြ၊ ျပည္ တြင္းကေစာင့္ၾကည့္ေလ့လာသူေတြ၊ သတင္းေထာက္ ေတြ စသည္ျဖင့္ တရားမွ်တတဲ့ ေ႐ြးေကာက္ပြဲဟုတ္ မဟုတ္၊ လူတိုင္းမဲေပးပိုင္ခြင့္ရွိမရွိ ေလ့လာႏိုင္ ေအာင္ကိုလည္း ဖိတ္ေခၚထားတာကိုလည္း ေတြ႕ရပါ တယ္။ ေ႐ြးေကာက္ပြဲမတိုင္ခင္မွာလည္း ကိုယ္စား လွယ္ေလာင္းစိစစ္တာေတြကိုလည္း ေတြ႕ရပါတယ္။ ဒါေလးေတြကလည္း ေတာ္ေတာ္ေလးကိုအဆင္ ေျပပါတယ္။ ေနာက္ၿပီးတရားမွ်တတဲ့ ေ႐ြးေကာက္ပြဲ ႀကီးျဖစ္ေအာင္ လုံၿခဳံမႈအစီအမံကလည္း အေရးပါ တယ္။
ေမး။ ဒါဆို မဲဆႏၵရွင္ေတြရဲ႕ လုံၿခဳံေရးနဲ႔ပတ္ သက္လို႔ေကာ ဘယ္လိုျမင္ပါသလဲ။
ေျဖ။ မဲလာေပးသူေတြရဲ႕ လုံၿခဳံမႈအတြက္ ဖိအား မျဖစ္ေစရေအာင္ လက္နက္ကိုင္အဖြဲ႕အစည္းေတြရဲ႕ က႑ကလည္း အေရးႀကီးတာေပါ့။ ဒီေတာ့ လက္နက္ ကိုင္ ပဋိပကၡရွိတဲ့ေနရာတိုင္းမွာ သူတို႔ႀကိဳက္တဲ့ ပါတီ(သို႔မဟုတ္) အဖြဲ႕အစည္းတစ္ခုေပၚမွာ မဲမ ေပးရင္ ဘာလုပ္မယ္ဆိုတဲ့ ဖိအားမပါဖို႔လည္းလို အပ္တာေပါ့။ ဒီလိုမျဖစ္ေအာင္လည္း ေ႐ြးေကာက္ပြဲ ေကာ္မရွင္က ႀကီးၾကပ္ေပးဖို႔လည္း လိုတာေပါ့။မဲဆႏၵရွင္ေတြကို ဖိအားေပးၿပီး လြတ္လြတ္လပ္လပ္ ဆုံးျဖတ္ပိုင္ခြင့္မရွိေအာင္ လက္နက္နဲ႔ ၿခိမ္းေျခာက္ တာမ်ိဳး၊ တစ္နည္းနည္းနဲ႔ သူတို႔ရဲ႕ ရပ္တည္မႈပ်က္ျပား ေအာင္ ဖိအားေပးတာမ်ိဳး မရွိဖို႔လိုအပ္တာေပါ့။
ေမး။ ေ႐ြးေကာက္ပြဲအလြန္ကာလမွာဆိုရင္ေတာ့ ဘာေတြလိုအပ္မယ္ထင္လဲ။
ေျဖ။ ေ႐ြးေကာက္ပြဲအလြန္ကာလမွာဆိုရင္လည္း ၿပိဳင္ဆိုင္ၾကတဲ့ ႏိုင္ငံေရးပါတီ ကိုယ္စားလွယ္ေလာင္း ေတြရဲ႕ အဂတိေလးေတြကို စိစစ္တဲ့အခါမွာ လြတ္ လြတ္လပ္လပ္နဲ႔ တရားမွ်တစြာ ဥပေဒ၊ နည္းဥပေဒ ေပၚမွာ အေျချပဳၿပီးမွ စီရင္ဆုံးျဖတ္ေပးဖို႔ လိုတာေပါ့။ ဒါက ေ႐ြးေကာက္ပြဲေကာ္မရွင္နဲ႔ တိုက္႐ိုက္ပတ္သက္ တာေပါ့ဗ်ာ။ အေစာကေျပာခဲ့တဲ့အခ်က္ေတြနဲ႔ ေ႐ြး ေကာက္ပြဲအလြန္အခ်က္ေတြနဲ႔ အကုန္စုံၿပီးေတာ့မွပဲ ေ႐ြးေကာက္ပြဲတစ္ခုအေပၚမွာ သုံးသပ္ၾကမယ္ထင္ပါ တယ္။ ကြၽန္ေတာ္တို႔ကေတာ့ ျဖတ္သန္းဖူးတဲ့ ေ႐ြး ေကာက္ပြဲအေတြ႕အႀကဳံေတြအရ လက္ရွိေ႐ြး ေကာက္ပြဲသည္ တရားမွ်တတဲ့ ေ႐ြးေကာက္ပြဲဘက္ကို ပိုဦးတည္ႏိုင္တယ္လို႔ေတာ့ သုံးသပ္တာေပါ့။ ဘာလို႔ လဲဆိုရင္ အာဏာရအစိုးရတစ္ရပ္က က်င္းပတဲ့ ေ႐ြးေကာက္ပြဲမဟုတ္ဘူး။ နံပါတ္ႏွစ္အခ်က္ကို ျပန္ေျပာရရင္ အခုလက္ရွိအစိုးရေပါ့ဗ်ာ။ (၂၀၂၀) ေ႐ြးေကာက္ပြဲအေပၚမွာ အေျခခံၿပီးေတာ့မွ ေ႐ြး ေကာက္ပြဲ တရားမွ်တမႈမရွိလို႔ဆိုတဲ့ သတ္မွတ္ခ်က္နဲ႔ အာဏာကိုထိန္းလာၿပီးေတာ့မွ ေ႐ြးေကာက္ပြဲကို က်င္းပေပးၾကတာကိုး။ ဒါေၾကာင့္ တရားမဲ့ျပဳက်င့္မႈရွိခဲ့ လို႔ ျဖစ္ခဲ့တဲ့ (၂၀၂၀) ကို လုံးဝေျပာင္းျပန္အေနနဲ႔ ဒီေ႐ြးေကာက္ပြဲကေတာ့ တရားမွ်တမႈရွိတယ္။ လူတိုင္းမဲေပးပိုင္ခြင့္ရွိတယ္။ တိက်တဲ့ မဲဆႏၵရွင္ေတြ မဲလာေပးၾကတယ္။ မဲဆႏၵရွင္ေတြဟာ ဖိအားတစ္ခု ေအာက္မွာ မဲေပးျခင္းမဟုတ္ဘူး။ လြတ္လြတ္လပ္ လပ္ မဲဆႏၵျပဳျခင္းျဖစ္တယ္ဆိုတဲ့ ဦးတည္ခ်က္နဲ႔ သြားမယ့္အေနထားမ်ိဳးျဖစ္တယ္လို႔ ျမင္ပါတယ္။
ေမး။ ေ႐ြးေကာက္ပြဲအလြန္ကာလအတြက္ပါတီရဲ႕ ရည္မွန္းခ်က္က ဘာျဖစ္မလဲ။
ေျဖ ။ ေ႐ြးေကာက္ပြဲနဲ႔ပတ္သက္တဲ့ မူဝါဒရယ္လို႔ေတာ့ ေျပာရခက္ပါတယ္။ ကြၽန္ေတာ္တို႔ ေ႐ြးေကာက္ပြဲအ လြန္နဲ႔ပတ္သက္ၿပီးေတာ့ ေျပာရရင္ ေ႐ြးေကာက္ပြဲ အလြန္ကာလမွာ ပါတီအေနနဲ႔ ေ႐ြးေကာက္ပြဲေအာင္ ေအာင္ျမင္ျမင္ ၿပီးေျမာက္ၿပီး လႊတ္ေတာ္အသီးသီးကို ေရာက္ရွိခဲ့ၾကမယ္ဆိုရင္ ကြၽန္ေတာ္တို႔ ၿငိမ္းခ်မ္းေရး နဲ႔ပတ္သက္လို႔ သက္ဆိုင္တဲ့ ဘက္ေပါင္းစုံနဲ႔ ပူးေပါင္း ႀကိဳးပမ္း ေဆာင္႐ြက္သြားမယ္ဆိုတဲ့ မူကိုခ်ထားတာရွိ ပါတယ္။ ဒီမိုကေရစီကိုအေျခခံတဲ့ ျပည္ေထာင္စု တည္ေဆာက္ေရးကို ႀကိဳးပမ္းေဆာင္႐ြက္သြားမယ္။ ရခိုင္ေဒသၿငိမ္းခ်မ္းေရး၊ တည္ၿငိမ္ေရးနဲ႔ဖြံ႕ၿဖိဳးတိုး တက္ေရးကို အားသြန္ခြန္စိုက္ ႀကိဳးပမ္းေဆာင္႐ြက္ မယ္။ ေနာက္ၿပီး ျပည္သူမ်ား စိတ္ေအးခ်မ္းသာေရးနဲ႔ စိတ္ပိုင္းဆိုင္ရာ လုံၿခဳံမႈအတြက္ တက္ႏိုင္သေလာက္ ေဆာင္႐ြက္မယ္။ ရခိုင္စစ္ေဘးေရွာင္မ်ား ေနရပ္ျပန္ ႏိုင္ေရး၊ လူမႈစီးပြားဘဝ ျပန္လည္ထူေထာင္ေရးကို ႀကိဳးပမ္းေဆာင္႐ြက္မယ္။ ေနာက္ၿပီး ရခိုင္ေဒသမွာ အေၾကာင္းေၾကာင္းေတြေၾကာင့္ သယ္ယူပို႔ေဆာင္ ေရးစရိတ္ႀကီးျမင့္တာ။ အေျခခံစားေသာက္ကုန္ ပစၥည္းေတြ ေဈးႀကီးျမင့္ေနတာမ်ိဳးလို အခက္အခဲအ က်ပ္အတည္းေတြကို ႀကိဳးစားေျဖရွင္းမယ္။ ေနာက္ၿပီး ရခိုင္ေဒသမွာ လူမ်ိဳးစုေပါင္းစုံ၊ ဘာသာေပါင္းစုံ ရွိၾကေတာ့ ၿငိမ္းခ်မ္းတည္ၿငိမ္ၿပီးေတာ့ လုံၿခဳံစြာ၊ သဟဇာတရွိစြာ ယွဥ္တြဲေနထိုင္ႏိုင္တဲ့ တရားဥပေဒစိုး မိုးတဲ့ အခင္းအက်င္းျဖစ္ေအာင္ ကြၽန္ေတာ္တို႔ ႀကိဳးစားဖန္တီးတည္ေဆာက္မယ္။ ႏိုင္ငံေတာ္အေန နဲ႔ပဲျဖစ္ျဖစ္၊ ရခိုင္ေဒသအေနနဲ႔ပဲျဖစ္ျဖစ္ ျပန္လည္ တည္ေဆာက္ေရးက႑ေတြမွာ တက္တက္ႂကြႂကြ ပူး ေပါင္းပါဝင္ေဆာင္႐ြက္မယ္ဆိုတဲ့မူကို ခ်ထားတာရွိ ပါတယ္။ ဒါက ေ႐ြးေကာက္ပြဲအလြန္ကာလ ပါတီရဲ႕ ရည္မွန္းခ်က္ကိုေျပာတာပါ။
ေမး ။ UEC ရဲ႕ စည္းကမ္းသတ္မွတ္ခ်က္ေတြမ ေျဖေလွ်ာ့ခင္မွာ ဘယ္လိုအခက္ခဲေတြရွိခဲ့လဲ။ ဒါနဲ႔ ပတ္သက္ၿပီး ဘယ္လိုျမင္ပါလဲ။
ေျဖ။ ဒါကေတာ့ ဥပေဒသတ္မွတ္ခ်က္ေတြေပါ့။ဥပေဒသတ္မွတ္ခ်က္ေတြက ေရွ႕ေနာက္ဖြင့္ဆိုခ်က္ ညီၫြတ္ဖို႔လိုတာေပါ့။ စိတ္ကူးေပၚတိုင္းတင္ျပတိုင္း ျပန္ျပင္တာမ်ိဳးမျဖစ္ဖို႔ေတာ့ လိုတာေပါ့။ တစ္သမတ္ တည္းရွိဖို႔လိုတာေပါ့။ ဥပမာ- ပါတီတစ္ခုကို စတည္ ေထာင္ကတည္းေပါ့ဗ်ာ။ ေ႐ြးေကာက္ပြဲကာလမတိုင္ ခင္အထိေပါ့။ တစ္ေျပးညီ Leverage Power တူဖို႔ လိုတာေပါ့။ ပါတီတိုင္းကိုေျပာတာပါ။ ဒီေတာ့ စိတ္ ကူးတည့္တိုင္း တင္ျပတိုင္းကို ျပန္ျပင္တာက်ေတာ့ ပထမကာလမွာ ဥပေဒနည္းဥပေဒေတြနဲ႔ မညီဘူး ဆိုၿပီး ပယ္ဖ်က္ျခင္းခံရတဲ့ ပါတီေတြအတြက္အင္မ တန္ နစ္နာတာေပါ့။ ဒါေလးေတြက သတိခ်ပ္ဖို႔လို တာေပါ့။ ဒါေၾကာင့္ ေ႐ြးေကာက္ပြဲ ဥပေဒ၊ နည္းဥပေဒ ကို ခဏခဏ ျပင္ေနရမ်ိဳး၊ ေနာက္ဆုံးျပင္တဲ့ အေပၚ မွာမူတည္တယ္ဆိုရင္ ပထမပယ္ဖ်က္ထားတဲ့ ပါတီ အားလုံးဟာ အက်ဳံးမဝင္ဘူးျဖစ္ရမွာေပါ့။ အဓိပၸာယ္ ကေလ။ ဒါမ်ိဳးတစ္ခု သတ္သတ္မွတ္မွတ္ရွိဖို႔လိုတာ ေပါ့။ ဥပမာဆိုရင္ - ပါတီဝင္ဦးေရတစ္သိန္းရွိရမယ္။ ႐ုံးဘယ္ေလာက္ဖြင့္ရမယ္။ ဒါေတြကို ကာလတစ္ခုမွာ ျပန္ျပင္တယ္ဆိုရင္ ဒီကာလသည္ ေ႐ြးေကာက္ပြဲနဲ႔ ပတ္သက္ၿပီးေတာ့ ေျပးလမ္းအခ်ိန္မီဖို႔ လိုအပ္တာ ေပါ့။ ဒီလိုအခ်ိန္မ်ိဳးမွာ ျပင္ရမွာေပါ့။ ဥပမာဆိုရင္ ပါတီဝင္တစ္သိန္းကို ငါးေသာင္းေျဖေလွ်ာ့တယ္ဆို ပါစို႔။ ငါးေသာင္းဆိုတာကို ေ႐ြးေကာက္ပြဲမတိုင္ခင္ သတ္မွတ္ကာလအတြင္းမွာ ငါးေသာင္းအေနအထား ျပည့္ႏိုင္တဲ့ အေနအထားျဖစ္ေအာင္ ဖန္တီးေပးရမွာ ေပါ့။ ႐ုံးလည္းဒီလိုပဲ (၃၃၀)ရဲ႕ ထက္ဝက္ေက်ာ္လို႔ သတ္မွတ္ရင္ အဲဒီလိုသတ္မွတ္တဲ့ကာလအေန အထားမွာ ပါတီေတြရဲ႕ေျပးလမ္းေပါ့ဗ်ာ။ အခ်ိန္ လုံေလာက္မႈ ရွိဖို႔လိုတာေပါ့။ ဥပမာဆိုပါေတာ့ တိုင္းေဒသႀကီးေတြနဲ႔ပတ္သက္ရင္ ပါတီဝင္တစ္ ေထာင္ဆိုရင္ တစ္ေထာင္ျပည့္ဖို႔လိုတာေပါ့။ တစ္ ေထာင္မျပည့္ရင္ ေ႐ြးေကာက္ပြဲ ဝင္ကိုမဝင္ရဘူး။ ၿမိဳ႕ နယ္ငါးခု႐ုံးဖြင့္ရမယ္ဆိုရင္ ဒီလိုမဖြင့္ႏိုင္တဲ့ပါတီ ေတြ ကို ေ႐ြးေကာက္ပြဲမွာ ဝင္ေရာက္ယွဥ္ၿပိဳင္ခြင့္ ျပဳကို မျပဳရဘူးေပါ့ဗ်ာ။ ဥပမာ-ေ႐ြးေကာက္ပြဲနီး တဲ့ကာလ ေလးမွာ ပါတီေထာင္မယ္ဗ်ာ။ တစ္ၿမိဳ႕နယ္ပဲ ဖြင့္လို႔ ရမွာေပါ့ဗ်ာ။ သေဘာက။ ဒီေတာ့ ေ႐ြးေကာက္ပြဲကာ လအလြန္မွာအထိ ရက္ေပါင္း(၉၀)ရွိေနရင္ သတ္ မွတ္တဲ့ ရက္(၉၀)အတြင္းမွာ ႐ုံးဖြင့္ၿပီးျဖစ္ရမယ္လို႔ သတ္မွတ္ထားမွာေပါ့ဗ်ာ။ ဒီေတာ့ ရက္(၉၀) ဆိုတာ မ်ိဳးက ေ႐ြးေကာက္ပြဲအလြန္ကာလအထိ အက်ဳံးဝင္ ေနရင္ သူ႔ရဲ႕ ဥပေဒ သတ္မွတ္ခ်က္က အဓိပၸာယ္မဲ့ သြားတာေပါ့။ ဒီလိုေတြမဟုတ္တဲ့အခါက်ေတာ့ Leverage Power မတူတာမ်ိဳးေတြ ေတြ႕ရတာေပါ့။ ဒါကိုဘယ္မွာေတြ႕ရလဲဆိုေတာ့ အခုေတြ႕ရတာေပါ့။ တခ်ိဳ႕ပါတီေတြ ဥပမာ (၈) လပိုင္းေနာက္ဆုံးရက္မွာ ပါတီတည္ေထာင္ခြင့္ရၾက တယ္ေပါ့ဗ်ာ။ ဒီကာလ ေတြမွာ (၃) ၿမိဳ႕နယ္တို႔ (၅) ၿမိဳ႕နယ္တို႔ သတ္မွတ္ တဲ့အတိုင္းမဖြင့္ႏိုင္ေသးဘူးေပါ့ဗ်ာ။ ဒါေပမဲ့ သူရဲ႕ ေျပးလမ္းက်ေတာ့ ရက္ (၉၀) ဆိုေတာ့ သူတို႔႐ုံးျပည့္ရ မယ့္အေနအထားက (၁၂) လပိုင္းေက်ာ္အထိ သြား တာေပါ့။ ဒီအခါ ေ႐ြးေကာက္ပြဲကာလ အလြန္ကို ေရာက္သြားတာေပါ့။ ဒီေတာ့ ဥပေဒျပ႒ာန္းခ်က္ အရဆိုရင္ေတာ့ သူ႔မွာ မျပည့္ရင္လည္း ေ႐ြးေကာက္ပြဲ ဝင္ခြင့္ရသြားၿပီေလ။ ဒါေပမဲ့ တခ်ိဳ႕ပါတီေတြက်ေတာ့ ဒီလိုမဟုတ္ျပန္ဘူးဗ်။ တည္ေထာင္တာေစာတယ္။ ဒါေၾကာင့္ ရက္(၉၀) ျပည့္သြားတယ္။ဒီကာလမွာ အေၾကာင္းေၾကာင္းေတြေၾကာင့္ ပါတီ႐ုံးမဖြင့္လိုက္ ႏိုင္ဘူး။ ဒါမ်ိဳးေတြေၾကာင့္ ေ႐ြးေကာက္ပြဲဥပေဒအရ ပယ္ဖ်က္ျခင္းခံရတာေပါ့။ ဒါေၾကာင့္ ဒီႏွစ္ခုရဲ႕ အေန အထားကို သုံးသပ္ရင္ ပါတီတစ္ခုနဲ႔တစ္ခုက ဥပေဒ အရ Leverage Power မတူၾကပါဘူး။
ေမး ။ ဘယ္မဲဆႏၵနယ္ေတြကေန ဝင္ၿပိဳင္သြားမလဲ။
ေျဖ။ ကြၽန္ေတာ္ကေတာ့ စစ္ေတြခ႐ိုင္ အမ်ိဳးသား လႊတ္ေတာ္ကို ဝင္ၿပိဳင္သြားမွာပါ။ FPTP ၿပိဳင္ဖို႔ အကုန္လုံးတင္ထားၿပီးၿပီ။ ေနာက္ၿပီး ကိုယ္စားလွယ္ ေလာင္းလက္မွတ္လည္း ရၿပီးၿပီ။ လိုအပ္တဲ့ ျပင္ဆင္ မႈေတြကိုလည္း တတ္ႏိုင္သေလာက္လုပ္ထားၿပီး ပါၿပီဗ်။ ပါတီအေနနဲ႔ဆိုရင္ေတာ့ အခုပထမအႀကိမ္ က်င္းပမယ့္ ၿမိဳ႕နယ္တိုင္းမွာ ဝင္ေရာက္ယွဥ္ၿပိဳင္သြားမွာပါ။
ေမး။ ေ႐ြးေကာက္ပြဲအတြက္ စိန္ေခၚမႈေတြက ဘာ မ်ားျဖစ္မလဲ။
ေျဖ။ ကြၽန္ေတာ္တို႔က စစ္မက္ျဖစ္ပြားတဲ့ဇုန္ထဲမွာ ရွိေနတာေပါ့။ ဆိုေတာ့ အထူးသျဖင့္ လူထုသည္ က်ီး လန႔္စာစားျဖစ္တာေပါ့။ တစ္ဖက္နဲ႔တစ္ဖက္က ေ႐ြး ေကာက္ပြဲကို အျမင္တစ္မ်ိဳးစီနဲ႔ ျဖတ္သန္းေနၾကရ တာေပါ့။ ဒါေပမဲ့ လူထုရဲ႕အသံ(လိုလားခ်က္)ကို ေ႐ြးေကာက္ပြဲသည္ ရာႏႈန္းျပည့္နီးပါးေလာက္သူ တို႔ရဲ႕ ဆႏၵအမွန္ကို ထုတ္ေဖာ္ေျပာၾကားလာႏိုင္တာ ေပါ့။ လူထုသည္ စစ္မက္ျဖစ္ပြားျခင္းကိုလိုလားျခင္းဟုတ္မဟုတ္၊ ၿငိမ္းခ်မ္းတည္ၿငိမ္ျခင္းကို လိုလားျခင္း ဟုတ္မဟုတ္ကေတာ့ ေ႐ြးေကာက္ပြဲက အေျဖေပး လိမ့္မယ္ဗ်။ ဒီေတာ့ ေ႐ြးေကာက္ပြဲမွာ မဲလာေပးတဲ့ လူနည္းရင္ေတာ့ျဖင့္ လူထုသည္ လက္နက္ကိုင္ ပဋိပကၡကို အားေပးတယ္ဆိုတာ ျဖစ္သြားႏိုင္တာ ေပါ့။ ဒီလိုမဟုတ္ဘူး လက္နက္ကိုင္ပဋိပကၡကို အားမေပးဘူး။ လက္ရွိ အက်ဥ္းအၾကပ္ၾကားထဲကေန ႐ုန္းထြက္ခ်င္ၿပီ။ လူမႈစီးပြားဘဝ ျပန္လည္ထူ ေထာင္ေရးနဲ႔ ျပန္လည္ေအးခ်မ္းမႈကို လိုလားၿပီ။ အ မ်ိဳးသားျပန္လည္ရင္ၾကားေစ့ေရးနဲ႔ ျပည္လည္ထူ ေထာင္ေရးက႑ကို အားသြန္ခြန္စိုက္အားေပးေန ၾကၿပီဆိုရင္ေတာ့ မဲေပးလာတဲ့ပရိသတ္က ေတာ္ ေတာ္မ်ားႏိုင္ေျခရွိပါတယ္။ ေ႐ြးေကာက္ပြဲသည္ အေျဖတစ္ခုနဲ႔ ႏိုင္ငံေရးထြက္ေပါက္တစ္ခုကို လူထုရဲ႕ေမွ်ာ္မွန္းခ်က္ကို ပုံေဖာ္လာမယ့္အေန အထားမ်ိဳးလည္း ျဖစ္သြားႏိုင္တာေပါ့။
ေမး။ ပါတီကိုယ္စားလွယ္ေလာင္းေတြရဲ႕လုံၿခဳံေရး ကို ပါတီဘက္က ဘာေတြလုပ္ေပးထားလဲ။
ေျဖ ။ ကြၽန္ေတာ္တို႔က မိမိကိုယ္မိမိ လုံၿခဳံေရးကို အဓိကထားပါတယ္။ ထိပ္တိုက္ေတြ႕တာကို ကြၽန္ ေတာ္တို႔ ေရွာင္ပါတယ္။ ေ႐ြးေကာက္ပြဲနဲ႔ ပတ္သက္လို႔ တက္ႂကြလြန္းတာလည္းမဟုတ္ဘူး။ မတက္ႂကြလြန္း တာလည္း မဟုတ္ဘူး။ ပုံမွန္သြားပါတယ္။ လူထုရဲ႕ အသံေလးေတြကို ေစာင့္ၾကည့္တာေပါ့ လူထုရဲ႕ အေနအထားကို ေစာင့္ၾကည့္တာေပါ့။ လူထုသည္ အက်ဥ္းက်ပ္ၾကားထဲမွာ ဘယ္ေလာက္ထိ က်ေရာက္ ေနသလဲ။ ကိုယ္ေတြလာေရာက္ျခင္းျဖင့္ လူထုအ တြက္ အေႏွာင့္အယွက္မ်ားျဖစ္သလား။ စည္း႐ုံး တာကစလို႔ ဒီအတိုင္းသြားပါတယ္။ စစ္ရဲ႕ ဒဏ္ရာ ဒဏ္ခ်က္ေနာက္ လူထုသည္ ဘယ္ဘက္ကို ဦးတည္ ေနၿပီလဲ၊ ပဋိပကၡက ႐ုန္းထြက္ခ်င္ၿပီလား။ လက္နက္ ကိုင္ပဋိပကၡနဲ႔ ႏိုင္ငံေရး ရည္မွန္းခ်က္၊ ႏိုင္ငံေရးေမွ်ာ္ မွန္းခ်က္ ႏွစ္ခုကို ေသေသခ်ာခ်ာ သေဘာေပါက္ ၾကၿပီလားေပါ့။ ဒါနဲ႔သြားပါတယ္။ ဒီေတာ့ လုံၿခဳံမႈ ဆိုတာကေတာ့ျဖင့္ ကြၽန္ေတာ္တင္ျပသလိုပါပဲ။ မိမိ ကိုယ္မိမိ လုံၿခဳံမႈ ေနာက္ မိမိအဖြဲ႕အစည္း လုံၿခဳံ မႈေပါ့ဗ်ာ။ ေနာက္ဥပေဒရဲ႕ အရိပ္အာဝါသေပါ့ ဗ်ာ။ဒါကသြားသင့္ မသြားသင့္ေပါ့ဗ်ာ။ ခုနကေျပာတဲ့ ကာလစည္းကမ္းသတ္မွတ္ခ်က္ေတြရွိပါတယ္။ ပုဒ္မ (၁၄၄)ထုတ္ထားသလားဆိုတာမ်ိဳးေပါ့။ တည္ၿငိမ္ ေအးခ်မ္းမႈကို ဂဃနဏ ေလ့လာၿပီးေတာ့မွ သြားသင့္ လား၊ မသြားသင့္ဘူးလား ဆိုတာကို ေအာက္ေျခမွာ လည္း အေသးစိတ္ေလ့လာေနပါတယ္။ အခုထိေတာ့ ကြၽန္ေတာ္တို႔ ရခိုင္ဘက္မွာ မဲဆြယ္စည္း႐ုံးမႈ မစေသးပါဘူး။ ကြၽန္ေတာ္တို႔ အခ်ိန္ကာလေလး တစ္ခုေစာင့္ေနပါတယ္။ ေနာက္ အလြန္တရာ တက္ ႂကြလြန္းတဲ့ စည္း႐ုံးမႈလည္း ကြၽန္ေတာ္တို႔မလုပ္ဘူးဗ်။ ပါတီႀကီးေတြရဲ႕အေနအထားကိုလည္း ေစာင့္ၾကည့္ပါ တယ္။ လူထုရဲ႕ႏိုင္ငံေရး ေရခ်ိန္ကိုလည္း သုံးသပ္ပါ တယ္။ ေ႐ြးေကာက္ပြဲအေပၚမွာ ထားတဲ့ သေဘာထား ေတြကိုလည္း သုံးသပ္ပါတယ္။ အေနအထားေပါင္းစုံနဲ႔ ကြၽန္ေတာ္တို႔ သုံးသပ္ေနပါတယ္။ လူထုဘက္က သြားရမယ့္လမ္းေၾကာင္းကို သူတို႔ပင္ကိုအသိေတြမွာ သိလာမယ့္အခ်ိန္ကို ကြၽန္ေတာ္တို႔ ေစာင့္ပါတယ္။ ပင္ကိုအသိေလးေတြကလည္း ကြၽန္ေတာ္တို႔ေမွ်ာ္ မွန္းထားတဲ့အေနအထားကို ေရာက္ေနၾကၿပီလို႔ လည္း သုံးသပ္ပါတယ္။ အမ်ားအားျဖင့္ ကြၽန္ေတာ္ တို႔ မဲဆြယ္စည္း႐ုံးတဲ့နည္းဗ်ဴဟာက ေဒသခံလူထုအ ေနအထားနဲ႔ ေဒသမွာရွိတဲ့ပါတီေတြရဲ႕ နည္းဗ်ဴဟာနဲ႔ ဆိုင္ပါတယ္။ ျဖစ္ႏိုင္ေျခရွိတဲ့ ခ်ဥ္းကပ္မႈကေတာ့ ဗီႏိုင္းကမ္ပိန္းနဲ႔ ပန္းဖလက္ကမ္ပိန္းျဖစ္ဖို႔ ပိုမ်ားပါ တယ္။ ဟိုးအရင္ ေ႐ြးေကာက္ပြဲေတြတုန္းကလို ႀကီး ႀကီးမားမား လူထုအစည္းေဝးေတြထက္ တစ္အိမ္ တက္ဆင္း ဗီႏိုင္းကမ္ပိန္းျဖစ္ဖို႔မ်ားတယ္။ စေတ ကာေတြ ပန္းဖလက္ေတြနဲ႔ေပါ့ေနာ္။
ေမး။ လက္ရွိပါတီအေပၚ လူထုရဲ႕သေဘာထား အျမင္ကေကာ ဘယ္လိုရွိတာကိုေတြ႕ရပါသလဲ။
ေျဖ။ အစတုန္းကေတာ့ ကြၽန္ေတာ္တို႔ ပါတီျဖတ္ သန္းခဲ့တဲ့ သမိုင္းေတာ့ရွိပါတယ္။ ရခိုင္လူထုမွာ လည္းျဖတ္သန္းခဲ့ၾကတဲ့ ႏိုင္ငံေရးသမိုင္းေတာ့ ရွိတာ ေပါ့။ အထူးသျဖင့္ လက္နက္ကိုင္ ပဋိပကၡ ဇာတ္ရွိန္ ျမင့္တဲ့အခါက်ေတာ့ ႏိုင္ငံေရးသမားေတြအေပၚမွာ အားမလိုအားမရအေျခအေနေတြ ျဖစ္သြားႏိုင္ေျခ ရွိတာေပါ့။ ဒါေပမဲ့ အခ်ိန္ကာလၾကာလာတာနဲ႔အမွ် စစ္ရဲ႕ဒဏ္ရာဒဏ္ခ်က္ေပၚမွာ လူထုသည္ နက္နက္ ရႈိင္းရႈိင္းေတြးေခၚတာေတြ ျဖစ္လာတာေပါ့ဗ်ာ။ ဒီဟာ ရဲ႕ ႐ိုက္ခတ္မႈကိုျပန္ၾကည့္တဲ့အခါ ႏိုင္ငံေရးသည္ လို အပ္တယ္။ အခုလို အမာႏွစ္ခုၾကားျဖစ္တဲ့အခါမွာ ဒီၾကားမွာလူထုကို ေကာင္းမြန္တဲ့ေနရာကို ဦးေဆာင္ ေပးႏိုင္မယ့္ ႏိုင္ငံေရးအင္အားစုလိုအပ္ခ်က္ဆိုတဲ့ အရာကို သေဘာေပါက္လာၾကတာေပါ့။ ဒီႏွစ္ခုၾကား မွာညႇိႏႈိင္းေပးႏိုင္မယ့္ အင္အားစုတစ္ခုကို သူတို႔ ပုံေဖာ္ၾကမွာေပါ့ဗ်ာ။ အဲဒီလိုပုံေဖာ္တဲ့အခါမွာ ကြၽန္ ေတာ္တို႔ပါတီမ်ား ပါမလားေပါ့။ တစ္နည္းအားျဖင့္ ေက်ာက္ေဆာင္ႏွစ္ခုၾကားမွာ ၾကားညပ္ေနတဲ့ လူထု အေပၚမွာ မ႐ိုက္ခတ္ႏိုင္ေအာင္ဦးေဆာင္ႏိုင္မယ့္ ပါတီမ်ား၊ ပုဂၢိဳလ္မ်ားကို လူထုသည္ ေမွ်ာ္လင့္ေကာင္း ေမွ်ာ္လင့္ႏိုင္တာေပါ့။ ဒီလိုအေနအထား ေရာက္မ ေရာက္ကေတာ့ မိမိပါတီရဲ႕ ေအာင္ျမင္မႈနဲ႔ ဆိုင္တာ ေပါ့ဗ်ာ။ ဒီလိုေမွ်ာ္လင့္တဲ့ ပါတီ၊ ပုဂၢိဳလ္ေတြ ၾကားမွာ ကြၽန္ေတာ္တို႔ပါႏိုင္ေအာင္ေတာ့ ႀကိဳးစားေနၾကရ တာေပါ့။ ဒီေလာက္ဆိုရင္ေတာ့ ႏိုင္ႏိုင္ေျခရွိတာေပါ့။
ေမး။ လႊတ္ေတာ္ထဲကိုေရာက္ခဲ့ရင္ ဘယ္အရာကို ပထမဆုံးေဆာင္႐ြက္သြားမလဲ။
ေျဖ။ ကြၽန္ေတာ္တို႔ကေတာ့ ျပည္နယ္ေရာ၊ျပည္ ေထာင္စုေရာ ေရာက္မယ္လို႔ထင္ပါတယ္။ ဒီေတာ့ ျပည္နယ္ဆိုရင္ အဲဒီကာလရဲ႕အေနအထားကို သုံးသပ္ရမွာေပါ့။ စစ္ရဲ႕ ဒဏ္ရာဒဏ္ခ်က္၊ ေနာက္ၿပီး ကိုယ့္ရဲ႕အဝန္းအဝိုင္းျပန္လည္ထူေထာင္ေရးက႑၊ဒါေတြအေပၚမွာ ကြၽန္ေတာ္တို႔ပါတီ ဘယ္ေလာက္ပါ ႏိုင္လဲေပါ့။ တစ္နည္းအားျဖင့္ ဥပေဒျပဳမႈ၊ လႊတ္ ေတာ္အပိုင္းမွာေကာ ဘယ္ေလာက္ထိပါႏိုင္သလဲ ဆိုတာကို ၾကည့္ၿပီးေတာ့မွ ေရွ႕ဆက္သြားရမွာေပါ့။အဲဒီလိုပဲျပည္ေထာင္စုအပိုင္းမွာလည္း ဘယ္လို အေနအထားရွိတယ္ဆိုတာကို ၾကည့္ရမွာေပါ့။ အဓိ ကေတာ့ နံပါတ္တစ္အခ်က္ကေတာ့ ၿငိမ္းခ်မ္းေရးပါပဲ။ဘက္ေပါင္းစုံနဲ႔ ကြၽန္ေတာ္တို႔ ပူးေပါင္းေဆာင္႐ြက္ သြားမွာပါ။ ျပည္ေထာင္စု ၿငိမ္းခ်မ္းေရးမရရင္ ဘာမွ လုပ္လို႔မရဘူး။ ဒီေတာ့ ၿငိမ္းခ်မ္းေရးက႑ကို ေဇာက္ခ်လုပ္ဖို႔ ကြၽန္ေတာ္တို႔ ပါတီအေနနဲ႔ ဦးတည္ ထားပါတယ္။ ဒုတိယတစ္ခ်က္က ျပည္ေထာင္စု ျပန္လည္ တည္ေဆာက္ေရး ေပါ့ဗ်ာ။ အမ်ိဳးသားျပန္ လည္ရင္ၾကားေစ့ေရး၊ ညီၫြတ္ေရးဆိုတာက ဒီမိုက ေရစီဖက္ဒရယ္ျပည္ေထာင္စု ဆိုတဲ့မူ။ အဲဒီမူအတိုင္း လက္ရွိ ဖြဲ႕စည္းပုံအေျခခံဥပေဒကို ဘယ္လိုျပဳျပင္ သြားႏိုင္မလဲ။ ျပင္ဆင္ျဖည့္စြက္သြားႏိုင္မလဲ ဆိုတာနဲ႔ ျပန္လည္ထူေထာင္ေရးအပိုင္းဆိုၿပီး သုံးခုေပါ့ဗ်ာ။ ဒါကို ျပည္ေထာင္စုအပိုင္းမွာ အဓိကသြားမယ္။ ျပည္နယ္မွာလည္း ဒီသုံးခ်က္ကို ကိုယ့္ပါတီကလူ ဘယ္ေလာက္ေရာက္လဲဆိုတာကိုမူတည္ၿပီး ဆက္သြားမွာေပါ့။
ေမး။ လက္ရွိမွာ ပါတီကိုယ္စားလွယ္ေလာင္းေတြနဲ႔ ပါတီဝင္ေတြ ၿခိမ္းေျခာက္ခံရတာမ်ိဳးရွိလား။
ေျဖ။ အဲဒါေတာ့ မေျပာတတ္ဘူး။ ကြၽန္ေတာ္တို႔က ရန္ကုန္သို႔မဟုတ္ စစ္ေတြဘက္အျခမ္းကို ေရာက္ေန ၾကတာကိုး။ ဟိုအရင္တုန္းကေတာ့ ရွိခဲ့ဖူးပါတယ္။ကြၽန္ေတာ့္ကိုခရီးသြားတဲ့အခါ အဖမ္းခံထိမယ္ ဆိုၿပီး ဒါမ်ိဳးေတြ ၾကားရတာေပါ့။ တိုက္႐ိုက္ေတာ့မဟုတ္ ဘူးေပါ့။ အဲဒါေၾကာင့္ အဖမ္းအဆီးမခံႏိုင္တဲ့ ေနရာ မွာေနေပးတာေပါ့ဗ်ာ။ ဖမ္းမယ္ဆိုတာ ဘယ္သူေတြ ဘာရယ္၊ ဘယ္လိုအဝတ္အစားေတြဆိုတာ မသိႏိုင္ ဘူးေလ။ ဒါေၾကာင့္ မဖမ္းႏိုင္မယ့္ေနရာေတြမွာ အခု ထိ ေနေပးေနရတာေပါ့။ အဖမ္းဆီးခံရတဲ့သူေတြ လည္း ရွိခဲ့ၾကပါတယ္။ ကြၽန္ေတာ္တို႔က (၂၀၁၈) ကတည္းက ပါတီထူေထာင္ခဲ့ၾကတာ ဆိုေတာ့ေလ။(၂၀၂၀)ကိုလည္း ျဖတ္သန္းခဲ့ၾကတယ္။ လက္နက္ ကိုင္ ပဋိပကၡအႀကီးႀကီးေတြကိုလည္း ျဖတ္ခဲ့တယ္။ေနာက္ၿပီး ကြၽန္ေတာ္တို႔ပါတီဆိုင္းဘုတ္တင္ထားတဲ့ ၿမိဳ႕နယ္ေတြဆိုရင္လည္း တစ္ဖက္ AA ဆီမွာ ေရာက္သြားတယ္ေပါ့ဗ်ာ။ ဒီေတာ့ ပါတီဝင္လူထုက လည္း ဟိုဘက္ဒီဘက္ေရာက္ၾကတာေပါ့ဗ်ာ။ ပါတီကိုအသစ္ျပန္လည္မွတ္ပုံတင္တဲ့အခါက်ေတာ့ ဟိုဘက္ေရာက္ေနတဲ့ လူထုကိုထားခဲ့ရတာေပါ့ဗ်ာ။ ဒီဘက္ ေရာက္တဲ့လူထုနဲ႔ပဲ မွတ္ပုံတင္ၾကရတာေပါ့။ ဒီလို အက်ပ္အတည္းေတာ့ ရွိပါတယ္။ ေ႐ြးေကာက္ပြဲ ဝင္မယ္၊ အမတ္ေလာင္းလုပ္မယ္ဆိုတဲ့ ရည္မွန္းခ်က္ နဲ႔ ပါတီဝင္အခ်ိဳ႕ေတာင္မွ ကိုယ့္ရဲ႕ေဒသကို သြားတဲ့ အခါမွာ အဖမ္းဆီးခံရၿပီးေတာ့ ပါတီဝင္အျဖစ္ကေန စြန႔္လႊတ္လိုက္ရတာမ်ိဳးေတြလည္း ရွိပါတယ္။ ဒါ CEC ထဲကကို ရွိတာပါ။ ဒါေၾကာင့္ သတိထား ၾကရတာေပါ့။ လာမယ့္ေ႐ြးေကာက္ပြဲအတြက္ ကိုယ့္ ကိုယ္ကို လုံၿခဳံမႈကို အဓိကထားေနရတာေပါ့။ ေဆာင္ ရန္ေရွာင္ရန္ေလးေတြနဲ႔ တစ္ဖက္ အဖြဲ႕အစည္းေတြရဲ႕ မ်က္စိစပါးေမြး မစူးဖို႔လည္း သတိထားခိုင္းရတာေပါ့။အားလုံးကို အခ်ိန္အခါကိုၾကည့္ၿပီးသတိတရားႀကီး စြာနဲ႔ ျဖတ္သန္းေနၾကရတာေပါ့။
ေမး။ ေ႐ြးေကာက္ပြဲကိုကန႔္ကြက္ေနၾကတဲ့သူေတြအေပၚမွာ ဘာမ်ားေျပာခ်င္ပါသလဲ။
ေျဖ ။ ေ႐ြးေကာက္ပြဲကေတာ့ လိုအပ္ခ်က္တစ္ခုေပါ့။လက္ရွိဖြဲ႕စည္းပုံအေျခခံဥပေဒအရလည္း လိုအပ္ ခ်က္တစ္ခုျဖစ္တယ္။ ေနာက္တစ္ခုကေတာ့ ပိတ္ ေလွာင္ျခင္းခံရတဲ့ ျမန္မာ့လူ႔အဖြဲ႕အစည္းအတြက္ လည္း ေ႐ြးေကာက္ပြဲသည္ ထြက္ေပါက္တစ္ခုျဖစ္ သည္။ ဒီေ႐ြးေကာက္ပြဲအလြန္ကာလသည္ လူမႈအဖြဲ႕ အစည္းအားလုံးရဲ႕ ႏိုင္ငံေရးပဋိပကၡ၊ လူမႈေရးပဋိပကၡ အားလုံးကို ေျဖရွင္းႏိုင္ေျခရွိတဲ့ အေနအထားျဖစ္ေအာင္ တြန္းပို႔ေပးဖို႔လိုအပ္တာေပါ့။ ဒါမွလည္းပဲ ဆိုးက်ိဳးသံသရာကေန ႐ုန္းထြက္ႏိုင္ေျခရွိတာေပါ့။ ဒါေၾကာင့္ ေ႐ြးေကာက္ပြဲသည္ လိုအပ္ခ်က္တစ္ရပ္ျဖစ္တယ္ဆိုတာကို လက္ခံေပးၾကဖို႔ တိုက္တြန္းလိုပါတယ္။