မကြာခင်အချိန်အတွင်း ဂါဇာကနေ နောက်ထပ်ဓါးစာခံတွေ ပြန်လွတ်လာလိမ့်မယ်လို့ ဒေါ်နယ်ထရမ့်ပြော

86

Pika (NP News) - ဇူလိုင် ၂၁
ဖမ်းဆီးခံထားရတဲ့ နောက်ထပ်ဓါးစာခံ(၁၀)ဦးဟာ ဂါဇာကမ်းမြောင်ဒေသကနေ မကြာခင်အချိန်အတွင်း လွတ်လာလိမ့်မယ်လို့ အမေရိကန်သမ္မတဒေါ်နယ်ထရမ့်က ပြောကြားခဲ့ပါတယ်။ ဒါပေမယ့်လည်း အဲဒီကိစ္စနဲ့ ပတ်သက်တဲ့ နောက်ထပ်အသေးစိတ်အချက်အလက်တွေကို ဒေါ်နယ်ထရမ့်က ထုတ်ဖော်ပြောဆိုခဲ့တာမျိုး မရှိခဲ့ ဘူးလို့လည်း သိရပါတယ်။
ဒေါ်နယ်ထရမ့်ဟာ လွှတ်တော်အမတ်တွေနဲ့ ညစာစားပွဲကျင်းပချိန်အတွင်း ယခုလိုမှတ်ချက်ပြုပြောဆိုခဲ့တာ ဖြစ်တယ်လို့လည်း သိရပါတယ်။ ပြီးခဲ့တဲ့ ဇူလိုင်လ(၆)ရက်ကတည်းက အစ္စရေးနဲ့ ဟားမက်လက်နက်ကိုင်အဖွဲ့တို့ရဲ့ ကိုယ်စားလှယ်တွေဟာ အပစ်အခတ်ရပ်စဲရေးဆွေးနွေးပွဲတွေကိုလုပ်ဆောင်ခဲ့ပြီး အမေရိကန်ထောက်ခံထားတဲ့ ရက်ပေါင်း(၆၀)ကြာ အပစ်အခတ်ရပ်စဲရေးကို ဆွေးနွေးခဲ့ကြတယ်လို့ သိရပါတယ်။
ဒေါ်နယ်ထရမ့်က “ဖမ်းဆီးခံထားရတဲ့ဓါးစာခံတွေအများစုကို ကျွန်တော်တို့ပြန်ရခဲ့ပါပြီ။ နောက်ထပ်ဓါးစာခံ(၁၀)ဦး ကလည်း မကြာခင်အချိန်အတွင်း လွတ်လာပါလိမ့်မယ်။ ဒါက လျင်လျင်မြန်မြန်နဲ့ပြီးဆုံးသွားဖို့ ကျွန်တော်တို့ မျှော်လင့်ပါတယ်” လို့ ပြောခဲ့ပါတယ်။
ဂါဇာကမ်းမြောင်ဒေသ အပစ်အခတ်ရပ်စဲရေးနဲ့ ဓါးစာခံလွှတ်ပေးရေး သဘောတူညီချက်က နီးကပ်လာပြီလို့ ဒေါ်နယ်ထရမ့်က ထုတ်ဖော်ပြောဆိုခဲ့ပြီးနောက် ရက်ပိုင်းအကြာမှာ ယခုလိုပြောဆိုချက်တွေ ထပ်မံထွက်ပေါ် လာတာဖြစ်ပါတယ်။

Zawgyi Version:
မၾကာခင္အခ်ိန္အတြင္း ဂါဇာကေန ေနာက္ထပ္ဓါးစာခံေတြ ျပန္လြတ္လာလိမ့္မယ္လို႔ ေဒၚနယ္ထရမ့္ေျပာ
Pika (NP News) - ဇူလိုင္ ၂၁
ဖမ္းဆီးခံထားရတဲ့ ေနာက္ထပ္ဓါးစာခံ(၁၀)ဦးဟာ ဂါဇာကမ္းေျမာင္ေဒသကေန မၾကာခင္အခ်ိန္အတြင္း လြတ္လာလိမ့္မယ္လို႔ အေမရိကန္သမၼတေဒၚနယ္ထရမ့္က ေျပာၾကားခဲ့ပါတယ္။ ဒါေပမယ့္လည္း အဲဒီကိစၥနဲ႔ ပတ္သက္တဲ့ ေနာက္ထပ္အေသးစိတ္အခ်က္အလက္ေတြကို ေဒၚနယ္ထရမ့္က ထုတ္ေဖာ္ေျပာဆိုခဲ့တာမ်ိဳး မရွိခဲ့ ဘူးလို႔လည္း သိရပါတယ္။
ေဒၚနယ္ထရမ့္ဟာ လႊတ္ေတာ္အမတ္ေတြနဲ႔ ညစာစားပြဲက်င္းပခ်ိန္အတြင္း ယခုလိုမွတ္ခ်က္ျပဳေျပာဆိုခဲ့တာ ျဖစ္တယ္လို႔လည္း သိရပါတယ္။ ၿပီးခဲ့တဲ့ ဇူလိုင္လ(၆)ရက္ကတည္းက အစၥေရးနဲ႔ ဟားမက္လက္နက္ကိုင္အဖြဲ႕တို႔ရဲ႕ ကိုယ္စားလွယ္ေတြဟာ အပစ္အခတ္ရပ္စဲေရးေဆြးေႏြးပြဲေတြကိုလုပ္ေဆာင္ခဲ့ၿပီး အေမရိကန္ေထာက္ခံထားတဲ့ ရက္ေပါင္း(၆၀)ၾကာ အပစ္အခတ္ရပ္စဲေရးကို ေဆြးေႏြးခဲ့ၾကတယ္လို႔ သိရပါတယ္။
ေဒၚနယ္ထရမ့္က “ဖမ္းဆီးခံထားရတဲ့ဓါးစာခံေတြအမ်ားစုကို ကြၽန္ေတာ္တို႔ျပန္ရခဲ့ပါၿပီ။ ေနာက္ထပ္ဓါးစာခံ(၁၀)ဦး ကလည္း မၾကာခင္အခ်ိန္အတြင္း လြတ္လာပါလိမ့္မယ္။ ဒါက လ်င္လ်င္ျမန္ျမန္နဲ႔ၿပီးဆုံးသြားဖို႔ ကြၽန္ေတာ္တို႔ ေမွ်ာ္လင့္ပါတယ္” လို႔ ေျပာခဲ့ပါတယ္။
ဂါဇာကမ္းေျမာင္ေဒသ အပစ္အခတ္ရပ္စဲေရးနဲ႔ ဓါးစာခံလႊတ္ေပးေရး သေဘာတူညီခ်က္က နီးကပ္လာၿပီလို႔ ေဒၚနယ္ထရမ့္က ထုတ္ေဖာ္ေျပာဆိုခဲ့ၿပီးေနာက္ ရက္ပိုင္းအၾကာမွာ ယခုလိုေျပာဆိုခ်က္ေတြ ထပ္မံထြက္ေပၚ လာတာျဖစ္ပါတယ္။