ဘုရားသုံးဆူတွင် DKBA ခွင့်ပြုချက်ဖြင့်ဖွင့်ထားသော ဘိန်းစာရွက်ပြုတ်ရည်ဆိုင်များ ကျောင်းဝင်းထဲအထိရောက်နေ

654

သန့်ဇင် (NP News) - ဇူလိုင် ၂၂
ကရင်ပြည်နယ် မြန်မာ-ထိုင်းနယ်စပ်ရှိ ဘုရားသုံးဆူမြို့တွင် DKBA ခွင့်ပြုချက်ဖြင့် ဖွင့်ထား သော အာဆီယံ(ခေါ်)ဘိန်းစာရွက်ပြုတ်ရည်ဆိုင်များ များပြားလာပြီး ပိတ်ထားသော ကျောင်းဝင်း အတွင်းမှပင် ဆိုင်ဖွင့်ရောင်းချခြင်းများရှိနေသည့် အပြင် မြို့ခံ(၇၅)ရာခိုင်နှုန်းအထိ သုံးစွဲနေကြကြောင်း ဒေသခံများထံ NP News က ဆက် သွယ်မေးမြန်းထားသည့် အချက်အလက်များအသိရ သည်။ လက်ရှိ ဘုရားသုံးဆူမြို့တွင် အစိုးရ၏အခြေခံပညာကျောင်းများအားလုံးပိတ်ထားရပြီး ထို သို့ပိတ်ထားရသော စာသင်ကျောင်းဝင်းများအတွင်း ၌ပင် နေအိမ်များနှင့် ဈေးဆိုင်များဝင်ရောက်တိုးချဲ့ နေရာယူလာကြပြီဖြစ်ကြောင်း သိရသည်။
" အိမ်တွေတင်မဟုတ်တော့ဘူး လူတွေ လည်း စာသင်ခန်းတွေအဆောင်တွေထဲလည်း အိမ်ရာလိုဝင်နေကြတဲ့အပြင် မူးယစ်ဆေးဝါးဖြစ်တဲ့ အရွက် (ဘိန်းစာရွက်) ပြုတ်ရည်ဆိုင်ပါဖွင့်ထားသဗျာ။အစိုးရစာသင်ကျောင်းမဖွင့်ဘူး။ အပြုတ်ရည်ဆိုတာ ဘုရားသုံးဆူမှာအတော်များလာတယ်။ အပြုတ်ရည် ဆိုတာ မွန်၊ ကရင်ဘက်ခေတ်စားနေတာကြာပြီ။ ဘိန်းစာရွက်လို့ခေါ်တဲ့ အရွက်ကိုပြုတ်ပြီးရတဲ့အရည် ကို ကိုကာကိုလာနဲ့ရောထားတာ။ အဲဒါကိုသောက်တဲ့ သူအတော်များတယ်။ အမျိုးသားအမျိုးသမီးကလေး ပါမကျန်သောက်သုံးကြတာ။ မြို့ရဲ့လူဦးရေ(၇၅) ရာခိုင်နှုန်းလောက်သောက်ကြတာထင်တယ်" ဟု ဒေသခံ အမျိုးသားတစ်ဦးက ပြောသည်။
အဆိုပါ ဘိန်းစာရွက်ပြုတ်ရည်ဆိုင်များ သည် (၂)မိုင်ပတ်လည်ခန့်သာကျယ်ဝန်းသော ဘုရားသုံးဆူမြို့တွင် ဆိုင်ပေါင်း (၂၀ဝ)ကျော်ရှိပြီး DKBA အဖွဲ့ထံ လိုင်းကြေးပေးသွင်းကာ ဖွင့်လှစ် ထားရခြင်းဖြစ်ကြောင်း ၎င်းကဆိုသည်။
" အဲဒီဆိုင်တွေဖွင့်ခွင့်က DKBA မှာ လိုင်း ကြေးပေးရတယ်။ ဆိုင်တွေကရပ်ကွက်တိုင်း မှာအများကြီး။ အတော်စီးပွားဖြစ်ကြတာ။ လိုင်း ကြေးကတော့သေချာမသိရဘူး။ တချို့သူတို့နဲ့နီး စပ်ရာတွေ အဖွဲ့ဝင်တွေကတော့စီးပွားရေးအနေနဲ့ လုပ်ခွင့်ပေးထားကြတာ။ ကျောင်းဝင်းထဲတော့ပေး မဖွင့်သင့်ပါဘူးဗျာ။ အဲ့ဒီအပြုတ်ရည်ကအရက်ဘီယာ ထက်ပိုဆိုးတယ် အစွဲမြန်တယ်။ မျက်နှာတွေလည်း သိသိသာသာဖောလာတာ တွေ့ရတယ်" ဟု ၎င်းက ဆက်ပြောသည်။
လက်ရှိတွင် ဘုရားသုံးဆူမြို့ကို DKBA လက်နက်ကိုင်အဖွဲ့က ထိန်းချုပ်ထားသည့် သဘော ရှိပြီး မူးယစ်ဆေးဝါးနှင့် ခိုးဆိုးလုယက်မှုများလည်း ပေါများနေသောကြောင့် ဒေသခံများစိုးရိမ်စိတ်မြင့် တက်နေကြောင်းလည်း သိရသည်။ ထို့ပြင် အခြေခံ စားသောက်ကုန်ဈေးနှုန်းကြီးမြင့်ခြင်းနှင့်ထိုင်းနိုင်ငံမှ အင်တာနက်နှင့်လျှပ်စစ်မီးများဖြတ်တောက်ထား သောကြောင့် ဆိုလာနှင့် ှအမေူငညု အင်တာနက်လိုင်း များကိုလည်း ဈေးကြီးပေးကာ ဝယ်သူသုံးစွဲနေကြရ ကြောင်း အထက်ပါသတင်းရင်းမြစ်က ဆိုသည်။
" အခြေခံလူတန်းစားတွေကတော့ အ သေးစားဆိုလာမီးလုံးလေးတွေဝယ်သုံးကြတယ်။ ကျားဖျန့်တွေကတော့ အကြီးစားမီးစက်တွေ ဆိုလာ တွေ သုံးကြတယ်။ ထိုင်းကလျှပ်စစ်နဲ့ပတ်သက်တာတွေပိတ်ထားတယ်။ မြန်မာဘက်ကပဲမှာဝယ်ကြတာ။ ဈေးများလို့ငွေကြေးတောင့်တင်းတဲ့သူတွေပဲဝယ် သုံးကြတာများတယ်" ဟု အထက်ပါ သတင်းရင်းမြစ် က ပြောသည်။

Zawgyi Version:
ဘုရားသုံးဆူတြင္ DKBA ခြင့္ျပဳခ်က္ျဖင့္ဖြင့္ထားေသာ ဘိန္းစာ႐ြက္ျပဳတ္ရည္ဆိုင္မ်ား ေက်ာင္းဝင္းထဲအထိေရာက္ေန
သန႔္ဇင္ (NP News) - ဇူလိုင္ ၂၂
ကရင္ျပည္နယ္ ျမန္မာ-ထိုင္းနယ္စပ္ရွိ ဘုရားသုံးဆူၿမိဳ႕တြင္ DKBA ခြင့္ျပဳခ်က္ျဖင့္ ဖြင့္ထား ေသာ အာဆီယံ(ေခၚ)ဘိန္းစာ႐ြက္ျပဳတ္ရည္ဆိုင္မ်ား မ်ားျပားလာၿပီး ပိတ္ထားေသာ ေက်ာင္းဝင္း အတြင္းမွပင္ ဆိုင္ဖြင့္ေရာင္းခ်ျခင္းမ်ားရွိေနသည့္ အျပင္ ၿမိဳ႕ခံ(၇၅)ရာခိုင္ႏႈန္းအထိ သုံးစြဲေနၾကေၾကာင္း ေဒသခံမ်ားထံ NP News က ဆက္ သြယ္ေမးျမန္းထားသည့္ အခ်က္အလက္မ်ားအသိရ သည္။ လက္ရွိ ဘုရားသုံးဆူၿမိဳ႕တြင္ အစိုးရ၏အေျခခံပညာေက်ာင္းမ်ားအားလုံးပိတ္ထားရၿပီး ထို သို႔ပိတ္ထားရေသာ စာသင္ေက်ာင္းဝင္းမ်ားအတြင္း ၌ပင္ ေနအိမ္မ်ားႏွင့္ ေဈးဆိုင္မ်ားဝင္ေရာက္တိုးခ်ဲ႕ ေနရာယူလာၾကၿပီျဖစ္ေၾကာင္း သိရသည္။
" အိမ္ေတြတင္မဟုတ္ေတာ့ဘူး လူေတြ လည္း စာသင္ခန္းေတြအေဆာင္ေတြထဲလည္း အိမ္ရာလိုဝင္ေနၾကတဲ့အျပင္ မူးယစ္ေဆးဝါးျဖစ္တဲ့ အ႐ြက္ (ဘိန္းစာ႐ြက္) ျပဳတ္ရည္ဆိုင္ပါဖြင့္ထားသဗ်ာ။အစိုးရစာသင္ေက်ာင္းမဖြင့္ဘူး။ အျပဳတ္ရည္ဆိုတာ ဘုရားသုံးဆူမွာအေတာ္မ်ားလာတယ္။ အျပဳတ္ရည္ ဆိုတာ မြန္၊ ကရင္ဘက္ေခတ္စားေနတာၾကာၿပီ။ ဘိန္းစာ႐ြက္လို႔ေခၚတဲ့ အ႐ြက္ကိုျပဳတ္ၿပီးရတဲ့အရည္ ကို ကိုကာကိုလာနဲ႔ေရာထားတာ။ အဲဒါကိုေသာက္တဲ့ သူအေတာ္မ်ားတယ္။ အမ်ိဳးသားအမ်ိဳးသမီးကေလး ပါမက်န္ေသာက္သုံးၾကတာ။ ၿမိဳ႕ရဲ႕လူဦးေရ(၇၅) ရာခိုင္ႏႈန္းေလာက္ေသာက္ၾကတာထင္တယ္" ဟု ေဒသခံ အမ်ိဳးသားတစ္ဦးက ေျပာသည္။
အဆိုပါ ဘိန္းစာ႐ြက္ျပဳတ္ရည္ဆိုင္မ်ား သည္ (၂)မိုင္ပတ္လည္ခန႔္သာက်ယ္ဝန္းေသာ ဘုရားသုံးဆူၿမိဳ႕တြင္ ဆိုင္ေပါင္း (၂၀ဝ)ေက်ာ္ရွိၿပီး DKBA အဖြဲ႕ထံ လိုင္းေၾကးေပးသြင္းကာ ဖြင့္လွစ္ ထားရျခင္းျဖစ္ေၾကာင္း ၎ကဆိုသည္။
" အဲဒီဆိုင္ေတြဖြင့္ခြင့္က DKBA မွာ လိုင္း ေၾကးေပးရတယ္။ ဆိုင္ေတြကရပ္ကြက္တိုင္း မွာအမ်ားႀကီး။ အေတာ္စီးပြားျဖစ္ၾကတာ။ လိုင္း ေၾကးကေတာ့ေသခ်ာမသိရဘူး။ တခ်ိဳ႕သူတို႔နဲ႔နီး စပ္ရာေတြ အဖြဲ႕ဝင္ေတြကေတာ့စီးပြားေရးအေနနဲ႔ လုပ္ခြင့္ေပးထားၾကတာ။ ေက်ာင္းဝင္းထဲေတာ့ေပး မဖြင့္သင့္ပါဘူးဗ်ာ။ အဲ့ဒီအျပဳတ္ရည္ကအရက္ဘီယာ ထက္ပိုဆိုးတယ္ အစြဲျမန္တယ္။ မ်က္ႏွာေတြလည္း သိသိသာသာေဖာလာတာ ေတြ႕ရတယ္" ဟု ၎က ဆက္ေျပာသည္။
လက္ရွိတြင္ ဘုရားသုံးဆူၿမိဳ႕ကို DKBA လက္နက္ကိုင္အဖြဲ႕က ထိန္းခ်ဳပ္ထားသည့္ သေဘာ ရွိၿပီး မူးယစ္ေဆးဝါးႏွင့္ ခိုးဆိုးလုယက္မႈမ်ားလည္း ေပါမ်ားေနေသာေၾကာင့္ ေဒသခံမ်ားစိုးရိမ္စိတ္ျမင့္ တက္ေနေၾကာင္းလည္း သိရသည္။ ထို႔ျပင္ အေျခခံ စားေသာက္ကုန္ေဈးႏႈန္းႀကီးျမင့္ျခင္းႏွင့္ထိုင္းႏိုင္ငံမွ အင္တာနက္ႏွင့္လွ်ပ္စစ္မီးမ်ားျဖတ္ေတာက္ထား ေသာေၾကာင့္ ဆိုလာႏွင့္ ွအေမူငညဳ အင္တာနက္လိုင္း မ်ားကိုလည္း ေဈးႀကီးေပးကာ ဝယ္သူသုံးစြဲေနၾကရ ေၾကာင္း အထက္ပါသတင္းရင္းျမစ္က ဆိုသည္။
" အေျခခံလူတန္းစားေတြကေတာ့ အ ေသးစားဆိုလာမီးလုံးေလးေတြဝယ္သုံးၾကတယ္။ က်ားဖ်န႔္ေတြကေတာ့ အႀကီးစားမီးစက္ေတြ ဆိုလာ ေတြ သုံးၾကတယ္။ ထိုင္းကလွ်ပ္စစ္နဲ႔ပတ္သက္တာေတြပိတ္ထားတယ္။ ျမန္မာဘက္ကပဲမွာဝယ္ၾကတာ။ ေဈးမ်ားလို႔ေငြေၾကးေတာင့္တင္းတဲ့သူေတြပဲဝယ္ သုံးၾကတာမ်ားတယ္" ဟု အထက္ပါ သတင္းရင္းျမစ္ က ေျပာသည္။