BLACKPINK ရဲ့ "JUMP" သီချင်း Sportify မှာ နံပါတ် ၁ ချိတ်

134
ရောင်နီ (NP News) - ဇူလိုင် ၂၃
BLACKPINK ရဲ့ ၂၀၂၅ ခုနှစ်ထွက် သီချင်း "JUMP" ဟာ Sportify ရဲ့ကမ္ဘာလုံးဆိုင်ရာအပတ်စဉ် နားထောင်မှု အများဆုံး သီချင်းတွေထဲမှာ နံပါတ် ၁ နေရာ ချိတ်ခဲ့ပါတယ်။
ဒီအကြောင်းကို BLACKPINK ရဲ့အေဂျင်စီ YG Entertainment ကလည်း ဇူလိုင်လ ၂ဝ ရက်မှာ BLACKPINK ရဲ့တေးသီချင်းအသစ် "JUMP" ဟာ ယခုသီတင်းပတ်ရဲ့ Global Top Songs ဇယားမှာ နံပါတ် ၁ နေရာ ပွဲဦးထွက် ရောက်ရှိခဲ့တယ်လို့ တရားဝင် ကြေညာခဲ့ပါတယ်။ “JUMP” သီချင်းဟာ ထွက်ပြီးပြီးချင်း ပထမသီတင်းပတ်မှာတင် စုစုပေါင်းကြည့်ရှုမှု ၄၄,၇၅၉,၉၂၃ ကြိမ်ထိ ရှိခဲ့ပြီး ၂၀၂၅ ခုနှစ်အတွင်း Spotify မှာ ကမ္ဘာလုံးဆိုင်ရာ နားထောင်မှု အမြင့်ဆုံး သီချင်းအဖြစ် စံချိန်တင်ခဲ့ပါတယ်။
BLACKPINK ဟာ ပြီးခဲ့တဲ့ သုံးနှစ်၊ ၂ဝ၂၂ ခုနှစ်ကလည်း “Shut Down” သီချင်းနဲ့ Sportify မှာ အပတ်စဉ် နားထောင်မှု အမြင့်ဆုံး သီချင်းအဖြစ် စံချိန်တင်ခဲ့ဖူးပါတယ်။
Zawgyi Version:
BLACKPINK ရဲ႕ "JUMP" သီခ်င္း Sportify မွာ နံပါတ္ ၁ ခ်ိတ္
ေရာင္နီ (NP News) - ဇူလိုင္ ၂၃
BLACKPINK ရဲ႕ ၂၀၂၅ ခုႏွစ္ထြက္ သီခ်င္း "JUMP" ဟာ Sportify ရဲ႕ကမာၻလုံးဆိုင္ရာအပတ္စဥ္ နားေထာင္မႈ အမ်ားဆုံး သီခ်င္းေတြထဲမွာ နံပါတ္ ၁ ေနရာ ခ်ိတ္ခဲ့ပါတယ္။
ဒီအေၾကာင္းကို BLACKPINK ရဲ႕ေအဂ်င္စီ YG Entertainment ကလည္း ဇူလိုင္လ ၂ဝ ရက္မွာ BLACKPINK ရဲ႕ေတးသီခ်င္းအသစ္ "JUMP" ဟာ ယခုသီတင္းပတ္ရဲ႕ Global Top Songs ဇယားမွာ နံပါတ္ ၁ ေနရာ ပြဲဦးထြက္ ေရာက္ရွိခဲ့တယ္လို႔ တရားဝင္ ေၾကညာခဲ့ပါတယ္။ “JUMP” သီခ်င္းဟာ ထြက္ၿပီးၿပီးခ်င္း ပထမသီတင္းပတ္မွာတင္ စုစုေပါင္းၾကည့္ရႈမႈ ၄၄,၇၅၉,၉၂၃ ႀကိမ္ထိ ရွိခဲ့ၿပီး ၂၀၂၅ ခုႏွစ္အတြင္း Spotify မွာ ကမာၻလုံးဆိုင္ရာ နားေထာင္မႈ အျမင့္ဆုံး သီခ်င္းအျဖစ္ စံခ်ိန္တင္ခဲ့ပါတယ္။
BLACKPINK ဟာ ၿပီးခဲ့တဲ့ သုံးႏွစ္၊ ၂ဝ၂၂ ခုႏွစ္ကလည္း “Shut Down” သီခ်င္းနဲ႔ Sportify မွာ အပတ္စဥ္ နားေထာင္မႈ အျမင့္ဆုံး သီခ်င္းအျဖစ္ စံခ်ိန္တင္ခဲ့ဖူးပါတယ္။