မဟာဓာတ်အားလိုင်းပြင်ပ ကျေးလက်မီးလင်းရေးကို အိမ်ခြေသုံးသောင်းကျော်တွင် ဆောင်ရွက်မည်

 344

ချယ်ရီ (NP News)-ဇူလိုင် ၂၃
ယခုဘဏ္ဍာရေးနှစ်၏ မဟာဓာတ်အား လိုင်းပြင်ပ ကျေးလက်မီးလင်းရေးလုပ်ငန်းများကို အိမ် ခြေ(၃၀,ဝဝဝ)ကျော်တွင် ဆောင်ရွက်ပေးသွား မည်ဖြစ်ကြောင်း သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေး ဝန် ကြီးဌာန၊ ကျေးလက်မီးလင်းရေးဌာနမှ တာ ဝန်ရှိသူတစ်ဦးက NP News သို့ပြောသည်။ တစ်နိုင်ငံလုံး လျှပ်စစ်ဓာတ်အားတိုးချဲ့မှုကို လျှပ်စစ်စွမ်းအားဝန်ကြီးဌာနကဆောင်ရွက်ပြီး လျှပ်စစ်ဓာတ်အား ရောက် ရန် ခဲယဉ်းသည့်နေရာများ၊ လျှပ်စစ်မီးလိုင်းများ သွယ်တန်းရန်ကြာနိုင်သည့် နေရာများ၊ Grid Line ရောက်ထားပြီးသောနေရာများနှင့် ဝေးကွာသည့်ရွာများ မီးရရှိရေးကို ရည်ရွယ်၍ ကျေးလက်ဒေသ ဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာနမှ တာဝန်ယူထားပြီး နှစ်စဉ်ဘတ်ဂျက် လျာထားဆောင်ရွက်ခြင်းဖြစ်ကြောင်း သိရ သည်။
“အဓိက ရည်ရွယ်ချက်ကတော့ (၂၀၃၀)မှာ တစ်နိုင်ငံလုံး လျှပ်စစ်မီးရရှိရေးဆိုပြီး လျှပ်စစ် စွမ်း အားဝန်ကြီးဌာနက လျှပ်စစ်ဓာတ်အားတိုးချဲ့ဆောင်ရွက်သွားမယ်။ သို့သော်လည်းပဲ တစ်နိုင်လုံး အတိုင်း အတာနဲ့က တိုးချဲ့ဖို့က မလွယ်ဘူး။ ဒါကြောင့်မို့ လျှပ်စစ်ဓာတ်အားရောက်ရှိဖို့ ခဲယဉ်းတဲ့နေရာတွေမှာ ကျွန်တော်တို့ရဲ့ မဟာဓာတ်အား လိုင်းပြင်ပ ကျေးလက်မီးလင်းဆိုပြီးမှ ပေါ်လာတာ ပေါ့။ အဲဒါကို ကမ္ဘာ့ ဘဏ်နဲ့ပူးပေါင်းပြီးတော့မှ အစိုးရကနေပြီးတော့မှ နိုင်ငံတော်စီမံကိန်းအနေနဲ့ Plan ဆွဲပြီးတော့ ဆောင် ရွက်ထားတာ ရှိပါတယ်”ဟု အထက်ပါ တာဝန်ရှိသူက ဆိုသည်။
ကျေးလက်မီးလင်းရေးလုပ်ငန်းကို တစ် အိမ်သုံးဆိုလာစနစ် (တစ်အိမ်ချင်းစီကို မီးသုံးစွဲနိုင်မှု အား (၆၀)ဝပ်၊ (၁၀ဝ)ဝပ်တို့ ရရှိနိုင်သော ဆိုလာစနစ်ဖြင့် System ပုံးတစ်ခုစီရရှိခြင်း)နှင့် အသေးစား ဓာတ်အားပေးစနစ်( တစ်ရွာလုံးစာ (သို့) နှစ်ရွာသုံးရွာစာကို စုပေါင်း၍ တစ်နေရာတည်း၌ပင် Power Station ဆောက်ကာ ရွာကို မီးပေးခြင်း) ဟူသော နည်းလမ်း(၂)မျိုးဖြင့် လုပ်ဆောင်ပေးခြင်းဖြစ်ကြောင်း သိရသည်။ “လက်ရှိ (၂၂) ဘီလျံပဲ ထပ်ပြီး လျာထားတာရှိပါတယ်။ ဒါပေမဲ့ လောလောဆယ်တော့ ငလျင် ကြောင့်ပျက်စီးတဲ့ဟာတွေကို ပြန်လည်အပ်နှံဖို့ရှိသေးတဲ့အတွက် လျှော့ဖို့ရှိပါတယ်ခင်ဗျ။ ဒီနှစ်အတွင်း မှာတော့ ကျေးလက်မီးလင်းရေးရဲ့ တစ်အိမ်လုံးဆိုလာစနစ်ကို နေပြည်တော်ကောင်စီ နယ်မြေ၊ ရန်ကုန် တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ရှမ်းပြည်နယ် (အရှေ့ပိုင်း)က ကျေး ရွာ (၃၃၉)ရွာရဲ့ အိမ်ခြေ (၂၈ယဝ၇၆)လုံးတွေမှာ ဆောင်ရွက်ပေးဖို့ လျာထား တာဖြစ်ပါတယ်။ နောက် ထပ် အသေးစားဓာတ်အားပေးစနစ် ဧရာဝတီတိုင်းဒေသကြီးနဲ့ တနင်္သာရီတိုင်းဒေသကြီးမှာပဲ လျာထား တာဖြစ်ပြီး စုစုပေါင်းအိမ်ခြေ ( ၂ယ၁၅၄)လုံးစာ ကျေးရွာ (၁၀) ရွာမှာ ဆောင်ရွက်ပေးမှာပါ” ဟု ၎င်းက ရှင်းပြသည်။
ထိုသို့ဆောင်ရွက်ရာတွင် ဝေးလံပြီး အုပ် ချုပ်မှုနှင့်လက်လှမ်းမမီသော နေရာများ၌ ဝန်ဆောင် မှုမပေးနိုင်ခြင်းများ၊ အသုံးပြုပုံ ဆောင်ရန်ရှောင်ရန် မလိုက်နာနိုင်၍ လျင်မြန်စွာပျက်စီးသွားခြင်းများ ရှိနေကြောင်း သိရသည်။
]]အသေးစား ဓာတ်အားပေးစနစ်ကျ တော့လည်း နိုင်ငံတော်ရယ်၊ ကျေးလက်မီးလင်းရေးဆောင်ရွက်တဲ့ကုမ္ပဏီရယ်၊ ကျေးရွာက ကုန်ကျ စရိတ်ကို မျှပြီးတော့ခံပြီး ပေါင်းလုပ်တာဖြစ်တဲ့အတွက် ကျေးရွာကထည့်ဝင်ငွေတွေ ထည့်ရတဲ့အပိုင်းမှာ တချို့နေရာတွေကတော့ စည်းစည်းလုံးလုံးနဲ့ မှန်မှန် ကန်ကန်ပေးပေမယ့် တချို့ရွာတွေကတော့ ပြည်သူ ထည့်ငွေတွေမရတာ ရှိတာပေါ့။ လတ်တလော အခြေအနေအရဆိုရင် ကျွန်တော်တို့လုပ်ခဲ့တဲ့ နေရာ တွေက တချို့နေရာတွေမှာဆိုရင် အုပ်ချုပ်မှုနဲ့ လက် လှမ်းမမီတဲ့အနေအထားလေး ရှိနေပါတယ်။ အဲဒီလို နေ့လိုမျိုးတွေဆို ကျွန်တော်တို့အနေနဲ့လည်း ဝန် ဆောင်မှုက သိပ်မပေးနိုင်တော့ဘူး။ ပြီးတော့ ကုမ္ပဏီ ကိုယ်တိုင်လည်း မသွားရဲတဲ့ဒေသတွေဖြစ်နေတာ လေ" ဟု ၎င်းကပြောသည်။
ပြီးခဲ့သည့်(၂၀၂၄-၂၀၂၅)ဘဏ္ဍာနှစ်တွင် ကျေးလက်မီးလင်းရေးအတွက် (၂၂) ဘီလျံခန့် သုံးစွဲခဲ့ပြီး နှစ်နှစ်ဆက်၍လုပ်ရမည့်လုပ်ငန်းမှလွဲ၍ ကျန်ရှိလျာထားလုပ်ငန်းများ (၁၀ဝ)ရာခိုင်နှုန်း ပြီးစီးဆောင်ရွက်ခဲ့ပြီးဖြစ်ကြောင်း သိရသည်။

Zawgyi Version:
မဟာဓာတ္အားလိုင္းျပင္ပ ေက်းလက္မီးလင္းေရးကို အိမ္ေျခသုံးေသာင္းေက်ာ္တြင္ ေဆာင္႐ြက္မည္
ခ်ယ္ရီ (NP News)-ဇူလိုင္ ၂၃
ယခုဘ႑ာေရးႏွစ္၏ မဟာဓာတ္အား လိုင္းျပင္ပ ေက်းလက္မီးလင္းေရးလုပ္ငန္းမ်ားကို အိမ္ ေျခ(၃၀,ဝဝဝ)ေက်ာ္တြင္ ေဆာင္႐ြက္ေပးသြား မည္ျဖစ္ေၾကာင္း သမဝါယမႏွင့္ ေက်းလက္ဖြံ႕ၿဖိဳးေရး ဝန္ ႀကီးဌာန၊ ေက်းလက္မီးလင္းေရးဌာနမွ တာ ဝန္ရွိသူတစ္ဦးက NP News သို႔ေျပာသည္။ တစ္ႏိုင္ငံလုံး လွ်ပ္စစ္ဓာတ္အားတိုးခ်ဲ႕မႈကို လွ်ပ္စစ္စြမ္းအားဝန္ႀကီးဌာနကေဆာင္႐ြက္ၿပီး လွ်ပ္စစ္ဓာတ္အား ေရာက္ ရန္ ခဲယဥ္းသည့္ေနရာမ်ား၊ လွ်ပ္စစ္မီးလိုင္းမ်ား သြယ္တန္းရန္ၾကာႏိုင္သည့္ ေနရာမ်ား၊ Grid Line ေရာက္ထားၿပီးေသာေနရာမ်ားႏွင့္ ေဝးကြာသည့္႐ြာမ်ား မီးရရွိေရးကို ရည္႐ြယ္၍ ေက်းလက္ေဒသ ဖြံ႕ၿဖိဳး တိုးတက္ေရးဦးစီးဌာနမွ တာဝန္ယူထားၿပီး ႏွစ္စဥ္ဘတ္ဂ်က္ လ်ာထားေဆာင္႐ြက္ျခင္းျဖစ္ေၾကာင္း သိရ သည္။
“အဓိက ရည္႐ြယ္ခ်က္ကေတာ့ (၂၀၃၀)မွာ တစ္ႏိုင္ငံလုံး လွ်ပ္စစ္မီးရရွိေရးဆိုၿပီး လွ်ပ္စစ္ စြမ္း အားဝန္ႀကီးဌာနက လွ်ပ္စစ္ဓာတ္အားတိုးခ်ဲ႕ေဆာင္႐ြက္သြားမယ္။ သို႔ေသာ္လည္းပဲ တစ္ႏိုင္လုံး အတိုင္း အတာနဲ႔က တိုးခ်ဲ႕ဖို႔က မလြယ္ဘူး။ ဒါေၾကာင့္မို႔ လွ်ပ္စစ္ဓာတ္အားေရာက္ရွိဖို႔ ခဲယဥ္းတဲ့ေနရာေတြမွာ ကြၽန္ေတာ္တို႔ရဲ႕ မဟာဓာတ္အား လိုင္းျပင္ပ ေက်းလက္မီးလင္းဆိုၿပီးမွ ေပၚလာတာ ေပါ့။ အဲဒါကို ကမာၻ႔ ဘဏ္နဲ႔ပူးေပါင္းၿပီးေတာ့မွ အစိုးရကေနၿပီးေတာ့မွ ႏိုင္ငံေတာ္စီမံကိန္းအေနနဲ႔ Plan ဆြဲၿပီးေတာ့ ေဆာင္ ႐ြက္ထားတာ ရွိပါတယ္”ဟု အထက္ပါ တာဝန္ရွိသူက ဆိုသည္။
ေက်းလက္မီးလင္းေရးလုပ္ငန္းကို တစ္ အိမ္သုံးဆိုလာစနစ္ (တစ္အိမ္ခ်င္းစီကို မီးသုံးစြဲႏိုင္မႈ အား (၆၀)ဝပ္၊ (၁၀ဝ)ဝပ္တို႔ ရရွိႏိုင္ေသာ ဆိုလာစနစ္ျဖင့္ System ပုံးတစ္ခုစီရရွိျခင္း)ႏွင့္ အေသးစား ဓာတ္အားေပးစနစ္( တစ္႐ြာလုံးစာ (သို႔) ႏွစ္႐ြာသုံး႐ြာစာကို စုေပါင္း၍ တစ္ေနရာတည္း၌ပင္ Power Station ေဆာက္ကာ ႐ြာကို မီးေပးျခင္း) ဟူေသာ နည္းလမ္း(၂)မ်ိဳးျဖင့္ လုပ္ေဆာင္ေပးျခင္းျဖစ္ေၾကာင္း သိရသည္။ “လက္ရွိ (၂၂) ဘီလ်ံပဲ ထပ္ၿပီး လ်ာထားတာရွိပါတယ္။ ဒါေပမဲ့ ေလာေလာဆယ္ေတာ့ ငလ်င္ ေၾကာင့္ပ်က္စီးတဲ့ဟာေတြကို ျပန္လည္အပ္ႏွံဖို႔ရွိေသးတဲ့အတြက္ ေလွ်ာ့ဖို႔ရွိပါတယ္ခင္ဗ်။ ဒီႏွစ္အတြင္း မွာေတာ့ ေက်းလက္မီးလင္းေရးရဲ႕ တစ္အိမ္လုံးဆိုလာစနစ္ကို ေနျပည္ေတာ္ေကာင္စီ နယ္ေျမ၊ ရန္ကုန္ တိုင္းေဒသႀကီး၊ ဧရာဝတီတိုင္းေဒသႀကီး၊ ရွမ္းျပည္နယ္(ေတာင္ပိုင္း)၊ ရွမ္းျပည္နယ္ (အေရွ႕ပိုင္း)က ေက်း ႐ြာ (၃၃၉)႐ြာရဲ႕ အိမ္ေျခ (၂၈ယဝ၇၆)လုံးေတြမွာ ေဆာင္႐ြက္ေပးဖို႔ လ်ာထား တာျဖစ္ပါတယ္။ ေနာက္ ထပ္ အေသးစားဓာတ္အားေပးစနစ္ ဧရာဝတီတိုင္းေဒသႀကီးနဲ႔ တနသၤာရီတိုင္းေဒသႀကီးမွာပဲ လ်ာထား တာျဖစ္ၿပီး စုစုေပါင္းအိမ္ေျခ ( ၂ယ၁၅၄)လုံးစာ ေက်း႐ြာ (၁၀) ႐ြာမွာ ေဆာင္႐ြက္ေပးမွာပါ” ဟု ၎က ရွင္းျပသည္။
ထိုသို႔ေဆာင္႐ြက္ရာတြင္ ေဝးလံၿပီး အုပ္ ခ်ဳပ္မႈႏွင့္လက္လွမ္းမမီေသာ ေနရာမ်ား၌ ဝန္ေဆာင္ မႈမေပးႏိုင္ျခင္းမ်ား၊ အသုံးျပဳပုံ ေဆာင္ရန္ေရွာင္ရန္ မလိုက္နာႏိုင္၍ လ်င္ျမန္စြာပ်က္စီးသြားျခင္းမ်ား ရွိေနေၾကာင္း သိရသည္။
]]အေသးစား ဓာတ္အားေပးစနစ္က် ေတာ့လည္း ႏိုင္ငံေတာ္ရယ္၊ ေက်းလက္မီးလင္းေရးေဆာင္႐ြက္တဲ့ကုမၸဏီရယ္၊ ေက်း႐ြာက ကုန္က် စရိတ္ကို မွ်ၿပီးေတာ့ခံၿပီး ေပါင္းလုပ္တာျဖစ္တဲ့အတြက္ ေက်း႐ြာကထည့္ဝင္ေငြေတြ ထည့္ရတဲ့အပိုင္းမွာ တခ်ိဳ႕ေနရာေတြကေတာ့ စည္းစည္းလုံးလုံးနဲ႔ မွန္မွန္ ကန္ကန္ေပးေပမယ့္ တခ်ိဳ႕႐ြာေတြကေတာ့ ျပည္သူ ထည့္ေငြေတြမရတာ ရွိတာေပါ့။ လတ္တေလာ အေျခအေနအရဆိုရင္ ကြၽန္ေတာ္တို႔လုပ္ခဲ့တဲ့ ေနရာ ေတြက တခ်ိဳ႕ေနရာေတြမွာဆိုရင္ အုပ္ခ်ဳပ္မႈနဲ႔ လက္ လွမ္းမမီတဲ့အေနအထားေလး ရွိေနပါတယ္။ အဲဒီလို ေန႔လိုမ်ိဳးေတြဆို ကြၽန္ေတာ္တို႔အေနနဲ႔လည္း ဝန္ ေဆာင္မႈက သိပ္မေပးႏိုင္ေတာ့ဘူး။ ၿပီးေတာ့ ကုမၸဏီ ကိုယ္တိုင္လည္း မသြားရဲတဲ့ေဒသေတြျဖစ္ေနတာ ေလ" ဟု ၎ကေျပာသည္။
ၿပီးခဲ့သည့္(၂၀၂၄-၂၀၂၅)ဘ႑ာႏွစ္တြင္ ေက်းလက္မီးလင္းေရးအတြက္ (၂၂) ဘီလ်ံခန႔္ သုံးစြဲခဲ့ၿပီး ႏွစ္ႏွစ္ဆက္၍လုပ္ရမည့္လုပ္ငန္းမွလြဲ၍ က်န္ရွိလ်ာထားလုပ္ငန္းမ်ား (၁၀ဝ)ရာခိုင္ႏႈန္း ၿပီးစီးေဆာင္႐ြက္ခဲ့ၿပီးျဖစ္ေၾကာင္း သိရသည္။

Related news

© 2021. All rights reserved.