စစ်ပွဲကြားက ရုန်းထလာတဲ့ ဆီဆိုင် (သို့) ဖီးနစ်ငှက်ငယ်မြို့

876

သုတကျော် (NP News)
“ကျွန်မ တောင်ကြီးဆေးရုံကပြန်လာပြီးတော့ ငတ်ပြီဆရာ။ အဲဒီမှ လုံးလုံးငတ်တာ”ဟု စစ်ဘေး ရှောင်စဉ် ကြုံခဲ့ရသောအခြေအနေကိုပြောပြရင်း ဆီဆိုင်မြို့ခံမဝေ (အမည်လွှဲ) ၏အသံက တိမ်ဝင်ကာ ငိုသံစွက်လာသည်။
လွန်ခဲ့သော နှစ်ပေါင်း (၃၀)ကျော်ကာလကပင် လက်နက်နှင့်ငြိမ်းချမ်းရေးကိုလဲကာ ဖွံ့ဖြိုးတိုး တက်ရေးကို အာရုံစိုက်ခဲ့သော ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသသို့ စစ်မီးဟပ်ရန် အကြောင်းဖန်လာ သည်။ PNLA ၊ KNDF ၊ PDF ပူးပေါင်းအဖွဲ့သည် (၂၀၂၄)ခုနှစ် ဇန်နဝါရီလ(၂၄)ရက်မှစတင်ကာ ရှမ်းပြည် နယ်တောင်ပိုင်းနှင့် ကယားပြည်နယ် နယ်စပ်အနီးက ဆီဆိုင်မြို့နယ်အတွင်းရှိ လုံခြုံရေးစခန်းများကို စတင်တိုက်ခိုက်ခဲ့ရာ နှစ်ဖက်ကြားတွင် တိုက်ပွဲများပြင်းထန်ခဲ့ပြီး ဆီဆိုင်မြို့နယ်အတွင်းရှိ အရပ်သား နေအိမ်များ၊ ဘုန်းကြီးကျောင်းများသည်လည်း ထိခိုက် ပျက်စီးမှုများဖြစ်ခဲ့သည်။ ယင်းနောက် စစ်မီးမှာ ဆီဆိုင်မြို့ကို ပြင်းပြင်းထန်ထန်ပင်တောက်လောင် လေတော့သည်။
“အိုးနင်းခွက်နင်းနဲ့ပေါ့ အစတုန်းကတော့။ လက်နက်မကိုင်တာလည်းကြာပြီလေ” ဟု ပအိုဝ်း အမျိုးသားအဖွဲ့ချုပ် (PNO) မှ ထိပ်ပိုင်းခေါင်းဆောင်တစ်ဦးက ထိုစဉ်က အခြေအနေကို ပြန်ပြောင်းပြော ပြသည်။ ခွန်သူရိန်ဦးဆောင်သော PNLA အဖွဲ့က လက်နက်မှောင်ခိုမှုများကိုဆောင်ရွက်ရာ တာဝန်ရှိသူ များဘက်က ဖမ်းဆီးရမိခြင်းများရှိခဲ့ပြီးနောက် ၎င်းအနေဖြင့် လက်နက်သယ်ယူရာ လမ်းကြောင်းတွင် အရေးပါသော ဆီဆိုင်မြို့ကို တိုက်ခိုက်ရန်ဆုံးဖြတ်ခဲ့ခြင်းဖြစ်မည်ဟု ပအိုဝ်းတိုင်းရင်းသားတစ်ဦးကပြော ပြသည်။
PNLA သည် ၎င်းတို့တစ်ဖွဲ့တည်းအနေ ဖြင့် အင်အားမရှိသော်လည်း ကယားပြည်နယ်မှ KNDF အပါအဝင် ပူးပေါင်းအဖွဲ့များ၏အားကိုရယူ ကာ ဆီဆိုင်သို့ထိုးစစ်ဆင်လာသည်။ သို့သော် တစ်နေရာ တည်းက မဟုတ်ပါ။ ခွန်သူရိန်က စစ်ရေးရည်မှန်းချက်ကြီး၊ မကြီး မသိနိုင်သော်လည်း ၎င်းကို ပံ့ပိုးသည့် KNDF နှင့် ပူးပေါင်းအဖွဲ့များ၏ ရည်မှန်းချက်က ခွန်သူရိန်ထက် ကြီးမားပုံရသည်။
“သူတို့က စစ်ရေးရည်မှန်းချက်လည်း ကြီး ပုံရတယ်။ ခွန်သူရိန်ကတော့ ဘာအင်အားမှမရှိဘူး။ ဘာလို့ဆို သူတို့က ဆီဆိုင်ကိုတိုက်ဖို့အတွက် တောင်ကြောဘက်မှာလည်းဝင်လာတာ။ ပြောရရင် ဆီ ဆိုင်က သူတို့အတွက် လမ်းက မြို့တစ်မြို့ပဲ။ အဓိက သူ တို့ရည်မှန်းချက်က ဒီကနေ နယ်မြေသိမ်းပြီး ပင် လောင်းပြီးတော့ တောင်ကျော်ပြီး နေပြည်တော်အထိ ခြိမ်းခြောက်ချင်ပုံရတယ်။ လက်နက်မှောင်ခိုလမ်း ကြောင်းကိုလည်း ပွင့်ချင်တယ်။ နေပြည်တော်ကိုလည်း ခြိမ်းခြောက်နိုင်မယ်ဆိုတာမျိုး” ဟု PNO မှ အရာရှိတစ်ဦးက ထိုစဉ်ကအခြေအနေကို ပြောပြသည်။
PNLA နှင့် KNDF ပူးပေါင်းအဖွဲ့တို့ သည် ဇန်နဝါရီလ (၂၃) ရက်တွင် ဆီဆိုင်မြို့အစပ်အထိ ရောက်လာပြီး ယင်းနေရာမှ တပ်မတော်ဂိတ် နှင့် PNA ဂိတ်ကို စတင်တိုက်ခိုက်မီးရှို့သည်။ ထိုအချိန် တွင် ပြည်သူတို့မှာ မြို့က စတင်ခွာနေကြရပြီဖြစ်သည်။ ထို့နောက် အင်အားထောင်ဂဏန်းဖြင့် မြို့ကို ဖိတိုက်လာသည်။
“(၂၄)ရက်ညနေပိုင်း သူတို့က မြို့ထဲ ရောက်နေပြီ။ ညနေ (၅) နာရီလောက်မှာ ရဲစခန်းကို တိုက်တာပေါ့။ တစ်ရက်ပြီးတစ်ရက် တိုက်ပွဲဖော် ဆောင်သွားတာပေါ့” ဟု ဒေသခံတစ်ဦးကဆိုသည်။ ဆီဆိုင်မြို့တွင် တပ်မတော်၏ တပ်ရင်းနှစ်ရင်းဖြစ်သော အမှတ် (၄၂၄) တပ်ရင်းနှင့် (၄၂၃) တပ်ရင်း တို့ရှိရာ အင်အားမမျှသောအခြေအနေကြောင့် အမှတ်(၄၂၄)တပ်ရင်းက ဆုတ်ခွာကာ(၄၂၃) သို့ ပူး ပေါင်းခဲ့ရသည်။ ဆီဆိုင်မြို့ကို တိုက်ခိုက်ရာတွင် PNLA က မြို့အတွင်းဝင်သိမ်းသည်ဟုဆိုသော်လည်း အများစုမှာ KNDF များသာဖြစ်ကြောင်း သိရသည်။
“သူတို့က မြို့ထဲဝင်တယ်ဆိုရင် PNLA ဆိုပြီးဝင်တာ။ သူတို့ ဘက်တံဆိပ်တွေက ကပ်ခွာ ဆိုတာ့ ဖြုတ်လိုက်ကြတယ်လေ။ တကယ်တော့ ကယားက KNDF က ဝင်လာတာပဲ” ဟု ယင်းက ဆိုသည်။ စစ်ပွဲဖြစ်လာသည့်အခါ ပြည်သူများမှာလည်း ကျီးလန့်စာစားဖြစ်ခဲ့ရသည်။ ပြည်သူအများစု က စစ်ဘေးမှ တိမ်းရှောင်ကြသော်လည်း မဝေကဲ့သို့ မည်သည့်နေရာသို့ရှောင်ရမှန်းမသိသော ခက်ခဲသူများမှာမူ မြို့ အနီးက တောတွင်းနေရာများတွင် ကျန် ရစ်ခဲ့ကြရသည်။ သေသေရှင်ရှင် ကံဟုပင်သဘောထားကာ ကံဇာတ်ဆရာထံ ဘဝပုံအပ်လိုက်ရ၏။ “ကျွန်မတို့က ဆင်းရဲတယ်ဆရာ။ မိသားစုလည်းများတယ်။ သားရဲ့အိမ်ထောင်ဆို (၇) ယောက်၊ ကျွန်မ မိသားစုက (၅)ယောက်၊ တူတွေ တူမတွေပါပေါင်းမယ်ဆို ဆွေမျိုးတွေတင် သုံးဆယ်နီးပါးရှိတယ်။ သူစိမ်းမပါသေးဘူးဆရာ။ အတွေ့အကြုံမရှိတော့ တောထဲမှာပဲ နေရတာ”ဟု မဝေက ပြန်စဉ်းစားရင်း ပြောသည်။ စစ်ပြေးစဉ် တိုက်ပွဲရက်ရှည်မည်မထင် သောကြောင့် ဆန်နှစ်ပြည်၊ ကြက်ဥသုံးလုံးနှင့် စောင်၊ အဝတ်အထည်အချို့သာယူလာခဲ့သည်။ တိုက်ပွဲရှည်လာသော အခါ မဝေတို့မိသားစု အခက်ကြုံကြရလေပြီ။ စစ်ပြေးဒုက္ခသည်အချင်းချင်း အကူအညီတောင်းရသည်။
“လေးရက်လောက်ကျတော့ ငတ်လာပြီ ဆရာ။ လူအများကြီးမှာ စောင်တစ်ထည်ပဲ။ ခြောက် ရက်မြောက်ကျတော့ စားနပ်ရိက္ခာက တော်တော်ရှား ဆရာ။ စစ်ဘေးရှောင်တွေကိုကူညီတာ လိုက် တောင်းစားရတယ်။ သူများတွေပေးခဲ့တာတွေ စားရတယ်” ဟု မဝေကဆိုသည်။ မြေပြင်တွင်အိပ်ရပြီး တောအ တွင်းခိုလှုံနေရသော မဝေတို့လူအုပ်စုတွင် အဖျား ဝေဒနာစွဲကပ်လာကြသည်။ ဝမ်းလျှောကြ သည်။ တစ်အိမ်လုံးတွင် တန်ဖိုးအကြီးဆုံးက ဘီရိုတစ်လုံး သာရှိပြီး မွေးထားသောဝက်များကို ဖမ်းရောင်း ရန်အတွက်မှာလည်း ဝက်အော်သံကြားလျှင် PNLA ဘက်ကပစ်မည်ကို ကြောက်ရသည်။
သို့သော် ငတ်မည့်အတူတူ မြို့အတွင်းက အိမ်ကိုဝင်ကြည့်လိုသည်။ ထို့ပြင် အိမ်မှပစ္စည်းအချို့ ကိုထုတ်ရောင်းခြင်းဖြင့် မဝေတို့မိသားစုအတွက် အခက်အခဲကို ရေတိုအားဖြင့်ဖြေရှင်းနိုင်မည်ဟုဆုံး ဖြတ်ကာ အရဲစွန့်ပြီး ဆီဆိုင်မြို့ရှိတောစပ်က အိမ်အတွင်းဝင်ရောက်ခဲ့ကြစဉ် မဝေတို့ဘဝတွင် မမေ့နိုင် စရာအဖြစ်ကို ရင်ဆိုင်ရတော့သည်။
“ဒရုန်းဆိုတာမသိဘူးဆရာ။ ယောကျာ်းက နားလည်တယ်။ မိန်းမရေ ဒရုန်း ဒရုန်းတဲ့။ ဒရုန်းချ လိုက်တာ ကျွန်မယောကျာ်းဝက်စာကျွေးပြီးအထွက် မှာကျတာ။ ကွယ်ရင်လွတ်တယ်ထင်တာ။ တူမ ယောကျာ်းက လက်မောင်းထိတယ်။ တူမလည်း ဒဏ် ရာရတယ်။ ယောကျာ်းက ဘယ်ဘက်ပေါင်မှာ ဗုံးသီးစ မှန်တယ်။ ကလေးတွေလည်းပါတယ် ကလေးတွေကလည်း အမေ ခေါင်းမရှိတော့ဘူး၊ ခြေ ထောက်မရှိတော့ ဘူးဆိုတော့ ကလေးဇောပေါ့ဆရာ။ ပြာနေတာ့ပဲ။ ကျွန်မယောကျာ်းကလည်း အဝေး မှာ သွေးတွေကသွန် ထားသလိုပဲဆရာ။ တော်တော်နဲ့မထွက်ရဲဘူး။ လူတိုင်းကလည်း သွေးသံရဲရဲနဲ့” ဟု မဝေက ထိုစဉ်က အခြေအနေကို ပြန်ပြောင်းပြောပြသည်။
အခက်အခဲကြုံသောအခါ မိသားစုတို့၏ အနစ်နာခံတတ်ပုံကို မဝေမြင်ရသည်။ ဒဏ်ရာကြီး ရထားသူ မဝေအမျိုးသားက ၎င်းကိုပစ်ထားပြီး ပြေးကြရန်အော်သည်။ သို့သော် မဝေမပစ်ရက်ပါ။ ထို့အ တွက် လူနာကိုသယ်ပြေးရန် ဆုံးဖြတ်ခဲ့သည်။ “ကျွန်မအမျိုးသားက မိန်းမရယ် ငါ့ကိုထားခဲ့တော့ ငါသွေး ထွက်သံယိုများသွားပြီ။ ငါ့အခြေအနေငါသိတယ်ပေါ့။ မပြန်ဘူး ကျွန်မလည်း ထပ်တူထပ်မျှပဲ။ ကျွန်မ ယောကျာ်းကိုခေါ်တယ်။ တောထဲမှာ သုံးလေးရက် လောက်ဒုက္ခရောက်ခဲ့တယ်။ ပြီးတော့ စဝ်စံထွန်းဆေး ရုံမှာ ဆေးကုသခွင့်ရခဲ့တယ်” ဟု မဝေကဆိုသည်။ ယင်းက မဝေအကြောင်းပင်။ ဆီဆိုင်မြို့အကြောင်း ပြန်ဆက်ပါမည်။ PNLA တို့လာတိုက်ပြီးနောက် တပ်မတော်ဘက်က အထက်ပါအတိုင်းစုစည်းခဲ့ရသော် လည်း စစ်ကူများရောက်လာချိန်တွင် ပြန်လည် တိုက်ခိုက်နိုင်ခဲ့သည်။ သို့သော် ဆီဆိုင်ကို အလွယ်တကူ ရခဲ့ခြင်းတော့မဟုတ်ပါ။ PNO ကလည်း တပ် မတော်နှင့်အတူလက်တွဲကာ အထူးဒေသ(၆)ကို ရန်မူလာ သော သူပုန်တို့ကို ပူးပေါင်းတိုက်ထုတ်ခဲ့သည်။ ဖေဖော်ဝါရီလ(၂၈)ရက်တွင် ဟိုခဲဘုန်းကြီးကျောင်းနှင့် ဆေးရုံကိုလည်းကောင်း၊ ဖေဖော်ဝါရီလ (၂၉) ရက်တွင် ပြည်ထောင်စုလမ်းမကြီးတစ်လျှောက်ကို အပြည့် အဝ ပြန်လည်ထိန်းချုပ်နိုင်ခဲ့ပြီး မတ်လ (၁) ရက်တွင် ယာယီရပ်တန့်ခဲ့သည့် ခရီးသွားယာဉ်များနှင့် ကုန် တင်ယာဉ်များ ပုံမှန်အတိုင်းသွားလာနိုင်ခဲ့ကာ၊ မတ်လ (၂) ရက်တွင် ဆေးရုံဝန်ထမ်းအိမ်ရာနှင့် ရဲစခန်း ကိုလည်းကောင်း၊ မတ်လ (၁၃) ရက်တွင် မွေတော်ဘုရားကုန်းကိုလည်းကောင်း၊ မတ်လ (၁၈) ရက်တွင် စံဖူး ကျေးရွာကိုလည်းကောင်း၊ မတ်လ (၁၉) ရက်တွင် ကျောက်ကချားကိုလည်းကောင်း၊ မတ်လ (၂၅) ရက်တွင် ဘုရားဖြူလမ်းဆုံကိုလည်း ကောင်းသိမ်းပိုက်နိုင်ခဲ့ပြီး ဆီဆိုင်မြို့ကို ပြန်လည် ထိန်းချုပ်နိုင်ခဲ့ သည်။
“မြို့တွင်းတိုက်ပွဲမှာတော့ ပေးဆပ်လိုက် ရတာရှိတယ်။ မွေတော်ဘုရားကုန်း (ယခု အောင်စံ ပြည့်ညီငြိမ်းချမ်းရေးစေတီတော်မြတ်)မှာလည်း တော်တော်လေးတိုက်ယူလိုက်ရတယ်။ အဲဒီအောက် ဘက်ဘုန်းကြီးကျောင်းမှာလည်း ကျောင်းကလည်း ကြီး နေရာကလည်းအကွက်ကောင်းတော့ တော် တော် လေးတိုက်ယူလိုက်ရတာပေါ့” ဟု PNO မှ အရာရှိ တစ်ဦးကဆိုသည်။
မိုးဗြဲဈေးရှေ့မှ ငါးထပ်တိုက်ကား နာမည် ကျော်နေရာဖြစ်သည်။ ယင်းနေရာတွင် သူပုန်တို့က အထိုင်ချကာ စနိုက်ပါဖြင့်ပစ်သည်။ အဆိုပါတိုက်ကို သိမ်းယူရရှိရေးအတွက်လည်းတပ်မတော်သားများ နှင့် PNO တို့ အပြင်းအထန်တိုက်ယူရသည်။ အမျိုးသမီး စနိုက်ပါများလည်းပါသည်။ ယင်း ငါးထပ်တိုက် တွင် အသေမိသူများလည်းရှိ၏။
“ငါးထပ်တိုက်ဆို စနိုက်ပါ ငါးယောက်၊ ခြောက်ယောက် ထောက်ထားတယ်။ လေယာဉ်နဲ့ ဗုံးကြဲ မရတဲ့အဆောက်အအုံအောက်မှာ အခိုင်အမာ နေရာယူထားတယ်။ မြို့ထဲကရှိတဲ့ပစ္စည်းတွေလည်း ပြည် သူပိုင်ပစ္စည်းတွေလည်း သူတို့ယူတယ်။ စနိုက်ပါ သမားတွေလည်းထောက်ထားတော့ ရှေ့တိုးဖို့မလွယ် ဘူး။ အသက်ပေါင်းများစွာပေးဆပ်လိုက်ရတယ်” ဟု ယင်းကဆိုသည်။ မွေတော်ကုန်းနေရာတိုက်ပွဲသည် အလွန်ပင်ခက်ခဲခဲ့ကြောင်း ဆီဆိုင်မြို့သိမ်းတိုက်ပွဲတွင် ပါဝင်ခဲ့သူတစ်ဦးကဆိုသည်။
“ခံတပ်လိုဖြစ်နေတာ။ ဘုရားမှာ ဘန်ကာ အမာစားပြန်လုပ်ထားတာ။ ကျွန်တော်တို့က ဘုရား ကိုထိမှာစိုးတော့ ဘုရားထိအောင်မပစ်ဘူးလေ။ မာဝီ တို့ကအဲဒီမှာနေတာ။ သူတို့က စီးစီးပြီးတွယ်တာ။ PNO ပါအပါ အင်အားနဲ့ပြန်ဝိုင်းပြီးဖိချခဲ့ရတာ” ဟု ယင်းကဆိုသည်။ ဆီဆိုင်တိုက်ပွဲတွင် ထူးထူးခြားခြား ဖြစ်စဉ်အချို့လည်းရှိခဲ့သည်ဟုဆို၏။ ဥပမာအားဖြင့် PNLA နှင့် KNDF အဖွဲ့ဝင် ဝတ်လစ်စလစ်အမျိုး သမီးအချို့က ၎င်းတို့ဘက်ပူးပေါင်းရန် လုံခြုံရေးတပ်ဖွဲ့ဝင်များကိုဆွယ်ခြင်းများရှိခဲ့သည်ဟုသိရသည်။ မဝေ၏အမျိုးသားအပါအဝင် မဝေတို့ ဆေးကုသမှု ခံယူကာပြန်လာချိန်တွင် ဆီဆိုင်တိုက်ပွဲမှာမပြီးတတ် သေး။ လုပ်ကိုင်စားသောက်စရာမရှိသောမဝေတို့ အတွက် လုံးလုံးပင်အခက်အခဲကြုံကြရတော့၏။ မြို့ ထဲသို့ဝင်ရန်လည်း ကြောက်သွားခဲ့ပြီဖြစ်သည်။ “ဈေး လည်း မီးလောင်လို့မရှိတော့ဘူး။ ကျွန်မ တောင် ကြီး ဆေးရုံကပြန်လာပြီးတော့ ငတ်ပြီဆရာ။ အဲဒါမှ လုံးလုံးငတ်တာ။ ဘယ်လိုလုပ်ကြမလဲ ဆိုတော့ တပ်က ရောက်ပြီလို့ကြားတယ်။ တပ်ကလည်း စစ်ဘေးရှောင် ပါဆိုရင် ဝင်ခွင့်ရတယ်ဆိုလို့ စားဖို့ သောက်ဖို့ရတာ။ ဆန်တွေဘာတွေ လှူတာလည်းရှိတယ်ဆရာ။ ကျွန်မ တို့က အိမ်မဆုံးရှုံးပါဘူး။ မီးကြိုး တော့အဖြတ်ခံရတာ ရှိတာပေါ့။ ကျွန်မတို့အနေအထားက အိမ်ကောင်းနဲ့ ဆိုရင် သူများအိမ်သာ၊ ရေချိုး ခန်းလောက်ပဲ တန်းဖိုး ရှိတာပါ။ ဒါပေမဲ့ ပြန်ဝင်ချိန် အိမ်လေးရှိသေးတာမြင်ရတော့ ငါးထပ်တိုက်ထက် တောင် တန်ဖိုးရှိသလိုခံစားရတယ်” ဟု မဝေက ဘွင်းဘွင်းရှင်းရှင်းပင်ဆိုသည်။ လက်ရှိတွင် ဆီဆိုင်မြို့ သို့ စစ်ပွဲရောက်ခဲ့ကြောင်း လက္ခဏာအဖြစ် ကျည်ဆန်ထိမှန်ရာများဖြင့် အ ဆောက်အအုံများ၊ အပျက် အစီး များကားရှိသေး၏။ သို့သော် မြို့ကား ပြန်လည်ရုန်းထနေချေပြီ။ ဆီဆိုင်မြို့မှ အထက်တန်း ကျောင်းသည်လည်း ကျောင်းသား၊ ကျောင်းသူများဖြင့် ပြန်လည်စည်ကားနေပြီဖြစ်သည်။ အသက်ပေါင်း များစွာကိုရင်းကာ ရယူထားသော ပြည်သူတို့၏ အသက်အိုးအိမ်စည်းစိမ်များစွာတို့ သည် ယခုအခါ ပြန် လည်စည်ပင်နေချေပြီ ဖြစ်သည်။ သို့သော် အပြည့်အဝတော့မဟုတ်ပါ။ စိုးရိမ်စိတ်ကား ရှိကြသေးသည်။ အနိဋ္ဌာရုံများကိုလည်း ပြည်သူများ၏ စိတ်အတွင်းမှမပျောက်ကြသေး။
ဒဏ္ဍာရီတွင်ကား ဖီးနစ်သည် မီးလျှံကြားမှ အသစ်တစ်ဖန် ရှင်သန်ထမြောက်သည်ဆို၏။ ဆီဆိုင် မြို့သည်လည်း ယခုအခါ စစ်ဘေးအပြီးတွင် အတောင်အလက်များ ပြန်လည်စုံနေပြီဖြစ်သည်။ ပြန် လည်တည်ဆောက်ရေးအတွက် လိုအပ်ချက်အချို့ တော့ ရှိနေပါ၏။ သို့သော် ငြိမ်းချမ်းမှုသည် ဆီဆိုင်မြို့ အတွင်း ဝင်ရောက်နေပြီဖြစ်သော်လည်း ပြည်သူများမှာကား အသက်နှင့်အိုးအိမ်တို့ကို ဖမ်းစားဖျက်ဆီး တတ်လေသော စစ်ကို အသံကြားရုံဖြင့် ကြောက်တတ်သွားခဲ့ပြီဖြစ်သည်။

Zawgyi Version:
စစ္ပြဲၾကားက ႐ုန္းထလာတဲ့ ဆီဆိုင္ (သို႔) ဖီးနစ္ငွက္ငယ္ၿမိဳ႕
သုတေက်ာ္ (NP News)
“ကြၽန္မ ေတာင္ႀကီးေဆး႐ုံကျပန္လာၿပီးေတာ့ ငတ္ၿပီဆရာ။ အဲဒီမွ လုံးလုံးငတ္တာ”ဟု စစ္ေဘး ေရွာင္စဥ္ ႀကဳံခဲ့ရေသာအေျခအေနကိုေျပာျပရင္း ဆီဆိုင္ၿမိဳ႕ခံမေဝ (အမည္လႊဲ) ၏အသံက တိမ္ဝင္ကာ ငိုသံစြက္လာသည္။
လြန္ခဲ့ေသာ ႏွစ္ေပါင္း (၃၀)ေက်ာ္ကာလကပင္ လက္နက္ႏွင့္ၿငိမ္းခ်မ္းေရးကိုလဲကာ ဖြံ႕ၿဖိဳးတိုး တက္ေရးကို အာ႐ုံစိုက္ခဲ့ေသာ ပအိုဝ္းကိုယ္ပိုင္အုပ္ခ်ဳပ္ခြင့္ရေဒသသို႔ စစ္မီးဟပ္ရန္ အေၾကာင္းဖန္လာ သည္။ PNLA ၊ KNDF ၊ PDF ပူးေပါင္းအဖြဲ႕သည္ (၂၀၂၄)ခုႏွစ္ ဇန္နဝါရီလ(၂၄)ရက္မွစတင္ကာ ရွမ္းျပည္ နယ္ေတာင္ပိုင္းႏွင့္ ကယားျပည္နယ္ နယ္စပ္အနီးက ဆီဆိုင္ၿမိဳ႕နယ္အတြင္းရွိ လုံၿခဳံေရးစခန္းမ်ားကို စတင္တိုက္ခိုက္ခဲ့ရာ ႏွစ္ဖက္ၾကားတြင္ တိုက္ပြဲမ်ားျပင္းထန္ခဲ့ၿပီး ဆီဆိုင္ၿမိဳ႕နယ္အတြင္းရွိ အရပ္သား ေနအိမ္မ်ား၊ ဘုန္းႀကီးေက်ာင္းမ်ားသည္လည္း ထိခိုက္ ပ်က္စီးမႈမ်ားျဖစ္ခဲ့သည္။ ယင္းေနာက္ စစ္မီးမွာ ဆီဆိုင္ၿမိဳ႕ကို ျပင္းျပင္းထန္ထန္ပင္ေတာက္ေလာင္ ေလေတာ့သည္။
“အိုးနင္းခြက္နင္းနဲ႔ေပါ့ အစတုန္းကေတာ့။ လက္နက္မကိုင္တာလည္းၾကာၿပီေလ” ဟု ပအိုဝ္း အမ်ိဳးသားအဖြဲ႕ခ်ဳပ္ (PNO) မွ ထိပ္ပိုင္းေခါင္းေဆာင္တစ္ဦးက ထိုစဥ္က အေျခအေနကို ျပန္ေျပာင္းေျပာ ျပသည္။ ခြန္သူရိန္ဦးေဆာင္ေသာ PNLA အဖြဲ႕က လက္နက္ေမွာင္ခိုမႈမ်ားကိုေဆာင္႐ြက္ရာ တာဝန္ရွိသူ မ်ားဘက္က ဖမ္းဆီးရမိျခင္းမ်ားရွိခဲ့ၿပီးေနာက္ ၎အေနျဖင့္ လက္နက္သယ္ယူရာ လမ္းေၾကာင္းတြင္ အေရးပါေသာ ဆီဆိုင္ၿမိဳ႕ကို တိုက္ခိုက္ရန္ဆုံးျဖတ္ခဲ့ျခင္းျဖစ္မည္ဟု ပအိုဝ္းတိုင္းရင္းသားတစ္ဦးကေျပာ ျပသည္။
PNLA သည္ ၎တို႔တစ္ဖြဲ႕တည္းအေန ျဖင့္ အင္အားမရွိေသာ္လည္း ကယားျပည္နယ္မွ KNDF အပါအဝင္ ပူးေပါင္းအဖြဲ႕မ်ား၏အားကိုရယူ ကာ ဆီဆိုင္သို႔ထိုးစစ္ဆင္လာသည္။ သို႔ေသာ္ တစ္ေနရာ တည္းက မဟုတ္ပါ။ ခြန္သူရိန္က စစ္ေရးရည္မွန္းခ်က္ႀကီး၊ မႀကီး မသိႏိုင္ေသာ္လည္း ၎ကို ပံ့ပိုးသည့္ KNDF ႏွင့္ ပူးေပါင္းအဖြဲ႕မ်ား၏ ရည္မွန္းခ်က္က ခြန္သူရိန္ထက္ ႀကီးမားပုံရသည္။
“သူတို႔က စစ္ေရးရည္မွန္းခ်က္လည္း ႀကီး ပုံရတယ္။ ခြန္သူရိန္ကေတာ့ ဘာအင္အားမွမရွိဘူး။ ဘာလို႔ဆို သူတို႔က ဆီဆိုင္ကိုတိုက္ဖို႔အတြက္ ေတာင္ေၾကာဘက္မွာလည္းဝင္လာတာ။ ေျပာရရင္ ဆီ ဆိုင္က သူတို႔အတြက္ လမ္းက ၿမိဳ႕တစ္ၿမိဳ႕ပဲ။ အဓိက သူ တို႔ရည္မွန္းခ်က္က ဒီကေန နယ္ေျမသိမ္းၿပီး ပင္ ေလာင္းၿပီးေတာ့ ေတာင္ေက်ာ္ၿပီး ေနျပည္ေတာ္အထိ ၿခိမ္းေျခာက္ခ်င္ပုံရတယ္။ လက္နက္ေမွာင္ခိုလမ္း ေၾကာင္းကိုလည္း ပြင့္ခ်င္တယ္။ ေနျပည္ေတာ္ကိုလည္း ၿခိမ္းေျခာက္ႏိုင္မယ္ဆိုတာမ်ိဳး” ဟု PNO မွ အရာရွိတစ္ဦးက ထိုစဥ္ကအေျခအေနကို ေျပာျပသည္။
PNLA ႏွင့္ KNDF ပူးေပါင္းအဖြဲ႕တို႔ သည္ ဇန္နဝါရီလ (၂၃) ရက္တြင္ ဆီဆိုင္ၿမိဳ႕အစပ္အထိ ေရာက္လာၿပီး ယင္းေနရာမွ တပ္မေတာ္ဂိတ္ ႏွင့္ PNA ဂိတ္ကို စတင္တိုက္ခိုက္မီးရႈိ႕သည္။ ထိုအခ်ိန္ တြင္ ျပည္သူတို႔မွာ ၿမိဳ႕က စတင္ခြာေနၾကရၿပီျဖစ္သည္။ ထို႔ေနာက္ အင္အားေထာင္ဂဏန္းျဖင့္ ၿမိဳ႕ကို ဖိတိုက္လာသည္။
“(၂၄)ရက္ညေနပိုင္း သူတို႔က ၿမိဳ႕ထဲ ေရာက္ေနၿပီ။ ညေန (၅) နာရီေလာက္မွာ ရဲစခန္းကို တိုက္တာေပါ့။ တစ္ရက္ၿပီးတစ္ရက္ တိုက္ပြဲေဖာ္ ေဆာင္သြားတာေပါ့” ဟု ေဒသခံတစ္ဦးကဆိုသည္။ ဆီဆိုင္ၿမိဳ႕တြင္ တပ္မေတာ္၏ တပ္ရင္းႏွစ္ရင္းျဖစ္ေသာ အမွတ္ (၄၂၄) တပ္ရင္းႏွင့္ (၄၂၃) တပ္ရင္း တို႔ရွိရာ အင္အားမမွ်ေသာအေျခအေနေၾကာင့္ အမွတ္(၄၂၄)တပ္ရင္းက ဆုတ္ခြာကာ(၄၂၃) သို႔ ပူး ေပါင္းခဲ့ရသည္။ ဆီဆိုင္ၿမိဳ႕ကို တိုက္ခိုက္ရာတြင္ PNLA က ၿမိဳ႕အတြင္းဝင္သိမ္းသည္ဟုဆိုေသာ္လည္း အမ်ားစုမွာ KNDF မ်ားသာျဖစ္ေၾကာင္း သိရသည္။
“သူတို႔က ၿမိဳ႕ထဲဝင္တယ္ဆိုရင္ PNLA ဆိုၿပီးဝင္တာ။ သူတို႔ ဘက္တံဆိပ္ေတြက ကပ္ခြာ ဆိုတာ့ ျဖဳတ္လိုက္ၾကတယ္ေလ။ တကယ္ေတာ့ ကယားက KNDF က ဝင္လာတာပဲ” ဟု ယင္းက ဆိုသည္။ စစ္ပြဲျဖစ္လာသည့္အခါ ျပည္သူမ်ားမွာလည္း က်ီးလန႔္စာစားျဖစ္ခဲ့ရသည္။ ျပည္သူအမ်ားစု က စစ္ေဘးမွ တိမ္းေရွာင္ၾကေသာ္လည္း မေဝကဲ့သို႔ မည္သည့္ေနရာသို႔ေရွာင္ရမွန္းမသိေသာ ခက္ခဲသူမ်ားမွာမူ ၿမိဳ႕ အနီးက ေတာတြင္းေနရာမ်ားတြင္ က်န္ ရစ္ခဲ့ၾကရသည္။ ေသေသရွင္ရွင္ ကံဟုပင္သေဘာထားကာ ကံဇာတ္ဆရာထံ ဘဝပုံအပ္လိုက္ရ၏။ “ကြၽန္မတို႔က ဆင္းရဲတယ္ဆရာ။ မိသားစုလည္းမ်ားတယ္။ သားရဲ႕အိမ္ေထာင္ဆို (၇) ေယာက္၊ ကြၽန္မ မိသားစုက (၅)ေယာက္၊ တူေတြ တူမေတြပါေပါင္းမယ္ဆို ေဆြမ်ိဳးေတြတင္ သုံးဆယ္နီးပါးရွိတယ္။ သူစိမ္းမပါေသးဘူးဆရာ။ အေတြ႕အႀကဳံမရွိေတာ့ ေတာထဲမွာပဲ ေနရတာ”ဟု မေဝက ျပန္စဥ္းစားရင္း ေျပာသည္။ စစ္ေျပးစဥ္ တိုက္ပြဲရက္ရွည္မည္မထင္ ေသာေၾကာင့္ ဆန္ႏွစ္ျပည္၊ ၾကက္ဥသုံးလုံးႏွင့္ ေစာင္၊ အဝတ္အထည္အခ်ိဳ႕သာယူလာခဲ့သည္။ တိုက္ပြဲရွည္လာေသာ အခါ မေဝတို႔မိသားစု အခက္ႀကဳံၾကရေလၿပီ။ စစ္ေျပးဒုကၡသည္အခ်င္းခ်င္း အကူအညီေတာင္းရသည္။
“ေလးရက္ေလာက္က်ေတာ့ ငတ္လာၿပီ ဆရာ။ လူအမ်ားႀကီးမွာ ေစာင္တစ္ထည္ပဲ။ ေျခာက္ ရက္ေျမာက္က်ေတာ့ စားနပ္ရိကၡာက ေတာ္ေတာ္ရွား ဆရာ။ စစ္ေဘးေရွာင္ေတြကိုကူညီတာ လိုက္ ေတာင္းစားရတယ္။ သူမ်ားေတြေပးခဲ့တာေတြ စားရတယ္” ဟု မေဝကဆိုသည္။ ေျမျပင္တြင္အိပ္ရၿပီး ေတာအ တြင္းခိုလႈံေနရေသာ မေဝတို႔လူအုပ္စုတြင္ အဖ်ား ေဝဒနာစြဲကပ္လာၾကသည္။ ဝမ္းေလွ်ာၾက သည္။ တစ္အိမ္လုံးတြင္ တန္ဖိုးအႀကီးဆုံးက ဘီ႐ိုတစ္လုံး သာရွိၿပီး ေမြးထားေသာဝက္မ်ားကို ဖမ္းေရာင္း ရန္အတြက္မွာလည္း ဝက္ေအာ္သံၾကားလွ်င္ PNLA ဘက္ကပစ္မည္ကို ေၾကာက္ရသည္။
သို႔ေသာ္ ငတ္မည့္အတူတူ ၿမိဳ႕အတြင္းက အိမ္ကိုဝင္ၾကည့္လိုသည္။ ထို႔ျပင္ အိမ္မွပစၥည္းအခ်ိဳ႕ ကိုထုတ္ေရာင္းျခင္းျဖင့္ မေဝတို႔မိသားစုအတြက္ အခက္အခဲကို ေရတိုအားျဖင့္ေျဖရွင္းႏိုင္မည္ဟုဆုံး ျဖတ္ကာ အရဲစြန႔္ၿပီး ဆီဆိုင္ၿမိဳ႕ရွိေတာစပ္က အိမ္အတြင္းဝင္ေရာက္ခဲ့ၾကစဥ္ မေဝတို႔ဘဝတြင္ မေမ့ႏိုင္ စရာအျဖစ္ကို ရင္ဆိုင္ရေတာ့သည္။
“ဒ႐ုန္းဆိုတာမသိဘူးဆရာ။ ေယာက်ာ္းက နားလည္တယ္။ မိန္းမေရ ဒ႐ုန္း ဒ႐ုန္းတဲ့။ ဒ႐ုန္းခ် လိုက္တာ ကြၽန္မေယာက်ာ္းဝက္စာေကြၽးၿပီးအထြက္ မွာက်တာ။ ကြယ္ရင္လြတ္တယ္ထင္တာ။ တူမ ေယာက်ာ္းက လက္ေမာင္းထိတယ္။ တူမလည္း ဒဏ္ ရာရတယ္။ ေယာက်ာ္းက ဘယ္ဘက္ေပါင္မွာ ဗုံးသီးစ မွန္တယ္။ ကေလးေတြလည္းပါတယ္ ကေလးေတြကလည္း အေမ ေခါင္းမရွိေတာ့ဘူး၊ ေျခ ေထာက္မရွိေတာ့ ဘူးဆိုေတာ့ ကေလးေဇာေပါ့ဆရာ။ ျပာေနတာ့ပဲ။ ကြၽန္မေယာက်ာ္းကလည္း အေဝး မွာ ေသြးေတြကသြန္ ထားသလိုပဲဆရာ။ ေတာ္ေတာ္နဲ႔မထြက္ရဲဘူး။ လူတိုင္းကလည္း ေသြးသံရဲရဲနဲ႔” ဟု မေဝက ထိုစဥ္က အေျခအေနကို ျပန္ေျပာင္းေျပာျပသည္။
အခက္အခဲႀကဳံေသာအခါ မိသားစုတို႔၏ အနစ္နာခံတတ္ပုံကို မေဝျမင္ရသည္။ ဒဏ္ရာႀကီး ရထားသူ မေဝအမ်ိဳးသားက ၎ကိုပစ္ထားၿပီး ေျပးၾကရန္ေအာ္သည္။ သို႔ေသာ္ မေဝမပစ္ရက္ပါ။ ထို႔အ တြက္ လူနာကိုသယ္ေျပးရန္ ဆုံးျဖတ္ခဲ့သည္။ “ကြၽန္မအမ်ိဳးသားက မိန္းမရယ္ ငါ့ကိုထားခဲ့ေတာ့ ငါေသြး ထြက္သံယိုမ်ားသြားၿပီ။ ငါ့အေျခအေနငါသိတယ္ေပါ့။ မျပန္ဘူး ကြၽန္မလည္း ထပ္တူထပ္မွ်ပဲ။ ကြၽန္မ ေယာက်ာ္းကိုေခၚတယ္။ ေတာထဲမွာ သုံးေလးရက္ ေလာက္ဒုကၡေရာက္ခဲ့တယ္။ ၿပီးေတာ့ စဝ္စံထြန္းေဆး ႐ုံမွာ ေဆးကုသခြင့္ရခဲ့တယ္” ဟု မေဝကဆိုသည္။ ယင္းက မေဝအေၾကာင္းပင္။ ဆီဆိုင္ၿမိဳ႕အေၾကာင္း ျပန္ဆက္ပါမည္။ PNLA တို႔လာတိုက္ၿပီးေနာက္ တပ္မေတာ္ဘက္က အထက္ပါအတိုင္းစုစည္းခဲ့ရေသာ္ လည္း စစ္ကူမ်ားေရာက္လာခ်ိန္တြင္ ျပန္လည္ တိုက္ခိုက္ႏိုင္ခဲ့သည္။ သို႔ေသာ္ ဆီဆိုင္ကို အလြယ္တကူ ရခဲ့ျခင္းေတာ့မဟုတ္ပါ။ PNO ကလည္း တပ္ မေတာ္ႏွင့္အတူလက္တြဲကာ အထူးေဒသ(၆)ကို ရန္မူလာ ေသာ သူပုန္တို႔ကို ပူးေပါင္းတိုက္ထုတ္ခဲ့သည္။ ေဖေဖာ္ဝါရီလ(၂၈)ရက္တြင္ ဟိုခဲဘုန္းႀကီးေက်ာင္းႏွင့္ ေဆး႐ုံကိုလည္းေကာင္း၊ ေဖေဖာ္ဝါရီလ (၂၉) ရက္တြင္ ျပည္ေထာင္စုလမ္းမႀကီးတစ္ေလွ်ာက္ကို အျပည့္ အဝ ျပန္လည္ထိန္းခ်ဳပ္ႏိုင္ခဲ့ၿပီး မတ္လ (၁) ရက္တြင္ ယာယီရပ္တန႔္ခဲ့သည့္ ခရီးသြားယာဥ္မ်ားႏွင့္ ကုန္ တင္ယာဥ္မ်ား ပုံမွန္အတိုင္းသြားလာႏိုင္ခဲ့ကာ၊ မတ္လ (၂) ရက္တြင္ ေဆး႐ုံဝန္ထမ္းအိမ္ရာႏွင့္ ရဲစခန္း ကိုလည္းေကာင္း၊ မတ္လ (၁၃) ရက္တြင္ ေမြေတာ္ဘုရားကုန္းကိုလည္းေကာင္း၊ မတ္လ (၁၈) ရက္တြင္ စံဖူး ေက်း႐ြာကိုလည္းေကာင္း၊ မတ္လ (၁၉) ရက္တြင္ ေက်ာက္ကခ်ားကိုလည္းေကာင္း၊ မတ္လ (၂၅) ရက္တြင္ ဘုရားျဖဴလမ္းဆုံကိုလည္း ေကာင္းသိမ္းပိုက္ႏိုင္ခဲ့ၿပီး ဆီဆိုင္ၿမိဳ႕ကို ျပန္လည္ ထိန္းခ်ဳပ္ႏိုင္ခဲ့ သည္။
“ၿမိဳ႕တြင္းတိုက္ပြဲမွာေတာ့ ေပးဆပ္လိုက္ ရတာရွိတယ္။ ေမြေတာ္ဘုရားကုန္း (ယခု ေအာင္စံ ျပည့္ညီၿငိမ္းခ်မ္းေရးေစတီေတာ္ျမတ္)မွာလည္း ေတာ္ေတာ္ေလးတိုက္ယူလိုက္ရတယ္။ အဲဒီေအာက္ ဘက္ဘုန္းႀကီးေက်ာင္းမွာလည္း ေက်ာင္းကလည္း ႀကီး ေနရာကလည္းအကြက္ေကာင္းေတာ့ ေတာ္ ေတာ္ ေလးတိုက္ယူလိုက္ရတာေပါ့” ဟု PNO မွ အရာရွိ တစ္ဦးကဆိုသည္။
မိုးၿဗဲေဈးေရွ႕မွ ငါးထပ္တိုက္ကား နာမည္ ေက်ာ္ေနရာျဖစ္သည္။ ယင္းေနရာတြင္ သူပုန္တို႔က အထိုင္ခ်ကာ စႏိုက္ပါျဖင့္ပစ္သည္။ အဆိုပါတိုက္ကို သိမ္းယူရရွိေရးအတြက္လည္းတပ္မေတာ္သားမ်ား ႏွင့္ PNO တို႔ အျပင္းအထန္တိုက္ယူရသည္။ အမ်ိဳးသမီး စႏိုက္ပါမ်ားလည္းပါသည္။ ယင္း ငါးထပ္တိုက္ တြင္ အေသမိသူမ်ားလည္းရွိ၏။
“ငါးထပ္တိုက္ဆို စႏိုက္ပါ ငါးေယာက္၊ ေျခာက္ေယာက္ ေထာက္ထားတယ္။ ေလယာဥ္နဲ႔ ဗုံးႀကဲ မရတဲ့အေဆာက္အအုံေအာက္မွာ အခိုင္အမာ ေနရာယူထားတယ္။ ၿမိဳ႕ထဲကရွိတဲ့ပစၥည္းေတြလည္း ျပည္ သူပိုင္ပစၥည္းေတြလည္း သူတို႔ယူတယ္။ စႏိုက္ပါ သမားေတြလည္းေထာက္ထားေတာ့ ေရွ႕တိုးဖို႔မလြယ္ ဘူး။ အသက္ေပါင္းမ်ားစြာေပးဆပ္လိုက္ရတယ္” ဟု ယင္းကဆိုသည္။ ေမြေတာ္ကုန္းေနရာတိုက္ပြဲသည္ အလြန္ပင္ခက္ခဲခဲ့ေၾကာင္း ဆီဆိုင္ၿမိဳ႕သိမ္းတိုက္ပြဲတြင္ ပါဝင္ခဲ့သူတစ္ဦးကဆိုသည္။
“ခံတပ္လိုျဖစ္ေနတာ။ ဘုရားမွာ ဘန္ကာ အမာစားျပန္လုပ္ထားတာ။ ကြၽန္ေတာ္တို႔က ဘုရား ကိုထိမွာစိုးေတာ့ ဘုရားထိေအာင္မပစ္ဘူးေလ။ မာဝီ တို႔ကအဲဒီမွာေနတာ။ သူတို႔က စီးစီးၿပီးတြယ္တာ။ PNO ပါအပါ အင္အားနဲ႔ျပန္ဝိုင္းၿပီးဖိခ်ခဲ့ရတာ” ဟု ယင္းကဆိုသည္။ ဆီဆိုင္တိုက္ပြဲတြင္ ထူးထူးျခားျခား ျဖစ္စဥ္အခ်ိဳ႕လည္းရွိခဲ့သည္ဟုဆို၏။ ဥပမာအားျဖင့္ PNLA ႏွင့္ KNDF အဖြဲ႕ဝင္ ဝတ္လစ္စလစ္အမ်ိဳး သမီးအခ်ိဳ႕က ၎တို႔ဘက္ပူးေပါင္းရန္ လုံၿခဳံေရးတပ္ဖြဲ႕ဝင္မ်ားကိုဆြယ္ျခင္းမ်ားရွိခဲ့သည္ဟုသိရသည္။ မေဝ၏အမ်ိဳးသားအပါအဝင္ မေဝတို႔ ေဆးကုသမႈ ခံယူကာျပန္လာခ်ိန္တြင္ ဆီဆိုင္တိုက္ပြဲမွာမၿပီးတတ္ ေသး။ လုပ္ကိုင္စားေသာက္စရာမရွိေသာမေဝတို႔ အတြက္ လုံးလုံးပင္အခက္အခဲႀကဳံၾကရေတာ့၏။ ၿမိဳ႕ ထဲသို႔ဝင္ရန္လည္း ေၾကာက္သြားခဲ့ၿပီျဖစ္သည္။ “ေဈး လည္း မီးေလာင္လို႔မရွိေတာ့ဘူး။ ကြၽန္မ ေတာင္ ႀကီး ေဆး႐ုံကျပန္လာၿပီးေတာ့ ငတ္ၿပီဆရာ။ အဲဒါမွ လုံးလုံးငတ္တာ။ ဘယ္လိုလုပ္ၾကမလဲ ဆိုေတာ့ တပ္က ေရာက္ၿပီလို႔ၾကားတယ္။ တပ္ကလည္း စစ္ေဘးေရွာင္ ပါဆိုရင္ ဝင္ခြင့္ရတယ္ဆိုလို႔ စားဖို႔ ေသာက္ဖို႔ရတာ။ ဆန္ေတြဘာေတြ လႉတာလည္းရွိတယ္ဆရာ။ ကြၽန္မ တို႔က အိမ္မဆုံးရႈံးပါဘူး။ မီးႀကိဳး ေတာ့အျဖတ္ခံရတာ ရွိတာေပါ့။ ကြၽန္မတို႔အေနအထားက အိမ္ေကာင္းနဲ႔ ဆိုရင္ သူမ်ားအိမ္သာ၊ ေရခ်ိဳး ခန္းေလာက္ပဲ တန္းဖိုး ရွိတာပါ။ ဒါေပမဲ့ ျပန္ဝင္ခ်ိန္ အိမ္ေလးရွိေသးတာျမင္ရေတာ့ ငါးထပ္တိုက္ထက္ ေတာင္ တန္ဖိုးရွိသလိုခံစားရတယ္” ဟု မေဝက ဘြင္းဘြင္းရွင္းရွင္းပင္ဆိုသည္။ လက္ရွိတြင္ ဆီဆိုင္ၿမိဳ႕ သို႔ စစ္ပြဲေရာက္ခဲ့ေၾကာင္း လကၡဏာအျဖစ္ က်ည္ဆန္ထိမွန္ရာမ်ားျဖင့္ အ ေဆာက္အအုံမ်ား၊ အပ်က္ အစီး မ်ားကားရွိေသး၏။ သို႔ေသာ္ ၿမိဳ႕ကား ျပန္လည္႐ုန္းထေနေခ်ၿပီ။ ဆီဆိုင္ၿမိဳ႕မွ အထက္တန္း ေက်ာင္းသည္လည္း ေက်ာင္းသား၊ ေက်ာင္းသူမ်ားျဖင့္ ျပန္လည္စည္ကားေနၿပီျဖစ္သည္။ အသက္ေပါင္း မ်ားစြာကိုရင္းကာ ရယူထားေသာ ျပည္သူတို႔၏ အသက္အိုးအိမ္စည္းစိမ္မ်ားစြာတို႔ သည္ ယခုအခါ ျပန္ လည္စည္ပင္ေနေခ်ၿပီ ျဖစ္သည္။ သို႔ေသာ္ အျပည့္အဝေတာ့မဟုတ္ပါ။ စိုးရိမ္စိတ္ကား ရွိၾကေသးသည္။ အနိ႒ာ႐ုံမ်ားကိုလည္း ျပည္သူမ်ား၏ စိတ္အတြင္းမွမေပ်ာက္ၾကေသး။
ဒ႑ာရီတြင္ကား ဖီးနစ္သည္ မီးလွ်ံၾကားမွ အသစ္တစ္ဖန္ ရွင္သန္ထေျမာက္သည္ဆို၏။ ဆီဆိုင္ ၿမိဳ႕သည္လည္း ယခုအခါ စစ္ေဘးအၿပီးတြင္ အေတာင္အလက္မ်ား ျပန္လည္စုံေနၿပီျဖစ္သည္။ ျပန္ လည္တည္ေဆာက္ေရးအတြက္ လိုအပ္ခ်က္အခ်ိဳ႕ ေတာ့ ရွိေနပါ၏။ သို႔ေသာ္ ၿငိမ္းခ်မ္းမႈသည္ ဆီဆိုင္ၿမိဳ႕ အတြင္း ဝင္ေရာက္ေနၿပီျဖစ္ေသာ္လည္း ျပည္သူမ်ားမွာကား အသက္ႏွင့္အိုးအိမ္တို႔ကို ဖမ္းစားဖ်က္ဆီး တတ္ေလေသာ စစ္ကို အသံၾကား႐ုံျဖင့္ ေၾကာက္တတ္သြားခဲ့ၿပီျဖစ္သည္။