ရုရှား- တာလီဘန် ဆက်ဆံရေးသစ် ခေတ်သစ်ပထဝီနိုင်ငံရေး အရွေ့တစ်ခု

269

တင်ဇာ (NP News)
ရုရှားဖက်ဒရေးရှင်းက ဇူလိုင်လ(၃)ရက် မှာ တာလီဘန်အစိုးရကို တရားဝင်အသိအမှတ်ပြုလိုက် တာဟာ အာဖဂန်နစ္စတန်အပေါ် နိုင်ငံတကာရဲ့ ချဉ်းကပ်ပုံကို အတော်လေးပြောင်းလဲသွားစေနိုင်ပါ တယ်။ (၂၀၂၁) ခုနှစ် ဩဂုတ်လမှာ တာလီဘန်တို့ အာဏာပြန်ရပြီးကတည်းက လေးနှစ်နီးပါးကာလအ တွင်း သိသာထင်ရှားတဲ့ သံတမန်ရေးရာတိုးတက်မှု တွေရှိခဲ့ပါတယ်။ ပထမတာလီဘန်အစိုးရ (၁၉၉၆-၂၀ဝ၁) က အစ္စလာမ်ကမ္ဘာရဲ့ အသိအမှတ်ပြုမှုကို အဓိကရခဲ့တာနဲ့မတူဘဲ ခုချိန်မှာတော့ အစ္စလာမ် မ ဟုတ်တဲ့ အင်အားကြီးနိုင်ငံတစ်နိုင်ငံက အသိအ မှတ်ပြုလိုက်တာဟာ တာလီဘန်တို့ရဲ့ နိုင်ငံခြားရေး မူဝါဒကို ပိုမိုလက်တွေ့ကျပြီး တက်ြွကတဲ့ဦးတည် ချက်အသစ် “တာလီဘန် ၂ . ဝ” အဖြစ် ပြောင်းလဲ သွားစေပါတယ်။
ရုရှားရဲ့ အသိအမှတ်ပြုမှုနဲ့ ပထဝီနိုင်ငံရေး သက်ရောက်မှုများ
မော်စကိုမြို့မှာ တာလီဘန်သံအမတ်ခန့် အပ်တာ၊ ရုရှားမြေပေါ်မှာ တာလီဘန်အလံလွှင့်ထူတာ နဲ့ တာလီဘန်ကို အာဖဂန်နစ္စတန်ရဲ့ တရားဝင် အစိုးရအဖြစ် ရုရှားက တရားဝင်အသိအမှတ်ပြုလိုက် တာတွေဟာ ပထဝီနိုင်ငံရေးအရ အရေးပါတဲ့အကျိုး သက်ရောက်မှုတွေရှိပါတယ်။
ပထမဆုံးအနေနဲ့ တာလီဘန်တွေဟာ ဘာသာရေး၊ အတွေးအခေါ်ဆိုင်ရာဆက်နွှယ်မှုတွေ ကြောင့် မဟုတ်ဘဲ မဟာဗျူဟာမြောက် နိုင်ငံရေးနဲ့ စီးပွားရေးဆိုင်ရာ ထည့်သွင်းစဉ်းစားမှုတွေကြောင့် ကမ္ဘာ့အင်အားကြီးနိုင်ငံတစ်နိုင်ငံရဲ့ အသိအမှတ်ပြုမှု ကို ရယူနိုင်ခဲ့တာဖြစ်ပါတယ်။ ဒါဟာ တာလီဘန်အ တွက် ကြီးမားတဲ့ သံတမန်ရေးရာအောင်ပွဲတစ်ခုဖြစ် ပြီး အစိုးရတစ်ရပ်ရဲ့ အဓိကအင်္ဂါရပ်တွေနဲ့အတူ အချုပ်အခြာ အာဏာပိုင်အစိုးရအဖြစ် အသိအမှတ်ပြု ခံရတာဖြစ်ပါတယ်။
ဒုတိယအနေနဲ့ ဒီအသိအမှတ်ပြုမှုဟာ Slavic ယဉ်ကျေးမှုအဖွဲ့အစည်းရဲ့ ထိပ်တန်းခေါင်းဆောင် တစ်ဦးဆီကနေ လာတာပါ။ ဒီဒေသနဲ့ အာဖ ဂန်နစ္စတန်ဟာ သမိုင်းကြောင်းအရ အထူးသဖြင့် ဆိုဗီယက် ခေတ်တုန်းက ရန်ဘက်ဆက်ဆံရေး ရှိခဲ့ဖူး ပါတယ်။ ဒါပေမဲ့ နှစ်ဖက်စလုံးဟာ သမိုင်းဝင်မကျေ နပ်ချက် တွေကိုကျော်လွန်ပြီး လက်တွေ့ကျတဲ့ချဉ်း ကပ်မှုနဲ့ အပြန်အလှန်အကျိုးစီးပွားတွေကိုအခြေခံပြီး ရှေ့ကို မျှော်ကြည့်တဲ့သံတမန်ရေးကို ဆောင်ရွက်နိုင်ခဲ့တာကို ပြသနေပါတယ်။
တတိယအနေနဲ့ ရုရှားရဲ့ဒီလုပ်ရပ်က အာဖဂန်နစ္စတန်အပေါ် ကမ္ဘာရဲ့ရှုမြင်ပုံကို ပြောင်းလဲသွား စေနိုင်ပါတယ်။ ယခင်က ဒေသတွင်းလုံခြုံရေးရှု ထောင့်ကနေ အဓိကကြည့်ခဲ့တဲ့ပြဿနာတစ်ခုကနေ အခုအခါ အရှေ့နဲ့အနောက် ပထဝီနိုင်ငံရေးတင်းမာမှုတွေထဲကို ပိုမိုကျယ်ပြန့်စွာပေါင်းစပ်ပါဝင်လာတဲ့ ပြဿနာတစ်ခုအဖြစ် ပြောင်းလဲသွားနိုင်ပါတယ်။ အနောက်နိုင်ငံတွေက အာဖဂန်နစ္စတန်ကနေ ဆက် လက်ထွက်ခွာနေချိန်မှာ မော်စကိုရဲ့အသိအမှတ်ပြုမှုက ကဘူးလ်နဲ့ အရှေ့ပိုင်းမြို့တော်တွေကြား ပိုမိုကြီး မားတဲ့ မိတ်ဖက်ဆက်ဆံမှုတွေအတွက် လမ်းခင်းပေးနိုင်ပါတယ်။
ကရင်မလင်နန်းတော်က ထိပ်တန်းအရာရှိ တွေရဲ့ဆုံးဖြတ်ချက်ဟာ ဒေသတွင်းအင်အားချိန်ခွင် လျှာတွေ ပြောင်းလဲလာတာနဲ့အမျှ တောင်အာရှနဲ့ ဗဟိုအာရှမှာ ရုရှားရဲ့ဩဇာလွှမ်းမိုးမှုကိုမြှင့်တင်ဖို့ ပိုမို ကျယ်ပြန့်တဲ့ မဟာဗျူဟာကိုထင်ဟပ်နေပါတယ်။ ဒီတရားဝင်အသိအမှတ်ပြုမှုကြောင့် ရုရှားဟာ အာ ဖဂန်နစ္စတန်နဲ့ စီးပွားရေးဆက်ဆံမှုတွေကို ခိုင်မာစေ ပြီး ရေနံ၊ သဘာဝဓာတ်ငွေ့နဲ့ ဂျုံကုန်သွယ်မှုကို တိုး မြှင့်နိုင်သလို အခြေခံအဆောက်အအုံ၊ စွမ်းအင်နဲ့ စိုက် ပျိုးရေးစီမံကိန်းတွေမှာ ပူးပေါင်းဆောင်ရွက်ခြင်း ဖြင့် မိတ်ဖက်ဖြစ်လာဖို့ ရည်ရွယ်ပါတယ်။
အာဖဂန်နစ္စတန်ရဲ့ စီးပွားရေးဖွဲ့စည်းပုံမှာ မော်စကိုရဲ့ တိုးမြှင့်ပါဝင်လာမှုဟာ တရုတ်ရဲ့ အကျိုး စီးပွားတွေကို စိန်ခေါ်နိုင်ပါတယ်။ ဘာကြောင့်လဲဆို တော့ တရုတ်နိုင်ငံဟာ အာဖဂန်နစ္စတန်ရဲ့ သဘာဝ အရင်းအမြစ်တွေကိုရယူပြီး တာလီဘန်ကို ဆက် လက်ထောက်ပံ့တဲ့ မဟာဗျူဟာကျင့်သုံးနေလို့ပါ။ လုံ ခြုံရေးအရဆိုရင် ရုရှားအနေနဲ့ အကြမ်းဖက်မှု တိုက်ဖျက်ရေးနဲ့ မူးယစ်ဆေးဝါးထိန်းချုပ်ရေးကို အာဖဂန် နစ္စတန်နဲ့အတူ ပူးပေါင်းဆောင်ရွက်လာနိုင် ပါတယ်။ အထူးသဖြင့် ရုရှားဖက်ဒရေးရှင်းကို ပစ်မှတ်ထား ခဲ့တဲ့ Islamic State Wilayat Khorasan (ISKP)ရဲ့ခြိမ်းခြောက်မှုတွေကို တားဆီးနိုင်မယ့်အလားအလာ ရှိပါတယ်။
ရုရှားက တာလီဘန်အစိုးရကို တရားဝင် အသိအမှတ်ပြုလိုက်တာဟာ တခြားနိုင်ငံတွေကို လည်း တာလီဘန်အုပ်ချုပ်မှုကို လက်ခံဖို့ တွန်းအား ဖြစ်စေနိုင်ပါတယ်။ အထူးသဖြင့် တရုတ်၊ ပင်လယ်ကွေ့ အာရပ်နိုင်ငံတွေနဲ့ ဗဟိုအာရှသမ္မတနိုင်ငံတွေဟာ စီးပွားရေး၊ လုံခြုံရေး ဒါမှမဟုတ် မဟာဗျူဟာမြောက် တွက်ချက်မှုတွေကို ထည့်သွင်းစဉ်းစားမယ်ဆို ရင်လက်ခံလာနိုင်ပါတယ်။ ဒီလုပ်ရပ်ကြောင့်ပဲ အာဖဂန် နစ္စတန်နဲ့ဆီးရီးယားတို့လို စစ်သွေးကြွတွေ ဒါမှမဟုတ် အကြမ်းဖက်အဖွဲ့အစည်းတွေ ထိန်းချုပ်ထားတဲ့ အစိုးရတွေဟာ ပထဝီနိုင်ငံရေးအရ အဆင်ပြေမှုတွေကြောင့် တဖြည်းဖြည်း တရားဝင်မှုရရှိလာနိုင်ပါ တယ်။
ဒါပေမဲ့လည်း ဒီလမ်းကြောင်းက နိုင်ငံ တော်တရားဝင်မှုဆိုင်ရာစံနှုန်းတွေကို ခြိမ်းခြောက်နေပြီး ပထဝီနိုင်ငံရေးအရအားသာချက်က တရားဝင်အ သိအမှတ်ပြုမှုဆီဦးတည်နိုင်တယ်လို့ယုံကြည်ပြီး တခြားဒေသက လက်နက်ကိုင်အဖွဲ့တွေ အင်အား သုံးပြီး အာဏာသိမ်းဖို့အားပေးလာနိုင်ပါတယ်။ အမေ ရိကန်နဲ့မဟာမိတ်တွေရဲ့တုံ့ပြန်မှုကတော့ မရေမရာ ဖြစ်နေပါသေးတယ်။ ဝါရှင်တန်က အာဖဂန်နစ္စတန် အပေါ် ပြန်လည်အာရုံစိုက်ပုံရလာပြီး ဗဟိုအာရှမှာ အနောက်တိုင်းအကျိုးစီးပွားတွေရှိနေပေမယ့် ရုရှားရဲ့ ထက်မြက်တဲ့သံတမန်ရေးက အမေရိကန်ရဲ့ ဒေသတွင်း မူဝါဒကို ပြန်လည်ချိန်ညှိဖို့ ဖြစ်လာစေပါတယ်။ မဟာဗျူဟာမြောက်ကွဲပြားမှုနဲ့ စစ်သွေးကြွေးဦးဆောင်တဲ့အုပ်ချုပ်ရေးစနစ်ကို ပုံမှန်ဖြစ်အောင်လုပ် ဆောင်တာဟာ အနောက်တိုင်းဝင်ရောက်စွက်ဖက်မှုအလွန်ခေတ်မှာ အရေးကြီးတဲ့ တိုးတက်မှုတစ်ရပ်ကို ကိုယ်စားပြုနေပါတယ်။
ဒိုမီနို effect အသွင်ဖြစ်လာနိုင်တဲ့ ရုရှားရဲ့ အသိအမှတ်ပြုမှု
ရုရှားရဲ့လုပ်ရပ်တွေဟာ အာဖဂန်နစ္စတန် အပေါ် ကမ္ဘာ့အသိုက်အဝန်းရဲ့ရပ်တည်ချက်ကို အ ခြေခံကျကျပြောင်းလဲသွားစေနိုင်ပါတယ်။ အခုချိန်အ ထိ နိုင်ငံအများစုဟာ စောင့်ကြည့်လေ့လာတဲ့ချဉ်း ကပ်မှုကိုပဲကျင့်သုံးခဲ့ကြပါတယ်။ ဒါပေမဲ့ ဥဇဘက် ကစ္စတန်ကတော့ အာဖဂန်ကိစ္စနဲ့ပတ်သက်လို့ တက် ကြွတဲ့သံတမန်ရေးကိုဆောင်ရွက်ခဲ့ပါတယ်။ ဥဇဘက် ကစ္စတန်ဟာ အာဖဂန်နစ္စတန်အပေါ် နိုင်ငံတကာ က ပူးပေါင်းဆောင်ရွက်တဲ့ချဉ်းကပ်မှုအတွက် အဆင့်မြင့် အစည်းအဝေးတွေမှာ အကြိမ်ကြိမ်တောင်းဆိုခဲ့ ပြီး တာလီဘန်အာဏာပိုင်တွေရဲ့ လက်ရှိအခြေအနေကို အသိအမှတ်ပြုဖို့လိုအပ်ကြောင်း အလေးပေး ပြောကြားခဲ့ပါတယ်။
ဒါပေမဲ့ ဘယ်နိုင်ငံကမှ စုပေါင်းအသိအ မှတ်ပြုတာမျိုးမလုပ်ခဲ့ပါဘူး။ အီရန်၊ ပါကစ္စတန်နဲ့ အာရပ် နိုင်ငံအချို့လို ဒေသတွင်း အဓိကနိုင်ငံတွေဟာ လည်း နှုတ်ဆိတ်နေခဲ့ကြပါတယ်။ အခုအခါ ရုရှားရဲ့ လုပ် ရပ်က ဒေသတွင်းရော၊ တိုက်ကြီးအဆင့်မှာပါ ရေလိုက်ငါးလိုက်အသိအမှတ်ပြုခြင်း (bandwago ning effect) ကို ဖြစ်ပေါ်စေနိုင်ပါတယ်။
ရုရှားက တာလီဘန်ကို တရားဝင်အသိ အမှတ်ပြုတဲ့နေ့မှာပဲ ဥဇဘက်ကစ္စတန်သမ္မတဟာ (၁၇) ကြိမ်မြောက် ECO ထိပ်သီးအစည်းအဝေးမှာ အာဖဂန်နစ္စတန် ဒုတိယဝန်ကြီးချုပ် အဗ္ဗဒူလ် ဂါနီဘာရာ ဒါနဲ့ ပထမဆုံးအကြိမ်တွေ့ဆုံခဲ့ပါတယ်။ ဒီတွေ့ဆုံမှုက နှစ်ဖက်စလုံးရဲ့ လက်တွေ့ကျကျ ချဉ်းကပ်မှု အပေါ် ကတိကဝတ်ပြုမှုကို ပြသနေပေမယ့် ဥဇဘက်ကစ္စတန်အနေနဲ့ မော်စကိုရဲ့ ရပ်တည်ချက်အတိုင်း လိုက်လုပ်လိမ့်မယ်လို့ ကောက်ချက်ချဖို့တော့ ခက်ပါတယ်။ ဥဇဘက်ကစ္စတန်က တာလီဘန်ကို အသိ အမှတ်ပြုနိုင်ခြေရှိတယ်ဆိုရင်လည်း သူရဲ့ အမျိုးသားရေး ဦးစားပေးမှုတွေနဲ့ သက်ဆိုင်တဲ့ မဟာ ဗျူဟာ မြောက် တွက်ချက်မှုတွေနဲ့ပဲပုံဖော်သွားမှာ ဖြစ်ပါတယ်။
အာဖဂန်နစ္စတန်ရဲ့ နောက်ထပ်အိမ်နီး ချင်းနိုင်ငံတစ်နိုင်ငံဖြစ်တဲ့ အီရန်ဟာလည်း မော်စကို ရဲ့လမ်းစဉ်ကိုလိုက်မယ်လို့ မျှော်လင့်ဖို့ခက်ပါ တယ်။ အစ္စရေးနဲ့ ပဋိပက္ခအတွင်းမှာ အီရန်ထောက်လှမ်း ရေးက နိုင်ငံတွင်းမှာ အစ္စရေးသူလျှိုတွေနဲ့ ဆက်နွှယ်တဲ့ အာဖဂန်လူမျိုးတွေရှိနေတယ်လို့ သတင်းရရှိခဲ့ ပါတယ်။ ဒါဟာ အီရန်ရဲ့ အာဖဂန်နိုင်ငံ သားတွေကို အစုလိုက်အပြုံလိုက်နှင်ထုတ်တဲ့ လှုပ်ရှားမှုရဲ့ အဓိက အကြောင်းရင်းတွေထဲက တစ်ခု ဖြစ်ပါတယ်။ (၂၀၂၅) ခုနှစ် ဇွန်လတစ်လတည်းမှာပဲ အီရန်က အာဖဂန်လူမျိုး (၂၅၀,ဝဝဝ) ကျော်ကို နှင်ထုတ်ခဲ့ပါတယ်။ ဒီနောက်ခံအခြေအနေတွေကြောင့် နှစ်နိုင်ငံ ဆက်ဆံရေးဟာ ဆက်လက်ယိုယွင်းနေပါတယ်။
တာလီဘန်ကို အသိအမှတ်ပြုနိုင်ခြေရှိတဲ့ အဓိကနိုင်ငံတွေထဲက တစ်နိုင်ငံအဖြစ်ရှုမြင်ခံရတဲ့ ပါကစ္စတန်ကလည်း အာဖဂန်နစ္စတန်နဲ့ရှုပ်ထွေးတဲ့ ဆက်ဆံရေးရှိနေပါတယ်။ ပါကစ္စတန်က အာဖဂန် ဒုက္ခသည်တွေကို အစုလိုက်အပြုံလိုက် နှင်ထုတ်နေ ပြီး နယ်စပ်ကုန်သွယ်ရေးဂိတ်တွေကိုလည်း အခါ အားလျော်စွာ ပိတ်ထားခဲ့ပါတယ်။ ဒါပေမဲ့ မေလ (၂၁) ရက်က ပေကျင်းမှာကျင်းပခဲ့တဲ့ တရုတ်၊ အာဖ ဂန်နစ္စတန်နဲ့ ပါကစ္စတန် နိုင်ငံခြားရေးဝန်ကြီးတွေရဲ့ တရားဝင်မဟုတ်တဲ့ သုံးပွင့်ဆိုင်အစည်းအဝေး အပြီးမှာ ကဘူးလ်-အစ္စလာမာဘတ် ဆက်ဆံရေးမှာ သိသိသာသာ အေးစက်မှုပြေလျော့လာတာကို တွေ့ရပါတယ်။ ဒီမကြာသေးခင်က ပြန်လည်သင့်မြတ်မှုကို ရုရှားရဲ့ သံတမန်ရေးအပြောင်းအလဲနဲ့ ပေါင်း စပ်လိုက်တဲ့အခါ မကြာခင်မှာ ပါကစ္စတန်အနေနဲ့ တာလီဘန်ကို တရားဝင်အသိအမှတ်ပြုဖို့ ဖြစ်လာနိုင် ပါတယ်။
တရုတ်နိုင်ငံကတော့ ရုရှားရဲ့ ဦးဆောင်မှုကို လိုက်လုပ်ဖို့မဖြစ်နိုင်ပါဘူး။ ပေကျင်းဟာ သူရဲ့ နိုင်ငံ ခြားရေးမူဝါဒအတွင်းမှာ ကိုယ်ပိုင်အာဖဂန်အစီ အစဉ်ကိုချမှတ်ထားပြီး အာဖဂန်နစ္စတန်ကို တောင် အာရှ ရှုထောင့်ကနေ အဓိကထားပြီး ရှုမြင်ပါတယ်။ အထူးသဖြင့် ရပ်ဝန်းနှင့်လမ်းကြောင်းစီမံကိန်း (BRI) နဲ့ တရုတ်-ပါကစ္စတန် စီးပွားရေးစင်္ကြံ (CPEC) တို့ရဲ့ အခြေအနေအရ ဖြစ်ပါတယ်။ (၂၀၂၅) ခုနှစ်၊ ဩဂုတ် လနှောင်းပိုင်းနဲ့ စက်တင်ဘာလ အစောပိုင်းမှာ ကျင်းပဖို့စီစဉ်ထားတဲ့ (၂၅) ကြိမ်မြောက် ရှန်ဟိုင်း ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ (SCO) ထိပ်သီးအစည်းအဝေးမှာ တရုတ်နိုင်ငံက အာဖဂန်ကိစ္စကို အထူး အလေးထားလာနိုင်တယ်လို့ ယူဆရပါတယ်။ တရုတ်က တာလီဘန်ကို တရားဝင် အသိအမှတ်ပြု မယ်ဆိုရင် ဒီလုပ်ရပ်ဟာ SCO မူ ဘောင်အတွင်းမှာရော၊ နိုင်ငံတကာနယ်ပယ်မှာရော ပိုမိုကျယ်ပြန့်တဲ့ အသိအမှတ်ပြုမှုလှိုင်းကို ဖန်တီးပေး နိုင်ပါတယ်။
ဒါ့ပြင် ရုရှားရဲ့ ဆုံးဖြတ်ချက်ဟာ ဗဟိုအာရှ နိုင်ငံအချို့နဲ့ ထပ်တူကျနိုင်ပါတယ်။ ကာဇက်စတန် ဟာ တာလီဘန်အာဏာပိုင်တွေကို အသိအမှတ်ပြုဖို့ အလားအလာရှိတဲ့ နိုင်ငံတစ်နိုင်ငံ ဖြစ်ပုံရပါတယ်။ ပြီးခဲ့တဲ့နှစ် ဇွန်လမှာ ကာဇက်စတန်က တာလီဘန်ကို အကြမ်းဖက်အဖွဲ့စာရင်းကနေ ပယ်ဖျက်ခဲ့ပါ တယ်။ ကာဇက်အရာရှိတွေဟာ ကဘူးလ်ကိုလည်း အဆင့် မြင့်ခရီးစဉ်တွေ အများအပြား သွားရောက်ခဲ့ ပါတယ်။ အစောပိုင်းကတည်းက တာလီဘန်အပေါ် “အေးစက်” တဲ့ ရပ်တည်ချက်ကို ထိန်းသိမ်းထားခဲ့ တဲ့ တာဂျစ်ကစ္စတန်ဟာ ရုရှားရဲ့ သံတမန်ရေးရာ အချက်ပြမှုကြောင့် သူရဲ့ ချဉ်းကပ်ပုံကို ပြန်လည်သုံး သပ်လာနိုင်ပါတယ်။ တာဂျစ်ကစ္စတန်ဟာ အာဖဂန်ကို ချက်ချင်းအသိအမှတ်ပြုဖို့တော့ ဝေးနေသေးပေမဲ့ နွေးထွေးတဲ့ဆက်ဆံရေး ပေါ်ပေါက်လာဖို့တော့ အရိပ်အယောင် ရှိနေပါတယ်။
ဒါ့ပြင် ရုရှားရဲ့ အရင်းနှီးဆုံး မဟာမိတ်ဖြစ်တဲ့ ဘီလာရုစ်ကလည်း နောက်ကလိုက်လာနိုင်ဖွယ် ရှိပါတယ်။ မင့်စ်ရဲ့အသိအမှတ်ပြုမှုဟာ ကဘူးလ်နဲ့ နှစ်နိုင်ငံဆက်ဆံရေးကို သိသိသာသာ နက်ရှိုင်းစေမှာ မဟုတ်ပေမဲ့ မော်စကိုရဲ့ သံတမန်ရေးရာ ကြိုးပမ်းမှု တွေကို အားဖြည့်ပေးမှာဖြစ်ပြီး ရုရှားရဲ့ ဦးဆောင်မှု အောက်မှာ အခြားနိုင်ငံတွေက လိုက်ပါလုပ်ဆောင်ဖို့ တော့ တွန်းအားဖြစ်စေမှာပါ။
ရုရှားက တာလီဘန်အစိုးရကို အသိအမှတ် ပြုလိုက်တာဟာ အာဖဂန်နစ္စတန်နဲ့ နိုင်ငံတကာ ထိတွေ့ဆက်ဆံမှု အဆင့်သစ်တစ်ခုရဲ့ အစကို ဦး တည်စေပါတယ်။ တစ်ဖက်မှာတော့ ရုရှားလို ကမ္ဘာ့ အင်အားကြီးနိုင်ငံတစ်နိုင်ငံက အသိအမှတ်ပြုလိုက် တာဟာ “ဒိုမီနိုအကျိုးသက်ရောက်မှု” ကို ဖြစ်ပေါ် စေပြီး အာဖဂန်အစိုးရကို တဖြည်းဖြည်းအသိအမှတ်ပြုဖို့ စတင်လာနိုင်ပါတယ်။ ဒါ့ပြင် တာလီ ဘန်ရဲ့ သံတမန်ရေးရာ ဇွဲလုံ့လကိုလည်း အာရုံစိုက်သင့်ပါ တယ်။ စဉ်ဆက်မပြတ် ကြိုးပမ်းအားထုတ်မှုတွေက နေ တစ်ဆင့် မဟာမိတ် ဒါမှမဟုတ် ဒေသတွင်းအင်အား ကြီးနိုင်ငံဆီကနေ မဟုတ်ဘဲ ကမ္ဘာ့အရေးပါတဲ့ နိုင်ငံ တစ်နိုင်ငံဆီက အသိအမှတ်ပြုမှုကို ရယူနိုင်ခဲ့တာပါ။ ဒါဟာ နိုင်ငံတကာဆွေးနွေးပွဲတွေမှာ မကြာ ခဏ ဆိုသလို လျစ်လျူရှုခံရတဲ့ တာလီဘန်အစိုးရရဲ့ နိုင်ငံတည်ဆောက်ရေးလမ်းကြောင်းနဲ့ နိုင်ငံခြား ရေးမူဝါဒ ကျင့်သုံးမှု နှစ်ခုစလုံးမှာ ဆင့်ကဲပြောင်းလဲမှုတစ်ခုကို မီးမောင်းထိုးပြနေပါတယ်။ ဒါ့ပြင် လာ မယ့် SCO ထိပ်သီးအစည်းအဝေးဟာ အာဖဂန်နစ္စတန်နဲ့ ပတ်သက်တဲ့ သံတမန်ရေးရာထိတွေ့ ဆက်ဆံမှု ကို အလေးထားဆွေးနွေးလာနိုင်ဖွယ်ရှိနေတာကြောင့် တာလီဘန်တွေရဲ့သမိုင်းသစ်တစ်ခုဖြစ်လာနိုင်ပါ တယ်။
Reference: https://www.specialeurasia.com/2025/07/04/russia-afghanistan-recognition/
https://www.geopoliticalmonitor.com/russias-taliban-recognition-signals-potential-domino-effect/
Zawgyi Version:
႐ုရွား- တာလီဘန္ ဆက္ဆံေရးသစ္ ေခတ္သစ္ပထဝီႏိုင္ငံေရး အေ႐ြ႕တစ္ခု
တင္ဇာ (NP News)
႐ုရွားဖက္ဒေရးရွင္းက ဇူလိုင္လ(၃)ရက္ မွာ တာလီဘန္အစိုးရကို တရားဝင္အသိအမွတ္ျပဳလိုက္ တာဟာ အာဖဂန္နစၥတန္အေပၚ ႏိုင္ငံတကာရဲ႕ ခ်ဥ္းကပ္ပုံကို အေတာ္ေလးေျပာင္းလဲသြားေစႏိုင္ပါ တယ္။ (၂၀၂၁) ခုႏွစ္ ဩဂုတ္လမွာ တာလီဘန္တို႔ အာဏာျပန္ရၿပီးကတည္းက ေလးႏွစ္နီးပါးကာလအ တြင္း သိသာထင္ရွားတဲ့ သံတမန္ေရးရာတိုးတက္မႈ ေတြရွိခဲ့ပါတယ္။ ပထမတာလီဘန္အစိုးရ (၁၉၉၆-၂၀ဝ၁) က အစၥလာမ္ကမာၻရဲ႕ အသိအမွတ္ျပဳမႈကို အဓိကရခဲ့တာနဲ႔မတူဘဲ ခုခ်ိန္မွာေတာ့ အစၥလာမ္ မ ဟုတ္တဲ့ အင္အားႀကီးႏိုင္ငံတစ္ႏိုင္ငံက အသိအ မွတ္ျပဳလိုက္တာဟာ တာလီဘန္တို႔ရဲ႕ ႏိုင္ငံျခားေရး မူဝါဒကို ပိုမိုလက္ေတြ႕က်ၿပီး တက္ျြကတဲ့ဦးတည္ ခ်က္အသစ္ “တာလီဘန္ ၂ . ဝ” အျဖစ္ ေျပာင္းလဲ သြားေစပါတယ္။
႐ုရွားရဲ႕ အသိအမွတ္ျပဳမႈနဲ႔ ပထဝီႏိုင္ငံေရး သက္ေရာက္မႈမ်ား
ေမာ္စကိုၿမိဳ႕မွာ တာလီဘန္သံအမတ္ခန႔္ အပ္တာ၊ ႐ုရွားေျမေပၚမွာ တာလီဘန္အလံလႊင့္ထူတာ နဲ႔ တာလီဘန္ကို အာဖဂန္နစၥတန္ရဲ႕ တရားဝင္ အစိုးရအျဖစ္ ႐ုရွားက တရားဝင္အသိအမွတ္ျပဳလိုက္ တာေတြဟာ ပထဝီႏိုင္ငံေရးအရ အေရးပါတဲ့အက်ိဳး သက္ေရာက္မႈေတြရွိပါတယ္။
ပထမဆုံးအေနနဲ႔ တာလီဘန္ေတြဟာ ဘာသာေရး၊ အေတြးအေခၚဆိုင္ရာဆက္ႏႊယ္မႈေတြ ေၾကာင့္ မဟုတ္ဘဲ မဟာဗ်ဴဟာေျမာက္ ႏိုင္ငံေရးနဲ႔ စီးပြားေရးဆိုင္ရာ ထည့္သြင္းစဥ္းစားမႈေတြေၾကာင့္ ကမာၻ႔အင္အားႀကီးႏိုင္ငံတစ္ႏိုင္ငံရဲ႕ အသိအမွတ္ျပဳမႈ ကို ရယူႏိုင္ခဲ့တာျဖစ္ပါတယ္။ ဒါဟာ တာလီဘန္အ တြက္ ႀကီးမားတဲ့ သံတမန္ေရးရာေအာင္ပြဲတစ္ခုျဖစ္ ၿပီး အစိုးရတစ္ရပ္ရဲ႕ အဓိကအဂၤါရပ္ေတြနဲ႔အတူ အခ်ဳပ္အျခာ အာဏာပိုင္အစိုးရအျဖစ္ အသိအမွတ္ျပဳ ခံရတာျဖစ္ပါတယ္။
ဒုတိယအေနနဲ႔ ဒီအသိအမွတ္ျပဳမႈဟာ Slavic ယဥ္ေက်းမႈအဖြဲ႕အစည္းရဲ႕ ထိပ္တန္းေခါင္းေဆာင္ တစ္ဦးဆီကေန လာတာပါ။ ဒီေဒသနဲ႔ အာဖ ဂန္နစၥတန္ဟာ သမိုင္းေၾကာင္းအရ အထူးသျဖင့္ ဆိုဗီယက္ ေခတ္တုန္းက ရန္ဘက္ဆက္ဆံေရး ရွိခဲ့ဖူး ပါတယ္။ ဒါေပမဲ့ ႏွစ္ဖက္စလုံးဟာ သမိုင္းဝင္မေက် နပ္ခ်က္ ေတြကိုေက်ာ္လြန္ၿပီး လက္ေတြ႕က်တဲ့ခ်ဥ္း ကပ္မႈနဲ႔ အျပန္အလွန္အက်ိဳးစီးပြားေတြကိုအေျခခံၿပီး ေရွ႕ကို ေမွ်ာ္ၾကည့္တဲ့သံတမန္ေရးကို ေဆာင္႐ြက္ႏိုင္ခဲ့တာကို ျပသေနပါတယ္။
တတိယအေနနဲ႔ ႐ုရွားရဲ႕ဒီလုပ္ရပ္က အာဖဂန္နစၥတန္အေပၚ ကမာၻရဲ႕ရႈျမင္ပုံကို ေျပာင္းလဲသြား ေစႏိုင္ပါတယ္။ ယခင္က ေဒသတြင္းလုံၿခဳံေရးရႈ ေထာင့္ကေန အဓိကၾကည့္ခဲ့တဲ့ျပႆနာတစ္ခုကေန အခုအခါ အေရွ႕နဲ႔အေနာက္ ပထဝီႏိုင္ငံေရးတင္းမာမႈေတြထဲကို ပိုမိုက်ယ္ျပန႔္စြာေပါင္းစပ္ပါဝင္လာတဲ့ ျပႆနာတစ္ခုအျဖစ္ ေျပာင္းလဲသြားႏိုင္ပါတယ္။ အေနာက္ႏိုင္ငံေတြက အာဖဂန္နစၥတန္ကေန ဆက္ လက္ထြက္ခြာေနခ်ိန္မွာ ေမာ္စကိုရဲ႕အသိအမွတ္ျပဳမႈက ကဘူးလ္နဲ႔ အေရွ႕ပိုင္းၿမိဳ႕ေတာ္ေတြၾကား ပိုမိုႀကီး မားတဲ့ မိတ္ဖက္ဆက္ဆံမႈေတြအတြက္ လမ္းခင္းေပးႏိုင္ပါတယ္။
ကရင္မလင္နန္းေတာ္က ထိပ္တန္းအရာရွိ ေတြရဲ႕ဆုံးျဖတ္ခ်က္ဟာ ေဒသတြင္းအင္အားခ်ိန္ခြင္ လွ်ာေတြ ေျပာင္းလဲလာတာနဲ႔အမွ် ေတာင္အာရွနဲ႔ ဗဟိုအာရွမွာ ႐ုရွားရဲ႕ဩဇာလႊမ္းမိုးမႈကိုျမႇင့္တင္ဖို႔ ပိုမို က်ယ္ျပန႔္တဲ့ မဟာဗ်ဴဟာကိုထင္ဟပ္ေနပါတယ္။ ဒီတရားဝင္အသိအမွတ္ျပဳမႈေၾကာင့္ ႐ုရွားဟာ အာ ဖဂန္နစၥတန္နဲ႔ စီးပြားေရးဆက္ဆံမႈေတြကို ခိုင္မာေစ ၿပီး ေရနံ၊ သဘာဝဓာတ္ေငြ႕နဲ႔ ဂ်ဳံကုန္သြယ္မႈကို တိုး ျမႇင့္ႏိုင္သလို အေျခခံအေဆာက္အအုံ၊ စြမ္းအင္နဲ႔ စိုက္ ပ်ိဳးေရးစီမံကိန္းေတြမွာ ပူးေပါင္းေဆာင္႐ြက္ျခင္း ျဖင့္ မိတ္ဖက္ျဖစ္လာဖို႔ ရည္႐ြယ္ပါတယ္။
အာဖဂန္နစၥတန္ရဲ႕ စီးပြားေရးဖြဲ႕စည္းပုံမွာ ေမာ္စကိုရဲ႕ တိုးျမႇင့္ပါဝင္လာမႈဟာ တ႐ုတ္ရဲ႕ အက်ိဳး စီးပြားေတြကို စိန္ေခၚႏိုင္ပါတယ္။ ဘာေၾကာင့္လဲဆို ေတာ့ တ႐ုတ္ႏိုင္ငံဟာ အာဖဂန္နစၥတန္ရဲ႕ သဘာဝ အရင္းအျမစ္ေတြကိုရယူၿပီး တာလီဘန္ကို ဆက္ လက္ေထာက္ပံ့တဲ့ မဟာဗ်ဴဟာက်င့္သုံးေနလို႔ပါ။ လုံ ၿခဳံေရးအရဆိုရင္ ႐ုရွားအေနနဲ႔ အၾကမ္းဖက္မႈ တိုက္ဖ်က္ေရးနဲ႔ မူးယစ္ေဆးဝါးထိန္းခ်ဳပ္ေရးကို အာဖဂန္ နစၥတန္နဲ႔အတူ ပူးေပါင္းေဆာင္႐ြက္လာႏိုင္ ပါတယ္။ အထူးသျဖင့္ ႐ုရွားဖက္ဒေရးရွင္းကို ပစ္မွတ္ထား ခဲ့တဲ့ Islamic State Wilayat Khorasan (ISKP)ရဲ႕ၿခိမ္းေျခာက္မႈေတြကို တားဆီးႏိုင္မယ့္အလားအလာ ရွိပါတယ္။
႐ုရွားက တာလီဘန္အစိုးရကို တရားဝင္ အသိအမွတ္ျပဳလိုက္တာဟာ တျခားႏိုင္ငံေတြကို လည္း တာလီဘန္အုပ္ခ်ဳပ္မႈကို လက္ခံဖို႔ တြန္းအား ျဖစ္ေစႏိုင္ပါတယ္။ အထူးသျဖင့္ တ႐ုတ္၊ ပင္လယ္ေကြ႕ အာရပ္ႏိုင္ငံေတြနဲ႔ ဗဟိုအာရွသမၼတႏိုင္ငံေတြဟာ စီးပြားေရး၊ လုံၿခဳံေရး ဒါမွမဟုတ္ မဟာဗ်ဴဟာေျမာက္ တြက္ခ်က္မႈေတြကို ထည့္သြင္းစဥ္းစားမယ္ဆို ရင္လက္ခံလာႏိုင္ပါတယ္။ ဒီလုပ္ရပ္ေၾကာင့္ပဲ အာဖဂန္ နစၥတန္နဲ႔ဆီးရီးယားတို႔လို စစ္ေသြးႂကြေတြ ဒါမွမဟုတ္ အၾကမ္းဖက္အဖြဲ႕အစည္းေတြ ထိန္းခ်ဳပ္ထားတဲ့ အစိုးရေတြဟာ ပထဝီႏိုင္ငံေရးအရ အဆင္ေျပမႈေတြေၾကာင့္ တျဖည္းျဖည္း တရားဝင္မႈရရွိလာႏိုင္ပါ တယ္။
ဒါေပမဲ့လည္း ဒီလမ္းေၾကာင္းက ႏိုင္ငံ ေတာ္တရားဝင္မႈဆိုင္ရာစံႏႈန္းေတြကို ၿခိမ္းေျခာက္ေနၿပီး ပထဝီႏိုင္ငံေရးအရအားသာခ်က္က တရားဝင္အ သိအမွတ္ျပဳမႈဆီဦးတည္ႏိုင္တယ္လို႔ယုံၾကည္ၿပီး တျခားေဒသက လက္နက္ကိုင္အဖြဲ႕ေတြ အင္အား သုံးၿပီး အာဏာသိမ္းဖို႔အားေပးလာႏိုင္ပါတယ္။ အေမ ရိကန္နဲ႔မဟာမိတ္ေတြရဲ႕တုံ႔ျပန္မႈကေတာ့ မေရမရာ ျဖစ္ေနပါေသးတယ္။ ဝါရွင္တန္က အာဖဂန္နစၥတန္ အေပၚ ျပန္လည္အာ႐ုံစိုက္ပုံရလာၿပီး ဗဟိုအာရွမွာ အေနာက္တိုင္းအက်ိဳးစီးပြားေတြရွိေနေပမယ့္ ႐ုရွားရဲ႕ ထက္ျမက္တဲ့သံတမန္ေရးက အေမရိကန္ရဲ႕ ေဒသတြင္း မူဝါဒကို ျပန္လည္ခ်ိန္ညႇိဖို႔ ျဖစ္လာေစပါတယ္။ မဟာဗ်ဴဟာေျမာက္ကြဲျပားမႈနဲ႔ စစ္ေသြးေႂကြးဦးေဆာင္တဲ့အုပ္ခ်ဳပ္ေရးစနစ္ကို ပုံမွန္ျဖစ္ေအာင္လုပ္ ေဆာင္တာဟာ အေနာက္တိုင္းဝင္ေရာက္စြက္ဖက္မႈအလြန္ေခတ္မွာ အေရးႀကီးတဲ့ တိုးတက္မႈတစ္ရပ္ကို ကိုယ္စားျပဳေနပါတယ္။
ဒိုမီႏို effect အသြင္ျဖစ္လာႏိုင္တဲ့ ႐ုရွားရဲ႕ အသိအမွတ္ျပဳမႈ
႐ုရွားရဲ႕လုပ္ရပ္ေတြဟာ အာဖဂန္နစၥတန္ အေပၚ ကမာၻ႔အသိုက္အဝန္းရဲ႕ရပ္တည္ခ်က္ကို အ ေျခခံက်က်ေျပာင္းလဲသြားေစႏိုင္ပါတယ္။ အခုခ်ိန္အ ထိ ႏိုင္ငံအမ်ားစုဟာ ေစာင့္ၾကည့္ေလ့လာတဲ့ခ်ဥ္း ကပ္မႈကိုပဲက်င့္သုံးခဲ့ၾကပါတယ္။ ဒါေပမဲ့ ဥဇဘက္ ကစၥတန္ကေတာ့ အာဖဂန္ကိစၥနဲ႔ပတ္သက္လို႔ တက္ ႂကြတဲ့သံတမန္ေရးကိုေဆာင္႐ြက္ခဲ့ပါတယ္။ ဥဇဘက္ ကစၥတန္ဟာ အာဖဂန္နစၥတန္အေပၚ ႏိုင္ငံတကာ က ပူးေပါင္းေဆာင္႐ြက္တဲ့ခ်ဥ္းကပ္မႈအတြက္ အဆင့္ျမင့္ အစည္းအေဝးေတြမွာ အႀကိမ္ႀကိမ္ေတာင္းဆိုခဲ့ ၿပီး တာလီဘန္အာဏာပိုင္ေတြရဲ႕ လက္ရွိအေျခအေနကို အသိအမွတ္ျပဳဖို႔လိုအပ္ေၾကာင္း အေလးေပး ေျပာၾကားခဲ့ပါတယ္။
ဒါေပမဲ့ ဘယ္ႏိုင္ငံကမွ စုေပါင္းအသိအ မွတ္ျပဳတာမ်ိဳးမလုပ္ခဲ့ပါဘူး။ အီရန္၊ ပါကစၥတန္နဲ႔ အာရပ္ ႏိုင္ငံအခ်ိဳ႕လို ေဒသတြင္း အဓိကႏိုင္ငံေတြဟာ လည္း ႏႈတ္ဆိတ္ေနခဲ့ၾကပါတယ္။ အခုအခါ ႐ုရွားရဲ႕ လုပ္ ရပ္က ေဒသတြင္းေရာ၊ တိုက္ႀကီးအဆင့္မွာပါ ေရလိုက္ငါးလိုက္အသိအမွတ္ျပဳျခင္း (bandwago ning effect) ကို ျဖစ္ေပၚေစႏိုင္ပါတယ္။
႐ုရွားက တာလီဘန္ကို တရားဝင္အသိ အမွတ္ျပဳတဲ့ေန႔မွာပဲ ဥဇဘက္ကစၥတန္သမၼတဟာ (၁၇) ႀကိမ္ေျမာက္ ECO ထိပ္သီးအစည္းအေဝးမွာ အာဖဂန္နစၥတန္ ဒုတိယဝန္ႀကီးခ်ဳပ္ အဗၺဒူလ္ ဂါနီဘာရာ ဒါနဲ႔ ပထမဆုံးအႀကိမ္ေတြ႕ဆုံခဲ့ပါတယ္။ ဒီေတြ႕ဆုံမႈက ႏွစ္ဖက္စလုံးရဲ႕ လက္ေတြ႕က်က် ခ်ဥ္းကပ္မႈ အေပၚ ကတိကဝတ္ျပဳမႈကို ျပသေနေပမယ့္ ဥဇဘက္ကစၥတန္အေနနဲ႔ ေမာ္စကိုရဲ႕ ရပ္တည္ခ်က္အတိုင္း လိုက္လုပ္လိမ့္မယ္လို႔ ေကာက္ခ်က္ခ်ဖို႔ေတာ့ ခက္ပါတယ္။ ဥဇဘက္ကစၥတန္က တာလီဘန္ကို အသိ အမွတ္ျပဳႏိုင္ေျခရွိတယ္ဆိုရင္လည္း သူရဲ႕ အမ်ိဳးသားေရး ဦးစားေပးမႈေတြနဲ႔ သက္ဆိုင္တဲ့ မဟာ ဗ်ဴဟာ ေျမာက္ တြက္ခ်က္မႈေတြနဲ႔ပဲပုံေဖာ္သြားမွာ ျဖစ္ပါတယ္။
အာဖဂန္နစၥတန္ရဲ႕ ေနာက္ထပ္အိမ္နီး ခ်င္းႏိုင္ငံတစ္ႏိုင္ငံျဖစ္တဲ့ အီရန္ဟာလည္း ေမာ္စကို ရဲ႕လမ္းစဥ္ကိုလိုက္မယ္လို႔ ေမွ်ာ္လင့္ဖို႔ခက္ပါ တယ္။ အစၥေရးနဲ႔ ပဋိပကၡအတြင္းမွာ အီရန္ေထာက္လွမ္း ေရးက ႏိုင္ငံတြင္းမွာ အစၥေရးသူလွ်ိဳေတြနဲ႔ ဆက္ႏႊယ္တဲ့ အာဖဂန္လူမ်ိဳးေတြရွိေနတယ္လို႔ သတင္းရရွိခဲ့ ပါတယ္။ ဒါဟာ အီရန္ရဲ႕ အာဖဂန္ႏိုင္ငံ သားေတြကို အစုလိုက္အၿပဳံလိုက္ႏွင္ထုတ္တဲ့ လႈပ္ရွားမႈရဲ႕ အဓိက အေၾကာင္းရင္းေတြထဲက တစ္ခု ျဖစ္ပါတယ္။ (၂၀၂၅) ခုႏွစ္ ဇြန္လတစ္လတည္းမွာပဲ အီရန္က အာဖဂန္လူမ်ိဳး (၂၅၀,ဝဝဝ) ေက်ာ္ကို ႏွင္ထုတ္ခဲ့ပါတယ္။ ဒီေနာက္ခံအေျခအေနေတြေၾကာင့္ ႏွစ္ႏိုင္ငံ ဆက္ဆံေရးဟာ ဆက္လက္ယိုယြင္းေနပါတယ္။
တာလီဘန္ကို အသိအမွတ္ျပဳႏိုင္ေျခရွိတဲ့ အဓိကႏိုင္ငံေတြထဲက တစ္ႏိုင္ငံအျဖစ္ရႈျမင္ခံရတဲ့ ပါကစၥတန္ကလည္း အာဖဂန္နစၥတန္နဲ႔ရႈပ္ေထြးတဲ့ ဆက္ဆံေရးရွိေနပါတယ္။ ပါကစၥတန္က အာဖဂန္ ဒုကၡသည္ေတြကို အစုလိုက္အၿပဳံလိုက္ ႏွင္ထုတ္ေန ၿပီး နယ္စပ္ကုန္သြယ္ေရးဂိတ္ေတြကိုလည္း အခါ အားေလ်ာ္စြာ ပိတ္ထားခဲ့ပါတယ္။ ဒါေပမဲ့ ေမလ (၂၁) ရက္က ေပက်င္းမွာက်င္းပခဲ့တဲ့ တ႐ုတ္၊ အာဖ ဂန္နစၥတန္နဲ႔ ပါကစၥတန္ ႏိုင္ငံျခားေရးဝန္ႀကီးေတြရဲ႕ တရားဝင္မဟုတ္တဲ့ သုံးပြင့္ဆိုင္အစည္းအေဝး အၿပီးမွာ ကဘူးလ္-အစၥလာမာဘတ္ ဆက္ဆံေရးမွာ သိသိသာသာ ေအးစက္မႈေျပေလ်ာ့လာတာကို ေတြ႕ရပါတယ္။ ဒီမၾကာေသးခင္က ျပန္လည္သင့္ျမတ္မႈကို ႐ုရွားရဲ႕ သံတမန္ေရးအေျပာင္းအလဲနဲ႔ ေပါင္း စပ္လိုက္တဲ့အခါ မၾကာခင္မွာ ပါကစၥတန္အေနနဲ႔ တာလီဘန္ကို တရားဝင္အသိအမွတ္ျပဳဖို႔ ျဖစ္လာႏိုင္ ပါတယ္။
တ႐ုတ္ႏိုင္ငံကေတာ့ ႐ုရွားရဲ႕ ဦးေဆာင္မႈကို လိုက္လုပ္ဖို႔မျဖစ္ႏိုင္ပါဘူး။ ေပက်င္းဟာ သူရဲ႕ ႏိုင္ငံ ျခားေရးမူဝါဒအတြင္းမွာ ကိုယ္ပိုင္အာဖဂန္အစီ အစဥ္ကိုခ်မွတ္ထားၿပီး အာဖဂန္နစၥတန္ကို ေတာင္ အာရွ ရႈေထာင့္ကေန အဓိကထားၿပီး ရႈျမင္ပါတယ္။ အထူးသျဖင့္ ရပ္ဝန္းႏွင့္လမ္းေၾကာင္းစီမံကိန္း (BRI) နဲ႔ တ႐ုတ္-ပါကစၥတန္ စီးပြားေရးစႀကႍ (CPEC) တို႔ရဲ႕ အေျခအေနအရ ျဖစ္ပါတယ္။ (၂၀၂၅) ခုႏွစ္၊ ဩဂုတ္ လေႏွာင္းပိုင္းနဲ႔ စက္တင္ဘာလ အေစာပိုင္းမွာ က်င္းပဖို႔စီစဥ္ထားတဲ့ (၂၅) ႀကိမ္ေျမာက္ ရွန္ဟိုင္း ပူးေပါင္းေဆာင္႐ြက္ေရးအဖြဲ႕ (SCO) ထိပ္သီးအစည္းအေဝးမွာ တ႐ုတ္ႏိုင္ငံက အာဖဂန္ကိစၥကို အထူး အေလးထားလာႏိုင္တယ္လို႔ ယူဆရပါတယ္။ တ႐ုတ္က တာလီဘန္ကို တရားဝင္ အသိအမွတ္ျပဳ မယ္ဆိုရင္ ဒီလုပ္ရပ္ဟာ SCO မူ ေဘာင္အတြင္းမွာေရာ၊ ႏိုင္ငံတကာနယ္ပယ္မွာေရာ ပိုမိုက်ယ္ျပန႔္တဲ့ အသိအမွတ္ျပဳမႈလႈိင္းကို ဖန္တီးေပး ႏိုင္ပါတယ္။
ဒါ့ျပင္ ႐ုရွားရဲ႕ ဆုံးျဖတ္ခ်က္ဟာ ဗဟိုအာရွ ႏိုင္ငံအခ်ိဳ႕နဲ႔ ထပ္တူက်ႏိုင္ပါတယ္။ ကာဇက္စတန္ ဟာ တာလီဘန္အာဏာပိုင္ေတြကို အသိအမွတ္ျပဳဖို႔ အလားအလာရွိတဲ့ ႏိုင္ငံတစ္ႏိုင္ငံ ျဖစ္ပုံရပါတယ္။ ၿပီးခဲ့တဲ့ႏွစ္ ဇြန္လမွာ ကာဇက္စတန္က တာလီဘန္ကို အၾကမ္းဖက္အဖြဲ႕စာရင္းကေန ပယ္ဖ်က္ခဲ့ပါ တယ္။ ကာဇက္အရာရွိေတြဟာ ကဘူးလ္ကိုလည္း အဆင့္ ျမင့္ခရီးစဥ္ေတြ အမ်ားအျပား သြားေရာက္ခဲ့ ပါတယ္။ အေစာပိုင္းကတည္းက တာလီဘန္အေပၚ “ေအးစက္” တဲ့ ရပ္တည္ခ်က္ကို ထိန္းသိမ္းထားခဲ့ တဲ့ တာဂ်စ္ကစၥတန္ဟာ ႐ုရွားရဲ႕ သံတမန္ေရးရာ အခ်က္ျပမႈေၾကာင့္ သူရဲ႕ ခ်ဥ္းကပ္ပုံကို ျပန္လည္သုံး သပ္လာႏိုင္ပါတယ္။ တာဂ်စ္ကစၥတန္ဟာ အာဖဂန္ကို ခ်က္ခ်င္းအသိအမွတ္ျပဳဖို႔ေတာ့ ေဝးေနေသးေပမဲ့ ေႏြးေထြးတဲ့ဆက္ဆံေရး ေပၚေပါက္လာဖို႔ေတာ့ အရိပ္အေယာင္ ရွိေနပါတယ္။
ဒါ့ျပင္ ႐ုရွားရဲ႕ အရင္းႏွီးဆုံး မဟာမိတ္ျဖစ္တဲ့ ဘီလာ႐ုစ္ကလည္း ေနာက္ကလိုက္လာႏိုင္ဖြယ္ ရွိပါတယ္။ မင့္စ္ရဲ႕အသိအမွတ္ျပဳမႈဟာ ကဘူးလ္နဲ႔ ႏွစ္ႏိုင္ငံဆက္ဆံေရးကို သိသိသာသာ နက္ရႈိင္းေစမွာ မဟုတ္ေပမဲ့ ေမာ္စကိုရဲ႕ သံတမန္ေရးရာ ႀကိဳးပမ္းမႈ ေတြကို အားျဖည့္ေပးမွာျဖစ္ၿပီး ႐ုရွားရဲ႕ ဦးေဆာင္မႈ ေအာက္မွာ အျခားႏိုင္ငံေတြက လိုက္ပါလုပ္ေဆာင္ဖို႔ ေတာ့ တြန္းအားျဖစ္ေစမွာပါ။
႐ုရွားက တာလီဘန္အစိုးရကို အသိအမွတ္ ျပဳလိုက္တာဟာ အာဖဂန္နစၥတန္နဲ႔ ႏိုင္ငံတကာ ထိေတြ႕ဆက္ဆံမႈ အဆင့္သစ္တစ္ခုရဲ႕ အစကို ဦး တည္ေစပါတယ္။ တစ္ဖက္မွာေတာ့ ႐ုရွားလို ကမာၻ႔ အင္အားႀကီးႏိုင္ငံတစ္ႏိုင္ငံက အသိအမွတ္ျပဳလိုက္ တာဟာ “ဒိုမီႏိုအက်ိဳးသက္ေရာက္မႈ” ကို ျဖစ္ေပၚ ေစၿပီး အာဖဂန္အစိုးရကို တျဖည္းျဖည္းအသိအမွတ္ျပဳဖို႔ စတင္လာႏိုင္ပါတယ္။ ဒါ့ျပင္ တာလီ ဘန္ရဲ႕ သံတမန္ေရးရာ ဇြဲလုံ႔လကိုလည္း အာ႐ုံစိုက္သင့္ပါ တယ္။ စဥ္ဆက္မျပတ္ ႀကိဳးပမ္းအားထုတ္မႈေတြက ေန တစ္ဆင့္ မဟာမိတ္ ဒါမွမဟုတ္ ေဒသတြင္းအင္အား ႀကီးႏိုင္ငံဆီကေန မဟုတ္ဘဲ ကမာၻ႔အေရးပါတဲ့ ႏိုင္ငံ တစ္ႏိုင္ငံဆီက အသိအမွတ္ျပဳမႈကို ရယူႏိုင္ခဲ့တာပါ။ ဒါဟာ ႏိုင္ငံတကာေဆြးေႏြးပြဲေတြမွာ မၾကာ ခဏ ဆိုသလို လ်စ္လ်ဴရႈခံရတဲ့ တာလီဘန္အစိုးရရဲ႕ ႏိုင္ငံတည္ေဆာက္ေရးလမ္းေၾကာင္းနဲ႔ ႏိုင္ငံျခား ေရးမူဝါဒ က်င့္သုံးမႈ ႏွစ္ခုစလုံးမွာ ဆင့္ကဲေျပာင္းလဲမႈတစ္ခုကို မီးေမာင္းထိုးျပေနပါတယ္။ ဒါ့ျပင္ လာ မယ့္ SCO ထိပ္သီးအစည္းအေဝးဟာ အာဖဂန္နစၥတန္နဲ႔ ပတ္သက္တဲ့ သံတမန္ေရးရာထိေတြ႕ ဆက္ဆံမႈ ကို အေလးထားေဆြးေႏြးလာႏိုင္ဖြယ္ရွိေနတာေၾကာင့္ တာလီဘန္ေတြရဲ႕သမိုင္းသစ္တစ္ခုျဖစ္လာႏိုင္ပါ တယ္။
Reference: https://www.specialeurasia.com/2025/07/04/russia-afghanistan-recognition/
https://www.geopoliticalmonitor.com/russias-taliban-recognition-signals-potential-domino-effect/