ကျပ်တစ်ဘီလျံကျော်တန်ဖိုးရှိ မူးယစ်ဆေးဝါးများနှင့်အတူ ပြစ်မှုကျုးလွန်သူများကို လယ်ဝေးတွင် ဖမ်းမိ

574

ချယ်ရီ (NP News) - ဇူလိုင် ၂၄
နေပြည်တော်ကောင်စီနယ်မြေ၊ လယ်ဝေးမြို့နယ်တွင် ကျပ်တစ်ဘီလျံကျော်တန်ဖိုးရှိ မူးယစ်ဆေးဝါးများနှင့်အတူ ပြစ်မှုကျုးလွန်သူများကို ဖမ်းဆီးရမိခဲ့ကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ထုတ်ပြန်ချက်အရ သိရသည်။
ပြီးခဲ့သည့် ဇူလိုင်လ (၁၁) ရက်၊ နံနက် (၈) နာရီခွဲအချိန်ခန့်က လုံခြုံရေးတပ်ဖွဲ့ဝင်များသည် လယ်ဝေးမြို့နယ်၊ သစ်ကြိမ်းကျေးရွာအုပ်စု၊ ကြာကန်ကျေးရွာအနီးတွင် အောင်နန်းချိုကျေးရွာဘက်မှ တောင်စဉ်အေးရွာဘက်သို့ စောနေပိုင် (ခ) နေပိုင် မောင်းနှင်လာသော LAND CRUSIER မော်တော်ယာဉ်နှင့် ရှေ့နောက်လိုက်ပါလာသည့် ချစ်နိုင်ထွေး (ခ) မိုးဒီ မောင်းနှင်လာသော ALPHARD မော်တော်ယာဉ်တို့ကို စစ်ဆေးရှာဖွေရာ အဆိုပါယာဉ် (၂) စီး ပေါ်မှ ငွေကျပ် (၁ ဒသမ ၆၈၃၂၅ ) ဘီလျံတန်ဖိုးရှိ ဘိန်းဖြူ (၆၇ ဒသမ ၃၃) ကီလိုကို ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
ဆက်လက်ကွင်းဆက်ဖော်ထုတ်ချက်အရ အဆိုပါဘိန်းဖြူများကို လက်ခံ၍ မန္တလေးသို့ တာဝန်ခံသယ်ဆောင်သူ သိန်းမြင့် (ခ) သိန်းဟန်သည် တာချီလိတ်ဘက်သို့ တိမ်းရှောင်သွားကြောင်း သိရှိရသဖြင့် ဖော်ထုတ်ဖမ်းဆီးရမိရေး ဆောင်ရွက်ခဲ့ရာ ဇူလိုင်လ (၁၂) ရက်၊ နံနက် (၇) နာရီခွဲအချိန်ခန့်တွင် တာချီလိတ်မြို့၊ ဝမ်ကောင်းရပ်ကွက်၊ ဗိုလ်ချုပ်လမ်းတွင် ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
ထို့နောက် စစ်ဆေးချက်များအရ ဖမ်းဆီးရမိ ဘိန်းဖြူများကို လွိုင်ကော်မြို့တွင်နေထိုင်သည့် ခွန်နေလင်းအောင် (ခ) အားသိုက် (ခ) ယောဟန်၏ စေခိုင်းချက်အရ ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ဖယ်ခုံမြို့မှ လယ်ဝေးမြို့နယ်၊ အောင်နန်းချိုကျေးရွာအနီးသို့ လွိုင်ကော်မြို့တွင်နေထိုင်သည့် သူရိန်စိုး(ခ)ဖိုးသာထူး (ခ)ဖိုးလုံးမှ လာရောက် ပို့ဆောင်ခဲ့သဖြင့် ရေနီမြို့နေ စောနေပိုင် (ခ) နေပိုင်နှင့် ပျဉ်းမနားမြို့နယ်နေ ချစ်နိုင်ထွေး(ခ)မိုးဒီတို့မှ လက်ခံ၍ ပုဗ္ဗသီရိမြို့နယ်နေ သိန်းမြင့် (ခ) သိန်းဟန်ထံသို့ လွှဲပြောင်းပေးခဲ့ရာ ၎င်းမှာ ရန်ကုန်နှင့် မန္တလေးမြို့သို့ အကြိမ်ကြိမ် သယ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ထို့ကြောင့် ၎င်းတို့ကို မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာဥပဒေအရ အရေးယူထား ပြီး ကွင်းဆက်ပြစ်မှုကျူးလွန်သူများကို ဆက်လက်ဖော်ထုတ်လျက်ရှိကြောင်း နစကမှ ထုတ်ပြန်ထားသည်။

Zawgyi Version:
က်ပ္တစ္ဘီလ်ံေက်ာ္တန္ဖိုးရွိ မူးယစ္ေဆးဝါးမ်ားႏွင့္အတူ ျပစ္မႈက်ဳးလြန္သူမ်ားကို လယ္ေဝးတြင္ ဖမ္းမိ
ခ်ယ္ရီ (NP News) - ဇူလိုင္ ၂၄
ေနျပည္ေတာ္ေကာင္စီနယ္ေျမ၊ လယ္ေဝးၿမိဳ႕နယ္တြင္ က်ပ္တစ္ဘီလ်ံေက်ာ္တန္ဖိုးရွိ မူးယစ္ေဆးဝါးမ်ားႏွင့္အတူ ျပစ္မႈက်ဳးလြန္သူမ်ားကို ဖမ္းဆီးရမိခဲ့ေၾကာင္း ႏိုင္ငံေတာ္စီမံအုပ္ခ်ဳပ္ေရးေကာင္စီ၏ ထုတ္ျပန္ခ်က္အရ သိရသည္။
ၿပီးခဲ့သည့္ ဇူလိုင္လ (၁၁) ရက္၊ နံနက္ (၈) နာရီခြဲအခ်ိန္ခန႔္က လုံၿခဳံေရးတပ္ဖြဲ႕ဝင္မ်ားသည္ လယ္ေဝးၿမိဳ႕နယ္၊ သစ္ႀကိမ္းေက်း႐ြာအုပ္စု၊ ၾကာကန္ေက်း႐ြာအနီးတြင္ ေအာင္နန္းခ်ိဳေက်း႐ြာဘက္မွ ေတာင္စဥ္ေအး႐ြာဘက္သို႔ ေစာေနပိုင္ (ခ) ေနပိုင္ ေမာင္းႏွင္လာေသာ LAND CRUSIER ေမာ္ေတာ္ယာဥ္ႏွင့္ ေရွ႕ေနာက္လိုက္ပါလာသည့္ ခ်စ္ႏိုင္ေထြး (ခ) မိုးဒီ ေမာင္းႏွင္လာေသာ ALPHARD ေမာ္ေတာ္ယာဥ္တို႔ကို စစ္ေဆးရွာေဖြရာ အဆိုပါယာဥ္ (၂) စီး ေပၚမွ ေငြက်ပ္ (၁ ဒသမ ၆၈၃၂၅ ) ဘီလ်ံတန္ဖိုးရွိ ဘိန္းျဖဴ (၆၇ ဒသမ ၃၃) ကီလိုကို ဖမ္းဆီးရမိခဲ့ေၾကာင္း သိရသည္။
ဆက္လက္ကြင္းဆက္ေဖာ္ထုတ္ခ်က္အရ အဆိုပါဘိန္းျဖဴမ်ားကို လက္ခံ၍ မႏၲေလးသို႔ တာဝန္ခံသယ္ေဆာင္သူ သိန္းျမင့္ (ခ) သိန္းဟန္သည္ တာခ်ီလိတ္ဘက္သို႔ တိမ္းေရွာင္သြားေၾကာင္း သိရွိရသျဖင့္ ေဖာ္ထုတ္ဖမ္းဆီးရမိေရး ေဆာင္႐ြက္ခဲ့ရာ ဇူလိုင္လ (၁၂) ရက္၊ နံနက္ (၇) နာရီခြဲအခ်ိန္ခန႔္တြင္ တာခ်ီလိတ္ၿမိဳ႕၊ ဝမ္ေကာင္းရပ္ကြက္၊ ဗိုလ္ခ်ဳပ္လမ္းတြင္ ဖမ္းဆီးရမိခဲ့ေၾကာင္း သိရသည္။
ထို႔ေနာက္ စစ္ေဆးခ်က္မ်ားအရ ဖမ္းဆီးရမိ ဘိန္းျဖဴမ်ားကို လြိဳင္ေကာ္ၿမိဳ႕တြင္ေနထိုင္သည့္ ခြန္ေနလင္းေအာင္ (ခ) အားသိုက္ (ခ) ေယာဟန္၏ ေစခိုင္းခ်က္အရ ရွမ္းျပည္နယ္(ေတာင္ပိုင္း)၊ ဖယ္ခုံၿမိဳ႕မွ လယ္ေဝးၿမိဳ႕နယ္၊ ေအာင္နန္းခ်ိဳေက်း႐ြာအနီးသို႔ လြိဳင္ေကာ္ၿမိဳ႕တြင္ေနထိုင္သည့္ သူရိန္စိုး(ခ)ဖိုးသာထူး (ခ)ဖိုးလုံးမွ လာေရာက္ ပို႔ေဆာင္ခဲ့သျဖင့္ ေရနီၿမိဳ႕ေန ေစာေနပိုင္ (ခ) ေနပိုင္ႏွင့္ ပ်ဥ္းမနားၿမိဳ႕နယ္ေန ခ်စ္ႏိုင္ေထြး(ခ)မိုးဒီတို႔မွ လက္ခံ၍ ပုဗၺသီရိၿမိဳ႕နယ္ေန သိန္းျမင့္ (ခ) သိန္းဟန္ထံသို႔ လႊဲေျပာင္းေပးခဲ့ရာ ၎မွာ ရန္ကုန္ႏွင့္ မႏၲေလးၿမိဳ႕သို႔ အႀကိမ္ႀကိမ္ သယ္ေဆာင္ခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။
ထို႔ေၾကာင့္ ၎တို႔ကို မူးယစ္ေဆးဝါးႏွင့္ စိတ္ကိုေျပာင္းလဲေစေသာ ေဆးဝါးမ်ားဆိုင္ရာဥပေဒအရ အေရးယူထား ၿပီး ကြင္းဆက္ျပစ္မႈက်ဴးလြန္သူမ်ားကို ဆက္လက္ေဖာ္ထုတ္လ်က္ရွိေၾကာင္း နစကမွ ထုတ္ျပန္ထားသည္။