ကျေးရွာပေါင်း (၁,၀၀၀)ကျော် ရေရှရိရေးအတွက် ငွေကျပ် (၉)ဘီလျံလျာထား ဆောင်ရွက်နေ

 1241

ချယ်ရီ(NP News)-ဇူလိုင်၂၄
လက်ရှိ (၂၀၂၅- ၂၀၂၆) ဘဏ္ဍာရေးနှစ်အတွက် ရန်ပုံငွေ ကျပ်(၉)ဘီလျံအသုံးပြုကာ ကျေးရွာပေါင်း (၁,၀၀၀)ကျော်၌ ကျေးလက်ရေရရှိရေးလုပ်ငန်းများကို ဆောင်ရွက်နေကြောင်း သမဝါယမ နှင့် ကျေးလက်ဖွံ့ဖြိုးရေး ဝန်ကြီးဌာန၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးစိုးမောင်က ပြောသည်။
ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနအနေဖြင့် (၂၀၃၀)ပြည့်နှစ်တွင် ကျေးလက်နေပြည်သူများအားလုံး ကောင်းမွန်၍ ဘေးကင်းသော သောက်သုံးရေရရှိရေး ရည်မှန်းချက်ကို ပြည့်မီရန် ဦးတည်ဆောင်ရွက်နေရာ ရေခက်ခဲသော ကျေးရွာ၊ ရေလုံလောက်မှုမရှိသော ကျေးရွာ၊ ရေရရှိသော်လည်း ရေသန့်ရှင်းမှုမရှိသေးသော ကျေးရွာနှင့် ရေရရှိသည့်အပြင် သန့်ရှင်းမှုရှိသောကျေးရွာဟူ၍ အပိုင်း(၄)ပိုင်းခွဲကာ ဆောင်ရွက်နေခြင်းဖြစ်ကြောင်း သိရသည်။
“ပြည်ထောင်စုရန်ပုံငွေ ကျပ်(၉)ဘီလျံလောက် သုံးစွဲပြီးတော့ ဆောင်ရွက်သွားမှာဖြစ်ပါတယ်။ ဒါကတော့နိုင်ငံတော် ဘတ်ဂျက်ပါ။ ကျွန်တော်တို့ရေပေးရေးလုပ်ငန်းမှာတော့ တခြားအဖွဲ့အစည်းလှူဒါန်းငွေတွေ၊ အဖွဲစည်းက ထည့်ဝင်ငွေတွေ၊ ပြည်သူလူထု ထည့်ဝင်ငွေတွေနဲ့ဆိုရင်တော့ လုပ်ငန်းတွေကို များများတိုးချဲ့ဆောင်ရွက်နိုင်မယ့် အနေထားရှိပါတယ်” ဟု ဦးစိုးမောင်က ဆိုသည်။
လက်ရှိဘဏ္ဍာရေးနှစ်အတွက် မြေသားရေခံကိစ္စရပ်များကို ဧပြီ၊ မေလခန့်ကပင် စတင်ဆောင်ရွက်နေပြီဖြစ်သည့်အတွက် အချို့လုပ်ငန်းအများစုမှာ ပြီးစီးနေပြီဖြစ်ကြောင်း ၎င်းက ပြောသည်။
“ကျေးရွာပေါင်း (၆၆၅)ရွာမှာ လုပ်ငန်းတွေဆောင်ရွက်မယ်ဆိုပြီးတော့ လျာထားဆောင်ရွက်လျက်ရှိပါတယ်။ ဒီအချိန်မှာ တချို့လုပ်ငန်းလေးတွေ စနိုင်ပြီးသားဆိုတော့ တချို့လုပ်ငန်းတွေကတော့ တင်ဒါခေါ်ယူဆဲဖြစ်ပါတယ်။ မြစိမ်းရောင်အတိုးရငွေ စီမံကိန်းတွေနဲ့ ရေပေးရေးဆောင်ရွက်ဖို့ ကိစ္စတွေကတော့ စီမံကိန်းလုပ်ငန်းစဉ်အတိုင်းပဲ ဆက်လက်ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။ နှစ်တိုင်းကတော့ ကျေးရွာပေါင်း တစ်ထောင်ကျော်လောက်တော့ ဆောင်ရွက်ပေးလျက်ရှိပါတယ်။ အခုက (၆၆၅)ရွာဆိုပေမဲ့လို့ စီမံကိန်းရန်ပုံငွေတွေ၊ မြစိမ်းရောင်စီမံကိန်းအတိုးရငွေတွေ အစရှိတာတွေနဲ့ ဆောင်ရွက်မယ်ဆိုရင်တော့ (၁,၀၀၀)ကျော်လောက်တော့ ဆောင်ရွက်နိုင်မယ်လို့ မျှော်မှန်းထားပါတယ်” ဟု ၎င်းက ရှင်းပြသည်။
(၂၀၂၅)ခုနှစ်၌ ရေရရှိရေးလုပ်ငန်း (၈၅) ရာခိုင်နှုန်း ပြီးစီးရမည်ဟု မျှော်မှန်းရေးဆွဲခဲ့ရာ (၂၀၂၄)ခုနှစ် သန်းခေါင်စာရင်း ကောက်ယူမှုအရ လည်း ကျေးလက်ရေရရှိရေးအနေဖြင့် (၈၅) ရာခိုင်နှုန်း ရရှိမည်ဖြစ်ပြီး ငလျင်ဒဏ်ကြောင့် မြေအောက်လွှာပြောင်းလဲမှုများရှိကာ ပျက်စီးသွားသော ရေတွင်း၊ ရေကန်များအား ပြန်လည်ပြုပြင်ဆောင်ရွက်ပေးနေကြောင်း ၎င်းက ဆိုသည်။
“မကြာမီ သန်းခေါင်စာရင်းရရှိလာတဲ့ အခါကျရင် ဒီData လေးတွေလည်း ပါဝင်လာမှာ ဖြစ်ပါတယ်။ လုပ်ငန်းအမျိုးအစားပေါ်မူတည်ပြီး ဆောင်ရွက်ချိန် (၃၊၄)လမှာ ပြီးစီးကြပါတယ်။ တချို့သောဒေသတွေမှာတော့ ရာသီဥတုအခြေနေအရ လုပ်ငန်းလေး ကြန့်ကြာတာတော့ အနည်းငယ်ရှိပါတယ်။ ဒါပေမဲ့ ဒီဇင်ဘာလအတွင်းမှာ လုပ်ငန်းတွေအားလုံးပြီးစီးအောင် ဆောင်ရွက်ရမယ်ဆိုတဲ့ မျှော်မှန်းချက်နဲ့ စပြီးတွန်းအားပေး ဆောင်ရွက်လျက်ရှိပါတယ်” ဟု ညွှန်ကြားရေးမှူး ဦးစိုးမောင်က ပြောကြားသည်။

Zawgyi Version:
ေက်း႐ြာေပါင္း (၁,၀၀၀)ေက်ာ္ ေရရွရိေရးအတြက္ ေငြက်ပ္ (၉)ဘီလ်ံလ်ာထား ေဆာင္႐ြက္ေန
ခ်ယ္ရီ(NP News)-ဇူလိုင္၂၄
လက္ရွိ (၂၀၂၅- ၂၀၂၆) ဘ႑ာေရးႏွစ္အတြက္ ရန္ပုံေငြ က်ပ္(၉)ဘီလ်ံအသုံးျပဳကာ ေက်း႐ြာေပါင္း (၁,၀၀၀)ေက်ာ္၌ ေက်းလက္ေရရရွိေရးလုပ္ငန္းမ်ားကို ေဆာင္႐ြက္ေနေၾကာင္း သမဝါယမ ႏွင့္ ေက်းလက္ဖြံ႕ၿဖိဳးေရး ဝန္ႀကီးဌာန၊ ေက်းလက္ေဒသဖြံ႕ၿဖိဳးတိုးတက္ေရးဦးစီးဌာနမွ ၫႊန္ၾကားေရးမႉး ဦးစိုးေမာင္က ေျပာသည္။
ေက်းလက္ေဒသဖြံ႕ၿဖိဳးတိုးတက္ေရး ဦးစီးဌာနအေနျဖင့္ (၂၀၃၀)ျပည့္ႏွစ္တြင္ ေက်းလက္ေနျပည္သူမ်ားအားလုံး ေကာင္းမြန္၍ ေဘးကင္းေသာ ေသာက္သုံးေရရရွိေရး ရည္မွန္းခ်က္ကို ျပည့္မီရန္ ဦးတည္ေဆာင္႐ြက္ေနရာ ေရခက္ခဲေသာ ေက်း႐ြာ၊ ေရလုံေလာက္မႈမရွိေသာ ေက်း႐ြာ၊ ေရရရွိေသာ္လည္း ေရသန႔္ရွင္းမႈမရွိေသးေသာ ေက်း႐ြာႏွင့္ ေရရရွိသည့္အျပင္ သန႔္ရွင္းမႈရွိေသာေက်း႐ြာဟူ၍ အပိုင္း(၄)ပိုင္းခြဲကာ ေဆာင္႐ြက္ေနျခင္းျဖစ္ေၾကာင္း သိရသည္။
“ျပည္ေထာင္စုရန္ပုံေငြ က်ပ္(၉)ဘီလ်ံေလာက္ သုံးစြဲၿပီးေတာ့ ေဆာင္႐ြက္သြားမွာျဖစ္ပါတယ္။ ဒါကေတာ့ႏိုင္ငံေတာ္ ဘတ္ဂ်က္ပါ။ ကြၽန္ေတာ္တို႔ေရေပးေရးလုပ္ငန္းမွာေတာ့ တျခားအဖြဲ႕အစည္းလႉဒါန္းေငြေတြ၊ အဖြဲစည္းက ထည့္ဝင္ေငြေတြ၊ ျပည္သူလူထု ထည့္ဝင္ေငြေတြနဲ႔ဆိုရင္ေတာ့ လုပ္ငန္းေတြကို မ်ားမ်ားတိုးခ်ဲ႕ေဆာင္႐ြက္ႏိုင္မယ့္ အေနထားရွိပါတယ္” ဟု ဦးစိုးေမာင္က ဆိုသည္။
လက္ရွိဘ႑ာေရးႏွစ္အတြက္ ေျမသားေရခံကိစၥရပ္မ်ားကို ဧၿပီ၊ ေမလခန႔္ကပင္ စတင္ေဆာင္႐ြက္ေနၿပီျဖစ္သည့္အတြက္ အခ်ိဳ႕လုပ္ငန္းအမ်ားစုမွာ ၿပီးစီးေနၿပီျဖစ္ေၾကာင္း ၎က ေျပာသည္။
“ေက်း႐ြာေပါင္း (၆၆၅)႐ြာမွာ လုပ္ငန္းေတြေဆာင္႐ြက္မယ္ဆိုၿပီးေတာ့ လ်ာထားေဆာင္႐ြက္လ်က္ရွိပါတယ္။ ဒီအခ်ိန္မွာ တခ်ိဳ႕လုပ္ငန္းေလးေတြ စႏိုင္ၿပီးသားဆိုေတာ့ တခ်ိဳ႕လုပ္ငန္းေတြကေတာ့ တင္ဒါေခၚယူဆဲျဖစ္ပါတယ္။ ျမစိမ္းေရာင္အတိုးရေငြ စီမံကိန္းေတြနဲ႔ ေရေပးေရးေဆာင္႐ြက္ဖို႔ ကိစၥေတြကေတာ့ စီမံကိန္းလုပ္ငန္းစဥ္အတိုင္းပဲ ဆက္လက္ေဆာင္႐ြက္သြားမွာ ျဖစ္ပါတယ္။ ႏွစ္တိုင္းကေတာ့ ေက်း႐ြာေပါင္း တစ္ေထာင္ေက်ာ္ေလာက္ေတာ့ ေဆာင္႐ြက္ေပးလ်က္ရွိပါတယ္။ အခုက (၆၆၅)႐ြာဆိုေပမဲ့လို႔ စီမံကိန္းရန္ပုံေငြေတြ၊ ျမစိမ္းေရာင္စီမံကိန္းအတိုးရေငြေတြ အစရွိတာေတြနဲ႔ ေဆာင္႐ြက္မယ္ဆိုရင္ေတာ့ (၁,၀၀၀)ေက်ာ္ေလာက္ေတာ့ ေဆာင္႐ြက္ႏိုင္မယ္လို႔ ေမွ်ာ္မွန္းထားပါတယ္” ဟု ၎က ရွင္းျပသည္။
(၂၀၂၅)ခုႏွစ္၌ ေရရရွိေရးလုပ္ငန္း (၈၅) ရာခိုင္ႏႈန္း ၿပီးစီးရမည္ဟု ေမွ်ာ္မွန္းေရးဆြဲခဲ့ရာ (၂၀၂၄)ခုႏွစ္ သန္းေခါင္စာရင္း ေကာက္ယူမႈအရ လည္း ေက်းလက္ေရရရွိေရးအေနျဖင့္ (၈၅) ရာခိုင္ႏႈန္း ရရွိမည္ျဖစ္ၿပီး ငလ်င္ဒဏ္ေၾကာင့္ ေျမေအာက္လႊာေျပာင္းလဲမႈမ်ားရွိကာ ပ်က္စီးသြားေသာ ေရတြင္း၊ ေရကန္မ်ားအား ျပန္လည္ျပဳျပင္ေဆာင္႐ြက္ေပးေနေၾကာင္း ၎က ဆိုသည္။
“မၾကာမီ သန္းေခါင္စာရင္းရရွိလာတဲ့ အခါက်ရင္ ဒီData ေလးေတြလည္း ပါဝင္လာမွာ ျဖစ္ပါတယ္။ လုပ္ငန္းအမ်ိဳးအစားေပၚမူတည္ၿပီး ေဆာင္႐ြက္ခ်ိန္ (၃၊၄)လမွာ ၿပီးစီးၾကပါတယ္။ တခ်ိဳ႕ေသာေဒသေတြမွာေတာ့ ရာသီဥတုအေျခေနအရ လုပ္ငန္းေလး ၾကန႔္ၾကာတာေတာ့ အနည္းငယ္ရွိပါတယ္။ ဒါေပမဲ့ ဒီဇင္ဘာလအတြင္းမွာ လုပ္ငန္းေတြအားလုံးၿပီးစီးေအာင္ ေဆာင္႐ြက္ရမယ္ဆိုတဲ့ ေမွ်ာ္မွန္းခ်က္နဲ႔ စၿပီးတြန္းအားေပး ေဆာင္႐ြက္လ်က္ရွိပါတယ္” ဟု ၫႊန္ၾကားေရးမႉး ဦးစိုးေမာင္က ေျပာၾကားသည္။

Related news

© 2021. All rights reserved.