KNLA၊ PDFအဖွဲ့က လပတ်ကျေးရွာသို့ဝင်ရောက် အကြမ်းဖက်သတ်ဖြတ်မှုကြောင့် သက်ကြီးရွယ်အိုနှင့် လသားအရွယ်ကလေးအပါအဝင် (၁၃)ဦး သေဆုံး

 511

သန့်ဇင်(NP News)-ဇူလိုင် ၂၈
ပဲခူးတိုင်းဒေသကြီး၊ ကျောက်ကြီးမြို့နယ်၊ လပတ်ကျေးရွာသို့ KNLA၊ PDFအဖွဲ့ကဝင်ရောက် အကြမ်းဖက်သတ်ဖြတ်မှုကြောင့် သက်ကြီးရွယ်အိုနှင့် လသားအရွယ်ကလေးအပါအဝင် (၁၃)ဦး သေဆုံးကာ (၁၅)ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။

ဖြစ်စဉ်မှာ ပြီးခဲ့သည့် ဇူလိုင်လ ၂၅ ရက်၊ နံနက် ၁ နာရီခန့်က ကျောက်ကြီးမြို့နယ်၊ ကျောက်ကြီးမြို့၏ အနောက်ဘက်မီတာ (၄၀၀၀) ခန့်အကွာရှိ လပတ်ကျေးရွာသို့ KNLA နှင့် PDFအဖွဲ့က ကျေးရွာ၏ အနောက်မြောက်ဘက်နှင့် အရှေ့ဘက်တို့မှ ဝင်ရောက်လာခဲ့ကြောင်း သိရသည်။

ထို့နောက် အဆိုပါ ကျေးရွာအတွင်းမှ လူမမယ်ကလေးငယ်များနှင့် သက်ကြီးဘိုးဘွားများအပါအဝင် အပြစ်မဲ့ရွာသူ၊ ရွာသားများအား KNLA နှင့် PDFအဖွဲ့က လက်နက်ငယ်များဖြင့် ယုတ်မာရက်စက်စွာ ပစ်ခတ်သတ်ဖြတ်ခဲ့ပြီး ဓားများဖြင့် ခုတ်ဖြတ်သတ်ဖြတ်ခဲ့ကြောင်း သိရသည်။

ထိုသို့ အကြမ်းဖက်သတ်ဖြတ်မှုကြောင့် အသက် (၁၀) လသားအရွယ် ကလေးငယ် (၁) ဦး၊ အသက် (၃) နှစ်အရွယ် ကလေးငယ် (၂) ဦး၊ အသက် (၄) နှစ်အရွယ် ကလေးငယ် (၁) ဦး၊ အသက် (၆) နှစ်အရွယ် ကလေးငယ် (၁) ဦး၊ အသက် (၇) နှစ်အရွယ် ကလေးငယ် (၁) ဦး၊ အသက် (၁၀) နှစ်အရွယ် ကလေးငယ် (၁) ဦး အပါအဝင် အမျိုးသား (၈) ဦးနှင့် အမျိုးသမီး (၅) ဦး၊ စုစုပေါင်း (၁၃) ဦး သေဆုံးခဲ့ရကြောင်း သိရသည်။

ထို့ပြင် အသက် (၃) နှစ်အရွယ် ကလေးငယ် (၁) ဦး၊ အသက် (၁၀) နှစ်အရွယ် ကလေးငယ် (၁) ဦးအပါအဝင် အပြစ်မဲ့ပြည်သူ အမျိုးသား (၃) ဦး၊ အမျိုးသမီး (၁၂) ဦး၊ စုစုပေါင်း (၁၅) ဦး ထိခိုက် ဒဏ်ရာများရရှိခဲ့ကြောင်း သိရသည်။

ထို့နောက် သေဆုံးသူများအား လုံခြုံရေးတပ်ဖွဲ့ဝင်များ၊ သက်ဆိုင်ရာတာဝန်ရှိသူများနှင့် ရွာသူ၊ ရွာသားများက ကောင်းမွန်စွာသင်္ဂြိုလ် ပေးခဲ့ပြီး ဒဏ်ရာရရှိခဲ့သူများအား နယ်မြေခံတပ်ဆေးခန်းသို့ပို့ဆောင်ပေးခဲ့ရကြောင်း သိရသည်။

KNLA နှင့် PDF အဖွဲ့သည် စစ်ရေးနှင့်မသက်ဆိုင်သော အပြစ်မဲ့ရွာသူ၊ ရွာသားများအား အထက်ပါကဲ့သို့ အကြမ်းဖက်သတ် ဖြတ်ခဲ့ခြင်း သည် စစ်ရာဇဝတ်မှု (War Crime)ကို ကျူးလွန်ခြင်းဖြစ်ပြီး ကျူးလွန်သူများအား လုံခြုံရေးတပ်ဖွဲ့ဝင်များက ဖမ်းဆီးဖော်ထုတ်အရေး ယူနိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း နစက၏ထုတ်ပြန်ချက်အရ သိရသည်။

Zawgyi Version:
KNLA၊ PDFအဖြဲ႕က လပတ္ေက်း႐ြာသို႔ဝင္ေရာက္ အၾကမ္းဖက္သတ္ျဖတ္မႈေၾကာင့္ သက္ႀကီး႐ြယ္အိုႏွင့္ လသားအ႐ြယ္ကေလးအပါအဝင္ (၁၃)ဦး ေသဆုံး
သန႔္ဇင္(NP News)-ဇူလိုင္ ၂၈
ပဲခူးတိုင္းေဒသႀကီး၊ ေက်ာက္ႀကီးၿမိဳ႕နယ္၊ လပတ္ေက်း႐ြာသို႔ KNLA၊ PDFအဖြဲ႕ကဝင္ေရာက္ အၾကမ္းဖက္သတ္ျဖတ္မႈေၾကာင့္ သက္ႀကီး႐ြယ္အိုႏွင့္ လသားအ႐ြယ္ကေလးအပါအဝင္ (၁၃)ဦး ေသဆုံးကာ (၁၅)ဦး ထိခိုက္ဒဏ္ရာရရွိခဲ့ေၾကာင္း ႏိုင္ငံေတာ္ စီမံအုပ္ခ်ဳပ္ေရးေကာင္စီ၏ သတင္းထုတ္ျပန္ခ်က္အရ သိရသည္။

ျဖစ္စဥ္မွာ ၿပီးခဲ့သည့္ ဇူလိုင္လ ၂၅ ရက္၊ နံနက္ ၁ နာရီခန႔္က ေက်ာက္ႀကီးၿမိဳ႕နယ္၊ ေက်ာက္ႀကီးၿမိဳ႕၏ အေနာက္ဘက္မီတာ (၄၀၀၀) ခန႔္အကြာရွိ လပတ္ေက်း႐ြာသို႔ KNLA ႏွင့္ PDFအဖြဲ႕က ေက်း႐ြာ၏ အေနာက္ေျမာက္ဘက္ႏွင့္ အေရွ႕ဘက္တို႔မွ ဝင္ေရာက္လာခဲ့ေၾကာင္း သိရသည္။

ထို႔ေနာက္ အဆိုပါ ေက်း႐ြာအတြင္းမွ လူမမယ္ကေလးငယ္မ်ားႏွင့္ သက္ႀကီးဘိုးဘြားမ်ားအပါအဝင္ အျပစ္မဲ့႐ြာသူ၊ ႐ြာသားမ်ားအား KNLA ႏွင့္ PDFအဖြဲ႕က လက္နက္ငယ္မ်ားျဖင့္ ယုတ္မာရက္စက္စြာ ပစ္ခတ္သတ္ျဖတ္ခဲ့ၿပီး ဓားမ်ားျဖင့္ ခုတ္ျဖတ္သတ္ျဖတ္ခဲ့ေၾကာင္း သိရသည္။

ထိုသို႔ အၾကမ္းဖက္သတ္ျဖတ္မႈေၾကာင့္ အသက္ (၁၀) လသားအ႐ြယ္ ကေလးငယ္ (၁) ဦး၊ အသက္ (၃) ႏွစ္အ႐ြယ္ ကေလးငယ္ (၂) ဦး၊ အသက္ (၄) ႏွစ္အ႐ြယ္ ကေလးငယ္ (၁) ဦး၊ အသက္ (၆) ႏွစ္အ႐ြယ္ ကေလးငယ္ (၁) ဦး၊ အသက္ (၇) ႏွစ္အ႐ြယ္ ကေလးငယ္ (၁) ဦး၊ အသက္ (၁၀) ႏွစ္အ႐ြယ္ ကေလးငယ္ (၁) ဦး အပါအဝင္ အမ်ိဳးသား (၈) ဦးႏွင့္ အမ်ိဳးသမီး (၅) ဦး၊ စုစုေပါင္း (၁၃) ဦး ေသဆုံးခဲ့ရေၾကာင္း သိရသည္။

ထို႔ျပင္ အသက္ (၃) ႏွစ္အ႐ြယ္ ကေလးငယ္ (၁) ဦး၊ အသက္ (၁၀) ႏွစ္အ႐ြယ္ ကေလးငယ္ (၁) ဦးအပါအဝင္ အျပစ္မဲ့ျပည္သူ အမ်ိဳးသား (၃) ဦး၊ အမ်ိဳးသမီး (၁၂) ဦး၊ စုစုေပါင္း (၁၅) ဦး ထိခိုက္ ဒဏ္ရာမ်ားရရွိခဲ့ေၾကာင္း သိရသည္။

ထို႔ေနာက္ ေသဆုံးသူမ်ားအား လုံၿခဳံေရးတပ္ဖြဲ႕ဝင္မ်ား၊ သက္ဆိုင္ရာတာဝန္ရွိသူမ်ားႏွင့္ ႐ြာသူ၊ ႐ြာသားမ်ားက ေကာင္းမြန္စြာသၿဂႋဳလ္ ေပးခဲ့ၿပီး ဒဏ္ရာရရွိခဲ့သူမ်ားအား နယ္ေျမခံတပ္ေဆးခန္းသို႔ပို႔ေဆာင္ေပးခဲ့ရေၾကာင္း သိရသည္။

KNLA ႏွင့္ PDF အဖြဲ႕သည္ စစ္ေရးႏွင့္မသက္ဆိုင္ေသာ အျပစ္မဲ့႐ြာသူ၊ ႐ြာသားမ်ားအား အထက္ပါကဲ့သို႔ အၾကမ္းဖက္သတ္ ျဖတ္ခဲ့ျခင္း သည္ စစ္ရာဇဝတ္မႈ (War Crime)ကို က်ဴးလြန္ျခင္းျဖစ္ၿပီး က်ဴးလြန္သူမ်ားအား လုံၿခဳံေရးတပ္ဖြဲ႕ဝင္မ်ားက ဖမ္းဆီးေဖာ္ထုတ္အေရး ယူႏိုင္ေရး ေဆာင္႐ြက္လ်က္ရွိေၾကာင္း နစက၏ထုတ္ျပန္ခ်က္အရ သိရသည္။

Related news

© 2021. All rights reserved.