ရုရှားနှင့်တရုတ်တို့ ဦးဆောင်နေသော BRICS အဖွဲ့ဝင်နိုင်ငံများက အမေရိကန်ဆန့်ကျင်ရေးမူဝါဒများလုပ်ဆောင်နေဟု အမေရိကန်သမ္မတ စွပ်စွဲ

 296

ဂျန်ဇက် (NP News) - ဩဂုတ် ၁

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ရုရှားနှင့်တရုတ်နိုင်ငံတို့ ဦးဆောင်နေသော BRICS အဖွဲ့ဝင်နိုင်ငံများအပေါ် ကုန်သွယ်ခွန်ကောက်ခံရန် စဉ်းစားလျက်ရှိနေကြောင်း၊ အဆိုပါအဖွဲ့က အမေရိကန်အစိုးရဆန့်ကျင်ရေး မူဝါဒများကိုလုပ်ဆောင်ရန် ကြိုးပမ်းလျက်ရှိနေသည့်အဖွဲ့စည်းဖြစ်ကြောင်း ထုတ်ဖော်ပြောဆိုလိုက်သည်။

သမ္မတဒေါ်နယ်ထရမ့်က BRICS အဖွဲ့သည် အမေရိကန်ဒေါ်လာအားနည်းစေရန်လုပ်ဆောင်လျက်ရှိနေကြောင်း၊ ကမ္ဘာ့အရန်ငွေကြေးတွင် အမေရိကန်ဒေါ်လာ၏ အခန်းကဏ္ဍကို အားနည်းစေရန်လုပ်ဆောင်လျက်ရှိနေကြောင်း ပြောသည်။ အမေရိကန်သမ္မတက '' အဲဒီအဖွဲ့ဟာ အမေရိကန်နိုင်ငံဆန့်ကျင့်ဖို့ စုဖွဲ့ထားတဲ့ အဖွဲ့ဖြစ်ပါတယ်။ အဲဒီအဖွဲ့ဟာ အမေရိကန်ဒေါ်လာကို တိုက်ခိုက်ဖို့ အစီအစဉ်တွေရှိနေတယ်။ အမေရိကန်ဒေါ်လာကို တိုက်ခိုက်မယ့် အစီအစဉ်တွေကို ခွင့်ပြုသွားမှာမဟုတ်ဘူး''ဟု ပြောသည်။

အမေရိကန်ဒေါ်လာကို ထိခိုက်အားနည်းစေရန်လုပ်ဆောင်မည့် အဖွဲ့စည်းများအနေဖြင့်လည်း အမေရိကန်အစိုးရ၏ ပြင်းထန်သောစီးပွားရေး ပိတ်ဆို့မှုများဖြင့်ရင်ဆိုင်ရမည်ဖြစ်ကြောင်းအမေရိကန်သမ္မတကပြောသည်။ ဒေါ်နယ်ထရမ့်သည် BRICS အဖွဲ့တွင်ပါဝင်နေသော နိုင်ငံများအနက် အိန္ဒိယနိုင်ငံကို ကုန်သွယ်ခွန် ၂၅ ရာခိုင်နှုန်း အထိကောက်ခံရန် စီစဉ်နေပြီးရုရှားနှင့် ကုန်သွယ်မှုများ ဆက်လက်လုပ်ဆောင်မည်ဆိုလျှင် အိန္ဒိယကို ကုန်သွယ်ခွန် တိုးမြှင့်ကောက်ခံရန် စီစဉ်နေကြောင်း အမေရိကန်သမ္မတကပြောသည်။
ထို့ပြင် အမေရိကန်အစိုးရသည် ဘရာဇီးနိုင်ငံကိုလည်း သြဂုတ်လ ၁ရက်မှစတင်ပြီး ကုန်သွယ်ခွန် ၅၀ ရာခိုင်နှုန်းအထိ တိုးမြှင့်ကောက်ခံမည်ဖြစ်ကြောင်း၊ ဘရာဇီးနိုင်ငံကအမေရိကန်နိုင်ငံ၏ စီးပွားရေး၊ နိုင်ငံခြားရေးမူဝါဒနှင့် အမျိုးသားလုံခြုံရေးကိစ္စများကို ခြိမ်းခြောက်သည့် ပိုစ့်များတင်နေကြောင်း ဒေါ်နယ်ထရမ့်ကပြောသည်။

BRICS အဖွဲ့ကို ၂၀၁၀ ခုနှစ်တွင်စတင်ဖွဲ့စည်းခဲ့ပြီး ဘရာဇီး၊ တောင်အာဖရိက၊ တရုတ်၊ အိန္ဒိယနိုင်ငံတို့ ပူးပေါင်းပါဝင်ခဲ့ကာ ပြီးခဲ့သောနှစ်တွင် အီရန်၊ အီဂျစ်၊ အီသီယိုပီးယား၊ ယူအေအီး နှင့် အင်ဒိုနီးရှားနိုင်ငံတို့ကို အဖွဲ့ဝင်နိုင်ငံအသစ်များအဖြစ်လက်ခံခဲ့သည်။ BRICS အဖွဲ့၏ မိတ်ဖက်နိုင်ငံများထဲတွင်လည်း ဘီလာရုစ့်၊ ဘိုလီးဗီးယား၊ ကျူးဘား၊ မလေးရှား၊ ထိုင်း၊ ယူဂန်ဒါ၊ ဥဇဘက်ကစ္စတန်၊ နိုင်ဂျီးရီးယား၊ ကာဇက်စတန်နိုင်ငံတို့ ပူးပေါင်းပါဝင်လျက်ရှိနေကြောင်းသိရသည်။ ရုရှားနိုင်ငံခြားရေးဝန်ကြီးဆာဂေးလာရောဗ့်က BRICS အဖွဲ့ဝင်နိုင်ငံများသည် အမေရိကန်ဒေါ်လာအပေါ်မှီခိုနေရမှုများကိုလျော့ချမည်ဖြစ်ကြောင်း ပြောဆိုထားဖူးသည်။ BRICS အဖွဲ့ဝင်နိုင်ငံများ၏ ကုန်သွယ်ရေးတွင် ပြည်တွင်းငွေကြေးများကိုအဓိကထားသုံးစွဲရန် ရည်ရွယ်ခဲ့ကြောင်းသိရသည်။

zawgyi version
႐ုရွားႏွင့္တ႐ုတ္တို႔ ဦးေဆာင္ေနေသာ BRICS အဖြဲ႕ဝင္ႏိုင္ငံမ်ားက အေမရိကန္ဆန႔္က်င္ေရးမူဝါဒမ်ားလုပ္ေဆာင္ေနဟု အေမရိကန္သမၼတ စြပ္စြဲ
ဂ်န္ဇက္ (NP News) - ဩဂုတ္ ၁

အေမရိကန္သမၼတ ေဒၚနယ္ထရမ့္က ႐ုရွားႏွင့္တ႐ုတ္ႏိုင္ငံတို႔ ဦးေဆာင္ေနေသာ BRICS အဖြဲ႕ဝင္ႏိုင္ငံမ်ားအေပၚ ကုန္သြယ္ခြန္ေကာက္ခံရန္ စဥ္းစားလ်က္ရွိေနေၾကာင္း၊ အဆိုပါအဖြဲ႕က အေမရိကန္အစိုးရဆန႔္က်င္ေရး မူဝါဒမ်ားကိုလုပ္ေဆာင္ရန္ ႀကိဳးပမ္းလ်က္ရွိေနသည့္အဖြဲ႕စည္းျဖစ္ေၾကာင္း ထုတ္ေဖာ္ေျပာဆိုလိုက္သည္။

သမၼတေဒၚနယ္ထရမ့္က BRICS အဖြဲ႕သည္ အေမရိကန္ေဒၚလာအားနည္းေစရန္လုပ္ေဆာင္လ်က္ရွိေနေၾကာင္း၊ ကမာၻ႔အရန္ေငြေၾကးတြင္ အေမရိကန္ေဒၚလာ၏ အခန္းက႑ကို အားနည္းေစရန္လုပ္ေဆာင္လ်က္ရွိေနေၾကာင္း ေျပာသည္။ အေမရိကန္သမၼတက '' အဲဒီအဖြဲ႕ဟာ အေမရိကန္ႏိုင္ငံဆန႔္က်င့္ဖို႔ စုဖြဲ႕ထားတဲ့ အဖြဲ႕ျဖစ္ပါတယ္။ အဲဒီအဖြဲ႕ဟာ အေမရိကန္ေဒၚလာကို တိုက္ခိုက္ဖို႔ အစီအစဥ္ေတြရွိေနတယ္။ အေမရိကန္ေဒၚလာကို တိုက္ခိုက္မယ့္ အစီအစဥ္ေတြကို ခြင့္ျပဳသြားမွာမဟုတ္ဘူး''ဟု ေျပာသည္။

အေမရိကန္ေဒၚလာကို ထိခိုက္အားနည္းေစရန္လုပ္ေဆာင္မည့္ အဖြဲ႕စည္းမ်ားအေနျဖင့္လည္း အေမရိကန္အစိုးရ၏ ျပင္းထန္ေသာစီးပြားေရး ပိတ္ဆို႔မႈမ်ားျဖင့္ရင္ဆိုင္ရမည္ျဖစ္ေၾကာင္းအေမရိကန္သမၼတကေျပာသည္။ ေဒၚနယ္ထရမ့္သည္ BRICS အဖြဲ႕တြင္ပါဝင္ေနေသာ ႏိုင္ငံမ်ားအနက္ အိႏၵိယႏိုင္ငံကို ကုန္သြယ္ခြန္ ၂၅ ရာခိုင္ႏႈန္း အထိေကာက္ခံရန္ စီစဥ္ေနၿပီး႐ုရွားႏွင့္ ကုန္သြယ္မႈမ်ား ဆက္လက္လုပ္ေဆာင္မည္ဆိုလွ်င္ အိႏၵိယကို ကုန္သြယ္ခြန္ တိုးျမႇင့္ေကာက္ခံရန္ စီစဥ္ေနေၾကာင္း အေမရိကန္သမၼတကေျပာသည္။
ထို႔ျပင္ အေမရိကန္အစိုးရသည္ ဘရာဇီးႏိုင္ငံကိုလည္း ၾသဂုတ္လ ၁ရက္မွစတင္ၿပီး ကုန္သြယ္ခြန္ ၅၀ ရာခိုင္ႏႈန္းအထိ တိုးျမႇင့္ေကာက္ခံမည္ျဖစ္ေၾကာင္း၊ ဘရာဇီးႏိုင္ငံကအေမရိကန္ႏိုင္ငံ၏ စီးပြားေရး၊ ႏိုင္ငံျခားေရးမူဝါဒႏွင့္ အမ်ိဳးသားလုံၿခဳံေရးကိစၥမ်ားကို ၿခိမ္းေျခာက္သည့္ ပိုစ့္မ်ားတင္ေနေၾကာင္း ေဒၚနယ္ထရမ့္ကေျပာသည္။

BRICS အဖြဲ႕ကို ၂၀၁၀ ခုႏွစ္တြင္စတင္ဖြဲ႕စည္းခဲ့ၿပီး ဘရာဇီး၊ ေတာင္အာဖရိက၊ တ႐ုတ္၊ အိႏၵိယႏိုင္ငံတို႔ ပူးေပါင္းပါဝင္ခဲ့ကာ ၿပီးခဲ့ေသာႏွစ္တြင္ အီရန္၊ အီဂ်စ္၊ အီသီယိုပီးယား၊ ယူေအအီး ႏွင့္ အင္ဒိုနီးရွားႏိုင္ငံတို႔ကို အဖြဲ႕ဝင္ႏိုင္ငံအသစ္မ်ားအျဖစ္လက္ခံခဲ့သည္။ BRICS အဖြဲ႕၏ မိတ္ဖက္ႏိုင္ငံမ်ားထဲတြင္လည္း ဘီလာ႐ုစ့္၊ ဘိုလီးဗီးယား၊ က်ဴးဘား၊ မေလးရွား၊ ထိုင္း၊ ယူဂန္ဒါ၊ ဥဇဘက္ကစၥတန္၊ ႏိုင္ဂ်ီးရီးယား၊ ကာဇက္စတန္ႏိုင္ငံတို႔ ပူးေပါင္းပါဝင္လ်က္ရွိေနေၾကာင္းသိရသည္။ ႐ုရွားႏိုင္ငံျခားေရးဝန္ႀကီးဆာေဂးလာေရာဗ့္က BRICS အဖြဲ႕ဝင္ႏိုင္ငံမ်ားသည္ အေမရိကန္ေဒၚလာအေပၚမွီခိုေနရမႈမ်ားကိုေလ်ာ့ခ်မည္ျဖစ္ေၾကာင္း ေျပာဆိုထားဖူးသည္။ BRICS အဖြဲ႕ဝင္ႏိုင္ငံမ်ား၏ ကုန္သြယ္ေရးတြင္ ျပည္တြင္းေငြေၾကးမ်ားကိုအဓိကထားသုံးစြဲရန္ ရည္႐ြယ္ခဲ့ေၾကာင္းသိရသည္။

Related news

© 2021. All rights reserved.