တောင်တရုတ်ပင်လယ်တွင်းမှာ ပထမဆုံးအကြိမ် ပူးတွဲသွားလာမှုကို ဖိလစ်ပိုင်နဲ့ အိန္ဒိယရေတပ်တို့ပြုလုပ်

140

Pika (NP News) - ဩဂုတ် ၆
ဖိလစ်ပိုင်နဲ့အိန္ဒိယရေတပ်တို့ဟာ တောင်တရုတ်ပင်လယ်တွင်းမှာ ပထမဆုံးအကြိမ် အတူတကွဖြတ်သန်းသွား လာမှုကို လုပ်ဆောင်ခဲ့တယ်လို့ တာဝန်ရှိသူတွေက ပြောကြားခဲ့ပါတယ်။
ဖိလစ်ပိုင်သမ္မတဖာဒီနန်မားကို့စ်ဂျူနီယာဟာ အိန္ဒိယနိုင်ငံ နယူးဒေလီမြို့ကို သွားရောက်လည်ပတ်ဖို့အတွက် မနီလာမြို့ကနေ ထွက်ခွာလာစဉ်အချိန်အတွင်းမှာပဲ ဖိလစ်ပိုင်နဲ့အိန္ဒိယရေတပ်တို့ရဲ့ ပူးတွဲသွားလာမှု ထွက်ပေါ်လာ တာဖြစ်ပါတယ်။
ဖိလစ်ပိုင်နိုင်ငံဟာ တောင်တရုတ်ပင်လယ်တွင်းမှာ တရုတ်ရဲ့ကျယ်ပြန့်တဲ့တောင်းဆိုချက်တွေကို တုံ့ပြန်မှု တစ်စိတ်တစ်ပိုင်းအဖြစ် (၂၀၂၃)ခုနှစ်နှောင်းပိုင်းကတည်းက နိုင်ငံရပ်ခြားရေတပ်တွေနဲ့အတူ ရေကြောင်းဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုတွေကို လုပ်ဆောင်လာခဲ့တာဖြစ်တယ်လို့လည်း သိရပါတယ်။
ပြီးခဲ့တဲ့ မတ်လက အိန္ဒိယနိုင်ငံမှာ အိန္ဒိယစစ်တပ်အကြီးအကဲနဲ့တွေ့ဆုံစဉ်အချိန်အတွင်း ဖိလစ်ပိုင်ရဲ့သီးသန့် စီးပွားရေးဇုန်အတွင်းမှာ နှစ်ရက်ကြာပူးတွဲဖြတ်သန်းသွားလာမယ့် စိတ်ကူးကို ရရှိခဲ့တာဖြစ်တယ်လို့ ဖိလစ်ပိုင် စစ်တပ်အကြီးအကဲ ရိုမီယိုဘရောင်နာက ပြောကြားခဲ့ပါတယ်။
ရိုမီယိုဘရောင်နာက “တစ်ခါမှမကြုံဖူးတဲ့အဖြစ်အပျက်တွေကို ကျွန်တော်တို့မကြုံတွေ့ဖူးပေမယ့်လည်း မကြုံစဖူးဖြစ်ရပ်တွေဖြစ်လာနိုင်တဲ့ အရိပ်အယောင်တွေ ရှိနေပါသေးတယ်” လို့ ပြောခဲ့ပါတယ်။

Zawgyi Version:
ေတာင္တ႐ုတ္ပင္လယ္တြင္းမွာ ပထမဆုံးအႀကိမ္ ပူးတြဲသြားလာမႈကို ဖိလစ္ပိုင္နဲ႔ အိႏၵိယေရတပ္တို႔ျပဳလုပ္
Pika (NP News) - ဩဂုတ္ ၆
ဖိလစ္ပိုင္နဲ႔အိႏၵိယေရတပ္တို႔ဟာ ေတာင္တ႐ုတ္ပင္လယ္တြင္းမွာ ပထမဆုံးအႀကိမ္ အတူတကြျဖတ္သန္းသြား လာမႈကို လုပ္ေဆာင္ခဲ့တယ္လို႔ တာဝန္ရွိသူေတြက ေျပာၾကားခဲ့ပါတယ္။
ဖိလစ္ပိုင္သမၼတဖာဒီနန္မားကို႔စ္ဂ်ဴနီယာဟာ အိႏၵိယႏိုင္ငံ နယူးေဒလီၿမိဳ႕ကို သြားေရာက္လည္ပတ္ဖို႔အတြက္ မနီလာၿမိဳ႕ကေန ထြက္ခြာလာစဥ္အခ်ိန္အတြင္းမွာပဲ ဖိလစ္ပိုင္နဲ႔အိႏၵိယေရတပ္တို႔ရဲ႕ ပူးတြဲသြားလာမႈ ထြက္ေပၚလာ တာျဖစ္ပါတယ္။
ဖိလစ္ပိုင္ႏိုင္ငံဟာ ေတာင္တ႐ုတ္ပင္လယ္တြင္းမွာ တ႐ုတ္ရဲ႕က်ယ္ျပန႔္တဲ့ေတာင္းဆိုခ်က္ေတြကို တုံ႔ျပန္မႈ တစ္စိတ္တစ္ပိုင္းအျဖစ္ (၂၀၂၃)ခုႏွစ္ေႏွာင္းပိုင္းကတည္းက ႏိုင္ငံရပ္ျခားေရတပ္ေတြနဲ႔အတူ ေရေၾကာင္းဆိုင္ရာ ပူးေပါင္းေဆာင္႐ြက္မႈေတြကို လုပ္ေဆာင္လာခဲ့တာျဖစ္တယ္လို႔လည္း သိရပါတယ္။
ၿပီးခဲ့တဲ့ မတ္လက အိႏၵိယႏိုင္ငံမွာ အိႏၵိယစစ္တပ္အႀကီးအကဲနဲ႔ေတြ႕ဆုံစဥ္အခ်ိန္အတြင္း ဖိလစ္ပိုင္ရဲ႕သီးသန႔္ စီးပြားေရးဇုန္အတြင္းမွာ ႏွစ္ရက္ၾကာပူးတြဲျဖတ္သန္းသြားလာမယ့္ စိတ္ကူးကို ရရွိခဲ့တာျဖစ္တယ္လို႔ ဖိလစ္ပိုင္ စစ္တပ္အႀကီးအကဲ ႐ိုမီယိုဘေရာင္နာက ေျပာၾကားခဲ့ပါတယ္။
႐ိုမီယိုဘေရာင္နာက “တစ္ခါမွမႀကဳံဖူးတဲ့အျဖစ္အပ်က္ေတြကို ကြၽန္ေတာ္တို႔မႀကဳံေတြ႕ဖူးေပမယ့္လည္း မႀကဳံစဖူးျဖစ္ရပ္ေတြျဖစ္လာႏိုင္တဲ့ အရိပ္အေယာင္ေတြ ရွိေနပါေသးတယ္” လို႔ ေျပာခဲ့ပါတယ္။