ရုရှားရေနံဝယ်ယူမှုနဲ့ပတ်သက်ပြီး အိန္ဒိယအပေါ် အခွန်တိုးမြှင့်ကောက်ခံသွားမယ်လို့ ဒေါ်နယ်ထရမ့်ပြော

 221

Pika (NP News) - ဩဂုတ် ၆

ရုရှားရေနံဝယ်ယူမှုနဲ့ပတ်သက်ပြီး အိန္ဒိယအပေါ် အခွန်တိုးမြှင့်ကောက်ခံသွားမယ်လို့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ထုတ်ဖော်ပြောဆိုခဲ့ပါတယ်။ ဒေါ်နယ်ထရမ့်က “အိန္ဒိယအစိုးရဟာ ရုရှားရေနံအများအပြားကို ဝယ်ယူနေရုံသာမက ၎င်းတို့ဝယ်ယူထားတဲ့ရေနံတွေကို အမြတ်အစွန်းကြီးကြီးမားမားရရှိဖို့အတွက် ဈေးကွက် တွေမှာ ရောင်းချနေပါတယ်။
ရုရှားရဲ့ကျူးကျော်တိုက်ခိုက်မှုတွေကြောင့် ယူကရိန်းမှာ လူဘယ်လောက်အသတ်ခံနေရလဲဆိုတာကို ၎င်းတို့က လုံးဝဂရုမစိုက်ပါဘူး။ အဲဒါကြောင့်မလို့ အိန္ဒိယက အမေရိကန်ကိုပေးဆောင်ရတဲ့အခွန်စည်းကြပ်မှုကို သိသိ သာသာတိုးမြှင့်ပေးသွားပါမယ်” လို့ ပြောခဲ့ပါတယ်။ ဒါပေမယ့်လည်း အိန္ဒိယအပေါ် အခွန်စည်းကြပ်မှုတွေ ဘယ်လိုလုပ်ဆောင်သွားမယ်ဆိုတဲ့အသေးစိတ်အချက်အလက်တွေကိုတော့ ဒေါ်နယ်ထရမ့်က ထုတ်ဖော်ပြောဆို ခဲ့တာမျိုး မရှိခဲ့ဘူးလို့ သိရပါတယ်။
ရုရှားရဲ့ရေနံကိုဝယ်ယူမှုအတွက် အိန္ဒိယကို အမေရိကန်နဲ့ဥရောပသမဂ္ဂတို့က ပစ်မှတ်ထားနေတာဟာ တရားမျှတ မှုမရှိဘူးလို့ အိန္ဒိယအစိုးရက ပြီးခဲ့တဲ့ရက်ပိုင်းမှာ ထုတ်ပြန်ပြောကြားခဲ့ပါတယ်။ အိန္ဒိယနိုင်ငံခြားရေးဝန်ကြီး Randhir Jaiswal က “အခြားနိုင်ငံတွေလိုပဲ အိန္ဒိယနိုင်ငံဟာ ၎င်းရဲ့အမျိုးသားအကျိုးစီးပွားနဲ့ စီးပွားရေးလုံခြုံရေး ကို ကာကွယ်ဖို့ လိုအပ်တဲ့အစီအစဉ်တွေအားလုံးကို လုပ်ဆောင်သွားမှာပါ” လို့ ပြောခဲ့ပါတယ်။

Zawgyi Version:
႐ုရွားေရနံဝယ္ယူမႈနဲ႔ပတ္သက္ၿပီး အိႏၵိယအေပၚ အခြန္တိုးျမႇင့္ေကာက္ခံသြားမယ္လို႔ ေဒၚနယ္ထရမ့္ေျပာ
Pika (NP News) - ဩဂုတ္ ၆
႐ုရွားေရနံဝယ္ယူမႈနဲ႔ပတ္သက္ၿပီး အိႏၵိယအေပၚ အခြန္တိုးျမႇင့္ေကာက္ခံသြားမယ္လို႔ အေမရိကန္သမၼတ ေဒၚနယ္ထရမ့္က ထုတ္ေဖာ္ေျပာဆိုခဲ့ပါတယ္။ ေဒၚနယ္ထရမ့္က “အိႏၵိယအစိုးရဟာ ႐ုရွားေရနံအမ်ားအျပားကို ဝယ္ယူေန႐ုံသာမက ၎တို႔ဝယ္ယူထားတဲ့ေရနံေတြကို အျမတ္အစြန္းႀကီးႀကီးမားမားရရွိဖို႔အတြက္ ေဈးကြက္ ေတြမွာ ေရာင္းခ်ေနပါတယ္။
႐ုရွားရဲ႕က်ဴးေက်ာ္တိုက္ခိုက္မႈေတြေၾကာင့္ ယူကရိန္းမွာ လူဘယ္ေလာက္အသတ္ခံေနရလဲဆိုတာကို ၎တို႔က လုံးဝဂ႐ုမစိုက္ပါဘူး။ အဲဒါေၾကာင့္မလို႔ အိႏၵိယက အေမရိကန္ကိုေပးေဆာင္ရတဲ့အခြန္စည္းၾကပ္မႈကို သိသိ သာသာတိုးျမႇင့္ေပးသြားပါမယ္” လို႔ ေျပာခဲ့ပါတယ္။ ဒါေပမယ့္လည္း အိႏၵိယအေပၚ အခြန္စည္းၾကပ္မႈေတြ ဘယ္လိုလုပ္ေဆာင္သြားမယ္ဆိုတဲ့အေသးစိတ္အခ်က္အလက္ေတြကိုေတာ့ ေဒၚနယ္ထရမ့္က ထုတ္ေဖာ္ေျပာဆို ခဲ့တာမ်ိဳး မရွိခဲ့ဘူးလို႔ သိရပါတယ္။
႐ုရွားရဲ႕ေရနံကိုဝယ္ယူမႈအတြက္ အိႏၵိယကို အေမရိကန္နဲ႔ဥေရာပသမဂၢတို႔က ပစ္မွတ္ထားေနတာဟာ တရားမွ်တ မႈမရွိဘူးလို႔ အိႏၵိယအစိုးရက ၿပီးခဲ့တဲ့ရက္ပိုင္းမွာ ထုတ္ျပန္ေျပာၾကားခဲ့ပါတယ္။ အိႏၵိယႏိုင္ငံျခားေရးဝန္ႀကီး Randhir Jaiswal က “အျခားႏိုင္ငံေတြလိုပဲ အိႏၵိယႏိုင္ငံဟာ ၎ရဲ႕အမ်ိဳးသားအက်ိဳးစီးပြားနဲ႔ စီးပြားေရးလုံၿခဳံေရး ကို ကာကြယ္ဖို႔ လိုအပ္တဲ့အစီအစဥ္ေတြအားလုံးကို လုပ္ေဆာင္သြားမွာပါ” လို႔ ေျပာခဲ့ပါတယ္။

Related news

© 2021. All rights reserved.