ကရင်ပြည်နယ်တွင် ရေကြီးရေလျှံမှုများကြောင့် မိုးစပါးဧက ၃၀၀၀၀ ခန့်ရေဖုံးလွှမ်းခံခဲ့ရ

178

သက်ပိုင် (NP News) - ဩဂုတ် ၆
ကရင်ပြည်နယ်တွင် ရေကြီးရေလျှံမှုများကြောင့် စိုက်ပျိုးပြီးမျိုးစပါး ၂၉၃၄၉ ဧက ရေဖုံးလွှမ်းခံခဲ့ရကြောင်း နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။
စိုက်ပျိုးပြီးမိုးစပါး ၁၉၁၅၃၁ ဧကအနက် ၂၉၃၄၉ ဧက ရေဖုံးလွှမ်းခဲ့ကာ ဩဂုတ် ၄ ရက်အထိ ၁၁၄၃၆ ဧက ရေပြန်ပေါ်၍ ၃၄၄၉ ဧက ထိခိုက်ပျက်စီးခဲ့ကြောင်းနှင့် အချိန်မီပြန်လည်ကုစား ထွန်ယက်စိုက်ပျိုးနိုင်ရေးအတွက် ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦးနှင့် တာဝန်ရှိသူများက ဩဂုတ်လ(၅)ရက်က ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်ဝန်ကြီးများနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများသည် ဘားအံမြို့ အမှတ် (၈) ရပ်ကွက်၊ ကွင်းအမှတ် ၁၁၈၄၊ ထောင်ဝိကွင်း၊ ဘားအံမြို့နယ် ကော့လှိုက်ကျေးရွာ ထန်းတပင်ကွင်း၊ ကွင်းအမှတ် ၁၂၀၇-က၊ ၁၂၀၇-ခ၊ ၁၂၀၈-က နှင့် ၁၂၀၈-ခ တို့တွင် ရေကြီးနစ်မြုပ်ခဲ့သော မိုးစပါးစိုက်ဧကများအနက် ထိခိုက်ပျက်စီးမှုကို ကြည့်ရှုစစ်ဆေးပြီး ထိခိုက်လယ်မြေများတွင် ပြန်လည်ဖာထေးစိုက်ပျိုးနိုင်ရေး၊ ပျက်စီးလယ်မြေများ အချိန်မီပြန်လည်ထွန်ယက်စိုက်ပျိုးနိုင်ရေး၊ လိုအပ်သည့် လယ်ယာသုံးစက်ကိရိယာများ ကူညီဖြည့်ဆည်းပေးနိုင်ရေး၊ မျိုးစပါးနှင့်သွင်းအားစုများ ကူညီဖြည့်ဆည်းပေးနိုင်ရေးမှာကြားခဲ့ကြောင်း သိရသည်။
ထို့နောက် ဘားအံမြို့နယ် ကော့လှိုက်ကျေးရွာ ထန်းတပင်-ကော့လှိုက် - ဝင်းကျန် - ကရင် ဖာလင်ထုံးအိုင် လမ်းဘေးဝဲယာရှိ မိုးစပါးစိုက်ခင်းများ ရေကြီးရေလျှံမှုကြောင့် အဆိုပါလမ်းပိုင်း လမ်းပခုံးနှင့် လမ်းသားထိခိုက်မှုများအား ကြည့်ရှုစစ်ဆေးကာ ထိခိုက်မိုးစပါးများ ပြန်လည်ကုစားပေးနိုင်ရေးနှင့် ထိခိုက်လမ်း/တံတားများကို လိုအပ်သည့် ပြင်ဆင်မှုများ အမြန်ဆုံးဆောင်ရွက်ပေးနိုင်ရေးမှာကြားခဲ့ကြောင်း သိရသည်။
ယင်းနောက် ဘားအံမြို့နယ် ကော့ဒါန်းမယ်ကျေးရွာအဝင်လမ်းဘေးဝဲယာ မိုးစပါးစိုက်ခင်းများ ထိခိုက်ပျက်စီးမှုနှင့် အဆိုပါလမ်းပိုင်းထိခိုက်မှုတို့ကိုလည်းကောင်း၊ လှိုင်ရွာ-ကော့သပုတ်-ကော့ဒါန်းမယ် - ကောထမလိန်း လမ်းသဘာဝဘေးကြောင့် ထိခိုက်ပျက်စီးမှုတို့ကိုလည်းကောင်း ကြည့်ရှုစစ်ဆေးပြီး ပြည်နယ်ဝန်ကြီးချုပ်က ပြည်နယ်စိုက်ပျိုးရေးဦးစီးဌာနအနေဖြင့် သဘာဝဘေးကျရောက်ပြီးချိန် အပင်ပြုစုစောင့်ရှောက်ခြင်း၊ ဖြစ်ပွားတတ်သည့် ရောဂါပိုးမွှားများ ကာကွယ်နှိမ်နင်းခြင်း၊ ထိခိုက်ပျက်စီးမိုးစပါးစိုက်ခင်းများ ပြန်လည်ထူထောင်စိုက်ပျိုးနိုင်ရေး ကွင်းဆင်းဆောင်ရွက်ပေးရန်နှင့် ထိခိုက်လမ်း/တံတားများအား သက်ဆိုင်ရာဌာနများက အမြန်ဆုံးပြင်ဆင်ဆောင်ရွက်ပေးနိုင်ရန် မှာကြားခဲ့ကြောင်း ထုတ်ပြန်ချက်အရ သိရသည်။

Zawgyi Version:
ကရင္ျပည္နယ္တြင္ ေရႀကီးေရလွ်ံမႈမ်ားေၾကာင့္ မိုးစပါးဧက ၃၀၀၀၀ ခန႔္ေရဖုံးလႊမ္းခံခဲ့ရ
သက္ပိုင္ (NP News) - ဩဂုတ္ ၆
ကရင္ျပည္နယ္တြင္ ေရႀကီးေရလွ်ံမႈမ်ားေၾကာင့္ စိုက္ပ်ိဳးၿပီးမ်ိဳးစပါး ၂၉၃၄၉ ဧက ေရဖုံးလႊမ္းခံခဲ့ရေၾကာင္း ႏိုင္ငံေတာ္လုံၿခဳံေရးႏွင့္ ေအးခ်မ္းသာယာေရးေကာ္မရွင္၏ သတင္းထုတ္ျပန္ခ်က္အရ သိရသည္။
စိုက္ပ်ိဳးၿပီးမိုးစပါး ၁၉၁၅၃၁ ဧကအနက္ ၂၉၃၄၉ ဧက ေရဖုံးလႊမ္းခဲ့ကာ ဩဂုတ္ ၄ ရက္အထိ ၁၁၄၃၆ ဧက ေရျပန္ေပၚ၍ ၃၄၄၉ ဧက ထိခိုက္ပ်က္စီးခဲ့ေၾကာင္းႏွင့္ အခ်ိန္မီျပန္လည္ကုစား ထြန္ယက္စိုက္ပ်ိဳးႏိုင္ေရးအတြက္ ျပည္နယ္ဝန္ႀကီးခ်ဳပ္ ဦးေစာျမင့္ဦးႏွင့္ တာဝန္ရွိသူမ်ားက ဩဂုတ္လ(၅)ရက္က ကြင္းဆင္းၾကည့္ရႈစစ္ေဆးခဲ့ေၾကာင္း သိရသည္။
ျပည္နယ္ဝန္ႀကီးခ်ဳပ္၊ ျပည္နယ္ဝန္ႀကီးမ်ားႏွင့္ ဌာနဆိုင္ရာတာဝန္ရွိသူမ်ားသည္ ဘားအံၿမိဳ႕ အမွတ္ (၈) ရပ္ကြက္၊ ကြင္းအမွတ္ ၁၁၈၄၊ ေထာင္ဝိကြင္း၊ ဘားအံၿမိဳ႕နယ္ ေကာ့လႈိက္ေက်း႐ြာ ထန္းတပင္ကြင္း၊ ကြင္းအမွတ္ ၁၂၀၇-က၊ ၁၂၀၇-ခ၊ ၁၂၀၈-က ႏွင့္ ၁၂၀၈-ခ တို႔တြင္ ေရႀကီးနစ္ျမဳပ္ခဲ့ေသာ မိုးစပါးစိုက္ဧကမ်ားအနက္ ထိခိုက္ပ်က္စီးမႈကို ၾကည့္ရႈစစ္ေဆးၿပီး ထိခိုက္လယ္ေျမမ်ားတြင္ ျပန္လည္ဖာေထးစိုက္ပ်ိဳးႏိုင္ေရး၊ ပ်က္စီးလယ္ေျမမ်ား အခ်ိန္မီျပန္လည္ထြန္ယက္စိုက္ပ်ိဳးႏိုင္ေရး၊ လိုအပ္သည့္ လယ္ယာသုံးစက္ကိရိယာမ်ား ကူညီျဖည့္ဆည္းေပးႏိုင္ေရး၊ မ်ိဳးစပါးႏွင့္သြင္းအားစုမ်ား ကူညီျဖည့္ဆည္းေပးႏိုင္ေရးမွာၾကားခဲ့ေၾကာင္း သိရသည္။
ထို႔ေနာက္ ဘားအံၿမိဳ႕နယ္ ေကာ့လႈိက္ေက်း႐ြာ ထန္းတပင္-ေကာ့လႈိက္ - ဝင္းက်န္ - ကရင္ ဖာလင္ထုံးအိုင္ လမ္းေဘးဝဲယာရွိ မိုးစပါးစိုက္ခင္းမ်ား ေရႀကီးေရလွ်ံမႈေၾကာင့္ အဆိုပါလမ္းပိုင္း လမ္းပခုံးႏွင့္ လမ္းသားထိခိုက္မႈမ်ားအား ၾကည့္ရႈစစ္ေဆးကာ ထိခိုက္မိုးစပါးမ်ား ျပန္လည္ကုစားေပးႏိုင္ေရးႏွင့္ ထိခိုက္လမ္း/တံတားမ်ားကို လိုအပ္သည့္ ျပင္ဆင္မႈမ်ား အျမန္ဆုံးေဆာင္႐ြက္ေပးႏိုင္ေရးမွာၾကားခဲ့ေၾကာင္း သိရသည္။
ယင္းေနာက္ ဘားအံၿမိဳ႕နယ္ ေကာ့ဒါန္းမယ္ေက်း႐ြာအဝင္လမ္းေဘးဝဲယာ မိုးစပါးစိုက္ခင္းမ်ား ထိခိုက္ပ်က္စီးမႈႏွင့္ အဆိုပါလမ္းပိုင္းထိခိုက္မႈတို႔ကိုလည္းေကာင္း၊ လႈိင္႐ြာ-ေကာ့သပုတ္-ေကာ့ဒါန္းမယ္ - ေကာထမလိန္း လမ္းသဘာဝေဘးေၾကာင့္ ထိခိုက္ပ်က္စီးမႈတို႔ကိုလည္းေကာင္း ၾကည့္ရႈစစ္ေဆးၿပီး ျပည္နယ္ဝန္ႀကီးခ်ဳပ္က ျပည္နယ္စိုက္ပ်ိဳးေရးဦးစီးဌာနအေနျဖင့္ သဘာဝေဘးက်ေရာက္ၿပီးခ်ိန္ အပင္ျပဳစုေစာင့္ေရွာက္ျခင္း၊ ျဖစ္ပြားတတ္သည့္ ေရာဂါပိုးမႊားမ်ား ကာကြယ္ႏွိမ္နင္းျခင္း၊ ထိခိုက္ပ်က္စီးမိုးစပါးစိုက္ခင္းမ်ား ျပန္လည္ထူေထာင္စိုက္ပ်ိဳးႏိုင္ေရး ကြင္းဆင္းေဆာင္႐ြက္ေပးရန္ႏွင့္ ထိခိုက္လမ္း/တံတားမ်ားအား သက္ဆိုင္ရာဌာနမ်ားက အျမန္ဆုံးျပင္ဆင္ေဆာင္႐ြက္ေပးႏိုင္ရန္ မွာၾကားခဲ့ေၾကာင္း ထုတ္ျပန္ခ်က္အရ သိရသည္။