ယာယီသမ္မတဦးမြင့်ဆွေ ကွယ်လွန်ပြီဖြစ်၍ နိုင်ငံတော်ဈာပနအခမ်းအနားဖြင့် ကျင်းပမည်

 821

သန့်ဇင် (NP News) - ဩဂုတ် ၇

ယာယီသမ္မတဦးမြင့်ဆွေသည် ယနေ့(ဩဂုတ်လ ၇ ရက်) နံနက် ၈ နာရီ ၂၈ မိနစ်တွင် နေပြည်တော်ရှိ အမှတ် (၂) တပ်မတော် ကုတင် (၁၀၀၀) ပြည်သူ့ဆေးရုံကြီးတွင် ကွယ်လွန်ပြီဖြစ်၍ စျာပနကို နိုင်ငံတော်ဈာပနအခမ်းအနားဖြင့် ကျင်းပမည်ဖြစ်ကြောင်း အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီ၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။
အသက်(၇၅)နှစ် အရွယ်ရှိ ယာယီသမ္မတဦးမြင့်ဆွေသည် နှေးကွေးတုန့်ဆိုင်းသည့်ရောဂါ (Parkinson's Disease) ဖြင့် ၂၀၂၃ ခုနှစ် နှစ်ဆန်းပိုင်းမှစ၍ လှုပ်ရှားရာတွင် တုန့်နှေးခြင်း နှင့် အစာအာဟာရစား သုံးနိုင်မှုအားနည်း လာခြင်းတို့ကို စတင်ခံစားခဲ့ရကာ အထူးကုဆရာဝန်ကြီး များပါဝင်သော အထူးဆေးကုသမှုအဖွဲ့မှ ကျန်းမာရေးစစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရကြောင်း သိရသည်။
ကျန်းမာရေးစမ်းသပ်စစ်ဆေးချက်များအရ အာရုံကြောများ နှေးကွေးတုန့်ဆိုင်းသည့်ရောဂါ (Parkinson's Disease) ၊ ၎င်းနှင့်ဆက်စပ်ဖြစ်ပေါ်သော အာရုံကြောအားနည်းရောဂါတို့အား ခံစားနေရသည်ကို တွေ့ရှိရသည့်အတွက် ၂၀၂၄ ခုနှစ်၊ ဧပြီလ ၁၅ ရက်မှ ၁၉ ရက်အထိ စင်ကာပူနိုင်ငံ Mount Elizabeth Medical Center တွင် ဆေးကုသမှုခံယူခဲ့ရကြောင်း သိရသည်။
ထို့နောက် မေလ ၂၇ ရက်မှ ဇွန်လ ၁၈ ရက်အထိအမှတ်(၂) တပ်မတော်ဆေးရုံကြီးခုတင် (၁၀၀၀) တွင်လည်း ဆေးကုသမှုများ ဆက်လက်ခံယူခဲ့ရကြောင်း သိရသည်။
ယာယီသမ္မတ ဦးမြင့်ဆွေ၏ ကျန်းမာရေးအခြေအနေကို ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ပါမောက္ခ ဒေါက်တာ သက်ခိုင်ဝင်း ဦးဆောင်သော အထူးဆေး ကုသမှုအဖွဲ့ဖြင့် ကျန်းမာရေးစစ်ဆေးကုသမှုများ ဆက်လက်ပြုလုပ်ခဲ့ကြောင်း သိရသည်။
သို့သော် ကျန်းမာရေးအခြေအနေမှာ တိုးတက်ကောင်းမွန်လာခြင်းမရှိသည့် အတွက် ၂ဝ၂၄ ခုနှစ်၊ ဇူလိုင်လ ၁၈ ရက်နေ့မှ စတင်၍ နေအိမ်၌ပင်ဆေးခွင့်ဖြင့် အနားယူ၍ ဆေးကုသမှု ဆက်လက်ခံယူနေခဲ့ရကြောင်း သိရသည်။
ထို့နောက် ယာယီသမ္မတ ဦးမြင့်ဆွေ သည် ၂၀၂၅ ခုနှစ်၊ ဇူလိုင်လအတွင်း ကိုယ်အလေးချိန် လျော့ကျခြင်း၊ အစာကောင်းစွာ မစားနိုင်ခြင်း၊ အဖျားတက်ခြင်း၊ ဦးနှောက်နိုးကြားမှု လျော့နည်းလာခြင်းတို့ကြောင့် ဇူလိုင်လ ၂၄ ရက်နေ့တွင် အမှတ် (၂)တပ်မတော် ဆေးရုံကြီး ခုတင်(၁၀၀၀) ၌ ထပ်မံဆေးရုံတက်ရောက် ကုသမှုခံယူခဲ့ရာ ပြီးခဲ့သည့် ရက်ပိုင်းက အထူးစိုးရိမ်ဖွယ်ရာအခြေအနေဖြစ်သောကြောင့် အထူးကြပ်မတ်ကုသဆောင်၌ အထူးကြပ်မတ်ကုသမှုခံယူခဲ့ရကြောင်း သိရသည်။
ယာယီသမ္မတဦးမြင့်ဆွေကွယ်လွန်ချိန်တွင် အသက်(၇၅)နှစ်ရှိပြီဖြစ်ကြောင်း သိရသည်။

Zawgyi Version;
ယာယီသမၼတဦးျမင့္ေဆြ ကြယ္လြန္ၿပီျဖစ္၍ ႏိုင္ငံေတာ္ဈာပနအခမ္းအနားျဖင့္ က်င္းပမည္
သန႔္ဇင္ (NP News) - ဩဂုတ္ ၇
ယာယီသမၼတဦးျမင့္ေဆြသည္ ယေန႔(ဩဂုတ္လ ၇ ရက္) နံနက္ ၈ နာရီ ၂၈ မိနစ္တြင္ ေနျပည္ေတာ္ရွိ အမွတ္ (၂) တပ္မေတာ္ ကုတင္ (၁၀၀၀) ျပည္သူ႔ေဆး႐ုံႀကီးတြင္ ကြယ္လြန္ၿပီျဖစ္၍ စ်ာပနကို ႏိုင္ငံေတာ္ဈာပနအခမ္းအနားျဖင့္ က်င္းပမည္ျဖစ္ေၾကာင္း အမ်ိဳးသားကာကြယ္ေရးႏွင့္လုံၿခဳံေရးေကာင္စီ၏ သတင္းထုတ္ျပန္ခ်က္အရ သိရသည္။
အသက္(၇၅)ႏွစ္ အ႐ြယ္ရွိ ယာယီသမၼတဦးျမင့္ေဆြသည္ ေႏွးေကြးတုန႔္ဆိုင္းသည့္ေရာဂါ (Parkinson's Disease) ျဖင့္ ၂၀၂၃ ခုႏွစ္ ႏွစ္ဆန္းပိုင္းမွစ၍ လႈပ္ရွားရာတြင္ တုန႔္ေႏွးျခင္း ႏွင့္ အစာအာဟာရစား သုံးႏိုင္မႈအားနည္း လာျခင္းတို႔ကို စတင္ခံစားခဲ့ရကာ အထူးကုဆရာဝန္ႀကီး မ်ားပါဝင္ေသာ အထူးေဆးကုသမႈအဖြဲ႕မွ က်န္းမာေရးစစ္ေဆးမႈမ်ား ေဆာင္႐ြက္ခဲ့ရေၾကာင္း သိရသည္။
က်န္းမာေရးစမ္းသပ္စစ္ေဆးခ်က္မ်ားအရ အာ႐ုံေၾကာမ်ား ေႏွးေကြးတုန႔္ဆိုင္းသည့္ေရာဂါ (Parkinson's Disease) ၊ ၎ႏွင့္ဆက္စပ္ျဖစ္ေပၚေသာ အာ႐ုံေၾကာအားနည္းေရာဂါတို႔အား ခံစားေနရသည္ကို ေတြ႕ရွိရသည့္အတြက္ ၂၀၂၄ ခုႏွစ္၊ ဧၿပီလ ၁၅ ရက္မွ ၁၉ ရက္အထိ စင္ကာပူႏိုင္ငံ Mount Elizabeth Medical Center တြင္ ေဆးကုသမႈခံယူခဲ့ရေၾကာင္း သိရသည္။
ထို႔ေနာက္ ေမလ ၂၇ ရက္မွ ဇြန္လ ၁၈ ရက္အထိအမွတ္(၂) တပ္မေတာ္ေဆး႐ုံႀကီးခုတင္ (၁၀၀၀) တြင္လည္း ေဆးကုသမႈမ်ား ဆက္လက္ခံယူခဲ့ရေၾကာင္း သိရသည္။
ယာယီသမၼတ ဦးျမင့္ေဆြ၏ က်န္းမာေရးအေျခအေနကို က်န္းမာေရးဝန္ႀကီးဌာန ျပည္ေထာင္စုဝန္ႀကီး ပါေမာကၡ ေဒါက္တာ သက္ခိုင္ဝင္း ဦးေဆာင္ေသာ အထူးေဆး ကုသမႈအဖြဲ႕ျဖင့္ က်န္းမာေရးစစ္ေဆးကုသမႈမ်ား ဆက္လက္ျပဳလုပ္ခဲ့ေၾကာင္း သိရသည္။
သို႔ေသာ္ က်န္းမာေရးအေျခအေနမွာ တိုးတက္ေကာင္းမြန္လာျခင္းမရွိသည့္ အတြက္ ၂ဝ၂၄ ခုႏွစ္၊ ဇူလိုင္လ ၁၈ ရက္ေန႔မွ စတင္၍ ေနအိမ္၌ပင္ေဆးခြင့္ျဖင့္ အနားယူ၍ ေဆးကုသမႈ ဆက္လက္ခံယူေနခဲ့ရေၾကာင္း သိရသည္။
ထို႔ေနာက္ ယာယီသမၼတ ဦးျမင့္ေဆြ သည္ ၂၀၂၅ ခုႏွစ္၊ ဇူလိုင္လအတြင္း ကိုယ္အေလးခ်ိန္ ေလ်ာ့က်ျခင္း၊ အစာေကာင္းစြာ မစားႏိုင္ျခင္း၊ အဖ်ားတက္ျခင္း၊ ဦးေႏွာက္ႏိုးၾကားမႈ ေလ်ာ့နည္းလာျခင္းတို႔ေၾကာင့္ ဇူလိုင္လ ၂၄ ရက္ေန႔တြင္ အမွတ္ (၂)တပ္မေတာ္ ေဆး႐ုံႀကီး ခုတင္(၁၀၀၀) ၌ ထပ္မံေဆး႐ုံတက္ေရာက္ ကုသမႈခံယူခဲ့ရာ ၿပီးခဲ့သည့္ ရက္ပိုင္းက အထူးစိုးရိမ္ဖြယ္ရာအေျခအေနျဖစ္ေသာေၾကာင့္ အထူးၾကပ္မတ္ကုသေဆာင္၌ အထူးၾကပ္မတ္ကုသမႈခံယူခဲ့ရေၾကာင္း သိရသည္။
ယာယီသမၼတဦးျမင့္ေဆြကြယ္လြန္ခ်ိန္တြင္ အသက္(၇၅)ႏွစ္ရွိၿပီျဖစ္ေၾကာင္း သိရသည္။

Related news

© 2021. All rights reserved.