အာဖရိကကုန်သွယ်မှုပြပွဲသို့မြန်မာစီးပွားရေးလုပ်ငန်းရှင်များအားဖိတ်ခေါ်နေ

370

NP News ဩဂုတ် (၇) ရက်
(၄) ကြိမ်မြောက် အာဖရိကဒေသကုန်သွယ်မှုပြပွဲ (Intra African Trade Fair-IATF 2025) သို့ မြန်မာစီးပွားရေးလုပ်ငန်းရှင်များ ပါဝင်ပြသနိုင်ရန်ဖိတ်ခေါ်ထားကြောင်း မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့မှ သိရသည်။
အဆိုပါပြပွဲကို (၂၀၂၅) ခုနှစ်၊စက်တင်ဘာ (၄) ရက် မှ (၁၀) ရက်အထိ အယ်လ်ဂျီးရီးယားနိုင်ငံအစိုးရ၏ အာဖရိကဒေသကုန်သွယ်မှုပြပွဲ အကြံပေးကောင်စီ (IATF Advisory Council)၊ အာဖရိကသွင်းကုန်ထုတ်ကုန်ဘဏ် (African Export-Import Bank-Afreximbank)၊ အာဖရိကတိုက် လွပ်လပ်စွာကုန်သွယ်ရေးဒေသ (African Continental free Trade Area–AFCFTA) အတွင်းရေးမှူးချုပ်ရုံး၊ အာဖရိကသမဂ္ဂ (African Union–AU) များနှင့် ပူးပေါင်းပြီးအယ်လ်ဂျီးရီးယားနိုင်ငံ၊ အယ်လ်ဂျီယာစ်မြို့၌ ကျင်းပသွားမည်ဖြစ်သည်။
" ပါဝင်ပြသလိုတဲ့ မြန်မာစီးပွားရေးလုပ်ငန်းရှင်တွေ၊ ဝယ်လက် တွေ အနေနဲ့ မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့၊ ကို ဆက်သွယ်စုံစမ်းစာရင်းပေးသွင်းနိုင်ပါတယ် "ဟု မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့၊ ကုန်သွယ်မှုဖွံ့ဖြိုးရေးဌာနခွဲ၊ကပြောကြားသည်။
အာဖရိကဒေသကုန်သွယ်မှုပြပွဲ (Intra African Trade Fair-IATF 2025) သည် အပြည်ပြည်ဆိုင်ရာပြပွဲတစ်ခုဖြစ်ပြီး ၊ ပြပွဲအတွင်း စိုက်ပျိုးရေးနှင့်စိုက်ပျိုးရေးထုတ်ကုန်ပစ္စည်းများ ပြုပြင်ထုတ်လုပ်သည့် လုပ်ငန်း၊ မော်တော်ယာဉ်၊ အထည်အလိပ်လုပ်ငန်း၊ ဆောက်လုပ်ရေး၊ စားသုံးကုန်တွေ ၊ ပညာရေး၊ စွမ်းအင်နှင့်လျှပ်စစ်၊ အင်ဂျင်နီယာပိုင်းဆိုင်ရာများ၊ ဆေးဝါးလုပ်ငန်း၊ ငွေကြေးစီးဆင်းမှုဆိုင်ရာလုပ်ငန်း၊ သတင်းအချက်အလက်နှင့် ဆက်သွယ်ရေးနည်းပညာကဏ္ဍ၊ ထောက်ပံ့အုပ်ချုပ်မှုလုပ်ငန်း၊ ကုန်ထုတ်လုပ်မှု၊ သတ္ထုတူးဖော်ရေး၊ လေကြောင်းနှင့်ခရီးသွားလာရေးလုပ်ငန်းများနှင့်လူငယ်များမှ ဦးစီးသော ထွန်းသစ်စ၊ စီးပွားရေးလုပ်ငန်းများ ပါဝင်နိုင်ရန် ရည်ရွယ်ထား ကြောင်းသိရသည်။
ပြပွဲမှတစ်ဆင့် လူဦးရေ ၁.၄ ဘီလီယံ ကျော်နှင့်GDP အမေရိကန်ဒေါ်လာ ၃.၅ ထရီလီယံကျော်ရှိသည့် အာဖရိက၏ စီးပွားရေးနှင့်ကုန်သွယ်မှုဆိုင်ရာအခွင့်အလမ်း များကို ပြသပေးနိုင်မည်ဖြစ်ကြောင်းသိရသည်။
ပြပွဲနှင့် ပတ်သက်ပြီး အသေးစိတ်သိလိုသည်များနှင့် ပါဝင်ပြသလိုသည့် မြန်မာနိုင်ငံက စီးပွားရေးလုပ်ငန်းရှင်များသည် မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့၊ မှာ ပြပွဲရက်မတိုင်မီ စုံစမ်း ဆောင်ရွက်သွားနိုင်ကြောင်းသိရသည်။

Zawgyi Version:
အာဖရိကကုန္သြယ္မႈျပပြဲသို႔ျမန္မာစီးပြားေရးလုပ္ငန္းရွင္မ်ားအားဖိတ္ေခၚေန
NP News ဩဂုတ္ (၇) ရက္
(၄) ႀကိမ္ေျမာက္ အာဖရိကေဒသကုန္သြယ္မႈျပပြဲ (Intra African Trade Fair-IATF 2025) သို႔ ျမန္မာစီးပြားေရးလုပ္ငန္းရွင္မ်ား ပါဝင္ျပသႏိုင္ရန္ဖိတ္ေခၚထားေၾကာင္း ျမန္မာကုန္သြယ္မႈျမႇင့္တင္ေရးအဖြဲ႕မွ သိရသည္။
အဆိုပါျပပြဲကို (၂၀၂၅) ခုႏွစ္၊စက္တင္ဘာ (၄) ရက္ မွ (၁၀) ရက္အထိ အယ္လ္ဂ်ီးရီးယားႏိုင္ငံအစိုးရ၏ အာဖရိကေဒသကုန္သြယ္မႈျပပြဲ အႀကံေပးေကာင္စီ (IATF Advisory Council)၊ အာဖရိကသြင္းကုန္ထုတ္ကုန္ဘဏ္ (African Export-Import Bank-Afreximbank)၊ အာဖရိကတိုက္ လြပ္လပ္စြာကုန္သြယ္ေရးေဒသ (African Continental free Trade Area–AFCFTA) အတြင္းေရးမႉးခ်ဳပ္႐ုံး၊ အာဖရိကသမဂၢ (African Union–AU) မ်ားႏွင့္ ပူးေပါင္းၿပီးအယ္လ္ဂ်ီးရီးယားႏိုင္ငံ၊ အယ္လ္ဂ်ီယာစ္ၿမိဳ႕၌ က်င္းပသြားမည္ျဖစ္သည္။
" ပါဝင္ျပသလိုတဲ့ ျမန္မာစီးပြားေရးလုပ္ငန္းရွင္ေတြ၊ ဝယ္လက္ ေတြ အေနနဲ႔ ျမန္မာကုန္သြယ္မႈျမႇင့္တင္ေရးအဖြဲ႕၊ ကို ဆက္သြယ္စုံစမ္းစာရင္းေပးသြင္းႏိုင္ပါတယ္ "ဟု ျမန္မာကုန္သြယ္မႈျမႇင့္တင္ေရးအဖြဲ႕၊ ကုန္သြယ္မႈဖြံ႕ၿဖိဳးေရးဌာနခြဲ၊ကေျပာၾကားသည္။
အာဖရိကေဒသကုန္သြယ္မႈျပပြဲ (Intra African Trade Fair-IATF 2025) သည္ အျပည္ျပည္ဆိုင္ရာျပပြဲတစ္ခုျဖစ္ၿပီး ၊ ျပပြဲအတြင္း စိုက္ပ်ိဳးေရးႏွင့္စိုက္ပ်ိဳးေရးထုတ္ကုန္ပစၥည္းမ်ား ျပဳျပင္ထုတ္လုပ္သည့္ လုပ္ငန္း၊ ေမာ္ေတာ္ယာဥ္၊ အထည္အလိပ္လုပ္ငန္း၊ ေဆာက္လုပ္ေရး၊ စားသုံးကုန္ေတြ ၊ ပညာေရး၊ စြမ္းအင္ႏွင့္လွ်ပ္စစ္၊ အင္ဂ်င္နီယာပိုင္းဆိုင္ရာမ်ား၊ ေဆးဝါးလုပ္ငန္း၊ ေငြေၾကးစီးဆင္းမႈဆိုင္ရာလုပ္ငန္း၊ သတင္းအခ်က္အလက္ႏွင့္ ဆက္သြယ္ေရးနည္းပညာက႑၊ ေထာက္ပံ့အုပ္ခ်ဳပ္မႈလုပ္ငန္း၊ ကုန္ထုတ္လုပ္မႈ၊ သတၳဳတူးေဖာ္ေရး၊ ေလေၾကာင္းႏွင့္ခရီးသြားလာေရးလုပ္ငန္းမ်ားႏွင့္လူငယ္မ်ားမွ ဦးစီးေသာ ထြန္းသစ္စ၊ စီးပြားေရးလုပ္ငန္းမ်ား ပါဝင္ႏိုင္ရန္ ရည္႐ြယ္ထား ေၾကာင္းသိရသည္။
ျပပြဲမွတစ္ဆင့္ လူဦးေရ ၁.၄ ဘီလီယံ ေက်ာ္ႏွင့္GDP အေမရိကန္ေဒၚလာ ၃.၅ ထရီလီယံေက်ာ္ရွိသည့္ အာဖရိက၏ စီးပြားေရးႏွင့္ကုန္သြယ္မႈဆိုင္ရာအခြင့္အလမ္း မ်ားကို ျပသေပးႏိုင္မည္ျဖစ္ေၾကာင္းသိရသည္။
ျပပြဲႏွင့္ ပတ္သက္ၿပီး အေသးစိတ္သိလိုသည္မ်ားႏွင့္ ပါဝင္ျပသလိုသည့္ ျမန္မာႏိုင္ငံက စီးပြားေရးလုပ္ငန္းရွင္မ်ားသည္ ျမန္မာကုန္သြယ္မႈျမႇင့္တင္ေရးအဖြဲ႕၊ မွာ ျပပြဲရက္မတိုင္မီ စုံစမ္း ေဆာင္႐ြက္သြားႏိုင္ေၾကာင္းသိရသည္။