ဂါနာကာကွယ်ရေးနှင့် သဘာဝပတ်ဝန်းကျင်ဝန်ကြီးတို့ လိုက်ပါသွားသည့် ရဟတ်ယာဉ်ပျက်ကျ

 267

Pika (NP News) - သြဂုတ် ၈

ဂါနာကာကွယ်ရေးဝန်ကြီးနှင့် သဘာဝပတ်ဝန်းကျင်ဝန်ကြီးတို့သည် ရဟတ်ယာဉ်ပျက်ကျမှုတစ်ခုအတွင်း သေဆုံး သွားခဲ့ကြောင်း ဂါနာသမ္မတက ထုတ်ပြန်ပြောကြားခဲ့သည်။ ခရီးသည်(၅)ဦးနှင့် အဖွဲ့ဝင်(၃)ဦးတို့ လိုက်ပါလာသော ရဟတ်ယာဉ်တစ်စင်းသည် ရေဒါပေါ်မှပျောက်ကွယ်သွားခဲ့ကြောင်း ဂါနာစစ်တပ်က သတင်းထုတ်ပြန်ခဲ့ပြီးနောက် နာရီပိုင်းအကြာတွင် အဆိုပါသတင်းထွက်ပေါ်လာခြင်းဖြစ်သည်။
ပြီးခဲ့သည့်ဇန်နဝါရီလတွင် ဂါနာသမ္မတ John Mahama က ကျမ်းသစ္စာကျိန်ဆိုခဲ့ပြီးနောက် မကြာမီ Edward Omane Boamah သည် ဂါနာကာကွယ်ရေးဝန်ကြီးဖြစ်လာခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ထို့ပြင် Ibrahim Murtala Muhammed သည် သဘာဝပတ်ဝန်းကျင်၊ သိပ္ပံနှင့်နည်းပညာဝန်ကြီးအဖြစ် တာဝန် ထမ်းဆောင်ခဲ့ခြင်းဖြစ်သည်။ အဆိုပါရဟတ်ယာဉ်ပျက်ကျမှုတွင် လိုက်ပါသွားသူအားလုံးသေဆုံးခဲ့ကြောင်း အာဏာပိုင်များက သတင်းထုတ်ပြန်ပြောကြားခဲ့သည်။ ဂါနာအစိုးရပြောရေးဆိုခွင့်ရှိသူ Julius Debrah က “ဒီဖြစ်ရပ်အတွင်းမှာ နိုင်ငံ့တာဝန်ကိုထမ်းဆောင်နေစဉ်အချိန်အတွင်း သေဆုံးသွားခဲ့တဲ့ လူတွေအားလုံးအတွက် တကယ်ကို စိတ်မကောင်းဖြစ်မိပါတယ်” ဟု ပြောခဲ့သည်။
ဂါနာလေတပ်ရဟတ်ယာဉ်တစ်စင်းသည် အက်ကရာမြို့မှ ပျံတက်ပြီးနောက်မကြာမီ ရေဒါပေါ်မှပျောက် ကွယ်သွား ခဲ့သည်ဟု ဂါနာစစ်တပ်က သတင်းထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။ ထို့ပြင် အဆိုပါရဟတ်ယာဉ်သည် ဂါနာမြို့တော် အက်ကရာ၏ အနောက်မြောက်ဘက်တွင်ရှိသော Obuasi မြို့သို့ ဦးတည်သွားခဲ့ခြင်းဖြစ်ကြောင်း ဂါနာစစ်တပ်က ထုတ်ပြန်ပြောကြားခဲ့သည်။

Zawgyi Version:
ဂါနာကာကြယ္ေရးႏွင့္ သဘာဝပတ္ဝန္းက်င္ဝန္ႀကီးတို႔ လိုက္ပါသြားသည့္ ရဟတ္ယာဥ္ပ်က္က်
Pika (NP News) - ၾသဂုတ္ ၈
ဂါနာကာကြယ္ေရးဝန္ႀကီးႏွင့္ သဘာဝပတ္ဝန္းက်င္ဝန္ႀကီးတို႔သည္ ရဟတ္ယာဥ္ပ်က္က်မႈတစ္ခုအတြင္း ေသဆုံး သြားခဲ့ေၾကာင္း ဂါနာသမၼတက ထုတ္ျပန္ေျပာၾကားခဲ့သည္။ ခရီးသည္(၅)ဦးႏွင့္ အဖြဲ႕ဝင္(၃)ဦးတို႔ လိုက္ပါလာေသာ ရဟတ္ယာဥ္တစ္စင္းသည္ ေရဒါေပၚမွေပ်ာက္ကြယ္သြားခဲ့ေၾကာင္း ဂါနာစစ္တပ္က သတင္းထုတ္ျပန္ခဲ့ၿပီးေနာက္ နာရီပိုင္းအၾကာတြင္ အဆိုပါသတင္းထြက္ေပၚလာျခင္းျဖစ္သည္။
ၿပီးခဲ့သည့္ဇန္နဝါရီလတြင္ ဂါနာသမၼတ John Mahama က က်မ္းသစၥာက်ိန္ဆိုခဲ့ၿပီးေနာက္ မၾကာမီ Edward Omane Boamah သည္ ဂါနာကာကြယ္ေရးဝန္ႀကီးျဖစ္လာခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။
ထို႔ျပင္ Ibrahim Murtala Muhammed သည္ သဘာဝပတ္ဝန္းက်င္၊ သိပၸံႏွင့္နည္းပညာဝန္ႀကီးအျဖစ္ တာဝန္ ထမ္းေဆာင္ခဲ့ျခင္းျဖစ္သည္။ အဆိုပါရဟတ္ယာဥ္ပ်က္က်မႈတြင္ လိုက္ပါသြားသူအားလုံးေသဆုံးခဲ့ေၾကာင္း အာဏာပိုင္မ်ားက သတင္းထုတ္ျပန္ေျပာၾကားခဲ့သည္။ ဂါနာအစိုးရေျပာေရးဆိုခြင့္ရွိသူ Julius Debrah က “ဒီျဖစ္ရပ္အတြင္းမွာ ႏိုင္ငံ့တာဝန္ကိုထမ္းေဆာင္ေနစဥ္အခ်ိန္အတြင္း ေသဆုံးသြားခဲ့တဲ့ လူေတြအားလုံးအတြက္ တကယ္ကို စိတ္မေကာင္းျဖစ္မိပါတယ္” ဟု ေျပာခဲ့သည္။
ဂါနာေလတပ္ရဟတ္ယာဥ္တစ္စင္းသည္ အက္ကရာၿမိဳ႕မွ ပ်ံတက္ၿပီးေနာက္မၾကာမီ ေရဒါေပၚမွေပ်ာက္ ကြယ္သြား ခဲ့သည္ဟု ဂါနာစစ္တပ္က သတင္းထုတ္ျပန္ခဲ့ျခင္းျဖစ္သည္။ ထို႔ျပင္ အဆိုပါရဟတ္ယာဥ္သည္ ဂါနာၿမိဳ႕ေတာ္ အက္ကရာ၏ အေနာက္ေျမာက္ဘက္တြင္ရွိေသာ Obuasi ၿမိဳ႕သို႔ ဦးတည္သြားခဲ့ျခင္းျဖစ္ေၾကာင္း ဂါနာစစ္တပ္က ထုတ္ျပန္ေျပာၾကားခဲ့သည္။

Related news

© 2021. All rights reserved.