ရုရှားထံမှ ရေနံများဝယ်ယူနေသည့်အတွက် တရုတ်နိုင်ငံအပေါ် ပိတ်ဆို့မှုများ ထပ်မံချမှတ်ဖွယ်ရှိနေဟု အမေရိကန်သမ္မတ ပြော

120

ဂျန်ဇက် (NP News) - သြဂုတ် ၈
အမေရိကန်သမ္မတဒေါ်နယ်ထရမ့်သည် ရုရှားနှင့် ကုန်သွယ်မှုများ လုပ်ဆောင်နေသော နိုင်ငံများကို ဖိအားပေးရန် ကြိုးပမ်းမှုအစိတ်အပိုင်းအဖြစ် တရုတ်နိုင်ငံအပေါ် ပိတ်ဆို့မှုအသစ်များထပ်မံချမှတ်ဖွယ်ရှိနေကြောင်း ထုတ်ဖော် ပြောဆိုလိုက်သည်။ ဒေါ်နယ်ထရမ့်က လက်ရှိအချိန်တွင် ရုရှားနှင့် ရေနံ ၊ ဓါတ်ငွေ့ ကုန်သွယ်ရေးများ အဓိကထား လုပ်ကိုင်နေသည့် အိန္ဒိယနိုင်ငံကိုလည်း ကုန်သွယ်ခွန် ၂၅ ရာခိုင်နှုန်းမှ ၅ဝ ရာခိုင်နှုန်းအထိ တိုးမြင့်ကောက်ခံမည်ဟု ပြီးခဲ့သည့်ရက်ပိုင်းတွင် ခြိမ်းခြောက်ခဲ့သည်။
အမေရိကန်အစိုးရက အိန္ဒိယနိုင်ငံသည် ယူကရိန်းစစ်ပွဲနှင့်ပတ်သက်ပြီး ရုရှားနိုင်ငံကို ကူညီထောက်ပံ့ပေးနေသည့် နိုင်ငံဖြစ်ကြောင်း စွပ်စွဲဝေဖန်ထားသည်။ ထို့ပြင် အမေရိကန်သမ္မတဒေါ်နယ်ထရမ့်က ''အိန္ဒိယနိုင်ငံအပြင် တရုတ်နိုင်ငံအပေါ် ပိတ်ဆို့မှုအသစ်တွေ ထပ်မံချမှတ်တာမျိုးက ဖြစ်ကောင်းဖြစ်လာနိုင်ပါတယ်'' ဟုပြောသည်။ အိန္ဒိယနှင့် တရုတ်နိုင်ငံတို့သည် လက်ရှိအချိန်တွင် ရုရှားနိုင်ငံမှထွက်ရှိသည့်ရေနံကိုအများဆုံး ဝယ်ယူနေသည့် နိုင်ငံများဖြစ်ပြီး အမေရိကန်အစိုးရက ကုန်သွယ်ခွန်အသစ်ကောက်ခံသော်လည်း ၎င်းတို့နိုင်ငံအကျိုးစီးပွားကို ကာကွယ်သွားမည်ဟု ကတိပြုထားသည့်နိုင်ငံများဖြစ်သည်။
အိန္ဒိယနိုင်ငံခြားရေးဝန်ကြီးဌာနက ''အိန္ဒိယနိုင်ငံဟာ နိုင်ငံအကျိုးစိးပွားကို ကာကွယ်ဖို့ လိုအပ်တဲ့အရာအားလုံး လုပ်ဆောင်မယ်'' ဟု ပြောသည်။ ထို့ပြင် တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနကလည်း '' ကုန်သွယ်ခွန်ကောက်ခံတာပဲ ဖြစ်ဖြစ်၊ ကုန်သွယ်ရေးစစ်ပွဲလုပ်ဆောင်တာပဲဖြစ်ဖြစ် ဘယ်သူမှ အနိုင်ရမှာမဟုတ်ဘူး။ နိုင်ငံ အကျိုးစီးပွားကို အာမခံနိုင်မယ့်လမ်းကြောင်းနဲ့ စွမ်းအင်ထောက်ပံ့ရေးကို ပိုမိုကောင်းမွန်အောင်လုပ်ဆောင်မယ်'' ဟု ပြောသည်။
အမေရိကန်နိုင်ငံတွင် ဒေါ်နယ်ထရမ့် သမ္မတဖြစ်လာခဲ့ပြီးနောက်ပိုင်း ၃ လကျော်အကြာဖြစ်သည့် ဧပြီလအတွင်း တွင် တရုတ်နိုင်ငံနှင့်ကုန်သွယ်ရေးစစ်ပွားခဲ့ဖူးပြီး အမေရိကန်ကတရုတ်ကုန်စည်များကိုကုန်သွယ်ခွန် ၁၄၅ရာခိုင်နှုန်းအထိကောက်ခံခဲ့ဖူးသလိုတရုတ်နိုင်ငံကလည်းအမေရိကန်ကုန်စည်များကို
ကုန်သွယ်ခွန် ၁၂၅ ရာခိုင်နှုန်းအထိ အပြန်အလှန်ကောက်ခံခဲ့ဖူးသည်။ သို့သော်လည်း အမေရိကန်နှင့် တရုတ်နိုင်ငံ တို့သည် အပြန်အလှန်ကုန်သွယ်ခွန်ကောက်ခံမှုများနှင့်ပတ်သက်ပြီး မေလအတွင်းတွင် ကုန်သွယ်ရေး သဘောတူညီချက်ရရှိခဲ့ပြီးအဆိုပါ သဘောတူညီချက်က လာမည့်ရက်ပိုင်းအတွင်း သက်တမ်းကုန်ဆုံးမည်ဖြစ် သည်။ အမေရိကန်အစိုးရတာဝန်ရှိသူများ နှင့် တရုတ်ကုန်သွယ်ရေးတာဝန်ရှိသူများသည် ပြီးခဲ့သည့်သီတင်းပတ် အတွင်း ဆွီဒင်နိုင်ငံတွင် ဆွေးနွေးခဲ့ပြီး ကုန်သွယ်ရေးစစ်ပွဲနှင့်ပတ်သက်ပြီး သဘောတူညီချက်များကို သက်တမ်းတိုးရန်သဘောတူညီထားသော်လည်း အပြီးသတ်သဘောတူညီမှုမျိုးမရသေးကြောင်း သိရသည်။
အမေရိကန်နှင့် တရုတ်နိုင်ငံတို့သည် ကမ္ဘာစီးပွားရေးအကောင်းဆုံး နိုင်ငံများဖြစ်သည့်အတွက် ၎င်းတို့နှစ်နိုင်ငံကြား အငြင်းပွားမှုများက ကမ္ဘာစီးပွားရေးအပေါ် ရိုက်ခတ်မှုများဖြစ်လာဖွယ်ရှိနေသည်။

Zawgyi Version:
႐ုရွားထံမွ ေရနံမ်ားဝယ္ယူေနသည့္အတြက္ တ႐ုတ္ႏိုင္ငံအေပၚ ပိတ္ဆို႔မႈမ်ား ထပ္မံခ်မွတ္ဖြယ္ရွိေနဟု အေမရိကန္ သမၼတ ေျပာ
ဂ်န္ဇက္ (NP News) - ၾသဂုတ္ ၈
အေမရိကန္သမၼတေဒၚနယ္ထရမ့္သည္ ႐ုရွားႏွင့္ ကုန္သြယ္မႈမ်ား လုပ္ေဆာင္ေနေသာ ႏိုင္ငံမ်ားကို ဖိအားေပးရန္ ႀကိဳးပမ္းမႈအစိတ္အပိုင္းအျဖစ္ တ႐ုတ္ႏိုင္ငံအေပၚ ပိတ္ဆို႔မႈအသစ္မ်ားထပ္မံခ်မွတ္ဖြယ္ရွိေနေၾကာင္း ထုတ္ေဖာ္ ေျပာဆိုလိုက္သည္။ ေဒၚနယ္ထရမ့္က လက္ရွိအခ်ိန္တြင္ ႐ုရွားႏွင့္ ေရနံ ၊ ဓါတ္ေငြ႕ ကုန္သြယ္ေရးမ်ား အဓိကထား လုပ္ကိုင္ေနသည့္ အိႏၵိယႏိုင္ငံကိုလည္း ကုန္သြယ္ခြန္ ၂၅ ရာခိုင္ႏႈန္းမွ ၅ဝ ရာခိုင္ႏႈန္းအထိ တိုးျမင့္ေကာက္ခံမည္ဟု ၿပီးခဲ့သည့္ရက္ပိုင္းတြင္ ၿခိမ္းေျခာက္ခဲ့သည္။
အေမရိကန္အစိုးရက အိႏၵိယႏိုင္ငံသည္ ယူကရိန္းစစ္ပြဲႏွင့္ပတ္သက္ၿပီး ႐ုရွားႏိုင္ငံကို ကူညီေထာက္ပံ့ေပးေနသည့္ ႏိုင္ငံျဖစ္ေၾကာင္း စြပ္စြဲေဝဖန္ထားသည္။ ထို႔ျပင္ အေမရိကန္သမၼတေဒၚနယ္ထရမ့္က ''အိႏၵိယႏိုင္ငံအျပင္ တ႐ုတ္ႏိုင္ငံအေပၚ ပိတ္ဆို႔မႈအသစ္ေတြ ထပ္မံခ်မွတ္တာမ်ိဳးက ျဖစ္ေကာင္းျဖစ္လာႏိုင္ပါတယ္'' ဟုေျပာသည္။ အိႏၵိယႏွင့္ တ႐ုတ္ႏိုင္ငံတို႔သည္ လက္ရွိအခ်ိန္တြင္ ႐ုရွားႏိုင္ငံမွထြက္ရွိသည့္ေရနံကိုအမ်ားဆုံး ဝယ္ယူေနသည့္ ႏိုင္ငံမ်ားျဖစ္ၿပီး အေမရိကန္အစိုးရက ကုန္သြယ္ခြန္အသစ္ေကာက္ခံေသာ္လည္း ၎တို႔ႏိုင္ငံအက်ိဳးစီးပြားကို ကာကြယ္သြားမည္ဟု ကတိျပဳထားသည့္ႏိုင္ငံမ်ားျဖစ္သည္။
အိႏၵိယႏိုင္ငံျခားေရးဝန္ႀကီးဌာနက ''အိႏၵိယႏိုင္ငံဟာ ႏိုင္ငံအက်ိဳးစိးပြားကို ကာကြယ္ဖို႔ လိုအပ္တဲ့အရာအားလုံး လုပ္ေဆာင္မယ္'' ဟု ေျပာသည္။ ထို႔ျပင္ တ႐ုတ္ႏိုင္ငံျခားေရးဝန္ႀကီးဌာနကလည္း '' ကုန္သြယ္ခြန္ေကာက္ခံတာပဲ ျဖစ္ျဖစ္၊ ကုန္သြယ္ေရးစစ္ပြဲလုပ္ေဆာင္တာပဲျဖစ္ျဖစ္ ဘယ္သူမွ အႏိုင္ရမွာမဟုတ္ဘူး။ ႏိုင္ငံ အက်ိဳးစီးပြားကို အာမခံႏိုင္မယ့္လမ္းေၾကာင္းနဲ႔ စြမ္းအင္ေထာက္ပံ့ေရးကို ပိုမိုေကာင္းမြန္ေအာင္လုပ္ေဆာင္မယ္'' ဟု ေျပာသည္။
အေမရိကန္ႏိုင္ငံတြင္ ေဒၚနယ္ထရမ့္ သမၼတျဖစ္လာခဲ့ၿပီးေနာက္ပိုင္း ၃ လေက်ာ္အၾကာျဖစ္သည့္ ဧၿပီလအတြင္း တြင္ တ႐ုတ္ႏိုင္ငံႏွင့္ကုန္သြယ္ေရးစစ္ပြားခဲ့ဖူးၿပီး အေမရိကန္ကတ႐ုတ္ကုန္စည္မ်ားကိုကုန္သြယ္ခြန္ ၁၄၅ရာခိုင္ႏႈန္းအထိေကာက္ခံခဲ့ဖူးသလိုတ႐ုတ္ႏိုင္ငံကလည္းအေမရိကန္ကုန္စည္မ်ားကို
ကုန္သြယ္ခြန္ ၁၂၅ ရာခိုင္ႏႈန္းအထိ အျပန္အလွန္ေကာက္ခံခဲ့ဖူးသည္။ သို႔ေသာ္လည္း အေမရိကန္ႏွင့္ တ႐ုတ္ႏိုင္ငံ တို႔သည္ အျပန္အလွန္ကုန္သြယ္ခြန္ေကာက္ခံမႈမ်ားႏွင့္ပတ္သက္ၿပီး ေမလအတြင္းတြင္ ကုန္သြယ္ေရး သေဘာတူညီခ်က္ရရွိခဲ့ၿပီးအဆိုပါ သေဘာတူညီခ်က္က လာမည့္ရက္ပိုင္းအတြင္း သက္တမ္းကုန္ဆုံးမည္ျဖစ္ သည္။ အေမရိကန္အစိုးရတာဝန္ရွိသူမ်ား ႏွင့္ တ႐ုတ္ကုန္သြယ္ေရးတာဝန္ရွိသူမ်ားသည္ ၿပီးခဲ့သည့္သီတင္းပတ္ အတြင္း ဆြီဒင္ႏိုင္ငံတြင္ ေဆြးေႏြးခဲ့ၿပီး ကုန္သြယ္ေရးစစ္ပြဲႏွင့္ပတ္သက္ၿပီး သေဘာတူညီခ်က္မ်ားကို သက္တမ္းတိုးရန္သေဘာတူညီထားေသာ္လည္း အၿပီးသတ္သေဘာတူညီမႈမ်ိဳးမရေသးေၾကာင္း သိရသည္။
အေမရိကန္ႏွင့္ တ႐ုတ္ႏိုင္ငံတို႔သည္ ကမာၻစီးပြားေရးအေကာင္းဆုံး ႏိုင္ငံမ်ားျဖစ္သည့္အတြက္ ၎တို႔ႏွစ္ႏိုင္ငံၾကား အျငင္းပြားမႈမ်ားက ကမာၻစီးပြားေရးအေပၚ ႐ိုက္ခတ္မႈမ်ားျဖစ္လာဖြယ္ရွိေနသည္။