ဘားအံမြို့အတွင်း နေရောင်ခြည်စွမ်းအင်သုံး ဓာတ်အားပေးစက်ရုံများ တည်ဆောက်ရန် စီစဉ်နေ

332

စော (NP News) - ဩဂုတ် ၈
ကရင်ပြည်နယ်၊ ဘားအံမြို့နယ်၊ လက္ခဏကျေးရွာရှိ မြေဧရိယာ (၃၂၀)ဧကပေါ်တွင် (၈ဝ) မဂ္ဂဝပ် နေရောင်ခြည်စွမ်းအင်သုံးဓာတ်အားပေးစက်ရုံ နှင့် တောင်ကလေးကျေးရွာရှိ မြေဧရိယာ(၄၀)ဧကပေါ်တွင် (၁၀)မဂ္ဂဝပ် နေရောင်ခြည်စွမ်းအင်သုံး ဓာတ်အားပေးစက်ရုံများ တည်ဆောက်သွားမည်ဖြစ်ပြီး အဆိုပြုတင်သွင်းသည့် Zeya & Associates Co.Ltdကို ဩဂုတ်လ ၆ ရက်က လက်ခံတွေ့ဆုံခဲ့ကြောင်း ကရင်ပြည်နယ်အစိုးရအဖွဲ့၏ ထုတ်ပြန်ချက်အရ သိရသည်။
ထိုသို့တွေ့ဆုံရာတွင် စီမံကိန်းမြေနေရာနှင့်စီမံကိန်းမှ နိုင်ငံတော်ဓာတ်အားစနစ်သို့ချိတ်ဆက်မည့်ပုံစံ၊ System Configuration ၊ စီမံကိန်းဆိုင်ရာအချက်အလက်များ၊ မြေငှားစာချုပ်နှင့်ဓာတ်အား ဝယ်ယူရေးစာချုပ်ချုပ်ဆိုမည့်ပုံစံတို့ကို Executive Director Zeya & Associates Co.Ltd က ရှင်းလင်းတင်ပြခဲ့ကြောင်း ထုတ်ပြန်ထားသည်။
ထို့နောက် သက်ဆိုင်ရာဌာနများအလိုက် လိုအပ်သည့်ခွင့်ပြုမိန့်များ ရရှိနိုင်ရေး ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးကာ ဓာတ်အားပေးစက်ရုံစီမံကိန်း အမြန်ဆုံးအကောင်အထည်ဖော်ဆောင်ရွက်နိုင်ရန် ပြည်နယ်ဝန်ကြီးချုပ်က တိုက်တွန်းပြောကြားခဲ့သည်။
အဆိုပါ ဓာတ်အားပေးစက်ရုံစီမံကိန်းများကို ရင်းနှီးမြှုပ်နှံပမာဏ အမေရိကန်ဒေါ်လာသန်း(၇၀)ကျော်ဖြင့် အကောင်အထည်ဖော်ဆောင်ရွက်သွားမည်ဖြစ်ကာ လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေးလုပ်ငန်း နှင့် Letter of Acceptance လက်မှတ်ရေးထိုးပြီး ရက်ပေါင်း(၅၅၀) အတွင်း စတင်လည်ပတ်နိုင်မည်ဖြစ်၍ အဆိုပြုစီမံကိန်းကာလ မှာ (၂ဝ) နှစ် (+ ၅) နှစ် (+ ၅) နှစ်ဖြစ်ကြောင်း ထုတ်ပြန်ထားသည်။

Zawgyi Version:
ဘားအံၿမိဳ႕အတြင္း ေနေရာင္ျခည္စြမ္းအင္သုံး ဓာတ္အားေပးစက္႐ုံမ်ား တည္ေဆာက္ရန္ စီစဥ္ေန
ေစာ (NP News) - ဩဂုတ္ ၈
ကရင္ျပည္နယ္၊ ဘားအံၿမိဳ႕နယ္၊ လကၡဏေက်း႐ြာရွိ ေျမဧရိယာ (၃၂၀)ဧကေပၚတြင္ (၈ဝ) မဂၢဝပ္ ေနေရာင္ျခည္စြမ္းအင္သုံးဓာတ္အားေပးစက္႐ုံ ႏွင့္ ေတာင္ကေလးေက်း႐ြာရွိ ေျမဧရိယာ(၄၀)ဧကေပၚတြင္ (၁၀)မဂၢဝပ္ ေနေရာင္ျခည္စြမ္းအင္သုံး ဓာတ္အားေပးစက္႐ုံမ်ား တည္ေဆာက္သြားမည္ျဖစ္ၿပီး အဆိုျပဳတင္သြင္းသည့္ Zeya & Associates Co.Ltdကို ဩဂုတ္လ ၆ ရက္က လက္ခံေတြ႕ဆုံခဲ့ေၾကာင္း ကရင္ျပည္နယ္အစိုးရအဖြဲ႕၏ ထုတ္ျပန္ခ်က္အရ သိရသည္။
ထိုသို႔ေတြ႕ဆုံရာတြင္ စီမံကိန္းေျမေနရာႏွင့္စီမံကိန္းမွ ႏိုင္ငံေတာ္ဓာတ္အားစနစ္သို႔ခ်ိတ္ဆက္မည့္ပုံစံ၊ System Configuration ၊ စီမံကိန္းဆိုင္ရာအခ်က္အလက္မ်ား၊ ေျမငွားစာခ်ဳပ္ႏွင့္ဓာတ္အား ဝယ္ယူေရးစာခ်ဳပ္ခ်ဳပ္ဆိုမည့္ပုံစံတို႔ကို Executive Director Zeya & Associates Co.Ltd က ရွင္းလင္းတင္ျပခဲ့ေၾကာင္း ထုတ္ျပန္ထားသည္။
ထို႔ေနာက္ သက္ဆိုင္ရာဌာနမ်ားအလိုက္ လိုအပ္သည့္ခြင့္ျပဳမိန႔္မ်ား ရရွိႏိုင္ေရး ေပါင္းစပ္ညႇိႏႈိင္းေဆာင္႐ြက္ေပးကာ ဓာတ္အားေပးစက္႐ုံစီမံကိန္း အျမန္ဆုံးအေကာင္အထည္ေဖာ္ေဆာင္႐ြက္ႏိုင္ရန္ ျပည္နယ္ဝန္ႀကီးခ်ဳပ္က တိုက္တြန္းေျပာၾကားခဲ့သည္။
အဆိုပါ ဓာတ္အားေပးစက္႐ုံစီမံကိန္းမ်ားကို ရင္းႏွီးျမႇဳပ္ႏွံပမာဏ အေမရိကန္ေဒၚလာသန္း(၇၀)ေက်ာ္ျဖင့္ အေကာင္အထည္ေဖာ္ေဆာင္႐ြက္သြားမည္ျဖစ္ကာ လွ်ပ္စစ္ဓာတ္အားထုတ္လုပ္ေရးလုပ္ငန္း ႏွင့္ Letter of Acceptance လက္မွတ္ေရးထိုးၿပီး ရက္ေပါင္း(၅၅၀) အတြင္း စတင္လည္ပတ္ႏိုင္မည္ျဖစ္၍ အဆိုျပဳစီမံကိန္းကာလ မွာ (၂ဝ) ႏွစ္ (+ ၅) ႏွစ္ (+ ၅) ႏွစ္ျဖစ္ေၾကာင္း ထုတ္ျပန္ထားသည္။