ရွေးကောက်ပွဲလုံခြုံရေးအား ထိခိုက်စေနိုင်သော လှုံ့ဆော်မှုများ၊ ဝါဒဖြန့်မှုများအား Online Media အသုံးပြု ကျူးလွန်သော အမှုသုံးမှုကို အရေးယူဆောင်ရွက်ထား

 707

ပီယ (NP News) - စက်တင်ဘာ ၆

ရွေးကောက်ပွဲလုံခြုံရေးအား ထိခိုက်စေနိုင်သော လှုံ့ဆော်မှုများ၊ ဝါဒဖြန့်မှုများအား Online Media အသုံးပြုကျူးလွန်သော အမှုသုံးမှုကို အရေးယူဆောင်ရွက်ထားကြောင်း စက်တင်ဘာလ (၅)ရက်က ပြုလုပ်သော ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကာလ လုံခြုံရေးဆိုင်ရာကြီးကြပ်မှုဗဟိုကော်မတီအစည်းအဝေးမှ သိရသည်။

ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကာလ လုံခြုံရေးဆိုင်ရာကြီးကြပ်မှုဗဟိုကော်မတီ တွင် ဗဟိုကော်မတီဥက္ကဋ္ဌအဖြစ် ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင် က တာဝန်ယူထားခြင်း ဖြစ်သည်။

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က “ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲအား ဒီဇင်ဘာ (၂၈) ရက်မှစတင်၍ အဆင့်လိုက်ကျင်းပပြုလုပ်ပေးမည်ဖြစ်ကြောင်းနှင့် လွှတ်တော်အသီးသီးအတွက် မဲဆန္ဒနယ်များအား သတ်မှတ်ကြေညာခဲ့ပြီး” ဖြစ်သဖြင့် ပါတီစုံဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲကာလ လုံခြုံရေးဆိုင်ရာ ကြီးကြပ်မှုကော်မတီအဆင့်ဆင့်အနေဖြင့် ဥပဒေနှင့်အညီ အပ်နှင်းထားသည့် လုပ်ငန်းတာဝန်နှင့် လုပ်ပိုင်ခွင့်များအား သိရှိနားလည်ပြီး လုံခြုံရေးဆိုင်ရာလုပ်ငန်းတာဝန်များကို အထူးအလေးထား ကြိုးပမ်းဆောင်ရွက်သွားကြရန်လိုကြောင်း အစည်းအဝေးတွင် ဗဟိုကော်မတီဥက္ကဋ္ဌ က ဆိုသည်။

ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကာလ လုံခြုံရေးဆိုင်ရာ ကြီးကြပ်မှုဗဟိုကော်မတီအနေဖြင့် ရွေးကောက်ပွဲဆိုင်ရာလုပ်ငန်းစဉ်များ ပျက်ပြားစေရန် Online Media များပေါ်၌ ရေးသားဖြန့်ဝေခဲ့သူများအား ဖော်ထုတ်အရေးယူခြင်းများဆောင်ရွက်ခဲ့ရာ စက်တင်ဘာ (၂) ရက် အထိ “ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲများကို နှောင့်ယှက်ဟန့်တားဖျက်ဆီးခြင်းမှ ကာကွယ်ပေးရေးဥပဒေ” အရ အရေးယူဆောင်ရွက်မှု သုံးမှုရှိခဲ့ပြီဖြစ်ကြောင်း၊ ဆက်လက်၍ လုံခြုံရေးဆိုင်ရာ ကြီးကြပ်မှုကော်မတီများအနေဖြင့် ရွေးကောက်ပွဲလုံခြုံရေးအား ထိခိုက်စေနိုင်သော လှုံ့ဆော်မှုများ၊ ဝါဒဖြန့်မှုများအား Online Media အသုံးပြုကျူးလွန်နေသူများအား စုံစမ်းဖော်ထုတ်အရေးယူသွားရန် လိုအပ် ကြောင်း ပြောကြားသည်။

ရွေးကောက်ပွဲဆိုင်ရာကာလများအလိုက် လုံခြုံရေးကျိုးပေါက်မှုမရှိစေရေး၊ နယ်မြေတည်ငြိမ်အေးချမ်းရေးနှင့် ရပ်ရွာအေးချမ်းသာယာရေးအတွက် မှုခင်းကျဆင်းရေးနှင့် တရားဥပဒေစိုးမိုးရေးလုပ်ငန်းများကို ပြည်ထဲရေးဝန်ကြီးဌာန ကွပ်ကဲမှုအောက်ရှိ တပ်ဖွဲ့၊ ဦးစီးဌာနများအနေဖြင့် တပ်မတော်၊ ပြည်သူ့စစ်အဖွဲ့များ၊ ပြည်သူ့လုံခြုံရေးနှင့်အကြမ်းဖက်နှိမ်နင်းရေးအဖွဲ့များ၊ မိတ်ဖက်အဖွဲ့အစည်းများနှင့် ညှိနှိုင်းပေါင်းစပ်၍ အရှိန်အဟုန်မြှင့်တင်ဆောင်ရွက်သွားကြရန် ပြောကြားသည်။

zawgyi version

ေ႐ြးေကာက္ပြဲလုံၿခဳံေရးအား ထိခိုက္ေစႏိုင္ေသာ လႈံ႕ေဆာ္မႈမ်ား၊ ဝါဒျဖန႔္မႈမ်ားအား Online Media အသုံးျပဳ က်ဴးလြန္ေသာ အမႈသုံးမႈကို အေရးယူေဆာင္႐ြက္ထား

ပီယ (NP News) - စက္တင္ဘာ ၆

ေ႐ြးေကာက္ပြဲလုံၿခဳံေရးအား ထိခိုက္ေစႏိုင္ေသာ လႈံ႕ေဆာ္မႈမ်ား၊ ဝါဒျဖန႔္မႈမ်ားအား Online Media အသုံးျပဳက်ဴးလြန္ေသာ အမႈသုံးမႈကို အေရးယူေဆာင္႐ြက္ထားေၾကာင္း စက္တင္ဘာလ (၅)ရက္က ျပဳလုပ္ေသာ ပါတီစုံဒီမိုကေရစီအေထြေထြေ႐ြးေကာက္ပြဲကာလ လုံၿခဳံေရးဆိုင္ရာႀကီးၾကပ္မႈဗဟိုေကာ္မတီအစည္းအေဝးမွ သိရသည္။

ပါတီစုံဒီမိုကေရစီအေထြေထြေ႐ြးေကာက္ပြဲကာလ လုံၿခဳံေရးဆိုင္ရာႀကီးၾကပ္မႈဗဟိုေကာ္မတီ တြင္ ဗဟိုေကာ္မတီဥကၠ႒အျဖစ္ ျပည္ထဲေရးဝန္ႀကီးဌာန ျပည္ေထာင္စုဝန္ႀကီး ဒုတိယဗိုလ္ခ်ဳပ္ႀကီး ထြန္းထြန္းေနာင္ က တာဝန္ယူထားျခင္း ျဖစ္သည္။

ျပည္ေထာင္စုေ႐ြးေကာက္ပြဲေကာ္မရွင္က “ပါတီစုံဒီမိုကေရစီ အေထြေထြေ႐ြးေကာက္ပြဲအား ဒီဇင္ဘာ (၂၈) ရက္မွစတင္၍ အဆင့္လိုက္က်င္းပျပဳလုပ္ေပးမည္ျဖစ္ေၾကာင္းႏွင့္ လႊတ္ေတာ္အသီးသီးအတြက္ မဲဆႏၵနယ္မ်ားအား သတ္မွတ္ေၾကညာခဲ့ၿပီး” ျဖစ္သျဖင့္ ပါတီစုံဒီမိုကေရစီအေထြေထြ ေ႐ြးေကာက္ပြဲကာလ လုံၿခဳံေရးဆိုင္ရာ ႀကီးၾကပ္မႈေကာ္မတီအဆင့္ဆင့္အေနျဖင့္ ဥပေဒႏွင့္အညီ အပ္ႏွင္းထားသည့္ လုပ္ငန္းတာဝန္ႏွင့္ လုပ္ပိုင္ခြင့္မ်ားအား သိရွိနားလည္ၿပီး လုံၿခဳံေရးဆိုင္ရာလုပ္ငန္းတာဝန္မ်ားကို အထူးအေလးထား ႀကိဳးပမ္းေဆာင္႐ြက္သြားၾကရန္လိုေၾကာင္း အစည္းအေဝးတြင္ ဗဟိုေကာ္မတီဥကၠ႒ က ဆိုသည္။

ပါတီစုံဒီမိုကေရစီအေထြေထြေ႐ြးေကာက္ပြဲကာလ လုံၿခဳံေရးဆိုင္ရာ ႀကီးၾကပ္မႈဗဟိုေကာ္မတီအေနျဖင့္ ေ႐ြးေကာက္ပြဲဆိုင္ရာလုပ္ငန္းစဥ္မ်ား ပ်က္ျပားေစရန္ Online Media မ်ားေပၚ၌ ေရးသားျဖန႔္ေဝခဲ့သူမ်ားအား ေဖာ္ထုတ္အေရးယူျခင္းမ်ားေဆာင္႐ြက္ခဲ့ရာ စက္တင္ဘာ (၂) ရက္ အထိ “ပါတီစုံဒီမိုကေရစီအေထြေထြေ႐ြးေကာက္ပြဲမ်ားကို ေႏွာင့္ယွက္ဟန႔္တားဖ်က္ဆီးျခင္းမွ ကာကြယ္ေပးေရးဥပေဒ” အရ အေရးယူေဆာင္႐ြက္မႈ သုံးမႈရွိခဲ့ၿပီျဖစ္ေၾကာင္း၊ ဆက္လက္၍ လုံၿခဳံေရးဆိုင္ရာ ႀကီးၾကပ္မႈေကာ္မတီမ်ားအေနျဖင့္ ေ႐ြးေကာက္ပြဲလုံၿခဳံေရးအား ထိခိုက္ေစႏိုင္ေသာ လႈံ႕ေဆာ္မႈမ်ား၊ ဝါဒျဖန႔္မႈမ်ားအား Online Media အသုံးျပဳက်ဴးလြန္ေနသူမ်ားအား စုံစမ္းေဖာ္ထုတ္အေရးယူသြားရန္ လိုအပ္ ေၾကာင္း ေျပာၾကားသည္။

ေ႐ြးေကာက္ပြဲဆိုင္ရာကာလမ်ားအလိုက္ လုံၿခဳံေရးက်ိဳးေပါက္မႈမရွိေစေရး၊ နယ္ေျမတည္ၿငိမ္ေအးခ်မ္းေရးႏွင့္ ရပ္႐ြာေအးခ်မ္းသာယာေရးအတြက္ မႈခင္းက်ဆင္းေရးႏွင့္ တရားဥပေဒစိုးမိုးေရးလုပ္ငန္းမ်ားကို ျပည္ထဲေရးဝန္ႀကီးဌာန ကြပ္ကဲမႈေအာက္ရွိ တပ္ဖြဲ႕၊ ဦးစီးဌာနမ်ားအေနျဖင့္ တပ္မေတာ္၊ ျပည္သူ႔စစ္အဖြဲ႕မ်ား၊ ျပည္သူ႔လုံၿခဳံေရးႏွင့္အၾကမ္းဖက္ႏွိမ္နင္းေရးအဖြဲ႕မ်ား၊ မိတ္ဖက္အဖြဲ႕အစည္းမ်ားႏွင့္ ညႇိႏႈိင္းေပါင္းစပ္၍ အရွိန္အဟုန္ျမႇင့္တင္ေဆာင္႐ြက္သြားၾကရန္ ေျပာၾကားသည္။

Related news

© 2021. All rights reserved.