ထိုင်းလွှတ်တော်က စီးပွားရေးလုပ်ငန်းရှင်တစ်ဦးဖြစ်သော အနုတင်ကို ဝန်ကြီးချုပ်အသစ်အဖြစ် ထပ်မံရွေးချယ်

 426

ဂျန်ဇက် (NP News) - စက်တင်ဘာ ၆

ထိုင်းလွှတ်တော်သည် ထိုင်းစီးပွားရေး လုပ်ငန်းရှင်ဖြစ်သော အနုတင် ချာဗီရာကူလ်ကို ထိုင်းဝန်ကြီးချုပ် အသစ်အဖြစ် စက်တင်ဘာ (၅) ရက်တွင် မဲပေးရွေးချယ်လိုက်ကြောင်းသိရသည်။
ထိုင်းဖွဲ့စည်းပုံအခြေခံဥပဒေခုံရုံးသည် ပြီးခဲ့သောသီတင်းပတ်တွင် ပေထုံတန်ရှင်နာဝပ်ထရာ ကို ဝန်ကြီးချုပ် ရာထူးမှ ထုတ်ပယ်ရန်ဆုံးဖြတ်ခဲ့ပြီး နောက်ထိုင်းလွှတ်တော်က စက်တင်ဘာ(၅)ရက်တွင် (၃၂) ဦးမြောက်ဝန်ကြီး ချုပ်အဖြစ် ထပ်မံရွေး ချယ်ခဲ့ခြင်းဖြစ်သည်။ စက်တင်ဘာ(၅)ရက်က ဝန် ကြီးချုပ်နေရာအတွက် ဘွန်ဂျိုင်ထိုင်း ပါတီ ခေါင်းဆောင် အနုတင်နှင့် ဖြူထိုင်းပါတီမှ ကိုယ်စားလှယ် လောင်းနီတစ်ဆရီတို့ အဓိကထား ယှဉ်ပြိုင်ခဲ့ရာ အနုတင်က ထောက်ခံမဲပိုမိုရရှိကာ ဝန်ကြီးချုပ်အဖြစ် ရွေးချယ်ခံခဲ့ရခြင်းဖြစ်ကြောင်းသိရသည်။

လွှတ်တော်အတွင်း ဝန်ကြီးချုပ် ရွေးချယ်ရာတွင် အနုတင်သည် ဝန်ကြီးချုပ်ဖြစ်ရန်လိုအပ်သောမဲအရေအတွက် (၂၄၇)မဲထက် ကျော်လွန်သော မဲအရေ အတွက် ရရှိခဲ့ကြောင်းသိရသည်။ တစ်နည်းအားဖြင့် အနုတင်သည် ဝန်ကြီးချုပ်ဖြစ်ရန်အတွက် အောက်လွှတ်တော် အတွင်း လိုအပ်သော မဲရေအတွက် သုံးပုံနှစ်ပုံကျော် ကို ရရှိခဲ့ခြင်းဖြစ်သည်။

ဘွန်ဂျိုင်ထိုင်းပါတီသည် ထိုင်းအာဏာရပါတီဖြစ်သည့်ဖြူထိုင်းပါတီဦးဆောင်သော ညွန့်ပေါင်း အစိုးရအဖွဲ့တွင် ပါဝင်ခဲ့သော်လည်း ထိုင်းနှင့် ကမ္ဘောဒီးယားနိုင်ငံကြား နယ်စပ်ရေးရာအငြင်းပွားမှု များဖြစ်လာခဲ့ပြီးနောက်ပိုင်း ထိုင်း ညွန့်ပေါင်းအစိုးရ အဖွဲ့မှ နုတ်ထွက်ခဲ့ကြောင်း သိရသည်။
အနုတင် ဦးဆောင်နေသော ဘွန်ဂျိုင်ထိုင်း ပါတီသည် ထိုင်းအာဏာရပါတီဖြစ်သော ဖြူထိုင်း ပါတီ ဦးဆောင် သော ညွန့်ပေါင်းအစိုးရအဖွဲ့မှ နုတ်ထွက်ခဲ့ပြီးနောက် လွှတ်တော်အတွင်းဝန်ကြီးချုပ်အ ဖြစ်ရွေးချယ်ချိန်တွင် ထောက်ခံမဲ အများအပြားရရှိခဲ့ ခြင်းဖြစ်သည်။

ထိုင်းနိုင်ငံတွင် (၂၀၂၄)ခုနှစ်က ရွေးကောက်ပွဲကျင်းပခဲ့ပြီးနောက်ပိုင်း ဖြူထိုင်းပါတီက အနိုင်ရကာ အစိုးရအဖွဲ့ ဦးဆောင်ဖွဲ့စည်းခွင့်ရခဲ့သော်လည်း ဖြူထိုင်းပါတီမှ ရွေးချယ်တင်မြှောက်ခဲ့သော ဝန်ကြီးချုပ် နှစ်ဦးစလုံးသည် ကျင့်ဝတ်စည်းကမ်းများနှင့်မညီ သည့်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေခုံရုံး၏ ထုတ်ပယ်ခြင်းခံခဲ့ရကြောင်းသိရသည်။

ထိုင်းနိုင်ငံသည် ကမ္ဘောဒီးယားနိုင်ငံနှင့် နယ်စပ်ဒေသ အငြင်းပွားမှုများဖြစ်လာခဲ့ပြီးနောက် ထိုင်းစစ်တပ်နှင့် ကမ္ဘောဒီးယားစစ်တပ်ကြား စစ်ပွဲဖြစ် ခဲ့သလို ထိုင်းပြည်တွင်း နိုင်ငံရေးမှာလည်းပြဿနာများ ဆက်တိုက်ဖြစ်ပွားခဲ့ပြီး ပေထုံတန်ရှင်နာဝပ်ထရာ ဝန်ကြီးချုပ်ရာထူးမှ ထုတ်ပယ်ခံရချိန်အထိ တင်း မာမှုများ မြင့်တက်ခဲ့သည်။

zawgyi version

ထိုင္းလႊတ္ေတာ္က စီးပြားေရးလုပ္ငန္းရွင္တစ္ဦးျဖစ္ေသာ အႏုတင္ကို ဝန္ႀကီးခ်ဳပ္အသစ္အျဖစ္ ထပ္မံေ႐ြးခ်ယ္

ဂ်န္ဇက္ (NP News) - စက္တင္ဘာ ၆

ထိုင္းလႊတ္ေတာ္သည္ ထိုင္းစီးပြားေရး လုပ္ငန္းရွင္ျဖစ္ေသာ အႏုတင္ ခ်ာဗီရာကူလ္ကို ထိုင္းဝန္ႀကီးခ်ဳပ္ အသစ္အျဖစ္ စက္တင္ဘာ (၅) ရက္တြင္ မဲေပးေ႐ြးခ်ယ္လိုက္ေၾကာင္းသိရသည္။
ထိုင္းဖြဲ႕စည္းပုံအေျခခံဥပေဒခုံ႐ုံးသည္ ၿပီးခဲ့ေသာသီတင္းပတ္တြင္ ေပထုံတန္ရွင္နာဝပ္ထရာ ကို ဝန္ႀကီးခ်ဳပ္ ရာထူးမွ ထုတ္ပယ္ရန္ဆုံးျဖတ္ခဲ့ၿပီး ေနာက္ထိုင္းလႊတ္ေတာ္က စက္တင္ဘာ(၅)ရက္တြင္ (၃၂) ဦးေျမာက္ဝန္ႀကီး ခ်ဳပ္အျဖစ္ ထပ္မံေ႐ြး ခ်ယ္ခဲ့ျခင္းျဖစ္သည္။ စက္တင္ဘာ(၅)ရက္က ဝန္ ႀကီးခ်ဳပ္ေနရာအတြက္ ဘြန္ဂ်ိဳင္ထိုင္း ပါတီ ေခါင္းေဆာင္ အႏုတင္ႏွင့္ ျဖဴထိုင္းပါတီမွ ကိုယ္စားလွယ္ ေလာင္းနီတစ္ဆရီတို႔ အဓိကထား ယွဥ္ၿပိဳင္ခဲ့ရာ အႏုတင္က ေထာက္ခံမဲပိုမိုရရွိကာ ဝန္ႀကီးခ်ဳပ္အျဖစ္ ေ႐ြးခ်ယ္ခံခဲ့ရျခင္းျဖစ္ေၾကာင္းသိရသည္။

လႊတ္ေတာ္အတြင္း ဝန္ႀကီးခ်ဳပ္ ေ႐ြးခ်ယ္ရာတြင္ အႏုတင္သည္ ဝန္ႀကီးခ်ဳပ္ျဖစ္ရန္လိုအပ္ေသာမဲအေရအတြက္ (၂၄၇)မဲထက္ ေက်ာ္လြန္ေသာ မဲအေရ အတြက္ ရရွိခဲ့ေၾကာင္းသိရသည္။ တစ္နည္းအားျဖင့္ အႏုတင္သည္ ဝန္ႀကီးခ်ဳပ္ျဖစ္ရန္အတြက္ ေအာက္လႊတ္ေတာ္ အတြင္း လိုအပ္ေသာ မဲေရအတြက္ သုံးပုံႏွစ္ပုံေက်ာ္ ကို ရရွိခဲ့ျခင္းျဖစ္သည္။

ဘြန္ဂ်ိဳင္ထိုင္းပါတီသည္ ထိုင္းအာဏာရပါတီျဖစ္သည့္ျဖဴထိုင္းပါတီဦးေဆာင္ေသာ ၫြန႔္ေပါင္း အစိုးရအဖြဲ႕တြင္ ပါဝင္ခဲ့ေသာ္လည္း ထိုင္းႏွင့္ ကေမာၻဒီးယားႏိုင္ငံၾကား နယ္စပ္ေရးရာအျငင္းပြားမႈ မ်ားျဖစ္လာခဲ့ၿပီးေနာက္ပိုင္း ထိုင္း ၫြန႔္ေပါင္းအစိုးရ အဖြဲ႕မွ ႏုတ္ထြက္ခဲ့ေၾကာင္း သိရသည္။
အႏုတင္ ဦးေဆာင္ေနေသာ ဘြန္ဂ်ိဳင္ထိုင္း ပါတီသည္ ထိုင္းအာဏာရပါတီျဖစ္ေသာ ျဖဴထိုင္း ပါတီ ဦးေဆာင္ ေသာ ၫြန႔္ေပါင္းအစိုးရအဖြဲ႕မွ ႏုတ္ထြက္ခဲ့ၿပီးေနာက္ လႊတ္ေတာ္အတြင္းဝန္ႀကီးခ်ဳပ္အ ျဖစ္ေ႐ြးခ်ယ္ခ်ိန္တြင္ ေထာက္ခံမဲ အမ်ားအျပားရရွိခဲ့ ျခင္းျဖစ္သည္။

ထိုင္းႏိုင္ငံတြင္ (၂၀၂၄)ခုႏွစ္က ေ႐ြးေကာက္ပြဲက်င္းပခဲ့ၿပီးေနာက္ပိုင္း ျဖဴထိုင္းပါတီက အႏိုင္ရကာ အစိုးရအဖြဲ႕ ဦးေဆာင္ဖြဲ႕စည္းခြင့္ရခဲ့ေသာ္လည္း ျဖဴထိုင္းပါတီမွ ေ႐ြးခ်ယ္တင္ေျမႇာက္ခဲ့ေသာ ဝန္ႀကီးခ်ဳပ္ ႏွစ္ဦးစလုံးသည္ က်င့္ဝတ္စည္းကမ္းမ်ားႏွင့္မညီ သည့္အတြက္ ဖြဲ႕စည္းပုံအေျခခံဥပေဒခုံ႐ုံး၏ ထုတ္ပယ္ျခင္းခံခဲ့ရေၾကာင္းသိရသည္။

ထိုင္းႏိုင္ငံသည္ ကေမာၻဒီးယားႏိုင္ငံႏွင့္ နယ္စပ္ေဒသ အျငင္းပြားမႈမ်ားျဖစ္လာခဲ့ၿပီးေနာက္ ထိုင္းစစ္တပ္ႏွင့္ ကေမာၻဒီးယားစစ္တပ္ၾကား စစ္ပြဲျဖစ္ ခဲ့သလို ထိုင္းျပည္တြင္း ႏိုင္ငံေရးမွာလည္းျပႆနာမ်ား ဆက္တိုက္ျဖစ္ပြားခဲ့ၿပီး ေပထုံတန္ရွင္နာဝပ္ထရာ ဝန္ႀကီးခ်ဳပ္ရာထူးမွ ထုတ္ပယ္ခံရခ်ိန္အထိ တင္း မာမႈမ်ား ျမင့္တက္ခဲ့သည္။

Related news

© 2021. All rights reserved.