ထိုးစစ်ဆင်မှုအသစ်ကြောင့် ပါလက်စတိုင်း (၁) သန်းကျော် နေရပ်စွန့်ခွာထွက်ပြေးရနိုင်ကြောင်း အစ္စရေး ခန့်မှန်း

138

Pika (NP News) – စက်တင်ဘာ ၆
ဂါဇာကမ်းမြောင်ဒေသတွင်လုပ်ဆောင်မည့် ထိုးစစ်ဆင်မှုအသစ်ကြောင့် ပါလက်စတိုင်းပြည် သူတစ်သန်းကျော် နေရပ်စွန့်ခွာထွက်ပြေးရနိုင်ကြောင်း အာဏာပိုင်များကခန့်မှန်းထားပြီး ၎င်းတို့အတွက် လူသားချင်းစာနာ ထောက်ထားမှု ဆိုင်ရာဧရိ ယာအသစ်တစ်ခုကိုစီစဉ်နေကြောင်း အစ္စရေးအကြီး တန်းစစ်ဘက်အရာရှိတစ်ဦးက ထုတ်ဖော်ပြောဆိုခဲ့ သည်။
ဂါဇာကမ်းမြောင်ဒေသတွင် အချိန်နှစ်နှစ် နီးပါးကြာဖြစ်ပွားနေသော အစ္စရေး-ဟားမတ်စ်စစ်ပွဲကြောင့် ပါလက် စတိုင်းပြည်သူနှစ်သန်းကျော်သည် အနည်းဆုံးတစ်ကြိမ်ခန့် နေရပ်စွန့်ခွာထွက်ပြေးခဲ့ရ ကြောင်းသိရသည်။ ထို့ပြင် အစ္စရေးစစ်တပ်သည် ဂါဇာကမ်းမြောင်ဒေသတွင် အကြီးဆုံးနယ်မြေတစ်ခု ဖြစ်သော ဂါဇာစီးတီးမြို့ကိုသိမ်းပိုက်ရန် ကြိုးပမ်းနေ ပြီး အဆိုပါမြို့တွင် ပါလက်စတိုင်းပြည်သူ တစ်သန်း နီးပါးနေထိုင်ကြကြောင်း ကုလသမဂ္ဂက ခန့်မှန်းပြော ဆိုထားသည်။
မကြာသေးမီရက်ပိုင်းအတွင်း ဂါဇာကမ်း မြောင်ဒေသမြောက်ပိုင်းမှပြည်သူများ တောင်ပိုင်းသို့ ရွှေ့ပြောင်း သွားသည်ကို တွေ့မြင်ခဲ့ရကြောင်း အစ္စရေးကာကွယ်ရေးဝန်ကြီးဌာန အကြီးတန်းအရာရှိ တစ်ဦးက ထုတ်ပြန်ပြောကြား ခဲ့သည်။ ၎င်းက ‘လက်ရှိအချိန်အထိတော့ ပါလက်စတိုင်းပြည်သူ(၇)သောင်းခန့်ဟာ ဂါဇာမြောက်ပိုင်းကနေ ထွက်ခွာ သွား ကြပါပြီ’ဟု ထုတ်ပြန်ပြောဆိုခဲ့သည်။
ထို့ပြင် ဂါဇာကမ်းမြောင်ဒေသတောင်ပိုင်းသို့ ပါလက်စတိုင်းပြည်သူတစ်သန်းနီးပါး ထွက်ပြေး နိုင်သည်ဟု အစ္စရေးအာဏာပိုင်များက ခန့်မှန်းထား ကြောင်း အဆိုပါအရာရှိက ထပ်မံပြောကြားခဲ့သည်။
zawgyi version
ထိုးစစ္ဆင္မႈအသစ္ေၾကာင့္ ပါလက္စတိုင္း (၁) သန္းေက်ာ္ ေနရပ္စြန႔္ခြာထြက္ေျပးရႏိုင္ေၾကာင္း အစၥေရး ခန႔္မွန္း
Pika (NP News) – စက္တင္ဘာ ၆
ဂါဇာကမ္းေျမာင္ေဒသတြင္လုပ္ေဆာင္မည့္ ထိုးစစ္ဆင္မႈအသစ္ေၾကာင့္ ပါလက္စတိုင္းျပည္ သူတစ္သန္းေက်ာ္ ေနရပ္စြန႔္ခြာထြက္ေျပးရႏိုင္ေၾကာင္း အာဏာပိုင္မ်ားကခန႔္မွန္းထားၿပီး ၎တို႔အတြက္ လူသားခ်င္းစာနာ ေထာက္ထားမႈ ဆိုင္ရာဧရိ ယာအသစ္တစ္ခုကိုစီစဥ္ေနေၾကာင္း အစၥေရးအႀကီး တန္းစစ္ဘက္အရာရွိတစ္ဦးက ထုတ္ေဖာ္ေျပာဆိုခဲ့ သည္။
ဂါဇာကမ္းေျမာင္ေဒသတြင္ အခ်ိန္ႏွစ္ႏွစ္ နီးပါးၾကာျဖစ္ပြားေနေသာ အစၥေရး-ဟားမတ္စ္စစ္ပြဲေၾကာင့္ ပါလက္ စတိုင္းျပည္သူႏွစ္သန္းေက်ာ္သည္ အနည္းဆုံးတစ္ႀကိမ္ခန႔္ ေနရပ္စြန႔္ခြာထြက္ေျပးခဲ့ရ ေၾကာင္းသိရသည္။ ထို႔ျပင္ အစၥေရးစစ္တပ္သည္ ဂါဇာကမ္းေျမာင္ေဒသတြင္ အႀကီးဆုံးနယ္ေျမတစ္ခု ျဖစ္ေသာ ဂါဇာစီးတီးၿမိဳ႕ကိုသိမ္းပိုက္ရန္ ႀကိဳးပမ္းေန ၿပီး အဆိုပါၿမိဳ႕တြင္ ပါလက္စတိုင္းျပည္သူ တစ္သန္း နီးပါးေနထိုင္ၾကေၾကာင္း ကုလသမဂၢက ခန႔္မွန္းေျပာ ဆိုထားသည္။
မၾကာေသးမီရက္ပိုင္းအတြင္း ဂါဇာကမ္း ေျမာင္ေဒသေျမာက္ပိုင္းမွျပည္သူမ်ား ေတာင္ပိုင္းသို႔ ေ႐ႊ႕ေျပာင္း သြားသည္ကို ေတြ႕ျမင္ခဲ့ရေၾကာင္း အစၥေရးကာကြယ္ေရးဝန္ႀကီးဌာန အႀကီးတန္းအရာရွိ တစ္ဦးက ထုတ္ျပန္ေျပာၾကား ခဲ့သည္။ ၎က ‘လက္ရွိအခ်ိန္အထိေတာ့ ပါလက္စတိုင္းျပည္သူ(၇)ေသာင္းခန႔္ဟာ ဂါဇာေျမာက္ပိုင္းကေန ထြက္ခြာ သြား ၾကပါၿပီ’ဟု ထုတ္ျပန္ေျပာဆိုခဲ့သည္။
ထို႔ျပင္ ဂါဇာကမ္းေျမာင္ေဒသေတာင္ပိုင္းသို႔ ပါလက္စတိုင္းျပည္သူတစ္သန္းနီးပါး ထြက္ေျပး ႏိုင္သည္ဟု အစၥေရးအာဏာပိုင္မ်ားက ခန႔္မွန္းထား ေၾကာင္း အဆိုပါအရာရွိက ထပ္မံေျပာၾကားခဲ့သည္။