PDF အဖွဲ့များအတွင်း ခေါင်ဆောင်ပိုင်း၏ အနိုင်ကျင့်မှုကြောင့် ထွက်ပြေးအလင်းဝင်သူများရှိနေ

 698

သန့်ဇင် (NP News) – စက်တင်ဘာ ၆

မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံမြို့နယ်အတွင်းလှုပ်ရှားသော PDF အဖွဲ့များအတွင်း ခေါင်ဆောင်များ၏ အနိုင်ကျင့်ဗိုလ်ကျမှုတို့ကြောင့် ထွက်ပြေးအလင်းဝင်သူများရှိနေကြောင်း မြင်းခြံပြည်သူ့စစ်ခေါင်းဆောင် ဒေါ်သီတာယုမွန် က NP News က သို့ပြောသည်။

ယခုရက်ပိုင်းအတွင်း မြင်းခြံခရိုင် PDF တပ်ရင်း (၁၀)မှ ဖွဲ့ဝင် (၄) ဦးက တပ်ရင်းမှထွက်ပြေးသွားခဲ့ကြောင်း ၎င်းတို့ကဝန်ခံထားခဲ့သည့် အပြင် မြင်းခြံ Black Tiger အမည်ခံအဖွဲ့ကလည်း PDF (၈)ယောက် ထွက်ပြေးခဲ့ကြောင်း သတင်း များထွက်ပေါ်နေသည်။

မြင်းခြံခရိုင်အတွင်း လှုပ်ရှားသော PDF အဖွဲ့ဝင်များ အထက်ပါကဲ့သို့ ခပ်စိတ်စိတ်ထွက်ပြေးလာရခြင်း၏နောက်ကွယ်အကြောင်းအရာမှာ အဖွဲ့အတွင်း ခေါင်းဆောင်တို့၏ အနိုင်ကျင့်မှုများကို PDF တို့မခံနိုင်ကြတော့သဖြင့်ထွက်ပြေးလာရခြင်းဖြစ်ကြောင်း ဒေါ်သီတာယုမွန်က ဆိုသည်။

“အခုလိုအလင်းဝင်လာတာက ခေါင်းဆောင်ပိုင်း အနိုင်ကျင်မှုတွေကြောင့် ပြေးတာပေါ့။ အခုသူတို့ (မြင်းခြံခရိုင် PDF တပ်ရင်း) ကြေညာ ထားတာက ဒီကြေညာထားတဲ့ (၄) ယောက်ဆိုရင် သူတို့နဲ့လက်တွဲနေတာကြာပြီလေ။ ကျွန်တော်တို့ သိတယ်။ သူတို့ထဲမှ တစ်ခုခုပေါ့နော် ခေါင်းပုံဖြတ်မှုတွေလည်း ပါတာပေါ့။ အဲဒါက ပထမတစ်ခုပေါ့နော်။ နောက်ရက် ကျွန်တော်ထပ်ကြားထားတာက သင်တန်းကပြေး မယ့် ကလေးတွေကို PDFတွေ ကလိုက်ဖမ်းနေတာ။ ကျွန်တော်လည်းစုံစမ်းနေတာ။ ကျန်တော့်လက်ထဲရောက်အောင်လို့။ ဒီမှာ ကျွန်တော့်ဆီကို ပဲဆက် သွယ်နေတာ။ ကျွန်တော် ပြန်ဆက်သွယ်လို့မရဘူး”ဟု ဒေါ်သီတာယုမွန်က ဆိုသည်။

ထို့ပြင် မြင်းခြံခရိုင်အတွင်းမှ PDF များစွာသည် တပ်မတော်ထံအလင်း ဝင်ရန်ဆက်သွယ်ပြောဆိုမှုများလက်ခံရရှိထားပြီဖြစ်ကြောင်း ဒေါ်သီတာယုမွန်က ဆိုသည်။

“ကျွန်မနဲ့ဆက်သွယ်ထားတာများပြီ။ များတယ်ဆိုပေမယ့် အဲဒီကလေးတွေကို ပေးမထွက်ဘူးလေ။ ပြေးမယ်ဆိုရင် မိသား စုကိုသတ် ပစ်မယ်။ မင်းတို့အလင်းဝင်ရင်လည်း ဟိုဘက်က သတ်ပစ်တာလို့ သူတို့က ပြောထားတော့။ ကလေးတွေက ကျွန်မကိုအရင် မေးတာပေါ့။ ကျွန်တော်တို့ အလင်းဝင်လာရင် အစ်မတို့ သတ်ပစ်မှာလားဆိုတော့ ကျွန်မတို့ကလည် တပ်မတော်ကလည်း မင်းတို့ကို လက်ကမ်းကြို ဆိုနေပြီ။ အဲဒီတော့ အစ်မအသက်နဲ့အာမခံတယ်လို့ မင်းတို့ဒီဘက်အလင်းဝင်လို့မသေစေရဘူးလို့ ပြောထားတယ်”ဟု ၎င်းကပြောသည်။

အလားတူ ပြီးခဲ့သည် ဇူလိုင်လအတွင်းကလည်း ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်တွင် KPDF အဖွဲ့ဝင် (၄)ဦးက KIA ၏ ထောက်လှမ်းရေး အရာရှိအဆင့်ရှိသူကို ပစ်ခတ်ထွက်ပြေးသွားခဲ့သည့် ဖြစ်စဉ်လည်းဖြစ်ပွားခဲ့ဖူးသည်။

လက်ရှိတွင်လည်း တပ်မတော်ထံအလင်းဝင်လာသော PDF အဖွဲ့ဝင်များစွာရှိလာပြီဖြစ်ပြီး ပြီးခဲ့သည့် ဩဂုတ်လ (၃၁)ရက်အထိ အမျိုးသား (၉၁၄) ဦးနှင့် အမျိုးသမီး (၁၈၆) ဦး စုစုပေါင်း (၁၁၀၀)ဦး အလင်းဝင်ထားကြောင်း သိရသည်။

zawgyi version

PDF အဖြဲ႕မ်ားအတြင္း ေခါင္ေဆာင္ပိုင္း၏ အႏိုင္က်င့္မႈေၾကာင့္ ထြက္ေျပးအလင္းဝင္သူမ်ားရွိေန

သန႔္ဇင္ (NP News) – စက္တင္ဘာ ၆

မႏၲေလးတိုင္းေဒသႀကီး၊ ျမင္းၿခံၿမိဳ႕နယ္အတြင္းလႈပ္ရွားေသာ PDF အဖြဲ႕မ်ားအတြင္း ေခါင္ေဆာင္မ်ား၏ အႏိုင္က်င့္ဗိုလ္က်မႈတို႔ေၾကာင့္ ထြက္ေျပးအလင္းဝင္သူမ်ားရွိေနေၾကာင္း ျမင္းၿခံျပည္သူ႔စစ္ေခါင္းေဆာင္ ေဒၚသီတာယုမြန္ က NP News က သို႔ေျပာသည္။

ယခုရက္ပိုင္းအတြင္း ျမင္းၿခံခ႐ိုင္ PDF တပ္ရင္း (၁၀)မွ ဖြဲ႕ဝင္ (၄) ဦးက တပ္ရင္းမွထြက္ေျပးသြားခဲ့ေၾကာင္း ၎တို႔ကဝန္ခံထားခဲ့သည့္ အျပင္ ျမင္းၿခံ Black Tiger အမည္ခံအဖြဲ႕ကလည္း PDF (၈)ေယာက္ ထြက္ေျပးခဲ့ေၾကာင္း သတင္း မ်ားထြက္ေပၚေနသည္။

ျမင္းၿခံခ႐ိုင္အတြင္း လႈပ္ရွားေသာ PDF အဖြဲ႕ဝင္မ်ား အထက္ပါကဲ့သို႔ ခပ္စိတ္စိတ္ထြက္ေျပးလာရျခင္း၏ေနာက္ကြယ္အေၾကာင္းအရာမွာ အဖြဲ႕အတြင္း ေခါင္းေဆာင္တို႔၏ အႏိုင္က်င့္မႈမ်ားကို PDF တို႔မခံႏိုင္ၾကေတာ့သျဖင့္ထြက္ေျပးလာရျခင္းျဖစ္ေၾကာင္း ေဒၚသီတာယုမြန္က ဆိုသည္။

“အခုလိုအလင္းဝင္လာတာက ေခါင္းေဆာင္ပိုင္း အႏိုင္က်င္မႈေတြေၾကာင့္ ေျပးတာေပါ့။ အခုသူတို႔ (ျမင္းၿခံခ႐ိုင္ PDF တပ္ရင္း) ေၾကညာ ထားတာက ဒီေၾကညာထားတဲ့ (၄) ေယာက္ဆိုရင္ သူတို႔နဲ႔လက္တြဲေနတာၾကာၿပီေလ။ ကြၽန္ေတာ္တို႔ သိတယ္။ သူတို႔ထဲမွ တစ္ခုခုေပါ့ေနာ္ ေခါင္းပုံျဖတ္မႈေတြလည္း ပါတာေပါ့။ အဲဒါက ပထမတစ္ခုေပါ့ေနာ္။ ေနာက္ရက္ ကြၽန္ေတာ္ထပ္ၾကားထားတာက သင္တန္းကေျပး မယ့္ ကေလးေတြကို PDFေတြ ကလိုက္ဖမ္းေနတာ။ ကြၽန္ေတာ္လည္းစုံစမ္းေနတာ။ က်န္ေတာ့္လက္ထဲေရာက္ေအာင္လို႔။ ဒီမွာ ကြၽန္ေတာ့္ဆီကို ပဲဆက္ သြယ္ေနတာ။ ကြၽန္ေတာ္ ျပန္ဆက္သြယ္လို႔မရဘူး”ဟု ေဒၚသီတာယုမြန္က ဆိုသည္။

ထို႔ျပင္ ျမင္းၿခံခ႐ိုင္အတြင္းမွ PDF မ်ားစြာသည္ တပ္မေတာ္ထံအလင္း ဝင္ရန္ဆက္သြယ္ေျပာဆိုမႈမ်ားလက္ခံရရွိထားၿပီျဖစ္ေၾကာင္း ေဒၚသီတာယုမြန္က ဆိုသည္။

“ကြၽန္မနဲ႔ဆက္သြယ္ထားတာမ်ားၿပီ။ မ်ားတယ္ဆိုေပမယ့္ အဲဒီကေလးေတြကို ေပးမထြက္ဘူးေလ။ ေျပးမယ္ဆိုရင္ မိသား စုကိုသတ္ ပစ္မယ္။ မင္းတို႔အလင္းဝင္ရင္လည္း ဟိုဘက္က သတ္ပစ္တာလို႔ သူတို႔က ေျပာထားေတာ့။ ကေလးေတြက ကြၽန္မကိုအရင္ ေမးတာေပါ့။ ကြၽန္ေတာ္တို႔ အလင္းဝင္လာရင္ အစ္မတို႔ သတ္ပစ္မွာလားဆိုေတာ့ ကြၽန္မတို႔ကလည္ တပ္မေတာ္ကလည္း မင္းတို႔ကို လက္ကမ္းႀကိဳ ဆိုေနၿပီ။ အဲဒီေတာ့ အစ္မအသက္နဲ႔အာမခံတယ္လို႔ မင္းတို႔ဒီဘက္အလင္းဝင္လို႔မေသေစရဘူးလို႔ ေျပာထားတယ္”ဟု ၎ကေျပာသည္။

အလားတူ ၿပီးခဲ့သည္ ဇူလိုင္လအတြင္းကလည္း ကခ်င္ျပည္နယ္၊ ဖားကန႔္ၿမိဳ႕နယ္တြင္ KPDF အဖြဲ႕ဝင္ (၄)ဦးက KIA ၏ ေထာက္လွမ္းေရး အရာရွိအဆင့္ရွိသူကို ပစ္ခတ္ထြက္ေျပးသြားခဲ့သည့္ ျဖစ္စဥ္လည္းျဖစ္ပြားခဲ့ဖူးသည္။

လက္ရွိတြင္လည္း တပ္မေတာ္ထံအလင္းဝင္လာေသာ PDF အဖြဲ႕ဝင္မ်ားစြာရွိလာၿပီျဖစ္ၿပီး ၿပီးခဲ့သည့္ ဩဂုတ္လ (၃၁)ရက္အထိ အမ်ိဳးသား (၉၁၄) ဦးႏွင့္ အမ်ိဳးသမီး (၁၈၆) ဦး စုစုေပါင္း (၁၁၀၀)ဦး အလင္းဝင္ထားေၾကာင္း သိရသည္။

Related news

© 2021. All rights reserved.