(၂၀၂၆)ခုနှစ် G20ထိပ်သီးအစည်းအဝေးကို ကိုယ်ပိုင်ဂေါက်ကွင်းမှာ လက်ခံကျင်းပသွားမယ်လို့ ဒေါ်နယ်ထရမ့်ပြော

236

Pika(NP News)စက်တင်ဘာ ၇
(၂၀၂၆)ခုနှစ် G20ထိပ်သီးအစည်းအဝေးကို မိုင်ယာမီမြို့မှာရှိတဲ့ ၎င်းရဲ့ကိုယ်ပိုင်ဂေါက်ကွင်းမှာ လက်ခံကျင်းပသွားမယ်လို့ အမေရိကန်သမ္မတဒေါ်နယ်ထရမ့်က ထုတ်ဖော်ပြောဆိုခဲ့ပါတယ်။ Trump National Doral resort and spaအပန်းဖြေစခန်းဟာ လှပပြီး ဖလော်ရီဒါပြည်နယ်ရာသီဥတုက ကောင်းမွန်တာကြောင့် လာမယ့်နှစ်ဒီဇင်ဘာလမှာ အဲ့ဒီနေရာမှာစုဝေးဖို့အတွက် ရွေးချယ်ခဲ့တာဖြစ်တယ်လို့ ဒေါ်နယ်ထရမ့်က ထုတ်ပြန်ပြောကြားခဲ့ပါတယ်။ဒေါ်နယ်ထရမ့်က”လာမယ့်နှစ် G20ထိပ်သီးအစည်းအဝေးကို မိုင်ယာမီမြို့မှာရှိတဲ့ ကျွန်တော့်ရဲ့ကိုယ်ပိုင်ဂေါက်ကွင်းမှာ လက်ခံကျင်းပသွားမှာပါ။အဲ့ဒီနေရာက လေဆိပ်နဲ့အနီးဆုံးမလို့ လူတိုင်းက အဲ့ဒီမှာအစည်းအဝေးကျင်းပချင်ကြတာပါ။ပြီးတော့ ကျွန်တော့်ရဲ့ကိုယ်ပိုင်ဂေါက်ကွင်းဟာ အရမ်းကိုလှပတဲ့ အကောင်းဆုံးနေရာတစ်ခုပဲဖြစ်ပါတယ်။”လို့ပြောဆိုခဲ့ပါတယ်။ဒါ့ပြင် ၎င်းရဲ့ကိုယ်ပိုင်ဂေါက်ကွင်းမှာ G20ထိပ်သီးအစည်းအဝေးကို ကျင်းပတာဟာ ကိုယ်ပိုင်အကျိုးအမြတ်အတွက်မဟုတ်ဘူးလို့လည်း ဒေါ်နယ်ထရမ့်က ပြောကြားခဲ့ပါတယ်။ဒေါ်နယ်ထရမ့်က”ကျွန်တော်တို့က အဲ့ဒီအတွက်ပိုက်ဆံရှာမှာမဟုတ်ပါဘူး။အဲ့ဒီပွဲဟာ ပိုက်ဆံကြောင့်လုပ်တာမဟုတ်ဘူးဆိုတဲ့ သဘောတူညီချက်ကို ကျွန်တော်ရအောင်လုပ်နေပါတယ်။ G20ထိပ်သီးအစည်းအဝေးကို ဒီအတိုင်းပဲ ကောင်းကောင်းမွန်မွန်ဖြစ်စေချင်တာပါ။”လို့ပြောဆိုခဲ့ပါတယ်။

Zawgyi Version:
(၂၀၂၆)ခုႏွစ္ G20ထိပ္သီးအစည္းအေဝးကို ကိုယ္ပိုင္ေဂါက္ကြင္းမွာ လက္ခံက်င္းပသြားမယ္လို႔ ေဒၚနယ္ထရမ့္ေျပာ
Pika(NP News)စက္တင္ဘာ ၇
(၂၀၂၆)ခုႏွစ္ G20ထိပ္သီးအစည္းအေဝးကို မိုင္ယာမီၿမိဳ႕မွာရွိတဲ့ ၎ရဲ႕ကိုယ္ပိုင္ေဂါက္ကြင္းမွာ လက္ခံက်င္းပသြားမယ္လို႔ အေမရိကန္သမၼတေဒၚနယ္ထရမ့္က ထုတ္ေဖာ္ေျပာဆိုခဲ့ပါတယ္။ Trump National Doral resort and spaအပန္းေျဖစခန္းဟာ လွပၿပီး ဖေလာ္ရီဒါျပည္နယ္ရာသီဥတုက ေကာင္းမြန္တာေၾကာင့္ လာမယ့္ႏွစ္ဒီဇင္ဘာလမွာ အဲ့ဒီေနရာမွာစုေဝးဖို႔အတြက္ ေ႐ြးခ်ယ္ခဲ့တာျဖစ္တယ္လို႔ ေဒၚနယ္ထရမ့္က ထုတ္ျပန္ေျပာၾကားခဲ့ပါတယ္။ေဒၚနယ္ထရမ့္က”လာမယ့္ႏွစ္ G20ထိပ္သီးအစည္းအေဝးကို မိုင္ယာမီၿမိဳ႕မွာရွိတဲ့ ကြၽန္ေတာ့္ရဲ႕ကိုယ္ပိုင္ေဂါက္ကြင္းမွာ လက္ခံက်င္းပသြားမွာပါ။အဲ့ဒီေနရာက ေလဆိပ္နဲ႔အနီးဆုံးမလို႔ လူတိုင္းက အဲ့ဒီမွာအစည္းအေဝးက်င္းပခ်င္ၾကတာပါ။ၿပီးေတာ့ ကြၽန္ေတာ့္ရဲ႕ကိုယ္ပိုင္ေဂါက္ကြင္းဟာ အရမ္းကိုလွပတဲ့ အေကာင္းဆုံးေနရာတစ္ခုပဲျဖစ္ပါတယ္။”လို႔ေျပာဆိုခဲ့ပါတယ္။ဒါ့ျပင္ ၎ရဲ႕ကိုယ္ပိုင္ေဂါက္ကြင္းမွာ G20ထိပ္သီးအစည္းအေဝးကို က်င္းပတာဟာ ကိုယ္ပိုင္အက်ိဳးအျမတ္အတြက္မဟုတ္ဘူးလို႔လည္း ေဒၚနယ္ထရမ့္က ေျပာၾကားခဲ့ပါတယ္။ေဒၚနယ္ထရမ့္က”ကြၽန္ေတာ္တို႔က အဲ့ဒီအတြက္ပိုက္ဆံရွာမွာမဟုတ္ပါဘူး။အဲ့ဒီပြဲဟာ ပိုက္ဆံေၾကာင့္လုပ္တာမဟုတ္ဘူးဆိုတဲ့ သေဘာတူညီခ်က္ကို ကြၽန္ေတာ္ရေအာင္လုပ္ေနပါတယ္။ G20ထိပ္သီးအစည္းအေဝးကို ဒီအတိုင္းပဲ ေကာင္းေကာင္းမြန္မြန္ျဖစ္ေစခ်င္တာပါ။”လို႔ေျပာဆိုခဲ့ပါတယ္။