(၂၀၃၀) ပြည့်နှစ်မှာ ဒေါ်လာ (၁၀၃ ဒသမ ၅) ဘီလီယံကို ရောက်ရှိလာဖို့ မျှော်မှန်းထားတဲ့ အိန္ဒိယရဲ့ ဆီမီကွန်ဒတ်တာဈေးကွက်နှင့် အတူ အလုပ်အကိုင်အခွင့်အလမ်းများ

108

ALynn (NP news)
စက်တင်ဘာ (၁၁) ရက်က ထုတ်ပြန်တဲ့ အစီရင်ခံစာတစ်ခုအရ အိန္ဒိယရဲ့ ဆီမီးကွန်ဒတ်တာ ဈေးကွက်ဟာ ကမ္ဘာ့စံနှုန်းတွေကို ကျော်လွန်ပြီး ကြီးထွားလာမယ်လို့ သိရပါတယ်။ အိန္ဒိယရဲ့ ဆီမီး ကွန်ဒတ်တာ ဈေးကွက်တန်ဖိုးဟာ (၂၀၂၅) ခုနှစ်မှာ ဒေါ်လာ (၅၄ ဒသမ ၃) ဘီလီယံ ရှိရာကနေ (၂၀၃၀) ခုနှစ်မှာ ဒေါ်လာ (၁၀၃ ဒသမ ၅) ဘီလီယံ အထိ ရောက်ရှိလာဖို့ မျှော်မှန်းထားပါတယ်။ ဒါဟာ တစ်နှစ် ပေါင်းစည်းတိုးတက်နှုန်း (CAGR) (၁၃ ဒသမ ၈) ရာခိုင်နှုန်းနဲ့ ကြီးထွားလာမယ်လို့ ဖော်ပြနေတာ ဖြစ်ပါတယ်။ Quess Corp က သူတို့ရဲ့ အစီရင်ခံစာမှာ "နိုင်ငံရဲ့ ဆီမီကွန်ဒတ်တာ ကဏ္ဌဟာ ကျွန်တော်တို့ နေ့စဉ်သုံးနေတဲ့ စမတ်ဖုန်း၊ လက်တော့ပ်နဲ့ စက်မှုလုပ်ငန်းသုံးစနစ်တွေပေါ်မှာ အခြေခံနေဆဲပါ။ အဲဒီသုံးမျိုးပေါင်းရင် ဈေးကွက်ရဲ့ (၇၀) ရာခိုင်နှုန်းလောက် ရှိတယ်" လို့ ပြောထားပါတယ်။ ဒါပေမဲ့ အဆင့်မြင့် ချစ်ပ်ပြားတွေရဲ့ ဈေးကွက်ဟာ အကြီးအကျယ်တိုးချဲ့လာဖို့ အခြေအနေရှိနေတယ်လို့လည်း ဖော်ပြထားပါတယ်။
လျှပ်စစ်ကားများ (EVs)၊ 5G စနစ်များ ချဲ့ထွင်ခြင်းနဲ့ ဒေတာစင်တာများ အလျင်အမြန် တိုးချဲ့ တည်ဆောက်လာခြင်းတို့ကြောင့် အဆင့်မြင့်ချစ်ပ်ပြားတွေရဲ့ ဈေးကွက်ဟာ အကြီးအကျယ် တိုးချဲ့လာဖို့ အခြေအနေရှိနေတယ်လို့ သိရပါတယ်။ (၂၀၃၀) ပြည့်နှစ်အရောက်မှာ ကြီးမားတဲ့ စွမ်းဆောင်ရည်မြင့် (hyperscale) ဒေတာစင်တာတွေ (၇၅) ရာခိုင်နှုန်းကျော် တိုးလာဖို့ မျှော်မှန်းထားပြီး ကားအသစ် အားလုံးရဲ့ သုံးပုံတစ်ပုံနီးပါးကို EV ထုတ်လုပ်ဖို့ ခန့်မှန်းထားပါတယ်။ အဲဒီလို ပြင်ပ လိုအပ်ချက်တွေ မြင့်တက်လာချိန်မှာ အိန္ဒိယ ဆီမီကွန်ဒတ်တာ မစ်ရှင် (ISM) ကလည်း ပြည်တွင်း စွမ်းဆောင်ရည်အတွက် အခြေခံအုတ်မြစ်ကို ချနေတယ်လို့ ဖော်ပြထားပါတယ်။ ISM ကို ရူပီး (၁ ဒသမ ၆) သိန်းကုဋေဖိုးရှိတဲ့ စီမံကိန်းတွေနဲ့ အလုပ်အကိုင်အခွင့်အလမ်း (၂၉,၀၀၀) နီးပါးနဲ့ ထောက်ပံ့ဖွဲ့စည်းထားတယ်လို့ သိရ ပါတယ်။
ဒါ့ပြင် Micron ရဲ့ ဂူဂျာရတ်ပြည်နယ်က ATMP စက်ရုံလို ရင်းနှီးမြှုပ်နှံမှုတွေကလည်း ထုပ်ပိုးခြင်းနဲ့ စမ်းသပ်ခြင်းဆိုင်ရာ စွမ်းဆောင်ရည်တွေကို ခိုင်မာလာအောင် လုပ်ဆောင်နေပါတယ်။ ဒါ့ပြင် တမီလ်နာဒူး၊ ကီရာလာနဲ့ ဂူဂျာရတ်လို ပြည်နယ်တွေက ပြည်နယ်အစိုးရရဲ့ အစီအစဉ်တွေဟာ ဒုတိယတန်းစား (Tier-2) ဈေးကွက်တွေကို အရေးပါတဲ့ ဆီမီကွန်ဒတ်တာ နေရာတွေအဖြစ် ပေါ်ထွက်လာဖို့ အထောက်အကူ ပေးနေတယ်လို့ သိရပါတယ်။ Quess Corp ရဲ့ IT ဝန်ထမ်းခန့်အပ်ရေးဌာန CEO ဖြစ်သူ Kapil Joshi က "အိန္ဒိယရဲ့ ဆီမီကွန်ဒတ်တာ စက်မှုလုပ်ငန်းဟာ ဆယ်စုနှစ်ထဲကို ဝင်ရောက်လာပါပြီ။ အိန္ဒိယအစိုးရက ဒေါ်လာ (၁၀) ဘီလီယံကျော်ရှိတဲ့ ISM 2.0 ဗားရှင်း အတွက် အတည်ပြုချက်တွေကို အမြန်ဆုံး လုပ်ဆောင်နေချိန်မှာ ကျွန်တော်တို့ရဲ့ အစီရင်ခံစာက အလုပ်အကိုင်အခွင့်အလမ်းတွေအပြင် အရည် အချင်းရှိ ဝန်ထမ်းတွေ လိုအပ်လာတာကိုပါ မီးမောင်းထိုးပြထားပါတယ်" လို့ ပြောပါတယ်။
နေ့စဉ်သုံး ပစ္စည်းတွေကနေ လျှပ်စစ်ကားတွေနဲ့ အဆင့်မြင့် ဒေတာစင်တာတွေအထိ လိုအပ်ချက် တွေဟာ အဘက်ဘက်ကနေ ကျယ်ပြန့်လာနေပြီး အိန္ဒိယဟာ ကမ္ဘာ့ထောက်ပံ့ရေး ကွင်းဆက်ရဲ့ မရှိမဖြစ် အစိတ်အပိုင်းတစ်ခု ဖြစ်လာနေပါတယ်။ ဒီဖြစ်ရပ်ကို ထူးခြားစေတာက ပမာဏ (scale) နဲ့ စွမ်းဆောင်ရည် (capability) နှစ်ခု ပေါင်းစပ်မှုပဲ ဖြစ်တယ်လို့ သူက ထပ်လောင်းပြောကြားခဲ့ပါတယ်။ အိန္ဒိယရဲ့ ဆီမီကွန်ဒတ်တာနဲ့ပတ်သက်တဲ့ ကမ္ဘာလုံးဆိုင်ရာ စွမ်းဆောင်ရည်စင်တာတွေ (GCCs) ဟာ အထောက် အပံ့ပေးရုံ သက်သက်မဟုတ်တော့ဘူးလို့ သိရပါတယ်။ ချစ်ပ်ပြား အစီအစဉ် အသစ်တွေရဲ့ တစ်ဝက် နီးပါးမှာ AI (ဉာဏ်ရည်တု) အရှိန်မြှင့်တင်စနစ်တွေ ပါဝင်နေပြီး စစ်ဆေးခြင်းလုပ်ငန်းစဉ်ရဲ့ သုံးပုံတစ်ပုံ ကလည်း Machine Learning စနစ် ကို အသုံးပြုနေကြပါတယ်။
အိန္ဒိယမှာ ဆီမီကွန်ဒတ်တာ ကျွမ်းကျင်ပညာရှင် (၂၅၀,၀၀၀) ကျော် ရှိနေပြီးသားပါ။ (၂၀၂၄-၂၅) ခုနှစ်အတွက် အလုပ်နေရာအသစ် (၄၃,၀၀၀) ကိုလည်း လျာထားပြီးသားဖြစ်တယ်။ ဒီဝန်ထမ်း အင်အား ဟာ (၂၀၃၀) ပြည့်နှစ်အရောက်မှာ (၁၂၀) ရာခိုင်နှုန်းကျော် တိုးလာပြီး (၄၀၀,၀၀၀) နီးပါးအထိ ရောက်ရှိဖို့ ခန့်မှန်းထားပါတယ်။ ဒီဝန်ထမ်းအင်အားစုဟာ ဒီဇိုင်း၊ EDA ကိရိယာ ဖန်တီးမှုနဲ့ ATMP ထုတ်လုပ်မှု စတဲ့ နယ်ပယ်တွေအနှံ့ ပါဝင်နေတဲ့အတွက် အိန္ဒိယဟာ တန်ဖိုးကွင်းဆက်တစ်ခုလုံးမှာ စွမ်းဆောင်ရည်ကို တည်ဆောက်နေတာကို ပြသနေတယ်လို့ အစီရင်ခံစာက ဖော်ပြထားပါတယ်။

Zawgyi Version:
(၂၀၃၀) ျပည့္ႏွစ္မွာ ေဒၚလာ (၁၀၃ ဒသမ ၅) ဘီလီယံကို ေရာက္ရွိလာဖို႔ ေမွ်ာ္မွန္းထားတဲ့ အိႏၵိယရဲ႕ ဆီမီကြန္ဒတ္တာေဈးကြက္ႏွင့္ အတူ အလုပ္အကိုင္အခြင့္အလမ္းမ်ား
ALynn (NP news)
စက္တင္ဘာ (၁၁) ရက္က ထုတ္ျပန္တဲ့ အစီရင္ခံစာတစ္ခုအရ အိႏၵိယရဲ႕ ဆီမီးကြန္ဒတ္တာ ေဈးကြက္ဟာ ကမာၻ႔စံႏႈန္းေတြကို ေက်ာ္လြန္ၿပီး ႀကီးထြားလာမယ္လို႔ သိရပါတယ္။ အိႏၵိယရဲ႕ ဆီမီး ကြန္ဒတ္တာ ေဈးကြက္တန္ဖိုးဟာ (၂၀၂၅) ခုႏွစ္မွာ ေဒၚလာ (၅၄ ဒသမ ၃) ဘီလီယံ ရွိရာကေန (၂၀၃၀) ခုႏွစ္မွာ ေဒၚလာ (၁၀၃ ဒသမ ၅) ဘီလီယံ အထိ ေရာက္ရွိလာဖို႔ ေမွ်ာ္မွန္းထားပါတယ္။ ဒါဟာ တစ္ႏွစ္ ေပါင္းစည္းတိုးတက္ႏႈန္း (CAGR) (၁၃ ဒသမ ၈) ရာခိုင္ႏႈန္းနဲ႔ ႀကီးထြားလာမယ္လို႔ ေဖာ္ျပေနတာ ျဖစ္ပါတယ္။ Quess Corp က သူတို႔ရဲ႕ အစီရင္ခံစာမွာ "ႏိုင္ငံရဲ႕ ဆီမီကြန္ဒတ္တာ ကဏၭဟာ ကြၽန္ေတာ္တို႔ ေန႔စဥ္သုံးေနတဲ့ စမတ္ဖုန္း၊ လက္ေတာ့ပ္နဲ႔ စက္မႈလုပ္ငန္းသုံးစနစ္ေတြေပၚမွာ အေျခခံေနဆဲပါ။ အဲဒီသုံးမ်ိဳးေပါင္းရင္ ေဈးကြက္ရဲ႕ (၇၀) ရာခိုင္ႏႈန္းေလာက္ ရွိတယ္" လို႔ ေျပာထားပါတယ္။ ဒါေပမဲ့ အဆင့္ျမင့္ ခ်စ္ပ္ျပားေတြရဲ႕ ေဈးကြက္ဟာ အႀကီးအက်ယ္တိုးခ်ဲ႕လာဖို႔ အေျခအေနရွိေနတယ္လို႔လည္း ေဖာ္ျပထားပါတယ္။
လွ်ပ္စစ္ကားမ်ား (EVs)၊ 5G စနစ္မ်ား ခ်ဲ႕ထြင္ျခင္းနဲ႔ ေဒတာစင္တာမ်ား အလ်င္အျမန္ တိုးခ်ဲ႕ တည္ေဆာက္လာျခင္းတို႔ေၾကာင့္ အဆင့္ျမင့္ခ်စ္ပ္ျပားေတြရဲ႕ ေဈးကြက္ဟာ အႀကီးအက်ယ္ တိုးခ်ဲ႕လာဖို႔ အေျခအေနရွိေနတယ္လို႔ သိရပါတယ္။ (၂၀၃၀) ျပည့္ႏွစ္အေရာက္မွာ ႀကီးမားတဲ့ စြမ္းေဆာင္ရည္ျမင့္ (hyperscale) ေဒတာစင္တာေတြ (၇၅) ရာခိုင္ႏႈန္းေက်ာ္ တိုးလာဖို႔ ေမွ်ာ္မွန္းထားၿပီး ကားအသစ္ အားလုံးရဲ႕ သုံးပုံတစ္ပုံနီးပါးကို EV ထုတ္လုပ္ဖို႔ ခန႔္မွန္းထားပါတယ္။ အဲဒီလို ျပင္ပ လိုအပ္ခ်က္ေတြ ျမင့္တက္လာခ်ိန္မွာ အိႏၵိယ ဆီမီကြန္ဒတ္တာ မစ္ရွင္ (ISM) ကလည္း ျပည္တြင္း စြမ္းေဆာင္ရည္အတြက္ အေျခခံအုတ္ျမစ္ကို ခ်ေနတယ္လို႔ ေဖာ္ျပထားပါတယ္။ ISM ကို ႐ူပီး (၁ ဒသမ ၆) သိန္းကုေဋဖိုးရွိတဲ့ စီမံကိန္းေတြနဲ႔ အလုပ္အကိုင္အခြင့္အလမ္း (၂၉,၀၀၀) နီးပါးနဲ႔ ေထာက္ပံ့ဖြဲ႕စည္းထားတယ္လို႔ သိရ ပါတယ္။
ဒါ့ျပင္ Micron ရဲ႕ ဂူဂ်ာရတ္ျပည္နယ္က ATMP စက္႐ုံလို ရင္းႏွီးျမႇဳပ္ႏွံမႈေတြကလည္း ထုပ္ပိုးျခင္းနဲ႔ စမ္းသပ္ျခင္းဆိုင္ရာ စြမ္းေဆာင္ရည္ေတြကို ခိုင္မာလာေအာင္ လုပ္ေဆာင္ေနပါတယ္။ ဒါ့ျပင္ တမီလ္နာဒူး၊ ကီရာလာနဲ႔ ဂူဂ်ာရတ္လို ျပည္နယ္ေတြက ျပည္နယ္အစိုးရရဲ႕ အစီအစဥ္ေတြဟာ ဒုတိယတန္းစား (Tier-2) ေဈးကြက္ေတြကို အေရးပါတဲ့ ဆီမီကြန္ဒတ္တာ ေနရာေတြအျဖစ္ ေပၚထြက္လာဖို႔ အေထာက္အကူ ေပးေနတယ္လို႔ သိရပါတယ္။ Quess Corp ရဲ႕ IT ဝန္ထမ္းခန႔္အပ္ေရးဌာန CEO ျဖစ္သူ Kapil Joshi က "အိႏၵိယရဲ႕ ဆီမီကြန္ဒတ္တာ စက္မႈလုပ္ငန္းဟာ ဆယ္စုႏွစ္ထဲကို ဝင္ေရာက္လာပါၿပီ။ အိႏၵိယအစိုးရက ေဒၚလာ (၁၀) ဘီလီယံေက်ာ္ရွိတဲ့ ISM 2.0 ဗားရွင္း အတြက္ အတည္ျပဳခ်က္ေတြကို အျမန္ဆုံး လုပ္ေဆာင္ေနခ်ိန္မွာ ကြၽန္ေတာ္တို႔ရဲ႕ အစီရင္ခံစာက အလုပ္အကိုင္အခြင့္အလမ္းေတြအျပင္ အရည္ အခ်င္းရွိ ဝန္ထမ္းေတြ လိုအပ္လာတာကိုပါ မီးေမာင္းထိုးျပထားပါတယ္" လို႔ ေျပာပါတယ္။
ေန႔စဥ္သုံး ပစၥည္းေတြကေန လွ်ပ္စစ္ကားေတြနဲ႔ အဆင့္ျမင့္ ေဒတာစင္တာေတြအထိ လိုအပ္ခ်က္ ေတြဟာ အဘက္ဘက္ကေန က်ယ္ျပန႔္လာေနၿပီး အိႏၵိယဟာ ကမာၻ႔ေထာက္ပံ့ေရး ကြင္းဆက္ရဲ႕ မရွိမျဖစ္ အစိတ္အပိုင္းတစ္ခု ျဖစ္လာေနပါတယ္။ ဒီျဖစ္ရပ္ကို ထူးျခားေစတာက ပမာဏ (scale) နဲ႔ စြမ္းေဆာင္ရည္ (capability) ႏွစ္ခု ေပါင္းစပ္မႈပဲ ျဖစ္တယ္လို႔ သူက ထပ္ေလာင္းေျပာၾကားခဲ့ပါတယ္။ အိႏၵိယရဲ႕ ဆီမီကြန္ဒတ္တာနဲ႔ပတ္သက္တဲ့ ကမာၻလုံးဆိုင္ရာ စြမ္းေဆာင္ရည္စင္တာေတြ (GCCs) ဟာ အေထာက္ အပံ့ေပး႐ုံ သက္သက္မဟုတ္ေတာ့ဘူးလို႔ သိရပါတယ္။ ခ်စ္ပ္ျပား အစီအစဥ္ အသစ္ေတြရဲ႕ တစ္ဝက္ နီးပါးမွာ AI (ဉာဏ္ရည္တု) အရွိန္ျမႇင့္တင္စနစ္ေတြ ပါဝင္ေနၿပီး စစ္ေဆးျခင္းလုပ္ငန္းစဥ္ရဲ႕ သုံးပုံတစ္ပုံ ကလည္း Machine Learning စနစ္ ကို အသုံးျပဳေနၾကပါတယ္။
အိႏၵိယမွာ ဆီမီကြန္ဒတ္တာ ကြၽမ္းက်င္ပညာရွင္ (၂၅၀,၀၀၀) ေက်ာ္ ရွိေနၿပီးသားပါ။ (၂၀၂၄-၂၅) ခုႏွစ္အတြက္ အလုပ္ေနရာအသစ္ (၄၃,၀၀၀) ကိုလည္း လ်ာထားၿပီးသားျဖစ္တယ္။ ဒီဝန္ထမ္း အင္အား ဟာ (၂၀၃၀) ျပည့္ႏွစ္အေရာက္မွာ (၁၂၀) ရာခိုင္ႏႈန္းေက်ာ္ တိုးလာၿပီး (၄၀၀,၀၀၀) နီးပါးအထိ ေရာက္ရွိဖို႔ ခန႔္မွန္းထားပါတယ္။ ဒီဝန္ထမ္းအင္အားစုဟာ ဒီဇိုင္း၊ EDA ကိရိယာ ဖန္တီးမႈနဲ႔ ATMP ထုတ္လုပ္မႈ စတဲ့ နယ္ပယ္ေတြအႏွံ႔ ပါဝင္ေနတဲ့အတြက္ အိႏၵိယဟာ တန္ဖိုးကြင္းဆက္တစ္ခုလုံးမွာ စြမ္းေဆာင္ရည္ကို တည္ေဆာက္ေနတာကို ျပသေနတယ္လို႔ အစီရင္ခံစာက ေဖာ္ျပထားပါတယ္။