ယူကရိန်းဆွေးနွေးပွဲများတွင် ဥရောပသမဂ္ဂအတွက် နေရာမရှိကြောင်း ရုရှားအစိုးရ ထုတ်ဖော်ပြောဆို

395

Pika (NP News) - စက်တင်ဘာ ၁၉
ရုရှားအပေါ် ရန်လိုသည့်သဘောထားများရှိသော ဥရောပသမဂ္ဂအတွက် ယူကရိန်းဆွေးနွေးပွဲများတွင် နေရာများမရှိ ကြောင်း ရုရှားနိုင်ငံခြားရေးဝန်ကြီး ဆာဂေးလာရော့ဗ်က ထုတ်ဖော်ပြောဆိုခဲ့သည်။
ရုရှားအပေါ်ရန်လိုသည့်အကြောင်းပြချက်များကြောင့် ဥရောပသမဂ္ဂသည် ယူကရိန်းငြိမ်းချမ်းရေးဆွေးနွေးပွဲများမှ နှုတ်ထွက်နေသင့်ကြောင်း ဆာဂေးလာရော့ဗ်က အကြံပြုပြောဆိုခဲ့သည်။ ထို့ပြင် ဥရောပသမဂ္ဂအဖွဲ့ဝင်နိုင်ငံများ သည် စေ့စပ်ညှိနှိုင်းရေးစားပွဲဝိုင်းတွင် နေရာတစ်ခုပြန်လည်ရရှိအောင် ကြိုးပမ်းနေကြကြောင်း ဆာဂေးလာရော့ဗ် က ပြောခဲ့သည်။
အပစ်အခတ်ရပ်စဲရေးရယူနိုင်ရန် ဆွေးနွေးမှုများတွင် ဥရောပသမဂ္ဂသည် ယူကရိန်းတွင် တပ်ဖွဲ့ဝင်များဖြန့်ကျက် ချထားရန် အလားအလာများကို အခြေအတင်ဆွေးနွေးကာ ရုရှားကိုမဟာဗျူဟာမြောက် ကျရှုံးမှုဖြစ်စေမည့်အနေ အထားကို ထိန်းသိမ်းထားကြောင်း ဆာဂေးလာရော့ဗ်က ပြစ်တင်ဝေဖန်ပြောဆိုခဲ့သည်။
ဆာဂေးလာရော့ဗ်က “အဲဒါကြောင့်မလို့ စေ့စပ်ညှိနှိုင်းရေးစားပွဲဝိုင်းမှာ ဥရောပသမဂ္ဂအတွက် နေရာလုံးဝ မရှိပါဘူး” ဟု ပြောခဲ့သည်။ ယူကရိန်းနိုင်ငံတွင် အနောက်အုပ်စု၏တပ်ဖွဲ့ဝင်များ ဖြန့်ကျက်ချထားမည့် အစီအစဉ် ကို ရုရှားအစိုးရက အကြိမ်ကြိမ်ငြင်းဆန်ပယ်ချခဲ့ပြီး ယူကရိန်းပဋိပက္ခဖြစ်ပွားရသည့် အဓိကအကြောင်းအရင်းများ ထဲမှ တစ်ခုမှာ ရုရှား၏ တံခါးပေါက်ဝသို့ နေတိုးအဖွဲ့၏ ချဲ့ထွင်မှုဖြစ်ကြောင်း ဝေဖန်ပြောဆိုခဲ့သည်။
ထို့ပြင် ယူကရိန်းတွင် ဖြန့်ကျက်ချထားမည့် အနောက်အုပ်စု၏တပ်ဖွဲ့ဝင်များအားလုံးသည် ရုရှား၏တရားဝင် ပစ်မှတ်များဖြစ်လာလိမ့်မည်ဖြစ်ကြောင်း ရုရှားသမ္မတပူတင်က ပြီးခဲ့သည့်လတွင် သတိပေးပြောဆိုခဲ့သည်။ ပဋိပက္ခကို ဖြေရှင်းရန်ကြိုးပမ်းမှုများအား စွန့်လွှတ်ရန်နှင့် ရုရှားနှင့်ထိပ်တိုက်တွေ့ဆုံမှုများဖြစ်ပွားရန်အတွက် အမေရိကန်သမ္မတဒေါ်နယ်ထရမ့်ကို စည်းရုံးရန် ဥရောပသမဂ္ဂနှင့် ယူကရိန်းတို့က ကြိုးပမ်းနေကြောင်း ဆာဂေးလာရော့ဗ်က မှတ်ချက်ပြုပြောဆိုခဲ့သည်။ ဆာဂေးလာရော့ဗ် က “ဥရောပသမဂ္ဂနဲ့ ယူကရိန်းတို့ဟာ အမေရိကန်သမ္မတဟောင်း ဂျိုးဘိုင်ဒန်ရဲ့စစ်ပွဲကို ဒေါ်နယ်ထရမ့်ရဲ့စစ်ပွဲအဖြစ် ပြောင်းလဲစေလိုနေတာပါ” ဟု ပြောခဲ့သည်။

Zawgyi Version:
ယူကရိန္းေဆြးေႏြးပြဲမ်ားတြင္ ဥေရာပသမဂၢအတြက္ ေနရာမရွိေၾကာင္း ႐ုရွားအစိုးရ ထုတ္ေဖာ္ေျပာဆို
Pika (NP News) - စက္တင္ဘာ ၁၉
႐ုရွားအေပၚ ရန္လိုသည့္သေဘာထားမ်ားရွိေသာ ဥေရာပသမဂၢအတြက္ ယူကရိန္းေဆြးေႏြးပြဲမ်ားတြင္ ေနရာမ်ားမရွိ ေၾကာင္း ႐ုရွားႏိုင္ငံျခားေရးဝန္ႀကီး ဆာေဂးလာေရာ့ဗ္က ထုတ္ေဖာ္ေျပာဆိုခဲ့သည္။
႐ုရွားအေပၚရန္လိုသည့္အေၾကာင္းျပခ်က္မ်ားေၾကာင့္ ဥေရာပသမဂၢသည္ ယူကရိန္းၿငိမ္းခ်မ္းေရးေဆြးေႏြးပြဲမ်ားမွ ႏႈတ္ထြက္ေနသင့္ေၾကာင္း ဆာေဂးလာေရာ့ဗ္က အႀကံျပဳေျပာဆိုခဲ့သည္။ ထို႔ျပင္ ဥေရာပသမဂၢအဖြဲ႕ဝင္ႏိုင္ငံမ်ား သည္ ေစ့စပ္ညႇိႏႈိင္းေရးစားပြဲဝိုင္းတြင္ ေနရာတစ္ခုျပန္လည္ရရွိေအာင္ ႀကိဳးပမ္းေနၾကေၾကာင္း ဆာေဂးလာေရာ့ဗ္ က ေျပာခဲ့သည္။
အပစ္အခတ္ရပ္စဲေရးရယူႏိုင္ရန္ ေဆြးေႏြးမႈမ်ားတြင္ ဥေရာပသမဂၢသည္ ယူကရိန္းတြင္ တပ္ဖြဲ႕ဝင္မ်ားျဖန႔္က်က္ ခ်ထားရန္ အလားအလာမ်ားကို အေျခအတင္ေဆြးေႏြးကာ ႐ုရွားကိုမဟာဗ်ဴဟာေျမာက္ က်ရႈံးမႈျဖစ္ေစမည့္အေန အထားကို ထိန္းသိမ္းထားေၾကာင္း ဆာေဂးလာေရာ့ဗ္က ျပစ္တင္ေဝဖန္ေျပာဆိုခဲ့သည္။
ဆာေဂးလာေရာ့ဗ္က “အဲဒါေၾကာင့္မလို႔ ေစ့စပ္ညႇိႏႈိင္းေရးစားပြဲဝိုင္းမွာ ဥေရာပသမဂၢအတြက္ ေနရာလုံးဝ မရွိပါဘူး” ဟု ေျပာခဲ့သည္။ ယူကရိန္းႏိုင္ငံတြင္ အေနာက္အုပ္စု၏တပ္ဖြဲ႕ဝင္မ်ား ျဖန႔္က်က္ခ်ထားမည့္ အစီအစဥ္ ကို ႐ုရွားအစိုးရက အႀကိမ္ႀကိမ္ျငင္းဆန္ပယ္ခ်ခဲ့ၿပီး ယူကရိန္းပဋိပကၡျဖစ္ပြားရသည့္ အဓိကအေၾကာင္းအရင္းမ်ား ထဲမွ တစ္ခုမွာ ႐ုရွား၏ တံခါးေပါက္ဝသို႔ ေနတိုးအဖြဲ႕၏ ခ်ဲ႕ထြင္မႈျဖစ္ေၾကာင္း ေဝဖန္ေျပာဆိုခဲ့သည္။
ထို႔ျပင္ ယူကရိန္းတြင္ ျဖန႔္က်က္ခ်ထားမည့္ အေနာက္အုပ္စု၏တပ္ဖြဲ႕ဝင္မ်ားအားလုံးသည္ ႐ုရွား၏တရားဝင္ ပစ္မွတ္မ်ားျဖစ္လာလိမ့္မည္ျဖစ္ေၾကာင္း ႐ုရွားသမၼတပူတင္က ၿပီးခဲ့သည့္လတြင္ သတိေပးေျပာဆိုခဲ့သည္။ ပဋိပကၡကို ေျဖရွင္းရန္ႀကိဳးပမ္းမႈမ်ားအား စြန႔္လႊတ္ရန္ႏွင့္ ႐ုရွားႏွင့္ထိပ္တိုက္ေတြ႕ဆုံမႈမ်ားျဖစ္ပြားရန္အတြက္ အေမရိကန္သမၼတေဒၚနယ္ထရမ့္ကို စည္း႐ုံးရန္ ဥေရာပသမဂၢႏွင့္ ယူကရိန္းတို႔က ႀကိဳးပမ္းေနေၾကာင္း ဆာေဂးလာေရာ့ဗ္က မွတ္ခ်က္ျပဳေျပာဆိုခဲ့သည္။ ဆာေဂးလာေရာ့ဗ္ က “ဥေရာပသမဂၢနဲ႔ ယူကရိန္းတို႔ဟာ အေမရိကန္သမၼတေဟာင္း ဂ်ိဳးဘိုင္ဒန္ရဲ႕စစ္ပြဲကို ေဒၚနယ္ထရမ့္ရဲ႕စစ္ပြဲအျဖစ္ ေျပာင္းလဲေစလိုေနတာပါ” ဟု ေျပာခဲ့သည္။