အကြီးမားဆုံးဒရုန်းတန်ပြန်ရေးစစ်ရေးလေ့ကျင့်မှုများကို အမေရိကန်နှင့်ဆော်ဒီအာရေးဗျတို့ အောင်မြင်စွာပြုလုပ်

167

Pika (NP News) - စက်တင်ဘာ ၁၉
အမေရိကန်နှင့် ဆော်ဒီအာရေးဗျနိုင်ငံတို့သည် အရှေ့အလယ်ပိုင်းဒေသတွင် အကြီးမားဆုံးဒရုန်းတန်ပြန်ရေး စစ်ရေးလေ့ကျင့်မှုများကို ယခုသီတင်းပတ်အတွင်း အောင်မြင်စွာလုပ်ဆောင်နိုင်ခဲ့ကြောင်း သိရသည်။
အဆိုပါစစ်ရေးလေ့ကျင့်ခန်းများကို လုပ်ဆောင်ခဲ့မှုနှင့်အတူ တိုးလာနေသောဒရုန်းခြိမ်းခြောက်မှုများကို ကာကွယ်ရန် အရေးတကြီးလိုအပ်မှုများကို အမေရိကန်နှင့်ဆော်ဒီအာရေးဗျနိုင်ငံတို့က မီးမောင်းထိုးပြခဲ့ကြောင်း သိရသည်။ ဆော်ဒီအာရေးဗီးယားနိုင်ငံ အရှေ့မြောက်ပိုင်းတွင် လုပ်ဆောင်ခဲ့သော Shamal-2 Range တိုက်ရိုက် ပစ်ခတ်လေ့ကျင့်မှုများအတွင်း အမေရိကန်ဗဟိုကွပ်ကဲမှုဌာနချုပ် (CENTCOM) က ဒရုန်းတန်ပြန်ရေးစနစ် အခု(၂ဝ)ကို ထည့်သွင်းလေ့ကျင့်မှုများလုပ်ဆောင်ခဲ့ကြောင်း သိရသည်။
အဆိုပါစစ်ရေးလေ့ကျင့်ခန်းများသည် ဒရုန်းများ အပါအဝင် ခေတ်မီလေကြောင်းဆိုင်ရာခြိမ်းခြောက်မှုများကို လျင်မြန်စွာသိရှိနိုင်စေရန်၊ ခြေရာခံရန်နှင့် ဖျက်ဆီးရန်အတွက် ရေဒါများ၊ အာရုံခံကိရိယာများနှင့် လက်နက်များ ပေါင်းစည်းအသုံးပြုခြင်းကို အာရုံစိုက်ခဲ့ကြောင်း အမေရိကန်နှင့်ဆော်ဒီအာရေးဗျနိုင်ငံတို့က ထုတ်ပြန်ပြောကြား ခဲ့သည်။ အမေရိကန်ရေတပ်ဦးစီးချုပ် ဘရတ်ကော့ပါးသည် အဆိုပါစစ်ရေးလေ့ကျင့်ခန်းများကို ဆော်ဒီအာရေးဗျ စစ်တပ်အကြီးအကဲ Fayyadh Al-Ruwaili နှင့်အတူ လေ့လာစောင့်ကြည့်မှုများ လုပ်ဆောင်ခဲ့ကြောင်း သိရသည်။
ထို့ပြင် ဘရတ်ကော့ပါးသည် ဆော်ဒီအာရေးဗျကာကွယ်ရေးဝန်ကြီး ခါလစ်ဘင်ဆော်လ်မန်နှင့်လည်း တွေ့ဆုံမှုများ လုပ်ဆောင်ခဲ့ကြောင်း သိရသည်။ ခါလစ်ဘင်ဆော်လ်မန်က “အဲဒီတွေ့ဆုံမှုအတွင်း ကျွန်တော်တို့ရဲ့ကာကွယ်ရေး ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာကဏ္ဍတွေကို ပြန်လည်သုံးသပ်ခဲ့ပြီး ဒေသတွင်းမှာဖြစ်ပွားခဲ့တဲ့ နောက်ဆုံး တိုးတက်မှု တွေကို ဆွေးနွေးခဲ့ကြပါတယ်။ ပြီးတော့ နိုင်ငံတကာငြိမ်းချမ်းရေးနဲ့လုံခြုံရေးကို ထိန်းသိမ်းတဲ့နည်းလမ်းတွေနဲ့အတူ ပြဿနာတွေကိုဖြေရှင်းဖို့ မျှဝေထားတဲ့ ကြိုးပမ်းမှုတွေကိုလည်း ဆွေးနွေးခဲ့ကြပါတယ်” ဟု ပြောခဲ့သည်။

Zawgyi Version:
အႀကီးမားဆုံးဒ႐ုန္းတန္ျပန္ေရးစစ္ေရးေလ့က်င့္မႈမ်ားကို အေမရိကန္ႏွင့္ေဆာ္ဒီအာေရးဗ်တို႔ ေအာင္ျမင္စြာျပဳလုပ္
Pika (NP News) - စက္တင္ဘာ ၁၉
အေမရိကန္ႏွင့္ ေဆာ္ဒီအာေရးဗ်ႏိုင္ငံတို႔သည္ အေရွ႕အလယ္ပိုင္းေဒသတြင္ အႀကီးမားဆုံးဒ႐ုန္းတန္ျပန္ေရး စစ္ေရးေလ့က်င့္မႈမ်ားကို ယခုသီတင္းပတ္အတြင္း ေအာင္ျမင္စြာလုပ္ေဆာင္ႏိုင္ခဲ့ေၾကာင္း သိရသည္။
အဆိုပါစစ္ေရးေလ့က်င့္ခန္းမ်ားကို လုပ္ေဆာင္ခဲ့မႈႏွင့္အတူ တိုးလာေနေသာဒ႐ုန္းၿခိမ္းေျခာက္မႈမ်ားကို ကာကြယ္ရန္ အေရးတႀကီးလိုအပ္မႈမ်ားကို အေမရိကန္ႏွင့္ေဆာ္ဒီအာေရးဗ်ႏိုင္ငံတို႔က မီးေမာင္းထိုးျပခဲ့ေၾကာင္း သိရသည္။ ေဆာ္ဒီအာေရးဗီးယားႏိုင္ငံ အေရွ႕ေျမာက္ပိုင္းတြင္ လုပ္ေဆာင္ခဲ့ေသာ Shamal-2 Range တိုက္႐ိုက္ ပစ္ခတ္ေလ့က်င့္မႈမ်ားအတြင္း အေမရိကန္ဗဟိုကြပ္ကဲမႈဌာနခ်ဳပ္ (CENTCOM) က ဒ႐ုန္းတန္ျပန္ေရးစနစ္ အခု(၂ဝ)ကို ထည့္သြင္းေလ့က်င့္မႈမ်ားလုပ္ေဆာင္ခဲ့ေၾကာင္း သိရသည္။
အဆိုပါစစ္ေရးေလ့က်င့္ခန္းမ်ားသည္ ဒ႐ုန္းမ်ား အပါအဝင္ ေခတ္မီေလေၾကာင္းဆိုင္ရာၿခိမ္းေျခာက္မႈမ်ားကို လ်င္ျမန္စြာသိရွိႏိုင္ေစရန္၊ ေျခရာခံရန္ႏွင့္ ဖ်က္ဆီးရန္အတြက္ ေရဒါမ်ား၊ အာ႐ုံခံကိရိယာမ်ားႏွင့္ လက္နက္မ်ား ေပါင္းစည္းအသုံးျပဳျခင္းကို အာ႐ုံစိုက္ခဲ့ေၾကာင္း အေမရိကန္ႏွင့္ေဆာ္ဒီအာေရးဗ်ႏိုင္ငံတို႔က ထုတ္ျပန္ေျပာၾကား ခဲ့သည္။ အေမရိကန္ေရတပ္ဦးစီးခ်ဳပ္ ဘရတ္ေကာ့ပါးသည္ အဆိုပါစစ္ေရးေလ့က်င့္ခန္းမ်ားကို ေဆာ္ဒီအာေရးဗ် စစ္တပ္အႀကီးအကဲ Fayyadh Al-Ruwaili ႏွင့္အတူ ေလ့လာေစာင့္ၾကည့္မႈမ်ား လုပ္ေဆာင္ခဲ့ေၾကာင္း သိရသည္။
ထို႔ျပင္ ဘရတ္ေကာ့ပါးသည္ ေဆာ္ဒီအာေရးဗ်ကာကြယ္ေရးဝန္ႀကီး ခါလစ္ဘင္ေဆာ္လ္မန္ႏွင့္လည္း ေတြ႕ဆုံမႈမ်ား လုပ္ေဆာင္ခဲ့ေၾကာင္း သိရသည္။ ခါလစ္ဘင္ေဆာ္လ္မန္က “အဲဒီေတြ႕ဆုံမႈအတြင္း ကြၽန္ေတာ္တို႔ရဲ႕ကာကြယ္ေရး ပူးေပါင္းေဆာင္႐ြက္မႈဆိုင္ရာက႑ေတြကို ျပန္လည္သုံးသပ္ခဲ့ၿပီး ေဒသတြင္းမွာျဖစ္ပြားခဲ့တဲ့ ေနာက္ဆုံး တိုးတက္မႈ ေတြကို ေဆြးေႏြးခဲ့ၾကပါတယ္။ ၿပီးေတာ့ ႏိုင္ငံတကာၿငိမ္းခ်မ္းေရးနဲ႔လုံၿခဳံေရးကို ထိန္းသိမ္းတဲ့နည္းလမ္းေတြနဲ႔အတူ ျပႆနာေတြကိုေျဖရွင္းဖို႔ မွ်ေဝထားတဲ့ ႀကိဳးပမ္းမႈေတြကိုလည္း ေဆြးေႏြးခဲ့ၾကပါတယ္” ဟု ေျပာခဲ့သည္။