အမေရိကန်က ဗင်နီဇွဲလားနိုင်ငံတွင် ၎င်းတို့အလိုကျလုပ်ကိုင်မည့် သားပိုက်ကောင်အစိုးရအဖွဲ့ပြောင်းလဲရန် ဗင်နီဇွဲလားသမ္မတပြော

144

ဂျန်ဇက် (NP News) - စက်တင်ဘာ ၂ဝ
ဗင်နီဇွဲလားသမ္မတ မာဒူရိုက အမေရိကန်အစိုးရသည် ဗင်နီဇွဲလားနိုင်ငံတွင် ၎င်းတို့၏ သားပိုက်ကောင်အစိုးရ အသစ်ကို တင်မြောက်နိုင်ရန် ကြိုးပမ်းလျက်ရှိနေကြောင်း ဝေဖန်လိုက်သည်။ ဗင်နီဇွဲလားသမ္မတ နှင့် အမေရိကန် သမ္မတဒေါ်နယ်ထရမ့်တို့ဆက်ဆံရေးကြား တင်းမာမှုများရှိလာခဲ့ပြီးနောက် သမ္မတမာဒူရိုက ယင်းကဲ့သို့ ဝေဖန်ပြစ်တင်လိုက်ခြင်းဖြစ်သည်။ ဗင်နီဇွဲလားသမ္မတ မာဒူရိုက ''အမေရိကန်ဟာ ကျွန်တော်တို့ ဗင်နီဇွဲလား နိုင်ငံရဲ့ ရေနံတွေကို ခိုးယူနိုင်ဖို့ ကြိုးပမ်းနေပါတယ်။ ဒါကြောင့် အမေရိကန်အစိုးရဟာ ဗင်နီဇွဲလားနိုင်ငံမှာ အမေရိကန်ရဲ့သားပိုက်ကောင်အစိုးရမျိုး တင်နိုင်ဖို့ လိုလားနေတယ်'' ဟု ပြောသည်။
အမေရိကန်စစ်တပ်သည် ကာရေဘီယံ ပင်လယ်အတွင်းသို့ နျူကလီးယားစွမ်းအင်သုံးရေငုပ်သင်္ဘောနှင့် စစ်သင်္ဘောများစေလွှတ်ခဲ့ပြီးနောက် ဗင်နီဇွဲလား နှင့် အမေရိကန်နိုင်ငံကြားတင်းမှုများ ပိုမိုဖြစ်လာခဲ့ကြောင်း သိရသည်။
သမ္မတမာဒူရိုက ဗင်နီဇွဲလားနိုင်ငံနှင့်ပတ်သက်ပြီး အမေရိကန်အစိုးရ၏ ရည်ရွယ်ချက်များ ရရှိမည်မဟုတ်ကြောင်း၊ ဗင်နီဇွဲလားနိုင်ငံသည် လွတ်လပ်ပြီး ငြိမ်းချမ်းသောနိုင်ငံအဖြစ် ဆက်လက်ရှိနေမည်ဖြစ်ကြောင်း ပြောသည်။ ကုလသမဂ္ဂ၊ ဥရောပသမဂ္ဂ၊ ကမ္ဘာအကောက်ခွန်အဖွဲ့အစည်း နှင့် အမေရိကန်မူးယစ်ဌာနတို့က ဗင်နီဇွဲလားနိုင်ငံ သည် မူးယစ်ဆေးဝါးများကိုမှောင်ခိုကုန်ကူးနေသော နိုင်ငံဖြစ်ကြောင်း စွပ်စွဲမှုများ ရှိနေခြင်းအပေါ် ဗင်နီဇွဲလား သမ္မတက ငြင်းဆန်ပယ်ချထားသည်။
မာဒူရိုက “ကာရေဘီယံ နဲ့ တောင်အမေရိကတိုက်ရှိ ပြည်သူတွေဟာ ငြိမ်းချမ်းရေးအတွက် အခွင့်ရေးရှိပါတယ်။ အချုပ်အခြာအာဏာပိုင်နက်တွေကို ချိုးဖောက်ခွင့်ပြုမှာမဟုတ်ဘူး'' ဟု ပြောသည်။
အမေရိကန်သမ္မတက ဗင်နီဇွဲလားသမ္မတသည် မူးယစ်ဆေးဝါးဂိုဏ်းခေါင်းဆောင်တစ်ဦးဖြစ်ကြောင်း၊ နိုင်ငံတကာ ရေပိုင်နက်အတွင်း ဗင်နီဇွဲလားနိုင်ငံသား မူးယစ်ဆေးဝါးဂိုဏ်းခေါင်းဆောင် ၁၁ ဦးကို ဖမ်းဆီးရမိခဲ့ကြောင်း စက်တင်ဘာ လအစောပိုင်းက ပြောဆိုခဲ့ဖူးသည်။ ထို့ပြင် အမေရိကန်သမ္မတက ဗင်နီဇွဲလားသမ္မတသည် မူးယစ်ဆေးဝါးတိုက်ဖျက်ရေးလုပ်ငန်းများ လုပ်ကိုင်ရာတွင် လုံလောက်မှုမရှိကြောင်း ဝေဖန်ပြစ်တင်ခဲ့ဖူးသည်။

Zawgyi Version:
အေမရိကန္က ဗင္နီဇြဲလားႏိုင္ငံတြင္ ၎တို႔အလိုက်လုပ္ကိုင္မည့္ သားပိုက္ေကာင္အစိုးရအဖြဲ႕ေျပာင္းလဲရန္ ဗင္နီဇြဲလားသမၼတေျပာ
ဂ်န္ဇက္ (NP News) - စက္တင္ဘာ ၂ဝ
ဗင္နီဇြဲလားသမၼတ မာဒူ႐ိုက အေမရိကန္အစိုးရသည္ ဗင္နီဇြဲလားႏိုင္ငံတြင္ ၎တို႔၏ သားပိုက္ေကာင္အစိုးရ အသစ္ကို တင္ေျမာက္ႏိုင္ရန္ ႀကိဳးပမ္းလ်က္ရွိေနေၾကာင္း ေဝဖန္လိုက္သည္။ ဗင္နီဇြဲလားသမၼတ ႏွင့္ အေမရိကန္ သမၼတေဒၚနယ္ထရမ့္တို႔ဆက္ဆံေရးၾကား တင္းမာမႈမ်ားရွိလာခဲ့ၿပီးေနာက္ သမၼတမာဒူ႐ိုက ယင္းကဲ့သို႔ ေဝဖန္ျပစ္တင္လိုက္ျခင္းျဖစ္သည္။ ဗင္နီဇြဲလားသမၼတ မာဒူ႐ိုက ''အေမရိကန္ဟာ ကြၽန္ေတာ္တို႔ ဗင္နီဇြဲလား ႏိုင္ငံရဲ႕ ေရနံေတြကို ခိုးယူႏိုင္ဖို႔ ႀကိဳးပမ္းေနပါတယ္။ ဒါေၾကာင့္ အေမရိကန္အစိုးရဟာ ဗင္နီဇြဲလားႏိုင္ငံမွာ အေမရိကန္ရဲ႕သားပိုက္ေကာင္အစိုးရမ်ိဳး တင္ႏိုင္ဖို႔ လိုလားေနတယ္'' ဟု ေျပာသည္။
အေမရိကန္စစ္တပ္သည္ ကာေရဘီယံ ပင္လယ္အတြင္းသို႔ န်ဴကလီးယားစြမ္းအင္သုံးေရငုပ္သေဘၤာႏွင့္ စစ္သေဘၤာမ်ားေစလႊတ္ခဲ့ၿပီးေနာက္ ဗင္နီဇြဲလား ႏွင့္ အေမရိကန္ႏိုင္ငံၾကားတင္းမႈမ်ား ပိုမိုျဖစ္လာခဲ့ေၾကာင္း သိရသည္။
သမၼတမာဒူ႐ိုက ဗင္နီဇြဲလားႏိုင္ငံႏွင့္ပတ္သက္ၿပီး အေမရိကန္အစိုးရ၏ ရည္႐ြယ္ခ်က္မ်ား ရရွိမည္မဟုတ္ေၾကာင္း၊ ဗင္နီဇြဲလားႏိုင္ငံသည္ လြတ္လပ္ၿပီး ၿငိမ္းခ်မ္းေသာႏိုင္ငံအျဖစ္ ဆက္လက္ရွိေနမည္ျဖစ္ေၾကာင္း ေျပာသည္။ ကုလသမဂၢ၊ ဥေရာပသမဂၢ၊ ကမာၻအေကာက္ခြန္အဖြဲ႕အစည္း ႏွင့္ အေမရိကန္မူးယစ္ဌာနတို႔က ဗင္နီဇြဲလားႏိုင္ငံ သည္ မူးယစ္ေဆးဝါးမ်ားကိုေမွာင္ခိုကုန္ကူးေနေသာ ႏိုင္ငံျဖစ္ေၾကာင္း စြပ္စြဲမႈမ်ား ရွိေနျခင္းအေပၚ ဗင္နီဇြဲလား သမၼတက ျငင္းဆန္ပယ္ခ်ထားသည္။
မာဒူ႐ိုက “ကာေရဘီယံ နဲ႔ ေတာင္အေမရိကတိုက္ရွိ ျပည္သူေတြဟာ ၿငိမ္းခ်မ္းေရးအတြက္ အခြင့္ေရးရွိပါတယ္။ အခ်ဳပ္အျခာအာဏာပိုင္နက္ေတြကို ခ်ိဳးေဖာက္ခြင့္ျပဳမွာမဟုတ္ဘူး'' ဟု ေျပာသည္။
အေမရိကန္သမၼတက ဗင္နီဇြဲလားသမၼတသည္ မူးယစ္ေဆးဝါးဂိုဏ္းေခါင္းေဆာင္တစ္ဦးျဖစ္ေၾကာင္း၊ ႏိုင္ငံတကာ ေရပိုင္နက္အတြင္း ဗင္နီဇြဲလားႏိုင္ငံသား မူးယစ္ေဆးဝါးဂိုဏ္းေခါင္းေဆာင္ ၁၁ ဦးကို ဖမ္းဆီးရမိခဲ့ေၾကာင္း စက္တင္ဘာ လအေစာပိုင္းက ေျပာဆိုခဲ့ဖူးသည္။ ထို႔ျပင္ အေမရိကန္သမၼတက ဗင္နီဇြဲလားသမၼတသည္ မူးယစ္ေဆးဝါးတိုက္ဖ်က္ေရးလုပ္ငန္းမ်ား လုပ္ကိုင္ရာတြင္ လုံေလာက္မႈမရွိေၾကာင္း ေဝဖန္ျပစ္တင္ခဲ့ဖူးသည္။