ပါလက်စတိုင်းကို နိုင်ငံအဖြစ် အသိအမှတ်ပြုရေးနှင့်ပတ်သက်ပြီး ဗြိတိန်ဝန်ကြီးချုပ်နှင့် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ကြား သဘောထားကွဲလွဲနေ

71

ဂျန်ဇက် (NP News) - စက်တင်ဘာ ၂ဝ
အမေရိကန်သမ္မတဒေါ်နယ်ထရမ့် နှင့် ဗြိတိန်ဝန်ကြီးချုပ် စတာမာတို့သည် ပါလက်စတိုင်းကို နိုင်ငံအဖြစ် အသိအမှတ်ပြုရေးနှင့်ပတ်သက်ပြီး အငြင်းပွားမှုများဖြစ်ပွားလျက်ရှိနေကြောင်း သိရသည်။
အမေရိကန်သမ္မတသည် ပြီးခဲ့သောရက်ပိုင်းက ဗြိတိန်နိုင်ငံသို့ သွားရောက်ခဲ့ပြီး ဗြိတိန်အစိုးရက ဒေါ်နယ်ထရမ့်ကို ခမ်းနားစွာကြိုဆိုခဲ့ကြောင်း သိရသည်။ သို့သော်လည်း အမေရိကန်သမ္မတနှင့် ဗြိတိန်ဝန်ကြီးချုပ်တို့သည် ဂါဇာစစ်ပွဲနှင့်ပတ်သက်ပြီး ဆွေးနွေးခဲ့ရာ သဘောထားအမြင်ကွဲလွဲမှုများရှိခဲ့ကြောင်း သိရသည်။
အမေရိကန်သမ္မတက ''ဗြိတိန်ဝန်ကြီးချုပ်နဲ့ဆွေးနွေးချိန်မှာ သဘောမတူညီမှုအချို့ရှိခဲ့တယ်။ အဲဓါကတော့ ပါလက်စတိုင်းကို နိုင်ငံအဖြစ်အသိမှတ်ပြုရေးကိစ္စဖြစ်ပါတယ်'' ဟု ပြောသည်။ ဗြိတိန်ဝန်ကြီးချုပ် စတာမာက အစ္စရေးနိုင်ငံအနေဖြင့် ဂါဇာစစ်ပွဲအပစ်ခတ်ရပ်စဲရေး အပါအဝင် တောင်းဆိုချက်များကို လိုက်နာခြင်းမရှိဘူးဆိုလျှင် ပါလက်စတိုင်းကို နိုင်ငံအဖြစ်အသိအမှတ်ပြုရန် စက်တင်ဘာလအတွင်း ကျင်းပမည့် ကုလသမဂ္ဂအထွေထွေ ညီလာခံတွင်တောင်ဆိုးသွားမည်ဖြစ်ကြောင်း ထုတ်ဖော်ပြောဆိုခဲ့ဖူးသည်။ အမေရိကန်အစိုးရသည် ပါလက်စတိုင်း ကို နိုင်ငံအဖြစ်အသိအမှတ်ပြုမည့်အစီအစဉ်ကို ဆန့်ကျင့်ထားရာဗြိတိန် နှင့် အမေရိကန်နိုင်ငံကြား အငြင်းပွားမှုများရှိနေသည်။
အမေရိကန်သမ္မတက ''ကျွန်တော်ဟာ ဂါဇာစစ်ပွဲကို အမြန်ပြီးဆုံးစေလိုပါတယ်။ ပြီးတော့ ဟားမက်စ်လက်နက် ကိုင်အဖွဲ့က ဖမ်းဆီးထားသူတွေ အမြန်ပြန်လွှတ်ပေးစေလိုတယ်။ ဒါပေမယ့် ဂါဇာစစ်ပွဲက ရှုပ်ထွေးနေတယ်'' ဟု ပြောသည်။ ဗြိတိန်ဝန်ကြီးချုပ် စတာမာက ပါလက်စတိုင်းကို နိုင်ငံအဖြစ်အသိမှတ်ပြုမည်ဆိုလျှင် ငြိမ်းချမ်းရေး အစီအစဉ်တွေ ပိုမိုကျယ်ပြန်လာမည်ဖြစ်သည်ဟု ပြောဆိုထားသော်လည်း ပါလက်စတိုင်းကို နိုင်ငံအဖြစ် တရားဝင် အသိအမှတ်ပြုမည့်အစီအစဉ်နှင့်ပတ်သက်ပြီး အသေးစိတ်ပြောဆိုခြင်းမျိုးမရှိကြောင်း သိရသည်။
အစ္စရေးနိုင်ငံကလည်း ပါလက်စတိုင်းကို နိုင်ငံအဖြစ်အသိအမှတ်ပြုမည့်အစီအစဉ်နှင့်ပတ်သက်ပြီး ဗြိတိန်၊ ကနေဒါ ၊ ပြင်သစ်အစိုးရတို့ကို ဝေဖန်ပြစ်တင်ထားကြောင်း သိရသည်။ အစ္စရေးနှင့်ဟားမက်စ်လက်နက်ကိုင်အဖွဲ့ကြား ဖြစ်ပွားနေသော ဂါဇာစစ်ပွဲသည် ၂ နှစ်နီးပါးရှိလာခဲ့သော်လည်း လက်ရှိအချိန်အပစ်ခတ်ရပ်စဲရေး ရယူနိုင်ခြင်းမရှိ သေးဘဲ အစ္စရေးက ဂါဇာဒေသတစ်ခုလုံးကို သိမ်းပိုက်ရန် ကြိုးပမ်းလာခဲ့ရာ ပြင်သစ်၊ ဗြိတိန် အပါအဝင် နိုင်ငံတကာအဖွဲ့အစည်းတွေက အစ္စရေးကို ဝေဖန်ပြစ်တင်ခဲ့ကြောင်း သိရသည်။

Zawgyi Version:
ပါလက္စတိုင္းကို ႏိုင္ငံအျဖစ္ အသိအမွတ္ျပဳေရးႏွင့္ပတ္သက္ၿပီး ၿဗိတိန္ဝန္ႀကီးခ်ဳပ္ႏွင့္ အေမရိကန္သမၼတ ေဒၚနယ္ထရမ့္ၾကား သေဘာထားကြဲလြဲေန
ဂ်န္ဇက္ (NP News) - စက္တင္ဘာ ၂ဝ
အေမရိကန္သမၼတေဒၚနယ္ထရမ့္ ႏွင့္ ၿဗိတိန္ဝန္ႀကီးခ်ဳပ္ စတာမာတို႔သည္ ပါလက္စတိုင္းကို ႏိုင္ငံအျဖစ္ အသိအမွတ္ျပဳေရးႏွင့္ပတ္သက္ၿပီး အျငင္းပြားမႈမ်ားျဖစ္ပြားလ်က္ရွိေနေၾကာင္း သိရသည္။
အေမရိကန္သမၼတသည္ ၿပီးခဲ့ေသာရက္ပိုင္းက ၿဗိတိန္ႏိုင္ငံသို႔ သြားေရာက္ခဲ့ၿပီး ၿဗိတိန္အစိုးရက ေဒၚနယ္ထရမ့္ကို ခမ္းနားစြာႀကိဳဆိုခဲ့ေၾကာင္း သိရသည္။ သို႔ေသာ္လည္း အေမရိကန္သမၼတႏွင့္ ၿဗိတိန္ဝန္ႀကီးခ်ဳပ္တို႔သည္ ဂါဇာစစ္ပြဲႏွင့္ပတ္သက္ၿပီး ေဆြးေႏြးခဲ့ရာ သေဘာထားအျမင္ကြဲလြဲမႈမ်ားရွိခဲ့ေၾကာင္း သိရသည္။
အေမရိကန္သမၼတက ''ၿဗိတိန္ဝန္ႀကီးခ်ဳပ္နဲ႔ေဆြးေႏြးခ်ိန္မွာ သေဘာမတူညီမႈအခ်ိဳ႕ရွိခဲ့တယ္။ အဲဓါကေတာ့ ပါလက္စတိုင္းကို ႏိုင္ငံအျဖစ္အသိမွတ္ျပဳေရးကိစၥျဖစ္ပါတယ္'' ဟု ေျပာသည္။ ၿဗိတိန္ဝန္ႀကီးခ်ဳပ္ စတာမာက အစၥေရးႏိုင္ငံအေနျဖင့္ ဂါဇာစစ္ပြဲအပစ္ခတ္ရပ္စဲေရး အပါအဝင္ ေတာင္းဆိုခ်က္မ်ားကို လိုက္နာျခင္းမရွိဘူးဆိုလွ်င္ ပါလက္စတိုင္းကို ႏိုင္ငံအျဖစ္အသိအမွတ္ျပဳရန္ စက္တင္ဘာလအတြင္း က်င္းပမည့္ ကုလသမဂၢအေထြေထြ ညီလာခံတြင္ေတာင္ဆိုးသြားမည္ျဖစ္ေၾကာင္း ထုတ္ေဖာ္ေျပာဆိုခဲ့ဖူးသည္။ အေမရိကန္အစိုးရသည္ ပါလက္စတိုင္း ကို ႏိုင္ငံအျဖစ္အသိအမွတ္ျပဳမည့္အစီအစဥ္ကို ဆန႔္က်င့္ထားရာၿဗိတိန္ ႏွင့္ အေမရိကန္ႏိုင္ငံၾကား အျငင္းပြားမႈမ်ားရွိေနသည္။
အေမရိကန္သမၼတက ''ကြၽန္ေတာ္ဟာ ဂါဇာစစ္ပြဲကို အျမန္ၿပီးဆုံးေစလိုပါတယ္။ ၿပီးေတာ့ ဟားမက္စ္လက္နက္ ကိုင္အဖြဲ႕က ဖမ္းဆီးထားသူေတြ အျမန္ျပန္လႊတ္ေပးေစလိုတယ္။ ဒါေပမယ့္ ဂါဇာစစ္ပြဲက ရႈပ္ေထြးေနတယ္'' ဟု ေျပာသည္။ ၿဗိတိန္ဝန္ႀကီးခ်ဳပ္ စတာမာက ပါလက္စတိုင္းကို ႏိုင္ငံအျဖစ္အသိမွတ္ျပဳမည္ဆိုလွ်င္ ၿငိမ္းခ်မ္းေရး အစီအစဥ္ေတြ ပိုမိုက်ယ္ျပန္လာမည္ျဖစ္သည္ဟု ေျပာဆိုထားေသာ္လည္း ပါလက္စတိုင္းကို ႏိုင္ငံအျဖစ္ တရားဝင္ အသိအမွတ္ျပဳမည့္အစီအစဥ္ႏွင့္ပတ္သက္ၿပီး အေသးစိတ္ေျပာဆိုျခင္းမ်ိဳးမရွိေၾကာင္း သိရသည္။
အစၥေရးႏိုင္ငံကလည္း ပါလက္စတိုင္းကို ႏိုင္ငံအျဖစ္အသိအမွတ္ျပဳမည့္အစီအစဥ္ႏွင့္ပတ္သက္ၿပီး ၿဗိတိန္၊ ကေနဒါ ၊ ျပင္သစ္အစိုးရတို႔ကို ေဝဖန္ျပစ္တင္ထားေၾကာင္း သိရသည္။ အစၥေရးႏွင့္ဟားမက္စ္လက္နက္ကိုင္အဖြဲ႕ၾကား ျဖစ္ပြားေနေသာ ဂါဇာစစ္ပြဲသည္ ၂ ႏွစ္နီးပါးရွိလာခဲ့ေသာ္လည္း လက္ရွိအခ်ိန္အပစ္ခတ္ရပ္စဲေရး ရယူႏိုင္ျခင္းမရွိ ေသးဘဲ အစၥေရးက ဂါဇာေဒသတစ္ခုလုံးကို သိမ္းပိုက္ရန္ ႀကိဳးပမ္းလာခဲ့ရာ ျပင္သစ္၊ ၿဗိတိန္ အပါအဝင္ ႏိုင္ငံတကာအဖြဲ႕အစည္းေတြက အစၥေရးကို ေဝဖန္ျပစ္တင္ခဲ့ေၾကာင္း သိရသည္။