တရုတ်တိုင်ပေသို့စစ်ရေးအကူအညီအဖြစ် အမေရိကန်ဒေါ်လာသန်း (၄၀ဝ)ပေးမည့်အစီအစဉ်ကို အမေရိကန်အစိုးရ ငြင်းဆန်ပယ်ချ

 132

ဂျန်ဇက် (NP News) - စက်တင်ဘာ ၂ဝ

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်သည် တရုတ်တိုင်ပေ(ထိုင်ဝမ်)သို့ စစ်ရေးအကူအညီအဖြစ် အမေရိကန် ဒေါ်လာ သန်း(၄၀ဝ) ကူညီပေးမည့်အ စီအစဉ်ကို ငြင်းဆန်လိုက်ကြောင်း အမေရိကန် အစိုးရအဖွဲ့နှင့် နီးစပ်သူများက၏ ပြောဆိုချက်ကို ကိုးကားပြီး ဝါရှင်တန်ပို့စ်သတင်းစာက ဖော်ပြလိုက်သည်။
အမေရိကန်သမ္မတသည် တရုတ်နိုင်ငံနှင့် ကုန်သွယ်ရေးစာချုပ် ချုပ်ဆိုဖွယ်ရှိနေသည့်အတွက် တရုတ်တိုင်ပေသို့ စစ်ရေးအကူညီအဖြစ် အမေရိကန် ဒေါ်လာ သန်း(၄၀ဝ) ပေးမည့်အစီအစဉ်ကို ငြင်း ဆန်ခဲ့ခြင်းမျိုး ဖြစ်နေသည်ဟုသိရ သည်။ တရုတ်တိုင်ပေသည် တရုတ်ပြည်မကြီးလက်အောက်မှ ခွဲထွက်ရန်ကြိုးပမ်းနေရာ တရုတ်နှင့် တရုတ်တိုင် ပေကြား အငြင်းပွားမှုများ၊ တင်းမာမှုများ ဖြစ်ပွားနေကြောင်းသိရသည်။
အမေရိကန်သမ္မတဟောင်း ဂျိုးဘိုင်ဒန် လက်ထက်တွင် အမေရိကန်အစိုးရသည် တရုတ် တိုင်ပေကို စစ်ရေး အကူညီအပါအဝင် အကူအညီများစွာ ပေးအပ်ခဲ့ရာ တရုတ်နှင့် အမေရိကန်နိုင်ငံကြား အငြင်းပွားမှုများရှိခဲ့သည်။ အမေရိ ကန်နိုင်ငံတွင် ဒေါ်နယ်ထရမ့် သမ္မတဖြစ်လာခဲ့ပြီးနောက်ပိုင်း တရုတ်တိုင်ပေအပေါ်ထားရှိသော အမေရိကန်အစိုးရ၏ သဘောထားသည် ယခင်နှင့်မတူညီဘဲ အပြောင်းအလဲများရှိခဲ့ကြောင်းသိရသည်။
တရုတ်နိုင်ငံက တရုတ်တိုင်ပေကို ၎င်းတို့ ပိုင်နက်အစိတ်အပိုင်းအဖြစ် သတ်မှတ်ထားပြီး တရုတ်တိုင်ပေနှင့် ပြန်လည်ပေါင်းစည်းရန် ကြိုးပမ်း မည်ဖြစ်ရာ လိုအပ်လျှင်အင်အားသုံးမည်ဟု ပြောဆို ထားသည်။ တရုတ်စစ်တပ်မှ စစ်သင်္ဘောများ၊ စစ်လေယာဉ်များသည် တရုတ်တိုင်ပေ ပိုင်နက်အတွင်းသို့ မကြာခဏဝင်ရောက်ခဲ့ရာ အငြင်းပွားမှု များရှိခဲ့ကြောင်း သိရသည်။
အမေရိကန်သည် တရုတ်တစ်နိုင်ငံတည်း မူဝါဒကို ထောက်ခံသော်လည်း တရုတ်တိုင်ပေအပေါ် ကူညီ ထောက်ပံ့မှုများလုပ်ဆောင်ခဲ့ရာ အမေရိကန်၏ လုပ်ရပ်များကို တရုတ်အစိုးရက ဝေဖန်ပြစ်တင်ခဲ့ဖူး သည်။

Zawgyi Version:
တ႐ုတ္တိုင္ေပသို႔စစ္ေရးအကူအညီအျဖစ္ အေမရိကန္ ေဒၚလာသန္း (၄၀ဝ)ေပးမည့္အစီအစဥ္ကို အေမရိကန္အစိုးရ ျငင္းဆန္ပယ္ခ်
ဂ်န္ဇက္ (NP News) - စက္တင္ဘာ ၂ဝ
အေမရိကန္သမၼတ ေဒၚနယ္ထရမ့္သည္ တ႐ုတ္တိုင္ေပ(ထိုင္ဝမ္)သို႔ စစ္ေရးအကူအညီအျဖစ္ အေမရိကန္ ေဒၚလာ သန္း(၄၀ဝ) ကူညီေပးမည့္အ စီအစဥ္ကို ျငင္းဆန္လိုက္ေၾကာင္း အေမရိကန္ အစိုးရအဖြဲ႕ႏွင့္ နီးစပ္သူမ်ားက၏ ေျပာဆိုခ်က္ကို ကိုးကားၿပီး ဝါရွင္တန္ပို႔စ္သတင္းစာက ေဖာ္ျပလိုက္သည္။
အေမရိကန္သမၼတသည္ တ႐ုတ္ႏိုင္ငံႏွင့္ ကုန္သြယ္ေရးစာခ်ဳပ္ ခ်ဳပ္ဆိုဖြယ္ရွိေနသည့္အတြက္ တ႐ုတ္တိုင္ေပသို႔ စစ္ေရးအကူညီအျဖစ္ အေမရိကန္ ေဒၚလာ သန္း(၄၀ဝ) ေပးမည့္အစီအစဥ္ကို ျငင္း ဆန္ခဲ့ျခင္းမ်ိဳး ျဖစ္ေနသည္ဟုသိရ သည္။ တ႐ုတ္တိုင္ေပသည္ တ႐ုတ္ျပည္မႀကီးလက္ေအာက္မွ ခြဲထြက္ရန္ႀကိဳးပမ္းေနရာ တ႐ုတ္ႏွင့္ တ႐ုတ္တိုင္ ေပၾကား အျငင္းပြားမႈမ်ား၊ တင္းမာမႈမ်ား ျဖစ္ပြားေနေၾကာင္းသိရသည္။
အေမရိကန္သမၼတေဟာင္း ဂ်ိဳးဘိုင္ဒန္ လက္ထက္တြင္ အေမရိကန္အစိုးရသည္ တ႐ုတ္ တိုင္ေပကို စစ္ေရး အကူညီအပါအဝင္ အကူအညီမ်ားစြာ ေပးအပ္ခဲ့ရာ တ႐ုတ္ႏွင့္ အေမရိကန္ႏိုင္ငံၾကား အျငင္းပြားမႈမ်ားရွိခဲ့သည္။ အေမရိ ကန္ႏိုင္ငံတြင္ ေဒၚနယ္ထရမ့္ သမၼတျဖစ္လာခဲ့ၿပီးေနာက္ပိုင္း တ႐ုတ္တိုင္ေပအေပၚထားရွိေသာ အေမရိကန္အစိုးရ၏ သေဘာထားသည္ ယခင္ႏွင့္မတူညီဘဲ အေျပာင္းအလဲမ်ားရွိခဲ့ေၾကာင္းသိရသည္။
တ႐ုတ္ႏိုင္ငံက တ႐ုတ္တိုင္ေပကို ၎တို႔ ပိုင္နက္အစိတ္အပိုင္းအျဖစ္ သတ္မွတ္ထားၿပီး တ႐ုတ္တိုင္ေပႏွင့္ ျပန္လည္ေပါင္းစည္းရန္ ႀကိဳးပမ္း မည္ျဖစ္ရာ လိုအပ္လွ်င္အင္အားသုံးမည္ဟု ေျပာဆို ထားသည္။ တ႐ုတ္စစ္တပ္မွ စစ္သေဘၤာမ်ား၊ စစ္ေလယာဥ္မ်ားသည္ တ႐ုတ္တိုင္ေပ ပိုင္နက္အတြင္းသို႔ မၾကာခဏဝင္ေရာက္ခဲ့ရာ အျငင္းပြားမႈ မ်ားရွိခဲ့ေၾကာင္း သိရသည္။
အေမရိကန္သည္ တ႐ုတ္တစ္ႏိုင္ငံတည္း မူဝါဒကို ေထာက္ခံေသာ္လည္း တ႐ုတ္တိုင္ေပအေပၚ ကူညီေထာက္ပံ့မႈမ်ားလုပ္ေဆာင္ခဲ့ရာ အေမရိကန္၏ လုပ္ရပ္မ်ားကို တ႐ုတ္အစိုးရက ေဝဖန္ျပစ္တင္ခဲ့ဖူးသည္။

Related news

© 2021. All rights reserved.