လူစုလူဝေး ဆန္ဒပြပွဲတို့ များပြားလာခြင်းနှင့် အလားအလာ

 188

Htay Oung (NP News) - စက်တင်ဘာ ၂၃

လာမယ့်နှစ် ဖေဖော်ဝါရီလမှာကျင်းပမယ့် ဘင်္ဂလားဒေ့ရှ် အထွေထွေရွေးကောက်ပွဲမတိုင်မီ မဲ ဆန္ဒနယ်တချို့ကို ဖျက်သိမ်းခြင်း၊ ပြင်ဆင်ပြောင်းလဲကြောင်း ရွေးကောက်ပွဲကော်မရှင်ကကြေညာပြီး နောက် နိုင်ငံတစ်ဝန်း ကန့်ကွက်ဆန္ဒပြမှုတွေဖြစ်ပွားနေတယ်လို့ “ဟန့်စ်အိန္ဒိယ” ဒီဂျစ်တယ်သတင်းစာ က ၂ဝ၂၅ ခုနှစ် စက်တင်ဘာလ ၁၄ ရက်မှာ ရေးသားပါတယ်။
ပါတီပေါင်းကော်မတီဝင်တွေနဲ့ တက်ကြွလှုပ်ရှားသူတွေဦးဆောင်တဲ့ ဘန်ဂါခရိုင်ဆန္ဒပြပွဲတွေမှာ မိုးသည်းထန်စွာရွာသွန်းနေသည့်တိုင် ခရိုင်၊ မြို့ နယ်အုပ်ချုပ်ရေးရုံး၊ ရွေးကောက်ပွဲရုံးနဲ့ တခြားအစိုးရ ရုံး တို့ကို ဝိုင်းပတ်ပိတ်ဆို့ပြီး ထိုင်သပိတ်မှောက်ခဲ့ကြ ပါတယ်။ တနင်္ဂနွေနေ့မနက်ကစတင်ပြီး (၃)ရက်ကြာ မီးရထားလမ်း-ကားလမ်း-မြစ်လမ်းကြောင်းတွေနဲ့ ဆေးရုံဝင်ထွက်ပေါက်တွေကို သပိတ်တားမယ့်လှုပ် ရှားမှုတွေကြောင့် အဝေးပြေးလမ်းမကြီးတစ်လျှောက် ယာဉ်ကြောတွေပိတ်ဆို့သွားတယ်လို့ သိရှိရ ပါတယ်။
တနင်္လာနေ့မှာ ကန့်ကွက်ဆန္ဒပြသူတွေဟာ ဘာဟန်ဂါ အူပါဇီလာခေါ် ခရိုင်ခွဲအတွင်း အုပ်ချုပ် ရေး အဆောက်အအုံ၊ အဝေးပြေးရဲတပ်ဖွဲ့စခန်းနဲ့ မြူနီစီပယ်အဆောက်အအုံတို့ကိုဖျက်ဆီးခဲ့ပြီး ဒေသခံ ရွေးကောက်ပွဲကော်မရှင်ရုံးနဲ့ မော်တော်ယာဉ်အများအပြားကိုလည်း မီးတင်ရှို့ခဲ့ကြပါတယ်။ အခင်း ဖြစ်ပွားစဉ် ရဲတပ်ဖွဲ့ဝင် (၄၊ ၅) ဦးထက်မနည်းဒဏ်ရာရရှိတဲ့အတွက် ဆန္ဒပြသူတွေကို ဖက်ဆစ်ဝါဒီအဖြစ် တာဝန်ရှိအာဏာပိုင်တစ်ဦးက ရည်ညွှန်းလိုက်ပါတယ်။
အလားတူ ကန့်ကွက်ဆန္ဒပြရာက အကြမ်းဖက်မှုတွေဖြစ်ပေါ်တာဟာ ပြီးခဲ့တဲ့ဇူလိုင်လမှာလည်း တွေ့ခဲ့ရပြီး လူ(၁၃)ဦးအထိသေဆုံးခဲ့ရဖူးပါတယ်။ ယမန်နှစ် ကျောင်းသားတွေဦးဆောင်တဲ့ လူထုအုံကြွမှု ကြောင့် ဝန်ကြီးချုပ် ရှိတ်ဟာစီနာ တိုင်းပြည်မှထွက်ခွာသွားရပြီးနောက် ဘင်္ဂလားဒေ့ရှ်ဟာ အုပ်စုဖွဲ့ အစွန်းရောက် လှုပ်ရှားမှုတွေ၊ ကန့်ကွက်ဆန္ဒပြပွဲတွေနဲ့ မငြိမ်မသက်ဖြစ်နေပါတယ်။
သီရိလင်္ကာနိုင်ငံမှာလည်း စီးပွားရေးအ ကျပ်အတည်းတွေကြောင့် (၂၀၂၂)ခုနှစ်တည်းက စတင်ခဲ့ တဲ့ လူစုလူဝေးဆန္ဒပြပွဲတွေဟာ (၂၀၂၅)ခုနှစ် စက်တင်ဘာလတိုင်အောင် ဆက်လက်ဖြစ်ပွားနေပါ တယ်။ စီးပွားရေးပြုပြင်ပြောင်းလဲမှု နှေးကွေးတာ၊ အလုပ်လက်မဲ့ပြဿနာနဲ့ နှောင်ကြိုးပါတဲ့ ပြည်ပအကူ အညီတွေကို မကျေနပ်ကြတာကြောင့် ဆန္ဒပြတာဖြစ်ပါတယ်။ လက်နက်မဲ့ အေးချမ်းစွာဆန္ဒပြတာဖြစ် ပေမယ့် ရက်ရှည်လများ ဆက်တိုက်ဆိုင်သလို ဖြစ်နေပါတယ်။
ပါကစ္စတန်နိုင်ငံမှာလည်း စားသုံးကုန်ပစ္စည်း ဈေးတက်ခြင်း၊ လူနေမှုစရိတ်ကြီးမြင့်ခြင်း၊ အစိုးရရဲ့ စီးပွားရေးမူဝါဒတွေကိုမကျေနပ်တာကြောင့် လမ်းမတွေကိုပိတ်ဆို့တာ၊ အစိုးရအဆောက်အအုံတွေကို ဝန်းရံဆန္ဒပြတာတွေဖြစ်ပွားနေပါတယ်။
ပြီးခဲ့တဲ့ ဩဂုတ်လ ဒုတိယပတ် အင်ဒိုနီးရှားနိုင်ငံမှာ အခွန်အခတွေဈေးနှုန်းမြှင့်တင်ခြင်း၊ လွှတ် တော်အမတ်တွေရဲ့ အိမ်ရာအကျိုးခံစားခွင့်နဲ့ ထောက်ပံ့ငွေ အဆမတန်များပြားတာတို့ကြောင့် Gener- ation Z လူငယ်တွေရဲ့ ကန့်ကွက်ဆန္ဒပြပွဲ တွေဖြစ်ပွားခဲ့ပါတယ်။ (၆)လခန့်ကြာမြင့်တဲ့ ဆန္ဒပြပွဲတွေဟာ ရဲတပ်ဖွဲ့ရဲ့ပေါ့ဆမှုကြောင့် လူငယ်တစ်ဦး သေဆုံးရပြီးနောက် လူ(၁)သိန်းခန့်ပါဝင်တဲ့ လမ်းပေါ် ဆန္ဒပြပွဲ ကြီးဖြစ်ပေါ်လာခဲ့ပါတယ်။ ဆန္ဒပြသူတွေဟာ ရဲတပ်ဖွဲ့ဝင်တွေကိုတိုက်ခိုက်ကြပြီး လွှတ်တော်အမတ်တို့ ရဲ့နေအိမ်တွေကိုဖျက်ဆီးတာ၊ ပြည်နယ်လွှတ် တော်အဆောက်အအုံကို မီးရှို့တာတို့ကြောင့် အကြမ်း ဖက်မှုအဖြစ်ပြောင်းလဲသွားခဲ့ပါတယ်။ ကုန်တိုက်တွေ လုယက်ဖျက်ဆီးခံရမှုကိုကာကွယ်ဖို့ စစ်တပ်က ပါဝင်လာခဲ့ပြီး၊ လုံခြုံရေးတပ်ဖွဲ့ဝင်(၃)ဦးအပါ (၁၁)ဦး သေဆုံးပြီး လူ (၂၀ဝ)ကျော် ဒဏ်ရာရရှိပါတယ်။
အင်ဒိုနီးရှားဖြစ်ရပ်နဲ့ ရက်ပိုင်းမျှခြားပြီး စက်တင်ဘာ (၅)ရက် နီပေါနိုင်ငံမှာ Generation Z လူငယ်တွေဦးဆောင်တဲ့ လူထုဆန္ဒပြပွဲတွေဖြစ်ပွားခဲ့ပါတယ်။ လူမှုကွန်ရက် (၂၆)ခုကိုပိတ်ပင်တဲ့အတွက် ကန့်ကွက်ကြောင်းဆန္ဒပြပွဲတွေဟာ အစိုးရအဖွဲ့ရဲ့ အကျင့်ပျက်ခြစားတာ၊ စီမံခန့်ခွဲမှုလွဲမှားတာတို့ကိုရှုတ် ချမှုအဖြစ် နိုင်ငံတစ်ဝန်းကျယ်ပြန့်လာခဲ့ပြီး အစိုးရနဲ့ နိုင်ငံရေးပါတီအဆောက်အအုံတွေကို ဖျက်ဆီးတာ၊ အစိုးရအဖွဲ့ဝင်တွေကို ကိုယ်ထိလက်ရောက် အကြမ်း ဖက်တာ၊ နေအိမ်တွေကို မီးတင်ရှို့တာ၊ ကုန်တိုက် နဲ့ ဈေးတွေအတွင်း ဝင်ရောက်လုယက်တာတွေ ဖြစ်ပေါ် လာခဲ့ပါတယ်။ လုံခြုံရေးတပ်ဖွဲ့ဝင်တွေထံမှ လက်နက်တွေကိုလုယူပြီး အကျဉ်းထောင်တွေကိုတိုက် ခိုက်ကာ အကျဉ်းသား (၁၃ယဝဝဝ)ကျော် ထွက် ပြေး လွတ်မြောက်သွားရတဲ့အတွက် စက်တင်ဘာ (၉)ရက် ညနေမှာ နီပေါတပ်မတော်က ငြိမ်ဝပ်ပိပြား ရေး-တရားဥပဒေစိုးမိုးရေးကို တာဝန်ယူလိုက်ရပါတယ်။
အခင်းဖြစ်ရပ်ကြောင့် ဝန်ကြီးချုပ် ကေပီ ရှားမားအိုလီနဲ့ အစိုးရဝန်ကြီး (၃)ဦး ရာထူးမှနုတ်ထွက် သွားပါတယ်။ ဆန္ဒပြသူ (၅၉)ဦး၊ အကျဉ်းသား(၁၀)ဦးနဲ့ ရဲတပ်ဖွဲ့ဝင်(၃)ဦးတို့သေဆုံးရတဲ့ ရုန်းရင်းဆန် ခတ်မှုတွေမှာ နီပေါလူငယ်တွေရဲ့ Anime Pirate Flag “အဲနီးမေ ပင်လယ်ဓားပြအလံ” ခေါ် အနက် ရောင်နဖူးစည်းပါ ကောက်ရိုးဦးထုပ်ဆောင်း အရိုး ခေါင်းခွံသင်္ကေတကိုအသုံးပြုခဲ့ကြောင်းတွေ့ရှိရပါ တယ်။ တစ်ချိန်က ဂျပန်ကာတွန်းရုပ်ပြနဲ့ ဇာတ်လမ်းတွဲ “အဲနီးမေ”နဲ့ “မန်ဂါဖန်းဒမ်”အရုပ်ဟာ အင်ဒိုနီး ရှားလူငယ်တွေရဲ့ဆန္ဒပြပွဲတွေမှာတွေ့ရှိရပြီး ဖိလစ်ပိုင်နဲ့နီပေါနိုင်ငံတောင်းဆို ကန့်ကွက်ပွဲတွေမှာ လူငယ်တို့ရဲ့ မိတ်ဆွေစိတ်၊ လွတ်လပ်မှု၊ အမိန့်ပေး အာဏာကိုဖီဆန်မှု၊ မဖြစ်နိုင်ဘူးလို့ယူဆထားတဲ့အရာ တွေကိုစိန်ခေါ်မှု သင်္ကေတဖြစ်လာပါတယ်။
တောင်အာရှနဲ့ အရှေ့တောင်အာရှနိုင်ငံ များနည်းတူ အမေရိကန်၊ ဗြိတိန်၊ ပြင်သစ်၊ ဂျာမနီ၊ စပိန် နိုင်ငံတို့မှာလည်း လူစုလူဝေးနဲ့ လမ်းပေါ် ဆန္ဒပြ ပွဲတွေဖြစ်ပွားနေပါတယ်။ အမေရိကန်မှာ ရာသီဥတု ပြောင်းလဲမှုဆိုင်ရာမူဝါဒတွေကိုကန့်ကွက်တာ၊ သမ္မ တဒေါ်နယ်ထရမ့်ဆန့်ကျင်ရေးတို့ဖြစ်ကြပြီး၊ ဗြိတိန် မှာ ရွှေ့ပြောင်းအခြေချသူများဆန့်ကျင်ရေးတို့ ဖြစ်ကြပါတယ်။ ဗြိတိန်နိုင်ငံဆန္ဒပြပွဲမှာ လူပေါင်း တစ် သိန်းကျော် ပါဝင်ခဲ့ကြပြီး တန်ပြန်ဆန္ဒပြသူအနည်းငယ်တို့အကြား ရဲတပ်ဖွဲ့ကတားဆီးရာမှ ထိခိုက် ဒဏ်ရာရရှိမှုတွေ၊ ဖမ်းဆီးမှုတွေဖြစ်ပေါ်ခဲ့ပါတယ်။
တကယ်တော့ ပါလီမန်ဒီမိုကရေစီစနစ် ကျင့်သုံးတဲ့တိုင်းပြည်တွေမှာ ဥပဒေနဲ့အညီဆန္ဒပြခြင်း ဟာ နိုင်ငံသားတစ်ဦးရဲ့ အခြေခံအခွင့်အရေးတစ် ရပ်ဖြစ်ပြီး ထူးဆန်းတဲ့အကြောင်းကိစ္စမဟုတ်ပါ။ နိုင်ငံ အများစုမှာ ဆန္ဒပြမည်ဖြစ်ကြောင်း “ကြိုတင်အသိပေး” (Notification) ပြီး ဆန္ဒထုတ်ဖော်နိုင်ကြပါ တယ်။ ဘယ်အချိန်၊ ဘယ်နေရာမှာ ဆန္ဒပြမယ်လို့ ကြိုတင်အသိပေးခြင်းအားဖြင့် အာဏာပိုင်တွေအနေ နဲ့ လမ်းပိတ်ဆို့မှု၊ သယ်ယူပို့ဆောင်ရေးလမ်းကြောင်း ပြောင်းလဲမှုတွေကို စီမံခန့်ခွဲနိုင်ဖို့နဲ့ အေးချမ်းစွာဆန္ဒပြမှု ကျယ်ကျယ်ပြန့်ပြန့်ဖြစ်စေရေး လုံခြုံရေးအစီအမံ တွေချမှတ်နိုင်ရန်အတွက် ဖြစ်ပါ တယ်။ လူမျိုးရေး၊ ဘာသာရေး အကဲဆတ်ပြီး အကြောင်းအမျိုးမျိုးနဲ့ လုံခြုံရေး မငြိမ်မသက်ဖြစ်ဖူးတဲ့ တိုင်းပြည်တွေမှာတော့ ဘာကိစ္စ၊ လူဘယ်လောက်၊ ဘယ်နေရာ၊ ဘာတွေကြွေးကြော်ပြီး ဘယ်လောက် ကြာကြာ ဆန္ဒပြ မည်ဖြစ်ကြောင်း ကြိုတင်ခွင့်ပြုချက်ရယူရပါတယ်။ တချို့နိုင်ငံတွေမှာ ကြိုတင်အသိ ပေးစရာမလိုဘဲ ရုတ်တရက်စုဝေးမှုတွေ(Spontaneous Assemb­lies)ကို ခွင့်ပြုထားတတ်ပါတယ်။ ဒါပေမဲ့ အေးချမ်း စွာဖြစ်ရမယ်ဆိုတဲ့စည်းမျဉ်းကိုတော့ လိုက်နာရပါမယ်။ ဥပမာ ဂျာမနီတို့ ဂျပန်တို့မှာ လူထုစုဝေးမှုကို အနည်းဆုံး (၄၈)နာရီ ကြိုတင်အကြောင်းကြားရပါတယ်။
လူစုလူဝေးနဲ့ဆန္ဒပြမယ့်သူအချင်းချင်း ဆက်သွယ်စည်းရုံးရာမှာ (တူရကီဘာသာ “ဂီလီနီဆဲ” ) ရိုးရာထုံးတမ်းအစဉ်အလာ လိုက်နာမြဲအရဖြစ်စေ၊ ခေတ်ပေါ်နည်းပညာများကို တွဲဖက်အသုံးပြုလေ့ ရှိပါတယ်။ ယနေ့ခေတ် လူမှုကွန်ရက်တွေဟာ အမြန်ဆုံးနဲ့အထိရောက်ဆုံး နည်းလမ်းဖြစ်ပြီး Facebook မှာဖြစ်မယ့်အချိန်နေရာကို Event Page ဖန်တီးကာ လူတွေကိုဖိတ်ခေါ်ပါတယ်။ Twitter (X) လူမှု ကွန် ရက်မှာ Hashtag (#) တစ်ခုသတ်မှတ်ပြီး သတင်းတွေကို မျှဝေခြင်း၊ လှုပ်ရှားမှုတွေကို Real-time လွှင့် တင်ခြင်း WhatsApp ၊ Telegram တို့မှာ လျှို့ဝှက်စွာဆွေးနွေးကြတဲ့ (Encrypted Groups) ဖွဲ့ခြင်း၊ နည်း ဗျူဟာတွေချမှတ်ခြင်း။ ဆန္ဒပြမှုရဲ့ ရည်ရွယ်ချက်နဲ့အရေးပါမှုကို လူငယ်တွေထံ ရှင်းလင်းတင်ပြဖို့ Instagram နဲ့ TikTok မှာ ဗီဒီယိုများ၊ ရုပ်ပုံတွေမျှဝေတာ၊ ဆန္ဒပြမှုကိုစီစဉ်တဲ့ အဖွဲ့အစည်းရဲ့ ဝက်ဘ် ဆိုက်ကို တရားဝင်လွှင့်တင်ပြီးလှုပ်ရှားမှုနဲ့သက်ဆိုင်တဲ့အကြောင်းအရာတွေကိုဖော်ပြခြင်း၊ လက်ကိုင် ဖုန်းများမှတစ်ဆင့် စာသားပို့ခြင်း (SMS) လက်ကမ်းစာစောင်များဖြန့်ဝေခြင်း၊ လူစည်ကားရာ နေရာတွေ မှာ ပိုစတာကပ်တာ စတာတို့ကိုလည်း ပြုလုပ်လေ့ရှိပါတယ်။
ဆန္ဒပြမှုတွေဟာ အေးချမ်းစွာဖြစ်စေနဲ့ ဥပဒေနဲ့အညီပြုလုပ်နိုင်ဖို့အတွက် စည်းမျဉ်းစည်းကမ်း တွေ ရှိတတ်ပါတယ်။ အန္တရာယ်ဖြစ်စေခြင်း၊ အကြမ်းဖက်ခြင်း သို့မဟုတ် ပစ္စည်းများကို ဖျက်ဆီးခြင်း ကဲ့သို့ ဥပဒေချိုးဖောက်မှုများအတွက် အာဏာပိုင်တွေက ဝင်ရောက်စွက်ဖက်နိုင်ပါတယ်။ ဒါပေမဲ့ လူစု လူဝေးတို့ရဲ့သဘာဝဟာ အချိန်ကြာမြင့်လာတာနဲ့အမျှ တစ်ဦးတစ်ယောက်ချင်းစီရဲ့ တွေးခေါ်မှုထက် Group Polarization ခေါ် “အုပ်စုအသားပေး လွန်ခြင်း” ဘက်ကို ရောက်ရှိသွားတတ်တယ်လို့ စိတ် ပညာ နဲ့ လူမှုဗေဒကလက်ခံထားပါတယ်။ တစ်ဦးချင်း စီရဲ့ ကိုယ်ပိုင်ဆင်ခြင်တုံတရား/တာဝန်ယူ/တာ ဝန်ခံမှုမှေးမှိန်သွားပြီး လူအုပ်ကြီးနဲ့လုပ်သမျှ ကိုယ် လုပ်တာဘယ်သူမှမသိနိုင်ဘူး။ လူအုပ်ကြီးတစ်ခုလုံး ရဲ့တာဝန်ပဲလို့ လူစုလူဝေးနောက် ရောပါသွားတတ်ပါတယ်။ ဆန္ဒပြသူတွေရော တားဆီးသူတွေမှာပါ ကိုယ့် ဘက်သာမှန်ကန်တယ်၊ တရားတယ်ဆိုတဲ့ စိတ်အမြင်ဟာ လူအုပ်ထဲမှာ လျင်မြန်စွာကူးစက်သွား ပါတယ်။ Collective Behavior, Herd Mentality, Mob Mentality, Mob Hysteria “အုပ်စုလိုက် အရူး သွေးကြွခြင်း” ဖြစ်ပေါ်ပြီး ထိပ်တိုက်တွေ့မှုတွေနဲ့ အကြမ်းဖက်မှုအဆင့်ကို ပြောင်းလဲသွားတတ်ပါတယ်။ အချိန်ကြာမြင့်လာတာနဲ့အမျှ အေးချမ်းစွာဆန္ဒပြပွဲတွေဟာ တိုက်ခိုက်မှု၊ ဖျက်ဆီးမှုတွေ ပြုလုပ်လာနိုင် ပါတယ်။ ဥပမာ (၂၀၁၉)ခုနှစ် ဟောင်ကောင် ဆန္ဒပြ ပွဲ၊ (၂၀၂၀)ပြည့်နှစ် အမေရိကန် ဂျော့ဖလွိုက်အရေး အခင်း၊ (၂၀၂၃)ခုနှစ် ပြင်သစ်ပင်စင်ပြုပြင်ပြောင်း လဲမှု ကန့်ကွက်ဆန္ဒပြပွဲတွေမှာတွေ့ရပါတယ်။ ဆန္ဒပြ ပွဲရဲ့ရပ်တည်ချက်၊ ဦးဆောင်သူတွေရဲ့အရည်အချင်း၊ အာဏာပိုင်တွေရဲ့ တုံ့ပြန်မှုနည်းလမ်းတွေဟာ အဲဒီ ဖြစ်စဉ်အပေါ် အများကြီးလွှမ်းမိုးပါတယ်။
နိုင်ငံတစ်နိုင်ငံမှာ ပြင်းထန်တဲ့ လူထုအုံကြွ မှုဖြစ်ပွားတိုင်း ပြည်ပ ပယောဂပါဝင်တယ်ဆိုတာ အ ကြောင်းပြချက်တစ်ခုဖြစ်ပါတယ်။ ဂျာမနီနိုင်ငံ ဆန္ဒပြ ပွဲတွေမှာ ရုရှားသူလျှို‌တွေရဲ့ အကွက်ဆင် သွေး ထိုးမှုတွေပါဝင်ကြောင်း သတင်းထွက်ပေါ်ခဲ့ပေမယ့် မဖြစ်နိုင်ဘူးမပြောနိုင်သလို အတည်ပြုဖို့လည်း အလွန် ခက်ပါတယ်။
ဒါပေမဲ့ သဘောရိုးနဲ့ အေးချမ်းစွာ ဆန္ဒပြပွဲ တစ်ခုဟာ အာဏာပိုင်တွေရဲ့ တုံ့ပြန်မှု၊ ဆန္ဒပြလေ လေ စီးပွားရေးထိခိုက်ပြီး အခြေအနေပိုမိုဆိုးရွားလေ လေ ဆန္ဒပြသူတွေ ပိုမိုနာကျည်းလေလေဖြစ်ခြင်း၊ ဆန္ဒပြသူများအတွင်း အကြမ်းဖက်ရန်ရည်ရွယ်ထားတဲ့ အုပ်စုငယ်တွေ ရောနှောဝင်ရောက်လာခြင်း၊ ဆိုရှယ် မီဒီယာပေါ်မှာ သတင်းအမှားတွေပျံ့နှံ့တာတို့က လူထုရဲ့အမျက်ဒေါသကို မီးလောင်ရာလေပင့် ဖြစ်နိုင် ဖွယ်ရှိပါတယ်။ ဥပမာ နီပေါဆန္ဒပြပွဲအတွင်း နှစ်ရာ ချီသက်တမ်းရှိ ဘာသာရေးအဆောက်အအုံ ဖျက်ဆီးခံရကြောင်း သတင်းမှားဖြန့်ခြင်း၊ ဗြိတိန်ဆန္ဒပြပွဲ ပြင်းထန်နေခိုက် “သတ်မလား အသေခံမလား၊ အကြမ်းဖက်မှုတွေတော့ ဖြစ်လာနေပြီ၊ ယူကေမှာ ပါလီမန်နဲ့ အစိုးရကိုဖယ်ရှားပြီး ရွေးကောက်ပွဲလုပ်မှ ဖြစ်တော့မယ်” လို့ “တက်စ်လာ” သူဌေး အီလွန်မက်စ်က ပြောဆိုတာတို့ဟာ ဗြိတိန်ရဲ့ဒီမိုကရေစီကို စွက်ဖက်ဖို့ ကြိုးစားမှုအဖြစ် ဝန်ကြီးချုပ် ကီယာစတာမာက ရှုတ်ချခဲ့ပါတယ်။
ဒီနေရာမှာ အများပြည်သူတို့အကြား “စမတ်ဖုန်းယဉ်ကျေးမှု”အရှိန်အဟုန် ပြင်းထန်နေခိုက် လူမှုကွန်ရက်မှဖြန့်ဝေတဲ့သတင်းမှားတွေဟာ အလွန်ဆိုးရွားကြောင်းတွေ့ရှိရပါလိမ့်မယ်။ (၂၀၁၆)ခုနှစ် ကမ္ဘာ့နိုင်ငံပေါင်း (၄၀)ကျော်မှ လူပေါင်း (၁၈၄၀ဝ)ဦးနဲ့မေးမြန်းတဲ့သုတေသနတစ်ခုမှာ သတင်းမှား တစ်ခုအပေါ် မစစ်ဆေးဘဲ ယုံကြည်သူ နိုင်ငံအလိုက် (၆%) မှ (၃၇%)အထိ နိုင်ငံအလိုက်ရှိကြောင်း၊ သတင်းမှားမှန်းသိရဲ့နဲ့ မျှဝေသူ (၂၃%) ရှိတယ်လို့ ဆိုပါတယ်။
ယူကရိန်းစစ်ပွဲနဲ့ပတ်သက်ပြီး ရုရှားနဲ့ အနောက်အုပ်စုအကြား တမင်ရည်ရွယ်တဲ့ “သတင်း မီဒီယာစစ်” ခင်းကျင်းနေကြပါတယ်။ COVID-19 တုန်းကသတင်းမှားတွေဟာ အမှန်ထက် ပိုမိုတွင် ကျယ်ပြီး သက်ဆိုင်ရာအစိုးရရဲ့ တရားဝင်သတင်းကိုတောင် မယုံကြည်တော့ဘဲ ကာကွယ်ဆေးထိုးနှံဖို့ ငြင်းဆိုတာ၊ ဆန္ဒပြတာတွေဖြစ်ပေါ်ခဲ့ပါတယ်။
ဒီအတွက် အနာဂတ်ကာလ ကမ္ဘာ့နိုင်ငံတွေညှိနှိုင်းပြီး သတင်းစိစစ်မှုအဖွဲ့တွေထူထောင်တာ၊ လူမှုကွန်ရက်သတင်းမှားစိစစ်မှု ပိုမိုတင်းကြပ်လာတာ၊ သာမန်ရှာလို့မတွေ့နိုင်တဲ့သတင်းမှား၊ ဦး တည်ချက် လွှဲသတင်းတွေကို ဉာဏ်ရည်တု AI/Machine Learning တွေအသုံးပြုပြီး ထိန်းချုပ်ဖို့နည်းလမ်းတွေ အများပြည်သူအတွင်း အသိပညာပေးမှုတွေ တိုးမြင့်လာဖွယ်ရှိပါတယ်။

Zawgyi Version:
လူစုလူေဝး ဆႏၵျပပြဲတို႔ မ်ားျပားလာျခင္းႏွင့္ အလားအလာ
Htay Oung (NP News) - စက္တင္ဘာ ၂၃

လာမယ့္ႏွစ္ ေဖေဖာ္ဝါရီလမွာက်င္းပမယ့္ ဘဂၤလားေဒ့ရွ္ အေထြေထြေ႐ြးေကာက္ပြဲမတိုင္မီ မဲ ဆႏၵနယ္တခ်ိဳ႕ကို ဖ်က္သိမ္းျခင္း၊ ျပင္ဆင္ေျပာင္းလဲေၾကာင္း ေ႐ြးေကာက္ပြဲေကာ္မရွင္ကေၾကညာၿပီး ေနာက္ ႏိုင္ငံတစ္ဝန္း ကန႔္ကြက္ဆႏၵျပမႈေတြျဖစ္ပြားေနတယ္လို႔ “ဟန႔္စ္အိႏၵိယ” ဒီဂ်စ္တယ္သတင္းစာ က ၂ဝ၂၅ ခုႏွစ္ စက္တင္ဘာလ ၁၄ ရက္မွာ ေရးသားပါတယ္။
ပါတီေပါင္းေကာ္မတီဝင္ေတြနဲ႔ တက္ႂကြလႈပ္ရွားသူေတြဦးေဆာင္တဲ့ ဘန္ဂါခ႐ိုင္ဆႏၵျပပြဲေတြမွာ မိုးသည္းထန္စြာ႐ြာသြန္းေနသည့္တိုင္ ခ႐ိုင္၊ ၿမိဳ႕ နယ္အုပ္ခ်ဳပ္ေရး႐ုံး၊ ေ႐ြးေကာက္ပြဲ႐ုံးနဲ႔ တျခားအစိုးရ ႐ုံး တို႔ကို ဝိုင္းပတ္ပိတ္ဆို႔ၿပီး ထိုင္သပိတ္ေမွာက္ခဲ့ၾက ပါတယ္။ တနဂၤေႏြေန႔မနက္ကစတင္ၿပီး (၃)ရက္ၾကာ မီးရထားလမ္း-ကားလမ္း-ျမစ္လမ္းေၾကာင္းေတြနဲ႔ ေဆး႐ုံဝင္ထြက္ေပါက္ေတြကို သပိတ္တားမယ့္လႈပ္ ရွားမႈေတြေၾကာင့္ အေဝးေျပးလမ္းမႀကီးတစ္ေလွ်ာက္ ယာဥ္ေၾကာေတြပိတ္ဆို႔သြားတယ္လို႔ သိရွိရ ပါတယ္။
တနလၤာေန႔မွာ ကန႔္ကြက္ဆႏၵျပသူေတြဟာ ဘာဟန္ဂါ အူပါဇီလာေခၚ ခ႐ိုင္ခြဲအတြင္း အုပ္ခ်ဳပ္ ေရး အေဆာက္အအုံ၊ အေဝးေျပးရဲတပ္ဖြဲ႕စခန္းနဲ႔ ျမဴနီစီပယ္အေဆာက္အအုံတို႔ကိုဖ်က္ဆီးခဲ့ၿပီး ေဒသခံ ေ႐ြးေကာက္ပြဲေကာ္မရွင္႐ုံးနဲ႔ ေမာ္ေတာ္ယာဥ္အမ်ားအျပားကိုလည္း မီးတင္ရႈိ႕ခဲ့ၾကပါတယ္။ အခင္း ျဖစ္ပြားစဥ္ ရဲတပ္ဖြဲ႕ဝင္ (၄၊ ၅) ဦးထက္မနည္းဒဏ္ရာရရွိတဲ့အတြက္ ဆႏၵျပသူေတြကို ဖက္ဆစ္ဝါဒီအျဖစ္ တာဝန္ရွိအာဏာပိုင္တစ္ဦးက ရည္ၫႊန္းလိုက္ပါတယ္။
အလားတူ ကန႔္ကြက္ဆႏၵျပရာက အၾကမ္းဖက္မႈေတြျဖစ္ေပၚတာဟာ ၿပီးခဲ့တဲ့ဇူလိုင္လမွာလည္း ေတြ႕ခဲ့ရၿပီး လူ(၁၃)ဦးအထိေသဆုံးခဲ့ရဖူးပါတယ္။ ယမန္ႏွစ္ ေက်ာင္းသားေတြဦးေဆာင္တဲ့ လူထုအုံႂကြမႈ ေၾကာင့္ ဝန္ႀကီးခ်ဳပ္ ရွိတ္ဟာစီနာ တိုင္းျပည္မွထြက္ခြာသြားရၿပီးေနာက္ ဘဂၤလားေဒ့ရွ္ဟာ အုပ္စုဖြဲ႕ အစြန္းေရာက္ လႈပ္ရွားမႈေတြ၊ ကန႔္ကြက္ဆႏၵျပပြဲေတြနဲ႔ မၿငိမ္မသက္ျဖစ္ေနပါတယ္။
သီရိလကၤာႏိုင္ငံမွာလည္း စီးပြားေရးအ က်ပ္အတည္းေတြေၾကာင့္ (၂၀၂၂)ခုႏွစ္တည္းက စတင္ခဲ့ တဲ့ လူစုလူေဝးဆႏၵျပပြဲေတြဟာ (၂၀၂၅)ခုႏွစ္ စက္တင္ဘာလတိုင္ေအာင္ ဆက္လက္ျဖစ္ပြားေနပါ တယ္။ စီးပြားေရးျပဳျပင္ေျပာင္းလဲမႈ ေႏွးေကြးတာ၊ အလုပ္လက္မဲ့ျပႆနာနဲ႔ ေႏွာင္ႀကိဳးပါတဲ့ ျပည္ပအကူ အညီေတြကို မေက်နပ္ၾကတာေၾကာင့္ ဆႏၵျပတာျဖစ္ပါတယ္။ လက္နက္မဲ့ ေအးခ်မ္းစြာဆႏၵျပတာျဖစ္ ေပမယ့္ ရက္ရွည္လမ်ား ဆက္တိုက္ဆိုင္သလို ျဖစ္ေနပါတယ္။
ပါကစၥတန္ႏိုင္ငံမွာလည္း စားသုံးကုန္ပစၥည္း ေဈးတက္ျခင္း၊ လူေနမႈစရိတ္ႀကီးျမင့္ျခင္း၊ အစိုးရရဲ႕ စီးပြားေရးမူဝါဒေတြကိုမေက်နပ္တာေၾကာင့္ လမ္းမေတြကိုပိတ္ဆို႔တာ၊ အစိုးရအေဆာက္အအုံေတြကို ဝန္းရံဆႏၵျပတာေတြျဖစ္ပြားေနပါတယ္။
ၿပီးခဲ့တဲ့ ဩဂုတ္လ ဒုတိယပတ္ အင္ဒိုနီးရွားႏိုင္ငံမွာ အခြန္အခေတြေဈးႏႈန္းျမႇင့္တင္ျခင္း၊ လႊတ္ ေတာ္အမတ္ေတြရဲ႕ အိမ္ရာအက်ိဳးခံစားခြင့္နဲ႔ ေထာက္ပံ့ေငြ အဆမတန္မ်ားျပားတာတို႔ေၾကာင့္ Gener- ation Z လူငယ္ေတြရဲ႕ ကန႔္ကြက္ဆႏၵျပပြဲ ေတြျဖစ္ပြားခဲ့ပါတယ္။ (၆)လခန႔္ၾကာျမင့္တဲ့ ဆႏၵျပပြဲေတြဟာ ရဲတပ္ဖြဲ႕ရဲ႕ေပါ့ဆမႈေၾကာင့္ လူငယ္တစ္ဦး ေသဆုံးရၿပီးေနာက္ လူ(၁)သိန္းခန႔္ပါဝင္တဲ့ လမ္းေပၚ ဆႏၵျပပြဲ ႀကီးျဖစ္ေပၚလာခဲ့ပါတယ္။ ဆႏၵျပသူေတြဟာ ရဲတပ္ဖြဲ႕ဝင္ေတြကိုတိုက္ခိုက္ၾကၿပီး လႊတ္ေတာ္အမတ္တို႔ ရဲ႕ေနအိမ္ေတြကိုဖ်က္ဆီးတာ၊ ျပည္နယ္လႊတ္ ေတာ္အေဆာက္အအုံကို မီးရႈိ႕တာတို႔ေၾကာင့္ အၾကမ္း ဖက္မႈအျဖစ္ေျပာင္းလဲသြားခဲ့ပါတယ္။ ကုန္တိုက္ေတြ လုယက္ဖ်က္ဆီးခံရမႈကိုကာကြယ္ဖို႔ စစ္တပ္က ပါဝင္လာခဲ့ၿပီး၊ လုံၿခဳံေရးတပ္ဖြဲ႕ဝင္(၃)ဦးအပါ (၁၁)ဦး ေသဆုံးၿပီး လူ (၂၀ဝ)ေက်ာ္ ဒဏ္ရာရရွိပါတယ္။
အင္ဒိုနီးရွားျဖစ္ရပ္နဲ႔ ရက္ပိုင္းမွ်ျခားၿပီး စက္တင္ဘာ (၅)ရက္ နီေပါႏိုင္ငံမွာ Generation Z လူငယ္ေတြဦးေဆာင္တဲ့ လူထုဆႏၵျပပြဲေတြျဖစ္ပြားခဲ့ပါတယ္။ လူမႈကြန္ရက္ (၂၆)ခုကိုပိတ္ပင္တဲ့အတြက္ ကန႔္ကြက္ေၾကာင္းဆႏၵျပပြဲေတြဟာ အစိုးရအဖြဲ႕ရဲ႕ အက်င့္ပ်က္ျခစားတာ၊ စီမံခန႔္ခြဲမႈလြဲမွားတာတို႔ကိုရႈတ္ ခ်မႈအျဖစ္ ႏိုင္ငံတစ္ဝန္းက်ယ္ျပန႔္လာခဲ့ၿပီး အစိုးရနဲ႔ ႏိုင္ငံေရးပါတီအေဆာက္အအုံေတြကို ဖ်က္ဆီးတာ၊ အစိုးရအဖြဲ႕ဝင္ေတြကို ကိုယ္ထိလက္ေရာက္ အၾကမ္း ဖက္တာ၊ ေနအိမ္ေတြကို မီးတင္ရႈိ႕တာ၊ ကုန္တိုက္ နဲ႔ ေဈးေတြအတြင္း ဝင္ေရာက္လုယက္တာေတြ ျဖစ္ေပၚ လာခဲ့ပါတယ္။ လုံၿခဳံေရးတပ္ဖြဲ႕ဝင္ေတြထံမွ လက္နက္ေတြကိုလုယူၿပီး အက်ဥ္းေထာင္ေတြကိုတိုက္ ခိုက္ကာ အက်ဥ္းသား (၁၃ယဝဝဝ)ေက်ာ္ ထြက္ ေျပး လြတ္ေျမာက္သြားရတဲ့အတြက္ စက္တင္ဘာ (၉)ရက္ ညေနမွာ နီေပါတပ္မေတာ္က ၿငိမ္ဝပ္ပိျပား ေရး-တရားဥပေဒစိုးမိုးေရးကို တာဝန္ယူလိုက္ရပါတယ္။
အခင္းျဖစ္ရပ္ေၾကာင့္ ဝန္ႀကီးခ်ဳပ္ ေကပီ ရွားမားအိုလီနဲ႔ အစိုးရဝန္ႀကီး (၃)ဦး ရာထူးမွႏုတ္ထြက္ သြားပါတယ္။ ဆႏၵျပသူ (၅၉)ဦး၊ အက်ဥ္းသား(၁၀)ဦးနဲ႔ ရဲတပ္ဖြဲ႕ဝင္(၃)ဦးတို႔ေသဆုံးရတဲ့ ႐ုန္းရင္းဆန္ ခတ္မႈေတြမွာ နီေပါလူငယ္ေတြရဲ႕ Anime Pirate Flag “အဲနီးေမ ပင္လယ္ဓားျပအလံ” ေခၚ အနက္ ေရာင္နဖူးစည္းပါ ေကာက္႐ိုးဦးထုပ္ေဆာင္း အ႐ိုး ေခါင္းခြံသေကၤတကိုအသုံးျပဳခဲ့ေၾကာင္းေတြ႕ရွိရပါ တယ္။ တစ္ခ်ိန္က ဂ်ပန္ကာတြန္း႐ုပ္ျပနဲ႔ ဇာတ္လမ္းတြဲ “အဲနီးေမ”နဲ႔ “မန္ဂါဖန္းဒမ္”အ႐ုပ္ဟာ အင္ဒိုနီး ရွားလူငယ္ေတြရဲ႕ဆႏၵျပပြဲေတြမွာေတြ႕ရွိရၿပီး ဖိလစ္ပိုင္နဲ႔နီေပါႏိုင္ငံေတာင္းဆို ကန႔္ကြက္ပြဲေတြမွာ လူငယ္တို႔ရဲ႕ မိတ္ေဆြစိတ္၊ လြတ္လပ္မႈ၊ အမိန႔္ေပး အာဏာကိုဖီဆန္မႈ၊ မျဖစ္ႏိုင္ဘူးလို႔ယူဆထားတဲ့အရာ ေတြကိုစိန္ေခၚမႈ သေကၤတျဖစ္လာပါတယ္။
ေတာင္အာရွနဲ႔ အေရွ႕ေတာင္အာရွႏိုင္ငံ မ်ားနည္းတူ အေမရိကန္၊ ၿဗိတိန္၊ ျပင္သစ္၊ ဂ်ာမနီ၊ စပိန္ ႏိုင္ငံတို႔မွာလည္း လူစုလူေဝးနဲ႔ လမ္းေပၚ ဆႏၵျပ ပြဲေတြျဖစ္ပြားေနပါတယ္။ အေမရိကန္မွာ ရာသီဥတု ေျပာင္းလဲမႈဆိုင္ရာမူဝါဒေတြကိုကန႔္ကြက္တာ၊ သမၼ တေဒၚနယ္ထရမ့္ဆန႔္က်င္ေရးတို႔ျဖစ္ၾကၿပီး၊ ၿဗိတိန္ မွာ ေ႐ႊ႕ေျပာင္းအေျခခ်သူမ်ားဆန႔္က်င္ေရးတို႔ ျဖစ္ၾကပါတယ္။ ၿဗိတိန္ႏိုင္ငံဆႏၵျပပြဲမွာ လူေပါင္း တစ္ သိန္းေက်ာ္ ပါဝင္ခဲ့ၾကၿပီး တန္ျပန္ဆႏၵျပသူအနည္းငယ္တို႔အၾကား ရဲတပ္ဖြဲ႕ကတားဆီးရာမွ ထိခိုက္ ဒဏ္ရာရရွိမႈေတြ၊ ဖမ္းဆီးမႈေတြျဖစ္ေပၚခဲ့ပါတယ္။
တကယ္ေတာ့ ပါလီမန္ဒီမိုကေရစီစနစ္ က်င့္သုံးတဲ့တိုင္းျပည္ေတြမွာ ဥပေဒနဲ႔အညီဆႏၵျပျခင္း ဟာ ႏိုင္ငံသားတစ္ဦးရဲ႕ အေျခခံအခြင့္အေရးတစ္ ရပ္ျဖစ္ၿပီး ထူးဆန္းတဲ့အေၾကာင္းကိစၥမဟုတ္ပါ။ ႏိုင္ငံ အမ်ားစုမွာ ဆႏၵျပမည္ျဖစ္ေၾကာင္း “ႀကိဳတင္အသိေပး” (Notification) ၿပီး ဆႏၵထုတ္ေဖာ္ႏိုင္ၾကပါ တယ္။ ဘယ္အခ်ိန္၊ ဘယ္ေနရာမွာ ဆႏၵျပမယ္လို႔ ႀကိဳတင္အသိေပးျခင္းအားျဖင့္ အာဏာပိုင္ေတြအေန နဲ႔ လမ္းပိတ္ဆို႔မႈ၊ သယ္ယူပို႔ေဆာင္ေရးလမ္းေၾကာင္း ေျပာင္းလဲမႈေတြကို စီမံခန႔္ခြဲႏိုင္ဖို႔နဲ႔ ေအးခ်မ္းစြာဆႏၵျပမႈ က်ယ္က်ယ္ျပန႔္ျပန႔္ျဖစ္ေစေရး လုံၿခဳံေရးအစီအမံ ေတြခ်မွတ္ႏိုင္ရန္အတြက္ ျဖစ္ပါ တယ္။ လူမ်ိဳးေရး၊ ဘာသာေရး အကဲဆတ္ၿပီး အေၾကာင္းအမ်ိဳးမ်ိဳးနဲ႔ လုံၿခဳံေရး မၿငိမ္မသက္ျဖစ္ဖူးတဲ့ တိုင္းျပည္ေတြမွာေတာ့ ဘာကိစၥ၊ လူဘယ္ေလာက္၊ ဘယ္ေနရာ၊ ဘာေတြေႂကြးေၾကာ္ၿပီး ဘယ္ေလာက္ ၾကာၾကာ ဆႏၵျပ မည္ျဖစ္ေၾကာင္း ႀကိဳတင္ခြင့္ျပဳခ်က္ရယူရပါတယ္။ တခ်ိဳ႕ႏိုင္ငံေတြမွာ ႀကိဳတင္အသိ ေပးစရာမလိုဘဲ ႐ုတ္တရက္စုေဝးမႈေတြ(Spontaneous Assemb­lies)ကို ခြင့္ျပဳထားတတ္ပါတယ္။ ဒါေပမဲ့ ေအးခ်မ္း စြာျဖစ္ရမယ္ဆိုတဲ့စည္းမ်ဥ္းကိုေတာ့ လိုက္နာရပါမယ္။ ဥပမာ ဂ်ာမနီတို႔ ဂ်ပန္တို႔မွာ လူထုစုေဝးမႈကို အနည္းဆုံး (၄၈)နာရီ ႀကိဳတင္အေၾကာင္းၾကားရပါတယ္။
လူစုလူေဝးနဲ႔ဆႏၵျပမယ့္သူအခ်င္းခ်င္း ဆက္သြယ္စည္း႐ုံးရာမွာ (တူရကီဘာသာ “ဂီလီနီဆဲ” ) ႐ိုးရာထုံးတမ္းအစဥ္အလာ လိုက္နာၿမဲအရျဖစ္ေစ၊ ေခတ္ေပၚနည္းပညာမ်ားကို တြဲဖက္အသုံးျပဳေလ့ ရွိပါတယ္။ ယေန႔ေခတ္ လူမႈကြန္ရက္ေတြဟာ အျမန္ဆုံးနဲ႔အထိေရာက္ဆုံး နည္းလမ္းျဖစ္ၿပီး Facebook မွာျဖစ္မယ့္အခ်ိန္ေနရာကို Event Page ဖန္တီးကာ လူေတြကိုဖိတ္ေခၚပါတယ္။ Twitter (X) လူမႈ ကြန္ ရက္မွာ Hashtag (#) တစ္ခုသတ္မွတ္ၿပီး သတင္းေတြကို မွ်ေဝျခင္း၊ လႈပ္ရွားမႈေတြကို Real-time လႊင့္ တင္ျခင္း WhatsApp ၊ Telegram တို႔မွာ လွ်ိဳ႕ဝွက္စြာေဆြးေႏြးၾကတဲ့ (Encrypted Groups) ဖြဲ႕ျခင္း၊ နည္း ဗ်ဴဟာေတြခ်မွတ္ျခင္း။ ဆႏၵျပမႈရဲ႕ ရည္႐ြယ္ခ်က္နဲ႔အေရးပါမႈကို လူငယ္ေတြထံ ရွင္းလင္းတင္ျပဖို႔ Instagram နဲ႔ TikTok မွာ ဗီဒီယိုမ်ား၊ ႐ုပ္ပုံေတြမွ်ေဝတာ၊ ဆႏၵျပမႈကိုစီစဥ္တဲ့ အဖြဲ႕အစည္းရဲ႕ ဝက္ဘ္ ဆိုက္ကို တရားဝင္လႊင့္တင္ၿပီးလႈပ္ရွားမႈနဲ႔သက္ဆိုင္တဲ့အေၾကာင္းအရာေတြကိုေဖာ္ျပျခင္း၊ လက္ကိုင္ ဖုန္းမ်ားမွတစ္ဆင့္ စာသားပို႔ျခင္း (SMS) လက္ကမ္းစာေစာင္မ်ားျဖန႔္ေဝျခင္း၊ လူစည္ကားရာ ေနရာေတြ မွာ ပိုစတာကပ္တာ စတာတို႔ကိုလည္း ျပဳလုပ္ေလ့ရွိပါတယ္။
ဆႏၵျပမႈေတြဟာ ေအးခ်မ္းစြာျဖစ္ေစနဲ႔ ဥပေဒနဲ႔အညီျပဳလုပ္ႏိုင္ဖို႔အတြက္ စည္းမ်ဥ္းစည္းကမ္း ေတြ ရွိတတ္ပါတယ္။ အႏၲရာယ္ျဖစ္ေစျခင္း၊ အၾကမ္းဖက္ျခင္း သို႔မဟုတ္ ပစၥည္းမ်ားကို ဖ်က္ဆီးျခင္း ကဲ့သို႔ ဥပေဒခ်ိဳးေဖာက္မႈမ်ားအတြက္ အာဏာပိုင္ေတြက ဝင္ေရာက္စြက္ဖက္ႏိုင္ပါတယ္။ ဒါေပမဲ့ လူစု လူေဝးတို႔ရဲ႕သဘာဝဟာ အခ်ိန္ၾကာျမင့္လာတာနဲ႔အမွ် တစ္ဦးတစ္ေယာက္ခ်င္းစီရဲ႕ ေတြးေခၚမႈထက္ Group Polarization ေခၚ “အုပ္စုအသားေပး လြန္ျခင္း” ဘက္ကို ေရာက္ရွိသြားတတ္တယ္လို႔ စိတ္ ပညာ နဲ႔ လူမႈေဗဒကလက္ခံထားပါတယ္။ တစ္ဦးခ်င္း စီရဲ႕ ကိုယ္ပိုင္ဆင္ျခင္တုံတရား/တာဝန္ယူ/တာ ဝန္ခံမႈေမွးမွိန္သြားၿပီး လူအုပ္ႀကီးနဲ႔လုပ္သမွ် ကိုယ္ လုပ္တာဘယ္သူမွမသိႏိုင္ဘူး။ လူအုပ္ႀကီးတစ္ခုလုံး ရဲ႕တာဝန္ပဲလို႔ လူစုလူေဝးေနာက္ ေရာပါသြားတတ္ပါတယ္။ ဆႏၵျပသူေတြေရာ တားဆီးသူေတြမွာပါ ကိုယ့္ ဘက္သာမွန္ကန္တယ္၊ တရားတယ္ဆိုတဲ့ စိတ္အျမင္ဟာ လူအုပ္ထဲမွာ လ်င္ျမန္စြာကူးစက္သြား ပါတယ္။ Collective Behavior, Herd Mentality, Mob Mentality, Mob Hysteria “အုပ္စုလိုက္ အ႐ူး ေသြးႂကြျခင္း” ျဖစ္ေပၚၿပီး ထိပ္တိုက္ေတြ႕မႈေတြနဲ႔ အၾကမ္းဖက္မႈအဆင့္ကို ေျပာင္းလဲသြားတတ္ပါတယ္။ အခ်ိန္ၾကာျမင့္လာတာနဲ႔အမွ် ေအးခ်မ္းစြာဆႏၵျပပြဲေတြဟာ တိုက္ခိုက္မႈ၊ ဖ်က္ဆီးမႈေတြ ျပဳလုပ္လာႏိုင္ ပါတယ္။ ဥပမာ (၂၀၁၉)ခုႏွစ္ ေဟာင္ေကာင္ ဆႏၵျပ ပြဲ၊ (၂၀၂၀)ျပည့္ႏွစ္ အေမရိကန္ ေဂ်ာ့ဖလြိဳက္အေရး အခင္း၊ (၂၀၂၃)ခုႏွစ္ ျပင္သစ္ပင္စင္ျပဳျပင္ေျပာင္း လဲမႈ ကန႔္ကြက္ဆႏၵျပပြဲေတြမွာေတြ႕ရပါတယ္။ ဆႏၵျပ ပြဲရဲ႕ရပ္တည္ခ်က္၊ ဦးေဆာင္သူေတြရဲ႕အရည္အခ်င္း၊ အာဏာပိုင္ေတြရဲ႕ တုံ႔ျပန္မႈနည္းလမ္းေတြဟာ အဲဒီ ျဖစ္စဥ္အေပၚ အမ်ားႀကီးလႊမ္းမိုးပါတယ္။
ႏိုင္ငံတစ္ႏိုင္ငံမွာ ျပင္းထန္တဲ့ လူထုအုံႂကြ မႈျဖစ္ပြားတိုင္း ျပည္ပ ပေယာဂပါဝင္တယ္ဆိုတာ အ ေၾကာင္းျပခ်က္တစ္ခုျဖစ္ပါတယ္။ ဂ်ာမနီႏိုင္ငံ ဆႏၵျပ ပြဲေတြမွာ ႐ုရွားသူလွ်ိဳ‌ေတြရဲ႕ အကြက္ဆင္ ေသြး ထိုးမႈေတြပါဝင္ေၾကာင္း သတင္းထြက္ေပၚခဲ့ေပမယ့္ မျဖစ္ႏိုင္ဘူးမေျပာႏိုင္သလို အတည္ျပဳဖို႔လည္း အလြန္ ခက္ပါတယ္။
ဒါေပမဲ့ သေဘာ႐ိုးနဲ႔ ေအးခ်မ္းစြာ ဆႏၵျပပြဲ တစ္ခုဟာ အာဏာပိုင္ေတြရဲ႕ တုံ႔ျပန္မႈ၊ ဆႏၵျပေလ ေလ စီးပြားေရးထိခိုက္ၿပီး အေျခအေနပိုမိုဆိုး႐ြားေလ ေလ ဆႏၵျပသူေတြ ပိုမိုနာက်ည္းေလေလျဖစ္ျခင္း၊ ဆႏၵျပသူမ်ားအတြင္း အၾကမ္းဖက္ရန္ရည္႐ြယ္ထားတဲ့ အုပ္စုငယ္ေတြ ေရာေႏွာဝင္ေရာက္လာျခင္း၊ ဆိုရွယ္ မီဒီယာေပၚမွာ သတင္းအမွားေတြပ်ံ႕ႏွံ႔တာတို႔က လူထုရဲ႕အမ်က္ေဒါသကို မီးေလာင္ရာေလပင့္ ျဖစ္ႏိုင္ ဖြယ္ရွိပါတယ္။ ဥပမာ နီေပါဆႏၵျပပြဲအတြင္း ႏွစ္ရာ ခ်ီသက္တမ္းရွိ ဘာသာေရးအေဆာက္အအုံ ဖ်က္ဆီးခံရေၾကာင္း သတင္းမွားျဖန႔္ျခင္း၊ ၿဗိတိန္ဆႏၵျပပြဲ ျပင္းထန္ေနခိုက္ “သတ္မလား အေသခံမလား၊ အၾကမ္းဖက္မႈေတြေတာ့ ျဖစ္လာေနၿပီ၊ ယူေကမွာ ပါလီမန္နဲ႔ အစိုးရကိုဖယ္ရွားၿပီး ေ႐ြးေကာက္ပြဲလုပ္မွ ျဖစ္ေတာ့မယ္” လို႔ “တက္စ္လာ” သူေဌး အီလြန္မက္စ္က ေျပာဆိုတာတို႔ဟာ ၿဗိတိန္ရဲ႕ဒီမိုကေရစီကို စြက္ဖက္ဖို႔ ႀကိဳးစားမႈအျဖစ္ ဝန္ႀကီးခ်ဳပ္ ကီယာစတာမာက ရႈတ္ခ်ခဲ့ပါတယ္။
ဒီေနရာမွာ အမ်ားျပည္သူတို႔အၾကား “စမတ္ဖုန္းယဥ္ေက်းမႈ”အရွိန္အဟုန္ ျပင္းထန္ေနခိုက္ လူမႈကြန္ရက္မွျဖန႔္ေဝတဲ့သတင္းမွားေတြဟာ အလြန္ဆိုး႐ြားေၾကာင္းေတြ႕ရွိရပါလိမ့္မယ္။ (၂၀၁၆)ခုႏွစ္ ကမာၻ႔ႏိုင္ငံေပါင္း (၄၀)ေက်ာ္မွ လူေပါင္း (၁၈၄၀ဝ)ဦးနဲ႔ေမးျမန္းတဲ့သုေတသနတစ္ခုမွာ သတင္းမွား တစ္ခုအေပၚ မစစ္ေဆးဘဲ ယုံၾကည္သူ ႏိုင္ငံအလိုက္ (၆%) မွ (၃၇%)အထိ ႏိုင္ငံအလိုက္ရွိေၾကာင္း၊ သတင္းမွားမွန္းသိရဲ႕နဲ႔ မွ်ေဝသူ (၂၃%) ရွိတယ္လို႔ ဆိုပါတယ္။
ယူကရိန္းစစ္ပြဲနဲ႔ပတ္သက္ၿပီး ႐ုရွားနဲ႔ အေနာက္အုပ္စုအၾကား တမင္ရည္႐ြယ္တဲ့ “သတင္း မီဒီယာစစ္” ခင္းက်င္းေနၾကပါတယ္။ COVID-19 တုန္းကသတင္းမွားေတြဟာ အမွန္ထက္ ပိုမိုတြင္ က်ယ္ၿပီး သက္ဆိုင္ရာအစိုးရရဲ႕ တရားဝင္သတင္းကိုေတာင္ မယုံၾကည္ေတာ့ဘဲ ကာကြယ္ေဆးထိုးႏွံဖို႔ ျငင္းဆိုတာ၊ ဆႏၵျပတာေတြျဖစ္ေပၚခဲ့ပါတယ္။
ဒီအတြက္ အနာဂတ္ကာလ ကမာၻ႔ႏိုင္ငံေတြညႇိႏႈိင္းၿပီး သတင္းစိစစ္မႈအဖြဲ႕ေတြထူေထာင္တာ၊ လူမႈကြန္ရက္သတင္းမွားစိစစ္မႈ ပိုမိုတင္းၾကပ္လာတာ၊ သာမန္ရွာလို႔မေတြ႕ႏိုင္တဲ့သတင္းမွား၊ ဦး တည္ခ်က္ လႊဲသတင္းေတြကို ဉာဏ္ရည္တု AI/Machine Learning ေတြအသုံးျပဳၿပီး ထိန္းခ်ဳပ္ဖို႔နည္းလမ္းေတြ အမ်ားျပည္သူအတြင္း အသိပညာေပးမႈေတြ တိုးျမင့္လာဖြယ္ရွိပါတယ္။

Related news

© 2021. All rights reserved.