ပဒါန်း - ငဖဲ - စေတုတ္တရာလမ်း နှင့် ရိုးမတောင်ခြေမှ အပူမီး

 101

သုတကျော် (NP News) - စက်တင်ဘာလ ၂၅
မကွေးတိုင်းဒေသကြီးနှင့် ရခိုင်ပြည်နယ် နယ်ခြားအနီး၊ ရခိုင်ရိုးမ တောင်ခြေတွင် ယင်းရိုးမနှင့် ပြိုင်တန်း ဖောက်လုပ်ထားသော လမ်းပိုင်းတစ်ခု သည် ယခုအခါ ကံကိုယုံပြီး ဆူးပုံနင်း သွားရမည့်အခြေအနေသို့ ဆိုက်ရောက် နေသည်။ ယင်းလမ်းပိုင်းသည်ကား ပဒါန်း - ငဖဲ - စေတုတ္တရာလမ်းပိုင်း ဖြစ်သည်။
ယင်းလမ်းပိုင်းသည် သာမန် ကတ္တရာလမ်းဖြစ်ကာ အဝေးပြေးလမ်းမ ကြီးကဲ့သို့ လမ်းကျယ်မဟုတ်သော် လည်း လမ်းမကြီးတစ်ခုရှိသကဲ့သို့ အရေးပါသောလမ်းလည်း ဖြစ်၏။ ယင်းလမ်းမကြီးကြောင့် စေတုတ္တရာမြို့၊ ငဖဲမြို့နှင့် ပဒါန်းတို့မှ ပြည်သူတို့အကြား ပိုမိုကျောချင်းကပ်ခဲ့ကြသည်။ တိုင်းမြို့တော် မကွေး မြို့အပြင် မကွေးတိုင်းအတွင်းမှ စလင်း၊ ပွင့်ဖြူကဲ့သို့ အခြားမြို့များသို့လည်း ဆက်သွယ်နိုင်သည်ဖြစ်ရာ ယင်းနေရာတို့မှ ပြည်သူတို့သည် ဒေသတွင်းကူးသန်း ရောင်းဝယ်ရေးအတွက် များစွာအကျိုးကျေးဇူးရှိခဲ့သည်။
တစ်ဖန် အဆိုပါလမ်းသည် ဆော-ကျောက်ထု လမ်းပိုင်းသို့လည်း ချိတ်ဆက်သွားလာ နိုင်ပြီး ထိုမှတစ်ဆင့် ချင်းပြည်နယ်အထိပင် ဆက် သွားသည်ဖြစ်ရာ လက်တံရှည်သော လမ်းပိုင်းတစ် ပိုင်းဟု တင်စားနိုင်မည်ဖြစ်သည်။
ယခုကဲ့သို့ အစချီလာသည့်အတွက် ယင်း ဒေသသို့မရောက်ဖူးသော စာဖတ်သူများအတွက် ရှည်လျားသော လမ်းပိုင်းတစ်ခုဟု ထင်ကြနိုင်ပါသည်။ သို့သော် အမှန်စင်စစ်အားဖြင့် ယင်း ပဒါန်း - ငဖဲ - စေတုတ္တရာ လမ်းပိုင်းအရှည်မှာ (၄၄) မိုင်ကျော် ခန့်သာရှိပြီး မောင်းချိန်မှာ (၂) နာရီခန့်သာ ရှိပါသည်။
" စေတုတ္တရာက မြို့ဆိုပေမယ့် တကယ် ကျတော့ မင်းဘူး၊ မကွေးပဲ ကုန်က သွားဝယ်ရတာကိုး။ ဒါကြောင့် ဒီလမ်းကို အားထား သုံးရတာပါ" ဟု မြို့ခံ တစ်ဦးက ဆိုသည်။
ယင်းသို့ ပြည်သူများအတွက် အသုံးဝင် သော လမ်းပိုင်းသို့ စစ်ရိပ်စစ်ငွေ့သမ်းလာခဲ့သည်။ ယင်းလမ်းပိုင်းတွင်သွားလာရသည်မှာ မလုံမခြုံ ဖြစ်လာသည်။ သာမန် ပြည်သူများအတွက် စွန့်စား သွားလာရသောလမ်းပိုင်းတစ်ခု ဖြစ်လာသည်။ ထို့ နောက်တွင်မူ သုံးပင်မသုံးနိုင်သောအခြေအနေသို့ ရောက်လာသည်။ "အစက သွားလို့လာလို့ ရနေသေးတယ်။ (၂၀၂၃) လောက်ကလား မသိပါဘူး ပဒါန်း-ငဖဲ -စေတုတ္တရာ လမ်းပိုင်းကို သိပ်မသွား ရဲကြဘူး ဖြစ်လာတယ်}} ဟု ပဒါန်းမြို့ခံတစ်ဦးက NP News သို့ ရင်ဖွင့်သည်။
ယင်းဒေသသို့ လက်နက်ကိုင်များ ရောက်လာကြသည်ဖြစ်ရာ အဆိုပါလမ်းပိုင်းတွင် ゞင်း တို့က မကြာခဏတက်လာခြင်းများရှိနေသည်။ ယင်းလမ်းပိုင်းနှင့် ပတ်သက်၍ (၂) ပိုင်း ခွဲပြောရမည် ဖြစ်ကာ ပဒါန်းနှင့် ငဖဲမြို့ကြား လမ်းပိုင်းအကွာ အဝေးမှာ (၁၀)မိုင်ခန့်သာ ဖြစ်သည့်အတွက် အလွန် အမင်း စိုးရိမ်ရခြင်းမရှိသော်လည်း ငဖဲနှင့် စေတုတ္တရာ ကြား လမ်းပိုင်းကမူ စိုးရိမ်ရသောအခြေအနေ ဖြစ်သည်။ " ငဖဲနဲ့ စေတုတ္တရာကြားဆိုရင်တော့ လက်နက်ကိုင်တွေနဲ့ တွေ့နိုင်တယ်။ မတွေ့ရင်တော့ ဘာမှမဖြစ်ဘူး။ တွေ့ရင်တော့ ခေါ်သွားဖို့က များ တယ်။ ဖမ်းပြီး စစ်တာ၊ ဆေးတာ ရှိတယ်။ သတ်ပစ် တာ များတယ်။ တချို့ကျတော့လည်း ဖမ်းပြီး ပိုက်ဆံ တောင်းတယ်" ဟု ပဒါန်းမြို့ခံတစ်ဦးက ဆိုသည်။ မြန်မာနိုင်ငံအတွင်းမှ လက်နက်ကိုင်သူပုန်တို့ရှိရာ အခြားမြို့နယ်၊ ဒေသတို့နည်းတူ ယင်းဒေသတွင် လည်း ပြန်ပေးမှုတို့ရှိလာသည်။ လက်နက်ကိုင် ပုန်ကန်သည့် လမ်းစဉ်မှတစ်ဆင့် ကျည်ဖိုး ငွေရရေး ပြန်ပေးဆွဲမည်။ ယင်းမှတစ်ဆင့် ငွေကြေးအရသာ ကိုသိကာ ငွေနောက်လိုသောအဖြစ်မျိုးသို့ တစ်ဆင့် ချင်းဆင့်ကဲပြောင်းလဲနေသော လက်နက်ကိုင်တို့ အနီးပါးမှ ပြည်သူတို့မှာ ကြောက်စိတ်ပိုရုံကလွဲ၍ တတ်နိုင်ခြင်းမရှိပါ။ " စေတုတ္တရာနဲ့ဆော-လောင်း ရှည်ဘက်ကတော့ အဲဒီဘက်က လုံးဝမသွားတော့ ဘူး။ ငဖဲနဲ့ စေတုတ္တရာကြားကတော့ ဘုန်းကြီး ကားလောက်ပေါ့။ အရပ်သားကားကတော့ သွားခဲ ပါတယ်" ဟု ၎င်းက ဆိုသည်။
လက်ရှိတွင် လက်နက်ကိုင်သူပုန်များ ဘက်က အုပ်ချုပ်ရေးမှူးများကို သတ်ဖြတ်ခြင်း၊ ပါတီ စည်းရုံးရေး လုပ်ငန်းစဉ်များ နှောင့်နှေးစေရန် ဆောင် ရွက်ခြင်းတို့ပြုလာသည်။ ゞင်းတို့က ဒီမိုကရေစီကို လိုလားသည်ဟုဆိုသော်လည်း ဒီမိုကရေစီ နည်း လမ်းနှင့် ပြဒါးတစ်လမ်း၊ သံတစ်လမ်း ဖြစ်သော ငါနှင့် မတူ ငါ့ရန်သူဆိုသော ထုံးကို နှလုံးမူလာ၏။
ပဒါန်း-ငဖဲ-စေတုတ္တရာ လမ်းပိုင်းနှင့် အတူ ယင်းလမ်းနှင့် နီးစပ်ရာဒေသတွင် လူသတ်ဝါဒ ကြီးစိုးလာသည်။ သို့သော် ထိုသို့ ကျင့်သုံးသူများသည် ပေါ်ပေါ်ထင်ထင်ကား မနေရဲကြပါ။ တပ်မတော်က စစ်ကြောင်းထိုးလာလျှင် ပြေးသည်။ လူအများကြား ရောနှောနေသည်။ တပ်မတော်က နယ်မြေရှင်းလင်း၍ အကြမ်းဖက်အဖွဲ့ဝင်သေဆုံးလျှင် ပြည်သူသေဆုံး သည်ဟု ဝါဒဖြန့်သည်။
" စစ်ကြောင်းက ထိုးတယ်။ စစ်ကြောင်း ထိုးရင် သူတို့က မရှိတော့ဘူး။ တချို့ကလည်း ရွာတွေထဲမှာ အရပ်သားယောင် ဆောင်နေတာပေါ့ ဗျာ" ဟု အခြားဒေသခံတစ်ဦးက ဆိုသည်။ ယင်း လမ်းပိုင်း၏ပြဿနာမှာ လက်နက်ကိုင်သူပုန်တို့ အနေဖြင့် အတည်တကျ လမ်းပေါ် ဂိတ်ထားခြင်းမျိုး မဟုတ်ဘဲ ရှောင်တခင် ရောက်ရောက်လာတတ်ခြင်း ဖြစ်သည်။ " ခက်တာက လမ်းပေါ်လည်း မနေ။ တက်တက်လာကြတာ" ဟု ၎င်းက ရှင်းပြသည်။
ထို့ကြောင့် ယင်းလမ်းတွင် သွားရသည်မှာ ကံစမ်းမဲ နှိုက်ရသည်ကဲ့သို့ ဖြစ်လာသည်။ တွေ့လျှင် ကံဆိုးမည်၊ မတွေ့လျှင်တော့ ကံကောင်းမည်။ သို့ သော် မည်သူမျှ မီးနှင့် မကစားလိုကြပါ။ မီးဟပ်လျှင် အပူလောင်ဒဏ်ရာမျှ ရမည် ဖြစ်သော်လည်း သူပုန် နှင့်တွေ့လျှင် ထိုးကြိတ်ခံရနိုင်သည်။ ဒလန်ဟု တံ ဆိပ်ကပ်ခံရနိုင်သည်။ ပိုဆိုးလျှင်တော့ ဇီဝိန်ခြွေခံ ရမည် ဖြစ်သည်။ မည်သူမျှ အသက်အပိုမပါသည့် အပြင် စိတ်အေးလက်အေးမိသားစုနှင့်အတူ ရှိလိုကြ သော သာမန် ပြည်သူတို့ အကြောက်တရားဖြင့် ယင်း လမ်းကို ရှောင်လာကြသည်မှာ စစ်ဘေး၏ပြယုဂ် တစ်ခုလည်း ဖြစ်သည်။
ယင်းလမ်းပိုင်းတစ်ခုတည်းသည်သာ စေတုတ္တရာအတွက် ရွေးစရာရှိသည်မဟုတ်ပါ။ ယင်းမြို့မှ မကွေးမြို့သို့သွားရန် ပုသိမ် - မုံရွာ လမ်းမကြီးကို သုံး၍ ရပါသေးသည်။ ယင်းလမ်းသည် ပို၍ ရှည်သည့်အပြင် လုံခြုံမှုကလည်း နည်းပါးသည် ဖြစ်သော်လည်း ပဒါန်း - ငဖဲ - စေတုတ္တရာ လမ်း ကဲ့သို့ မဆိုးသည့်အတွက် မဖြစ်သုံး သုံး၍ရသော အခြေအနေရှိနေသောကြောင့်မှေးသုံး၍ရသော အနေအထား ဖြစ်သည်။ " သွားတော့ သွားပေ မယ့်လည်း အသွားအလာက နည်းတယ်" ဟု ၎င်းက ဆိုသည်။
သို့သော် ပုသိမ် - မုံရွာ လမ်းသည်ပင် တစ်ဖြောင့်တည်း အဆင်ပြေသည်တော့မဟုတ်ပါ။ အညာဒေသနှင့် ဧရာဝတီတိုင်းဒေသကြီးကို ဆက် သွယ်ထားသည့် ယင်းရှည်လျားလှသော လမ်းမကြီး သည် မူလရည်မှန်းချက်အတိုင်း ပြည်သူကို အကျိုး ပြုခဲ့သော်လည်း စစ်တည်းဟူသောအရာကြောင့် ယင်းလမ်းပိုင်းသည်ပင် ကောင်းစွာအသုံးမပြုနိုင် တော့ပေ။ ယင်းအချက်ကလည်း လမ်းပန်းဆက်သွယ် ရေးအဆင်မပြေသည့် စေတုတ္တရာ၊ ပဒါန်း၊ ငဖဲမှ ပြည်သူတို့နှင့် ယင်းဒေသအတွင်းမှ ပြည်သူကို ရွေးစရာ ခက်လာစေသည်။
" တစ်ခါ မုံရွာဘက်ကိုကျတော့ ပဒါန်းရဲ့ မြောက်ကို မန်းရွှေစက်တော် သုံးမိုင်လမ်းအထိပဲ သွားလို့ရတယ်။ အဲဒီရဲ့ ဟိုဘက်ကို စလင်းမြို့နယ်၊ ပွင့်ဖြူမြို့နယ်၊ ဆိပ်ဖြူမြို့နယ်ဘက်ကျတော့ သွားမရ တော့ဘူး။ ပုသိမ်ဘက်ကျတော့လည်း မင်းလှမြို့နယ် အဆုံးတောင် သိပ်မသွားရဲ ကြဘူး။ ညရော ဘာရော" ဟု ပဒါန်း မြို့ခံတစ်ဦးက ဆိုသည်။ လမ်းပန်း ဆက်သွယ်ရေး ခက်ခဲလာသောအခါ စား ဝတ်နေရေးအတွက် မပြေလည်သူ များလာ သည်။ အထူးသဖြင့် လမ်းပိတ်သည့်သဖွယ် ဖြစ်နေသော စေတုတ္တရာမြို့ခံတို့တွင် ကျပ်တည်းသူ အရေအတွက် တိုးလာသည်။ " ဒီလမ်းမှ မကောင်းမှတော့ ဘယ်ကောင်း တော့မလဲကွယ်"ဟု စေတုတ္တရာမြို့ခံတစ်ဦး က အင်တာဗျူးရင်း အားလျော့သောအသံဖြင့် ဆိုသည်။
တစ်ဖန် ယခုဆောင်းပါးပါ လမ်း ခက်သွားခြင်းနှင့်အတူ အဘက်ဘက်က ခက်ခဲသွားသော မြို့၊ ရွာများအနက် ပဒါန်း သည်လည်း ရှေ့ဆုံးမှ ပါဝင်လာနေသည်။ ယခင်က လမ်းဆုံလမ်းခွနေရာတွင်ရှိပြီး ရွာမက၊ မြို့မကျသော ယင်းနေရာသည် ယခုတော့ ခက်ခဲလာသည်။ ယခင်က ရွှေထီးဆောင်းခဲ့သော ကာလများကို စစ်က ယူဆောင်သွားခဲ့ပြီဖြစ်သည်။ ပဒါန်းသည် လက်ရှိတွင် မကွေးမြို့နှင့် ဆက်သွယ်ထားနိုင်သည်ဖြစ်သော် လည်း ယခင်ကဲ့သို့ လမ်းဆုံလမ်းခွ စီးပွားရေးကောင်း သောဒေသတည်းဟူသောဘွဲ့ကို လက်လွတ်ရလု နီးပါး ဖြစ်နေသည်။
" ဟိုတုန်းက မင်းလှမြို့နယ် အနောက် ဘက်ခြမ်းကလည်း လာတယ်။ နောက်တစ်ခါ အမ်းမြို့နယ် အရှေ့ဘက်ခြမ်းကလည်း လာတယ်။ စေတုတ္တရာကလည်း လာတယ်။ မင်းဘူးမြို့နယ် အနောက်ဘက်ခြမ်းကလည်း လာတယ်။ လမ်းဆုံ လမ်းခွမှာ လမ်းငါးခွ ဖြစ်နေတာ။ အခုတော့ ဘယ်သူမှ မလာဘူး" ဟု အခြား ပဒါန်းမြို့မှ ဒေသခံတစ်ဦးက ဆိုသည်။
AA တို့က အမ်းကိုထိန်းချုပ်ပြီးနောက် ရခိုင်ရိုးမပေါ် နတ်ရေကန်တွင် တပ်မတော်နှင့် တိုက်ပွဲဖြစ်ပွားနေရာ တပ်မတော်က တားဆီးထားနိုင် စေကာမူ ပြည်သူတို့၏ ရင်တွင်းဝယ် စိုးရိမ်စိတ်များ ရှိနေသည်။ တစ်ဖက်တွင်လည်း တပ်မတော်အပေါ် ယုံကြည်ချက်ထားနေကြသည်။
" ဒီဘက်က အမြောက်ကြီးနဲ့ ထုရင်တော့ အသံကြားရတယ်။ ဒီဘက်မှာတော့ တပ်မတော်က များနေတဲ့အတွက် နတ်ရေကန်တောင် ဒီဘက်ကို မကျော်နိုင်ဘူး" ဟု ယင်းက ပြောသည်။
စီးပွားရေး အဆင်မပြေမှုများ၏ နောက် တွင် ယင်းဒေသများဘက်မှ ပြည်သူများအနေဖြင့် တစ်ရွာမပြောင်း သူကောင်းမဖြစ်ထုံးကို ကျင့်သုံး လာနေကြရသည်။ ရန်ကုန်နှင့် အခြားဒေသများသို့ သွားရောက်ကာ အလုပ်သစ်နှင့် ဘဝအသစ်ကို ပြန် စပြီး မိသားစုကိုထောက်ပံ့ရန် ကြိုးပမ်းလာနေကြရ သည်။
ယင်းမှာ ပဒါန်း - ငဖဲ - စေတုတ္တရာလမ်း နှင့် နှီးနွှယ်ရာဒေသမှ ဖြစ်စဉ်များသာဖြစ်ပြီး စစ်ဘေး သင့် ဒေသများအနက် တစ်ခုမှ အကြောင်းအရာသာ ဖြစ်ပါသည်။ စစ်သည် ゞင်းချည်း သက်သက် လာခြင်း မဟုတ်ဘဲ မကောင်းသည့်အရာမှန်သမျှကို သယ် လာတတ်သော အရာဖြစ်ကြောင်းကို ဒေသခံတို့ ရင် နာနာဖြင့် လက်ခံနေကြရသည်။
အေးချမ်းခဲ့သောအချိန်က ရခိုင်ရိုးမ တောင်ခြေမှ ယင်းဒေသတို့သည် ယခုတော့ အပူတို့ ဖြင့် မိုးလင်း၊ မိုးချုပ် ဒွန်တွဲနေကြရသည်မှာ အကျင့် ကဲ့သို့ ဖြစ်လာသည်။ ယင်းကို ယခု စာရေးသားချိန်တွင် စာလုံးရေ အနည်းငယ်ဖြင့် ဖော်ပြနိုင်သော်လည်း ခံနေကြရသူတို့၏ ရင်တွင်းမှာမူ နက်ရှိုင်းကျယ်ပြန့် လှပါသည်။

Zawgyi Version:
ပဒါန္း - ငဖဲ - ေစတုတၱရာလမ္း ႏွင့္ ႐ိုးမေတာင္ေျခမွ အပူမီး
သုတေက်ာ္ (NP News) - စက္တင္ဘာလ ၂၅
မေကြးတိုင္းေဒသႀကီးႏွင့္ ရခိုင္ျပည္နယ္ နယ္ျခားအနီး၊ ရခိုင္႐ိုးမ ေတာင္ေျခတြင္ ယင္း႐ိုးမႏွင့္ ၿပိဳင္တန္း ေဖာက္လုပ္ထားေသာ လမ္းပိုင္းတစ္ခု သည္ ယခုအခါ ကံကိုယုံၿပီး ဆူးပုံနင္း သြားရမည့္အေျခအေနသို႔ ဆိုက္ေရာက္ ေနသည္။ ယင္းလမ္းပိုင္းသည္ကား ပဒါန္း - ငဖဲ - ေစတုတၱရာလမ္းပိုင္း ျဖစ္သည္။
ယင္းလမ္းပိုင္းသည္ သာမန္ ကတၱရာလမ္းျဖစ္ကာ အေဝးေျပးလမ္းမ ႀကီးကဲ့သို႔ လမ္းက်ယ္မဟုတ္ေသာ္ လည္း လမ္းမႀကီးတစ္ခုရွိသကဲ့သို႔ အေရးပါေသာလမ္းလည္း ျဖစ္၏။ ယင္းလမ္းမႀကီးေၾကာင့္ ေစတုတၱရာၿမိဳ႕၊ ငဖဲၿမိဳ႕ႏွင့္ ပဒါန္းတို႔မွ ျပည္သူတို႔အၾကား ပိုမိုေက်ာခ်င္းကပ္ခဲ့ၾကသည္။ တိုင္းၿမိဳ႕ေတာ္ မေကြး ၿမိဳ႕အျပင္ မေကြးတိုင္းအတြင္းမွ စလင္း၊ ပြင့္ျဖဴကဲ့သို႔ အျခားၿမိဳ႕မ်ားသို႔လည္း ဆက္သြယ္ႏိုင္သည္ျဖစ္ရာ ယင္းေနရာတို႔မွ ျပည္သူတို႔သည္ ေဒသတြင္းကူးသန္း ေရာင္းဝယ္ေရးအတြက္ မ်ားစြာအက်ိဳးေက်းဇူးရွိခဲ့သည္။
တစ္ဖန္ အဆိုပါလမ္းသည္ ေဆာ-ေက်ာက္ထု လမ္းပိုင္းသို႔လည္း ခ်ိတ္ဆက္သြားလာ ႏိုင္ၿပီး ထိုမွတစ္ဆင့္ ခ်င္းျပည္နယ္အထိပင္ ဆက္ သြားသည္ျဖစ္ရာ လက္တံရွည္ေသာ လမ္းပိုင္းတစ္ ပိုင္းဟု တင္စားႏိုင္မည္ျဖစ္သည္။
ယခုကဲ့သို႔ အစခ်ီလာသည့္အတြက္ ယင္း ေဒသသို႔မေရာက္ဖူးေသာ စာဖတ္သူမ်ားအတြက္ ရွည္လ်ားေသာ လမ္းပိုင္းတစ္ခုဟု ထင္ၾကႏိုင္ပါသည္။ သို႔ေသာ္ အမွန္စင္စစ္အားျဖင့္ ယင္း ပဒါန္း - ငဖဲ - ေစတုတၱရာ လမ္းပိုင္းအရွည္မွာ (၄၄) မိုင္ေက်ာ္ ခန႔္သာရွိၿပီး ေမာင္းခ်ိန္မွာ (၂) နာရီခန႔္သာ ရွိပါသည္။
" ေစတုတၱရာက ၿမိဳ႕ဆိုေပမယ့္ တကယ္ က်ေတာ့ မင္းဘူး၊ မေကြးပဲ ကုန္က သြားဝယ္ရတာကိုး။ ဒါေၾကာင့္ ဒီလမ္းကို အားထား သုံးရတာပါ" ဟု ၿမိဳ႕ခံ တစ္ဦးက ဆိုသည္။
ယင္းသို႔ ျပည္သူမ်ားအတြက္ အသုံးဝင္ ေသာ လမ္းပိုင္းသို႔ စစ္ရိပ္စစ္ေငြ႕သမ္းလာခဲ့သည္။ ယင္းလမ္းပိုင္းတြင္သြားလာရသည္မွာ မလုံမၿခဳံ ျဖစ္လာသည္။ သာမန္ ျပည္သူမ်ားအတြက္ စြန႔္စား သြားလာရေသာလမ္းပိုင္းတစ္ခု ျဖစ္လာသည္။ ထို႔ ေနာက္တြင္မူ သုံးပင္မသုံးႏိုင္ေသာအေျခအေနသို႔ ေရာက္လာသည္။ "အစက သြားလို႔လာလို႔ ရေနေသးတယ္။ (၂၀၂၃) ေလာက္ကလား မသိပါဘူး ပဒါန္း-ငဖဲ -ေစတုတၱရာ လမ္းပိုင္းကို သိပ္မသြား ရဲၾကဘူး ျဖစ္လာတယ္}} ဟု ပဒါန္းၿမိဳ႕ခံတစ္ဦးက NP News သို႔ ရင္ဖြင့္သည္။
ယင္းေဒသသို႔ လက္နက္ကိုင္မ်ား ေရာက္လာၾကသည္ျဖစ္ရာ အဆိုပါလမ္းပိုင္းတြင္ ゞင္း တို႔က မၾကာခဏတက္လာျခင္းမ်ားရွိေနသည္။ ယင္းလမ္းပိုင္းႏွင့္ ပတ္သက္၍ (၂) ပိုင္း ခြဲေျပာရမည္ ျဖစ္ကာ ပဒါန္းႏွင့္ ငဖဲၿမိဳ႕ၾကား လမ္းပိုင္းအကြာ အေဝးမွာ (၁၀)မိုင္ခန႔္သာ ျဖစ္သည့္အတြက္ အလြန္ အမင္း စိုးရိမ္ရျခင္းမရွိေသာ္လည္း ငဖဲႏွင့္ ေစတုတၱရာ ၾကား လမ္းပိုင္းကမူ စိုးရိမ္ရေသာအေျခအေန ျဖစ္သည္။ " ငဖဲနဲ႔ ေစတုတၱရာၾကားဆိုရင္ေတာ့ လက္နက္ကိုင္ေတြနဲ႔ ေတြ႕ႏိုင္တယ္။ မေတြ႕ရင္ေတာ့ ဘာမွမျဖစ္ဘူး။ ေတြ႕ရင္ေတာ့ ေခၚသြားဖို႔က မ်ား တယ္။ ဖမ္းၿပီး စစ္တာ၊ ေဆးတာ ရွိတယ္။ သတ္ပစ္ တာ မ်ားတယ္။ တခ်ိဳ႕က်ေတာ့လည္း ဖမ္းၿပီး ပိုက္ဆံ ေတာင္းတယ္" ဟု ပဒါန္းၿမိဳ႕ခံတစ္ဦးက ဆိုသည္။ ျမန္မာႏိုင္ငံအတြင္းမွ လက္နက္ကိုင္သူပုန္တို႔ရွိရာ အျခားၿမိဳ႕နယ္၊ ေဒသတို႔နည္းတူ ယင္းေဒသတြင္ လည္း ျပန္ေပးမႈတို႔ရွိလာသည္။ လက္နက္ကိုင္ ပုန္ကန္သည့္ လမ္းစဥ္မွတစ္ဆင့္ က်ည္ဖိုး ေငြရေရး ျပန္ေပးဆြဲမည္။ ယင္းမွတစ္ဆင့္ ေငြေၾကးအရသာ ကိုသိကာ ေငြေနာက္လိုေသာအျဖစ္မ်ိဳးသို႔ တစ္ဆင့္ ခ်င္းဆင့္ကဲေျပာင္းလဲေနေသာ လက္နက္ကိုင္တို႔ အနီးပါးမွ ျပည္သူတို႔မွာ ေၾကာက္စိတ္ပို႐ုံကလြဲ၍ တတ္ႏိုင္ျခင္းမရွိပါ။ " ေစတုတၱရာနဲ႔ေဆာ-ေလာင္း ရွည္ဘက္ကေတာ့ အဲဒီဘက္က လုံးဝမသြားေတာ့ ဘူး။ ငဖဲနဲ႔ ေစတုတၱရာၾကားကေတာ့ ဘုန္းႀကီး ကားေလာက္ေပါ့။ အရပ္သားကားကေတာ့ သြားခဲ ပါတယ္" ဟု ၎က ဆိုသည္။
လက္ရွိတြင္ လက္နက္ကိုင္သူပုန္မ်ား ဘက္က အုပ္ခ်ဳပ္ေရးမႉးမ်ားကို သတ္ျဖတ္ျခင္း၊ ပါတီ စည္း႐ုံးေရး လုပ္ငန္းစဥ္မ်ား ေႏွာင့္ေႏွးေစရန္ ေဆာင္ ႐ြက္ျခင္းတို႔ျပဳလာသည္။ ゞင္းတို႔က ဒီမိုကေရစီကို လိုလားသည္ဟုဆိုေသာ္လည္း ဒီမိုကေရစီ နည္း လမ္းႏွင့္ ျပဒါးတစ္လမ္း၊ သံတစ္လမ္း ျဖစ္ေသာ ငါႏွင့္ မတူ ငါ့ရန္သူဆိုေသာ ထုံးကို ႏွလုံးမူလာ၏။
ပဒါန္း-ငဖဲ-ေစတုတၱရာ လမ္းပိုင္းႏွင့္ အတူ ယင္းလမ္းႏွင့္ နီးစပ္ရာေဒသတြင္ လူသတ္ဝါဒ ႀကီးစိုးလာသည္။ သို႔ေသာ္ ထိုသို႔ က်င့္သုံးသူမ်ားသည္ ေပၚေပၚထင္ထင္ကား မေနရဲၾကပါ။ တပ္မေတာ္က စစ္ေၾကာင္းထိုးလာလွ်င္ ေျပးသည္။ လူအမ်ားၾကား ေရာေႏွာေနသည္။ တပ္မေတာ္က နယ္ေျမရွင္းလင္း၍ အၾကမ္းဖက္အဖြဲ႕ဝင္ေသဆုံးလွ်င္ ျပည္သူေသဆုံး သည္ဟု ဝါဒျဖန႔္သည္။
" စစ္ေၾကာင္းက ထိုးတယ္။ စစ္ေၾကာင္း ထိုးရင္ သူတို႔က မရွိေတာ့ဘူး။ တခ်ိဳ႕ကလည္း ႐ြာေတြထဲမွာ အရပ္သားေယာင္ ေဆာင္ေနတာေပါ့ ဗ်ာ" ဟု အျခားေဒသခံတစ္ဦးက ဆိုသည္။ ယင္း လမ္းပိုင္း၏ျပႆနာမွာ လက္နက္ကိုင္သူပုန္တို႔ အေနျဖင့္ အတည္တက် လမ္းေပၚ ဂိတ္ထားျခင္းမ်ိဳး မဟုတ္ဘဲ ေရွာင္တခင္ ေရာက္ေရာက္လာတတ္ျခင္း ျဖစ္သည္။ " ခက္တာက လမ္းေပၚလည္း မေန။ တက္တက္လာၾကတာ" ဟု ၎က ရွင္းျပသည္။
ထို႔ေၾကာင့္ ယင္းလမ္းတြင္ သြားရသည္မွာ ကံစမ္းမဲ ႏႈိက္ရသည္ကဲ့သို႔ ျဖစ္လာသည္။ ေတြ႕လွ်င္ ကံဆိုးမည္၊ မေတြ႕လွ်င္ေတာ့ ကံေကာင္းမည္။ သို႔ ေသာ္ မည္သူမွ် မီးႏွင့္ မကစားလိုၾကပါ။ မီးဟပ္လွ်င္ အပူေလာင္ဒဏ္ရာမွ် ရမည္ ျဖစ္ေသာ္လည္း သူပုန္ ႏွင့္ေတြ႕လွ်င္ ထိုးႀကိတ္ခံရႏိုင္သည္။ ဒလန္ဟု တံ ဆိပ္ကပ္ခံရႏိုင္သည္။ ပိုဆိုးလွ်င္ေတာ့ ဇီဝိန္ေႁခြခံ ရမည္ ျဖစ္သည္။ မည္သူမွ် အသက္အပိုမပါသည့္ အျပင္ စိတ္ေအးလက္ေအးမိသားစုႏွင့္အတူ ရွိလိုၾက ေသာ သာမန္ ျပည္သူတို႔ အေၾကာက္တရားျဖင့္ ယင္း လမ္းကို ေရွာင္လာၾကသည္မွာ စစ္ေဘး၏ျပယုဂ္ တစ္ခုလည္း ျဖစ္သည္။
ယင္းလမ္းပိုင္းတစ္ခုတည္းသည္သာ ေစတုတၱရာအတြက္ ေ႐ြးစရာရွိသည္မဟုတ္ပါ။ ယင္းၿမိဳ႕မွ မေကြးၿမိဳ႕သို႔သြားရန္ ပုသိမ္ - မုံ႐ြာ လမ္းမႀကီးကို သုံး၍ ရပါေသးသည္။ ယင္းလမ္းသည္ ပို၍ ရွည္သည့္အျပင္ လုံၿခဳံမႈကလည္း နည္းပါးသည္ ျဖစ္ေသာ္လည္း ပဒါန္း - ငဖဲ - ေစတုတၱရာ လမ္း ကဲ့သို႔ မဆိုးသည့္အတြက္ မျဖစ္သုံး သုံး၍ရေသာ အေျခအေနရွိေနေသာေၾကာင့္ေမွးသုံး၍ရေသာ အေနအထား ျဖစ္သည္။ " သြားေတာ့ သြားေပ မယ့္လည္း အသြားအလာက နည္းတယ္" ဟု ၎က ဆိုသည္။
သို႔ေသာ္ ပုသိမ္ - မုံ႐ြာ လမ္းသည္ပင္ တစ္ေျဖာင့္တည္း အဆင္ေျပသည္ေတာ့မဟုတ္ပါ။ အညာေဒသႏွင့္ ဧရာဝတီတိုင္းေဒသႀကီးကို ဆက္ သြယ္ထားသည့္ ယင္းရွည္လ်ားလွေသာ လမ္းမႀကီး သည္ မူလရည္မွန္းခ်က္အတိုင္း ျပည္သူကို အက်ိဳး ျပဳခဲ့ေသာ္လည္း စစ္တည္းဟူေသာအရာေၾကာင့္ ယင္းလမ္းပိုင္းသည္ပင္ ေကာင္းစြာအသုံးမျပဳႏိုင္ ေတာ့ေပ။ ယင္းအခ်က္ကလည္း လမ္းပန္းဆက္သြယ္ ေရးအဆင္မေျပသည့္ ေစတုတၱရာ၊ ပဒါန္း၊ ငဖဲမွ ျပည္သူတို႔ႏွင့္ ယင္းေဒသအတြင္းမွ ျပည္သူကို ေ႐ြးစရာ ခက္လာေစသည္။
" တစ္ခါ မုံ႐ြာဘက္ကိုက်ေတာ့ ပဒါန္းရဲ႕ ေျမာက္ကို မန္းေ႐ႊစက္ေတာ္ သုံးမိုင္လမ္းအထိပဲ သြားလို႔ရတယ္။ အဲဒီရဲ႕ ဟိုဘက္ကို စလင္းၿမိဳ႕နယ္၊ ပြင့္ျဖဴၿမိဳ႕နယ္၊ ဆိပ္ျဖဴၿမိဳ႕နယ္ဘက္က်ေတာ့ သြားမရ ေတာ့ဘူး။ ပုသိမ္ဘက္က်ေတာ့လည္း မင္းလွၿမိဳ႕နယ္ အဆုံးေတာင္ သိပ္မသြားရဲ ၾကဘူး။ ညေရာ ဘာေရာ" ဟု ပဒါန္း ၿမိဳ႕ခံတစ္ဦးက ဆိုသည္။ လမ္းပန္း ဆက္သြယ္ေရး ခက္ခဲလာေသာအခါ စား ဝတ္ေနေရးအတြက္ မေျပလည္သူ မ်ားလာ သည္။ အထူးသျဖင့္ လမ္းပိတ္သည့္သဖြယ္ ျဖစ္ေနေသာ ေစတုတၱရာၿမိဳ႕ခံတို႔တြင္ က်ပ္တည္းသူ အေရအတြက္ တိုးလာသည္။ " ဒီလမ္းမွ မေကာင္းမွေတာ့ ဘယ္ေကာင္း ေတာ့မလဲကြယ္"ဟု ေစတုတၱရာၿမိဳ႕ခံတစ္ဦး က အင္တာဗ်ဴးရင္း အားေလ်ာ့ေသာအသံျဖင့္ ဆိုသည္။
တစ္ဖန္ ယခုေဆာင္းပါးပါ လမ္း ခက္သြားျခင္းႏွင့္အတူ အဘက္ဘက္က ခက္ခဲသြားေသာ ၿမိဳ႕၊ ႐ြာမ်ားအနက္ ပဒါန္း သည္လည္း ေရွ႕ဆုံးမွ ပါဝင္လာေနသည္။ ယခင္က လမ္းဆုံလမ္းခြေနရာတြင္ရွိၿပီး ႐ြာမက၊ ၿမိဳ႕မက်ေသာ ယင္းေနရာသည္ ယခုေတာ့ ခက္ခဲလာသည္။ ယခင္က ေ႐ႊထီးေဆာင္းခဲ့ေသာ ကာလမ်ားကို စစ္က ယူေဆာင္သြားခဲ့ၿပီျဖစ္သည္။ ပဒါန္းသည္ လက္ရွိတြင္ မေကြးၿမိဳ႕ႏွင့္ ဆက္သြယ္ထားႏိုင္သည္ျဖစ္ေသာ္ လည္း ယခင္ကဲ့သို႔ လမ္းဆုံလမ္းခြ စီးပြားေရးေကာင္း ေသာေဒသတည္းဟူေသာဘြဲ႕ကို လက္လြတ္ရလု နီးပါး ျဖစ္ေနသည္။
" ဟိုတုန္းက မင္းလွၿမိဳ႕နယ္ အေနာက္ ဘက္ျခမ္းကလည္း လာတယ္။ ေနာက္တစ္ခါ အမ္းၿမိဳ႕နယ္ အေရွ႕ဘက္ျခမ္းကလည္း လာတယ္။ ေစတုတၱရာကလည္း လာတယ္။ မင္းဘူးၿမိဳ႕နယ္ အေနာက္ဘက္ျခမ္းကလည္း လာတယ္။ လမ္းဆုံ လမ္းခြမွာ လမ္းငါးခြ ျဖစ္ေနတာ။ အခုေတာ့ ဘယ္သူမွ မလာဘူး" ဟု အျခား ပဒါန္းၿမိဳ႕မွ ေဒသခံတစ္ဦးက ဆိုသည္။
AA တို႔က အမ္းကိုထိန္းခ်ဳပ္ၿပီးေနာက္ ရခိုင္႐ိုးမေပၚ နတ္ေရကန္တြင္ တပ္မေတာ္ႏွင့္ တိုက္ပြဲျဖစ္ပြားေနရာ တပ္မေတာ္က တားဆီးထားႏိုင္ ေစကာမူ ျပည္သူတို႔၏ ရင္တြင္းဝယ္ စိုးရိမ္စိတ္မ်ား ရွိေနသည္။ တစ္ဖက္တြင္လည္း တပ္မေတာ္အေပၚ ယုံၾကည္ခ်က္ထားေနၾကသည္။
" ဒီဘက္က အေျမာက္ႀကီးနဲ႔ ထုရင္ေတာ့ အသံၾကားရတယ္။ ဒီဘက္မွာေတာ့ တပ္မေတာ္က မ်ားေနတဲ့အတြက္ နတ္ေရကန္ေတာင္ ဒီဘက္ကို မေက်ာ္ႏိုင္ဘူး" ဟု ယင္းက ေျပာသည္။
စီးပြားေရး အဆင္မေျပမႈမ်ား၏ ေနာက္ တြင္ ယင္းေဒသမ်ားဘက္မွ ျပည္သူမ်ားအေနျဖင့္ တစ္႐ြာမေျပာင္း သူေကာင္းမျဖစ္ထုံးကို က်င့္သုံး လာေနၾကရသည္။ ရန္ကုန္ႏွင့္ အျခားေဒသမ်ားသို႔ သြားေရာက္ကာ အလုပ္သစ္ႏွင့္ ဘဝအသစ္ကို ျပန္ စၿပီး မိသားစုကိုေထာက္ပံ့ရန္ ႀကိဳးပမ္းလာေနၾကရ သည္။
ယင္းမွာ ပဒါန္း - ငဖဲ - ေစတုတၱရာလမ္း ႏွင့္ ႏွီးႏႊယ္ရာေဒသမွ ျဖစ္စဥ္မ်ားသာျဖစ္ၿပီး စစ္ေဘး သင့္ ေဒသမ်ားအနက္ တစ္ခုမွ အေၾကာင္းအရာသာ ျဖစ္ပါသည္။ စစ္သည္ ゞင္းခ်ည္း သက္သက္ လာျခင္း မဟုတ္ဘဲ မေကာင္းသည့္အရာမွန္သမွ်ကို သယ္ လာတတ္ေသာ အရာျဖစ္ေၾကာင္းကို ေဒသခံတို႔ ရင္ နာနာျဖင့္ လက္ခံေနၾကရသည္။
ေအးခ်မ္းခဲ့ေသာအခ်ိန္က ရခိုင္႐ိုးမ ေတာင္ေျခမွ ယင္းေဒသတို႔သည္ ယခုေတာ့ အပူတို႔ ျဖင့္ မိုးလင္း၊ မိုးခ်ဳပ္ ဒြန္တြဲေနၾကရသည္မွာ အက်င့္ ကဲ့သို႔ ျဖစ္လာသည္။ ယင္းကို ယခု စာေရးသားခ်ိန္တြင္ စာလုံးေရ အနည္းငယ္ျဖင့္ ေဖာ္ျပႏိုင္ေသာ္လည္း ခံေနၾကရသူတို႔၏ ရင္တြင္းမွာမူ နက္ရႈိင္းက်ယ္ျပန႔္ လွပါသည္။

Related news

© 2021. All rights reserved.