ငြိမ်းချမ်းရေးသူရဲကောင်းများ အလိုရှိသည် -အပိုင်း(၃)

 134

စစ်မုန်း (NP News) - စက်တင်ဘာ ၂၆
(ယခင်တစ်ပတ်မှအဆက်)
ပြည်သူများအဓိကလိုချင်နေကြသည်မှာ ပြည်တွင်းငြိမ်းချမ်းရေးဖြစ်သည်။ ငြိမ်းချမ်းရေးသည် ပထမ၊ ငြိမ်းချမ်းရေးသည်ဒုတိယ၊ ငြိမ်းချမ်းရေးသည် တတိယဟုဆိုရမည်။ ငြိမ်းချမ်းရေး ဖော်ဆောင်ရာ တွင် ပြည်သူတို့ပါဝင်ကြရမည်။ နိုင်ငံရေးခေါင်းဆောင်များ၊ တိုင်းရင်းသားခေါင်းဆောင်များ ပါဝင်ကြရ မည်။ တိုင်းပြည်တည်ငြိမ်အေးချမ်းရေးအတွက် အားလုံး ပူးပေါင်း ဆောင်ရွက်သွားကြရမည်ဖြစ်သည်။

ငြိမ်းချမ်းရေးဆုတောင်းပွဲများ
မြန်မာနိုင်ငံ လွတ်လပ်ရေးရပြီးနောက် ခေတ်အဆက်ဆက်အစိုးရများသည် ပြည်တွင်းပဋိပက္ခ နွံ အတွင်းမှ ရုန်းထွက်နိုင်ရေးအတွက် ငြိမ်းချမ်း ရေးလုပ်ငန်းစဉ်များကိုလုပ်ဆောင်ခဲ့ကြသည်ကို သမိုင်း မှတ်တမ်းများအရသိမြင်နိုင်ကြသည်။ သို့ရာတွင် ခေတ္တခဏမျှသာ ငြိမ်းချမ်းရေးရခဲ့ကြသော်လည်း တည် မြဲခြင်းမရှိခဲ့။ ပြည်တွင်းပဋိပက္ခများကြောင့် ပြည်သူအများစုမှာ ဆင်းရဲဒုက္ခဝေနေကြရသည်။ အချို့ မိသားစုများမှာ ဘဝတွေပျက်သည်အထိ ဖြစ်ခဲ့ကြ၊ ကြုံခဲ့ကြရသည်။
ထိုကြောင့် စစ်ဆိုလျှင် ပြည်သူတို့ မကြားချင်ကြတော့။ ရွံရှာကြောက်ရွံ့နေကြသည်။ စစ်ကိုမုန်း တီးနေကြသည်။ စစ်ဘေးကြောင့် စစ်ဖြစ်ပွားရာနေရာ ဒေသများတွင်သာမက တည်ငြိမ်အေးချမ်းပါသည် ဆိုသည့်နေရာဒေသများတွင်လည်း စစ်၏ဆိုးကျိုးကို အများနည်းတူခံစားကြရသည်။ လူနေထူထပ်လာမှု၊ အစားအသောက် ရှားပါးလာမှု၊ ကုန်ဈေးနှုန်းကြီးမြင့်မှု စသည့်ဒဏ်ကိုခံစားနေကြရသည်။ စစ်ဘေးရှောင် သူ အများစုတို့မှာလည်း စားဝတ်နေရေး မပြေလည်ရှာကြသည်သာမက ကျောတစ်ခင်းစာ နေရာရရန် အတွက် ပူပင်စိုးရိမ်နေကြရသည်။ ထို့ကြောင့် ပြည်သူအားလုံးငြိမ်းချမ်းရေးကိုလိုချင်ကြသည်။
(၂၀၂၅)ခုနှစ် ဇူလိုင်လအတွင်းက ကရင်ပြည်နယ်တွင် ဆရာတော်သံဃာတော်များ ဦးဆောင်ပြီး ငြိမ်းချမ်းရေးဆုတောင်းပွဲပြုလုပ်ခဲ့ကြောင်း သတင်း များ၏အဆိုအရသိရသည်။ သို့ရာတွင် ထို ငြိမ်းချမ်း ရေးဆွေးနွေးပွဲကား နိုင်ငံရေးနှင့်နှီးနွှယ်ပတ်သက်နေသည်။ နိုင်ငံရေးတောင်းဆိုချက်၊ ဆုံးဖြတ်ချက်များ နှင့် အတူပြီးဆုံးခဲ့ကြောင်းလည်းသိရသည်။ မည်သို့ဆိုစေ ပြည်တွင်းငြိမ်းချမ်းရေးကို ဦးတည်ခြင်းဖြစ်ရာ လက်ကမ်းကြိုရပေသည်။ ငြိမ်းချမ်းရေးဆုတောင်းပွဲများများပြုလုပ်ဖြစ်စေချင်သည်။ ပဋိပက္ခတွင် ပါဝင် ပတ်သက်သူအားလုံး ငြိမ်းချမ်းရေးစိတ်ဓာတ်များ နှလုံးသားရင်းတွင်းသို့ ကိန်းဝပ်ရောက်ရှိသွားစေချင် သည်။ အထူးသဖြင့် မေတ္တာတရားဖြင့် မွှမ်းထုံအပ်သော ငြိမ်းချမ်းရေးဆွေးနွေးပွဲ များများဖြစ်စေ ချင်သည်။
ဘာသာပေါင်းစုံတို့ကလည်း မိမိတို့ဘာသာ ရေးနေ့ရက်များ၊ အခါကြီးရက်ကြီးများ၊ ဘာသာရေး ပွဲတော်အခမ်းအနားများတွင် မေတ္တာတရားလွှမ်းခြုံသော ငြိမ်းချမ်းရေးဆုတောင်းမှုများကိုပြုလုပ်ခြင်းဖြင့် ပြည်သူများအတွင်း ငြိမ်းချမ်းရေးအသိတရားများ ကိန်းအောင်းလာနိုင်စေမည်ဖြစ်သည်။

အမြင်မှန်နိုင်ကြပါစေ
မြန်မာနိုင်ငံအတွင်း လက်ရှိဖြစ်ပွားနေသော ပဋိပက္ခအသီးသီးတွင် ပါဝင်ပတ်သက်နေသူများ အနေဖြင့် နိုင်ငံတကာနှင့် ပြည်တွင်းရေးရာအဖြာဖြာတို့ကို ယထာဘူတကျစွာဖြင့် ဆင်ခြင်သုံးသပ်နိုင်ကြ ရန်လိုအပ်ကြပေမည်။ အမြင်မှန်မှ အသိမှန်မည်။ အသိမှန် မှ လမ်းမှန်သို့ရောက်နိုင်ကြမည်။ မြန်မာနိုင်ငံ တွင်ဖြစ်ပွားခဲ့သော ပြည်တွင်းစစ်ပဋိပက္ခများ၏ဆိုးကျိုးတရားကို ကိုယ်တိုင်သိမြင်ခဲ့ရပြီး နောင်တစကား များပြောကြားခဲ့သူတစ်ဦးရှိခဲ့သည်။ ကိုယ်တိုင်ကလည်း ပြည်တွင်းစစ်ပဋိပက္ခကိုစတင်ခဲ့သူလည်းဖြစ် သည်။ သူ ကား ကွန်မြူနစ်ပါတီ(ဗမာပြည်) (အလံနီကွန်မြူနစ် ပါတီ) အထွေထွေအတွင်းရေးမှူး သခင် စိုးဖြစ်သည်။
မြန်မာပြည်တွင်းစစ်သည် ၄င်းတို့၏ တစ် ယူသန်ဝါဒစွဲအမှားကြောင့် ဖြစ်ရခြင်းဖြစ်ပြီး၊ တိုင်းရင်း သားပြည်သူတို့၏အသက်အိုးအိမ်စည်းစိမ်များ ဆုံးရှုံး ရခြင်း၊ ပြည်၏ဘဏ္ဍာများ နစ်နာဆုံးရှုံးရခြင်းနှင့် တိုင်းပြည်မဖွံ့ဖြိုးမတိုးတက်ရခြင်းအကြောင်းတို့၏အဓိက တရားခံမှာ ၎င်းတို့သာဖြစ်ကြောင်း ဖွင့်ဟ ဝန်ခံသွားခဲ့သည်။ နိုင်ငံရေးဂုရုကြီးတစ်ယောက်ဖြစ်သော သခင်စိုး၏ နောင်တစကားဖြစ်သည်။
ထို့အတူ မြန်မာ့နိုင်ငံရေးကိုပြောင်းလဲခဲ့သော မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီသည်လည်း တိုင်းပြည်၏ပကတိအခြေအနေများကို ယထာဘူ တကျစွာရှုမြင်သုံးသပ်ပြီး နိုင်ငံတော်၏အကျိုးစီးပွား အတွက် နိုင်ငံတော်အာဏာကို စွန့်လွှတ်ပေးခဲ့သည်။မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီအနေဖြင့် ၎င်းတို့ အာဏာစွန့်လွှတ်ခဲ့သော (၁၉၈၈) ခုနှစ် အရေးအခင်းဖြစ်စဉ်တွင် တပ်မတော်၏အင်အားကိုအသုံးပြုပြီး နိုင်ငံတော်အားဆန့်ကျင်နေသူများကို အင်အားသုံးဖြို ခွဲကာ နိုင်ငံ့အာဏာကိုဆက်လက်ရယူလိုလျှင် ရယူ ထားနိုင်ခဲ့သော်လည်း မလုပ်ဆောင်ခဲ့။ နိုင်ငံတော်နှင့် ပြည်သူများ ထိခိုက်နစ်နာစေမည့်အရေးကို တွက်ဆပြီး ပါတီခေါင်းဆောင်များသည် ပါတီကိုဖျက်သိမ်းကာ တပ်မတော်သို့ အာဏာကိုလွှဲပြောင်းခဲ့ပြီး (၁၉၇၄) ခုနှစ်ဖွဲ့စည်းပုံအခြေခံဥပဒေအရ တပ်မတော်သို့ အာဏာကို လွှဲပြောင်းပေးခြင်းမပြုနိုင်သဖြင့် အာဏာကို သိမ်းစေသည့်ပုံစံဖြင့် လွှဲပြောင်းခဲ့ခြင်းဖြစ်သည်။
ပါတီခေါင်းဆောင်များအားလုံး နိုင်ငံရေး လောကမှ လုံးဝအနားယူသွားခဲ့ကြသည်။ ကိုယ်ကျိုး ကို မငဲ့ကွက်၊ ပါတီအကျိုးကို မငဲ့ကွက်၊ တိုင်းပြည်မျက် နှာကိုထောက်ကာ အာဏာကိုစွန့်လွှတ်ခဲ့ကြခြင်းဖြစ် သည်။ တိုင်းပြည် ဖရိုဖရဲဖြစ်ပြီး ငြိမ်းချမ်းရေးပျက်ပြား ကာ ပြည်သူတွေထိခိုက်နစ်နာမည်ကိုမလိုလား ကြသဖြင့် သတ္တိရှိစွာ၊ သူရဲကောင်းဆန်စွာဖြင့် အာဏာကို စွန့်လွှတ်ခဲ့ကြသူများ၊စွန့်လွှတ်ရဲခဲ့သူများ ဖြစ် ကြသည်။
အစိုးရအဆက်ဆက်၊ ခေတ်အဆက်ဆက် ပြုလုပ်ခဲ့သော ငြိမ်းချမ်းရေးဆွေးနွေးပွဲကာလများ တွင်လည်း အချို့သောလက်နက်ကိုင်အဖွဲ့အစည်းများ၊ ပါတီများသည်လည်း တည်ဆဲနိုင်ငံတော်အစိုးရ နှင့် ပူးပေါင်းလာကာ ငြိမ်းချမ်းရေးကိုရယူခဲ့သူများရှိခဲ့ပြီး၊ သူတို့၏လက်ကျန်ဘဝများကို အေးချမ်းစွာဖြင့် ကုန်လွန်စေခဲ့သူများရှိခဲ့ကြသည်။ ဦးအောင်ခမ်းထီလို ပအို့ဝ်လက်နက်ကိုင်များသည်ပင် မိမိတို့တိုင်းရင်း သားလူမျိုးများအတွက် နိုင်ငံတော်အစိုးရနှင့်ပူးပေါင်းကာ ဒေသဖွံ့ဖြိုးရေးကိုလုပ်ဆောင်နေသည်မှာ ပအို့ဝ် ဒေသ၏ ဖွံ့ဖြိုးတိုးတက်ငြိမ်းချမ်းနေမှုက အထင်အရှားပင်ဖြစ်သည်။
(၂၀၁၃)ခုနှစ်ကစတင်ခဲ့ပြီး (၂၀၁၅)ခုနှစ် တွင်လက်မှတ်ရေးထိုးနိုင်ခဲ့သော တစ်နိုင်ငံလုံး အပစ် အခတ်ရပ်စဲရေးညီလာခံသို့တက်ရောက်ဆွေးနွေးခဲ့သည့် တော်လှန်ရေးသမ္ဘာရင့်အဖွဲ့အစည်းတစ်ခုဖြစ် သည့် KNU (ကရင်အမျိုးသားအစည်းအရုံး)ခေါင်းဆောင်တစ်ဦးဖြစ်သူ ဖထီးစောမူတူးဆေးဖိုးက “သတ္တိရှိလို့တော်လှန်ရေးလုပ်ခဲ့တာ၊ အခုသတ္တိရှိလို့ ငြိမ်းချမ်းရေးဆွေးဖို့လာခဲ့တာ”ဟုပြောခဲ့သည့် စကား မှာလည်း ၎င်း၏လက်နက်ကိုင်တော်လှန်ရေးအခြေ အနေများနှင့် ပြောင်းလဲလာသော စစ်ရေး၊ နိုင်ငံရေး အသွင်အပြင်များကို ယထာဘူတကျစွာ ရှုမြင်သုံးသပ်ပြီး ဒေသနှင့် တိုင်းရင်းသားပြည်သူများ၏ အကျိုး စီးပွားအတွက် လိုလိုလားလားပြောကြားခဲ့ခြင်းပင်ဖြစ်သည်။ သူတို့၏တော်လှန်ရေးအတွေ့အကြုံများက လည်းနည်းလှသည်မဟုတ်။

ငြိမ်းချမ်းရေးသူရဲကောင်းများအလိုရှိသည်
ပြည်ပမှ သွေးထိုးလှုံ့ဆော် မြှောက်ပင့်အားပေးမှုများ၊ ခံယူချက်၊ ယုံကြည်ချက် အသိအမြင်လွဲမှား မှုများဖြင့် ပြည်ထောင်စုကြီးနှင့် ပြည်သူများအကျိုးကို မျက်ကွယ်ပြုပြီး လက်နက်ကိုင်လမ်းစဉ်ဖြင့် အကြမ်းဖက်လုပ်ရပ်များကိုသာ ဇွတ်တိုးလုပ်ကိုင်နေကြခြင်း က မြန်မာပြည်သူများအချင်းချင်း ပြိုကွဲ ပျက်စီးခြင်းသို့ ရောက်ရှိကြရပြီး မိမိတို့ဒေသခံတိုင်းရင်းသားပြည်သူများ၏ အနာဂတ်ပျောက်ဆုံးနေ သည်ကို သတိပြုကြရမည်ဖြစ်သည်။
ငြိမ်းချမ်းသာယာပြီး ဖွံ့ဖြိုးတိုးတက်သည့်ပြည်နယ်တစ်ခု၊ ဒေသတစ်ခုဖြစ်စေရန် ပြည်နယ်အ တွင်း၊ ဒေသအတွင်းနေထိုင်ကြသည့် တိုင်းရင်းသား ပြည်သူများအားလုံး၏ စိတ်ဓာတ်နှင့်အင်အားသည် အဓိကဖြစ်သည်။ နိုင်ငံ၏အင်အားသည် နိုင်ငံအတွင်း မှာရှိသကဲ့သို့ ပြည်နယ်ဒေသများ၏အင်အားသည် ပြည်နယ်ဒေသအတွင်းရှိ တိုင်းရင်းသားပြည်သူအား လုံး၏စုပေါင်းအင်အားများပင် ဖြစ်သည်။
(၂၀ဝ၈)ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် အညီဖြစ်ထွန်းခဲ့သော သမ္မတ ဦးသိန်းစိန်၏အစိုးရ လက်ထက်နှင့် ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်ခဲ့သည့်အစိုးရအဖွဲ့တို့ အစိုးရနှစ်ဆက်တွင် ဆွေးနွေးသ ဘောတူညီချက်များဖြစ်သည့် တစ်နိုင်ငံလုံးအပစ်အ ခတ်ရပ်စဲရေးသဘောတူစာချုပ် NCA စာချုပ်ပါ အ ခန်း(၁) အခြေခံမူများတွင် “ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်တို့ကိုအခြေခံသောပြည်ထောင်စုကို နိုင်ငံ ရေးဆွေးနွေးပွဲရလဒ်များနှင့်အညီ တည်ဆောက်သွားရန်”၊ “နိုင်ငံသားအားလုံး တန်းတူရည်တူ အခွင့် အရေး များရရှိစေရန်”ဆိုသည့်ပြဋ္ဌာန်းချက်များပါရှိပြီးလည်း ဖြစ်သည်။ အားလုံးပါဝင်သည့် နိုင်ငံရေး တွေ့ဆုံဆွေး နွေးပွဲများကျင်းပခြင်းကဏ္ဍတွင် “ပြည်ထောင်စုညီ လာခံမှထွက်ပေါ်လာသော ဆုံးဖြတ် ချက်များအပေါ်အခြေခံ၍ ဖွဲ့စည်းပုံအခြေခံဥပဒေအပါအဝင် ဥပဒေများ ကို လိုအပ်သလိုပြင်ဆင်ခြင်း၊ ဖြည့်စွက်ခြင်းနှင့် ပယ်ဖျက်ခြင်းများကို လုပ်ထုံးလုပ်နည်းများနှင့်အညီပြု လုပ်ရန်သဘောတူညီ သည်”ဟု လည်း ထည့်သွင်းသဘောတူညီထားသည်။ ပြောရမည်ဆိုပါက တစ်နိုင်ငံ လုံးပစ်ခတ်တိုက်ခိုက် မှုရပ်စဲ ရေးစာချုပ်(NCA)၏အ နှစ်သာရမှာ ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်တို့ကိုအခြေခံသည့် ပြည်ထောင် စု တည်ဆောက်သွားရေး၊ လက်နက်ကိုင်တိုက်ခိုက်မှုများကိုစွန့်လွှတ်ပြီး နိုင်ငံရေးနည်းလမ်းများဖြင့် ထာဝရငြိမ်းချမ်းရေးတည်ဆောက်ရေး၊ ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်ရေး၊ ဒေသ တည်ငြိမ်အေးချမ်းရေးနှင့် တရားဥပဒေစိုးမိုးရေး၊ ဒေသဖွံ့ဖြိုးတိုးတက်ရေးတို့ကို ပူးပေါင်းဆောင်ရွက် သွားရန်ဖြစ်ကြောင်း ရှင်းလင်း ပြတ်သားသည့်အမြင်များကို ရရှိကြရန်လိုသည်။
ခေါင်းဆောင်ဆိုသူများသည် တိုင်းပြည် နိုင်ငံနှင့် ပြည်သူများ၏အကျိုးစီးပွားအတွက် ဆောင် ရွက်ကြရာတွင် (လိုအပ်ပါက) အပြောင်းအလဲများကို သတ္တိရှိစွာဖြင့် ဆောင်ရွက်ရဲသူများ ဖြစ်ကြရန် လိုသည်။ အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်း သည် မြန်မာ့လွတ်လပ်ရေးအတွက် ကြိုးပမ်း လုပ်ဆောင်ခဲ့ရာတွင် ဂျပန်နှင့်ပူးပေါင်းပြီး အင်္ဂလိပ်တို့ကို တိုက်ခိုက်ခဲ့သလို၊ ပြောင်းလဲဖြစ်ပေါ်ခဲ့သည့် နိုင်ငံရေး အခင်းအကျင်းတွင် အင်္ဂလိပ်နှင့် ပြန်လည်ပူးပေါင်းကာ ဂျပန်တို့ကို တွန်းလှန်တိုက်ထုတ်ခဲ့ သည်။ တရုတ်နိုင်ငံ၏ခေါင်းဆောင်ကြီး တိန့်ရှောက်ဖိန်သည် တိုင်း ပြည်၏အကျိုးစီးပွားအတွက် ကွန်မြူနစ်ပါတီမှ တရား သေဆုပ်ကိုင်ထားသောကွန်မြူနစ်စီးပွားရေးစနစ်မှ သွေဖည်ပြီး ဈေးကွက် စီးပွားရေးစနစ်သို့ ပြောင်းလဲ ကျင့်သုံးခဲ့ခြင်းဖြင့် နိုင်ငံအား ဖွံ့ဖြိုးတိုးတက်ရေးလမ်းကြောင်းသို့ ရောက် ရှိစေခဲ့သည်။
နိုင်ငံရေးလုပ်သည်ဆိုခြင်းမှာ အစဉ်အမြဲတစ်သမတ်တည်းဖြောင့်ဖြူးနေသည်ကား မဟုတ်ပေ။ နှစ်ပေါင်း(၈၀)နီးပါးကြာမြင့်ခဲ့ပြီဖြစ်သော လက် နက်ကိုင်ပဋိပက္ခများရပ်တန့်ပြီး မြန်မာနိုင်ငံအတွက် ငြိမ်းချမ်းရေးဖော်ဆောင်ရာတွင် တိုင်းရင်းသားပြည်သူ အားလုံး ပြည်ထောင်စုစိတ်ဓာတ်အရင်းခံကာ နိုင်ငံရေးနည်းလမ်းဖြင့် တွေ့ဆုံဆွေးနွေးညှိနှိုင်းခြင်းဖြင့်သာ အောင်မြင်မှုရရှိနိုင်မည်ဖြစ်သည်။
နိုင်ငံရေးခေါင်းဆောင်များ၊ တိုင်းရင်းသား ခေါင်းဆောင်များအနေဖြင့် ကမ္ဘာပေါ်တွင်ဖြစ်ပေါ်နေ သည့်နိုင်ငံရေးအခင်းအကျင်းများ၊ နိုင်ငံတွင်း နိုင်ငံ ရေးအခင်းအကျင်းများကို အစဉ်မပြတ်လေ့လာပြုပြင် ပြောင်းလဲရန်လိုအပ်ပါက လိုအပ်သလိုပြုပြင်ပြောင်းလဲရန်သတ္တိရှိကြပေမည်။ အထူးသဖြင့် နိုင်ငံရေးတွင် အမြဲတမ်းရန်သူမရှိဆိုသည်ကို သဘောပေါက်ကြရန် လိုသည်။ တကယ်တော့ ခေါင်းဆောင်ဆိုသူများ သည် မိမိတို့၏အတ္တအကျိုး၊ စီးပွားအကျိုးကိုပယ်ပြီး ကိုယ့်ဒေသ၊ ကိုယ့်မြို့ကိုယ်ရွာ၊ ကို့ယ်နိုင်ငံ၊ ကိုယ့် အမျိုး အကျိုးကိုကြည့်ကြရန်လိုသည်။
စစ်သည် မည်သူ့ကိုမျှအကျိုးမပေး။ပြည် သူလူထုသည်သာ မြေစာပင်ဖြစ်ရသည်ကို သိမြင်နိုင် ရန်လိုအပ်သည်။ ငြိမ်းချမ်းရေးလုပ်ဆောင်ရာတွင် လည်း ရိုးသားမှုများရှိရန်လိုသည်။ အထူးသဖြင့် အမှားကို အမှားဟုသိလျှင် ပြင်နိုင်ရဲသောသတ္တိ၊ အမှန်ကိုအမှန်မှန်းသိလျှင် အမှန်တရားနောက်သို့ လိုက်ပါရဲသောသတ္တိ၊ စွမ်းရည်များရှိကြရန်လည်း လိုအပ်သည်။ ပြည်သူများ၏ ဒုက္ခပင်လယ်ဝေနေရ သည်များ၊ တိုင်းပြည်၏ကျဆုံးနေသော အခြေအနေများ၊ ပြည်ပနိုင်ငံအချို့၏ ခေတ်သစ်ကိုလိုနီဇာတ် သွင်းရန် လုပ်ဆောင်လာနေသည်များကိုလည်း မြင်နိုင်အောင် ကြည့်ကြရန်လိုအပ်ပေပြီ။ နိုင်ငံရေး ခေါင်း ဆောင်များ၊ တိုင်းရင်းသားခေါင်းဆောင်များသည် တိုင်းပြည်တွင် ဖြစ်ပျက်နေသောအဖြစ်အပျက် များကို ရိုးသားပွင့်လင်းစွာ ရှုမြင်သုံးသပ်ပြီး ငြိမ်းချမ်းရေးလမ်းကြောင်းသို့ သတ္တိရှိစွာဖြင့်တက်လှမ်းလာကြရန် တိုက်တွန်းနှိုး ဆော်လိုက်ရပါသည်။
မြန်မာနိုင်ငံကြီး ထာဝရအေးချမ်းဖို့ ငြိမ်း ချမ်းရေးသူရဲကောင်းများအလိုရှိပါသည်။

Zawgyi Version:
ၿငိမ္းခ်မ္းေရးသူရဲေကာင္းမ်ား အလိုရွိသည္ -အပိုင္း(၃)
စစ္မုန္း (NP News) - စက္တင္ဘာ ၂၆
(ယခင္တစ္ပတ္မွအဆက္)
ျပည္သူမ်ားအဓိကလိုခ်င္ေနၾကသည္မွာ ျပည္တြင္းၿငိမ္းခ်မ္းေရးျဖစ္သည္။ ၿငိမ္းခ်မ္းေရးသည္ ပထမ၊ ၿငိမ္းခ်မ္းေရးသည္ဒုတိယ၊ ၿငိမ္းခ်မ္းေရးသည္ တတိယဟုဆိုရမည္။ ၿငိမ္းခ်မ္းေရး ေဖာ္ေဆာင္ရာ တြင္ ျပည္သူတို႔ပါဝင္ၾကရမည္။ ႏိုင္ငံေရးေခါင္းေဆာင္မ်ား၊ တိုင္းရင္းသားေခါင္းေဆာင္မ်ား ပါဝင္ၾကရ မည္။ တိုင္းျပည္တည္ၿငိမ္ေအးခ်မ္းေရးအတြက္ အားလုံး ပူးေပါင္း ေဆာင္႐ြက္သြားၾကရမည္ျဖစ္သည္။

ၿငိမ္းခ်မ္းေရးဆုေတာင္းပြဲမ်ား
ျမန္မာႏိုင္ငံ လြတ္လပ္ေရးရၿပီးေနာက္ ေခတ္အဆက္ဆက္အစိုးရမ်ားသည္ ျပည္တြင္းပဋိပကၡ ႏြံ အတြင္းမွ ႐ုန္းထြက္ႏိုင္ေရးအတြက္ ၿငိမ္းခ်မ္း ေရးလုပ္ငန္းစဥ္မ်ားကိုလုပ္ေဆာင္ခဲ့ၾကသည္ကို သမိုင္း မွတ္တမ္းမ်ားအရသိျမင္ႏိုင္ၾကသည္။ သို႔ရာတြင္ ေခတၱခဏမွ်သာ ၿငိမ္းခ်မ္းေရးရခဲ့ၾကေသာ္လည္း တည္ ၿမဲျခင္းမရွိခဲ့။ ျပည္တြင္းပဋိပကၡမ်ားေၾကာင့္ ျပည္သူအမ်ားစုမွာ ဆင္းရဲဒုကၡေဝေနၾကရသည္။ အခ်ိဳ႕ မိသားစုမ်ားမွာ ဘဝေတြပ်က္သည္အထိ ျဖစ္ခဲ့ၾက၊ ႀကဳံခဲ့ၾကရသည္။
ထိုေၾကာင့္ စစ္ဆိုလွ်င္ ျပည္သူတို႔ မၾကားခ်င္ၾကေတာ့။ ႐ြံရွာေၾကာက္႐ြံ႕ေနၾကသည္။ စစ္ကိုမုန္း တီးေနၾကသည္။ စစ္ေဘးေၾကာင့္ စစ္ျဖစ္ပြားရာေနရာ ေဒသမ်ားတြင္သာမက တည္ၿငိမ္ေအးခ်မ္းပါသည္ ဆိုသည့္ေနရာေဒသမ်ားတြင္လည္း စစ္၏ဆိုးက်ိဳးကို အမ်ားနည္းတူခံစားၾကရသည္။ လူေနထူထပ္လာမႈ၊ အစားအေသာက္ ရွားပါးလာမႈ၊ ကုန္ေဈးႏႈန္းႀကီးျမင့္မႈ စသည့္ဒဏ္ကိုခံစားေနၾကရသည္။ စစ္ေဘးေရွာင္ သူ အမ်ားစုတို႔မွာလည္း စားဝတ္ေနေရး မေျပလည္ရွာၾကသည္သာမက ေက်ာတစ္ခင္းစာ ေနရာရရန္ အတြက္ ပူပင္စိုးရိမ္ေနၾကရသည္။ ထို႔ေၾကာင့္ ျပည္သူအားလုံးၿငိမ္းခ်မ္းေရးကိုလိုခ်င္ၾကသည္။
(၂၀၂၅)ခုႏွစ္ ဇူလိုင္လအတြင္းက ကရင္ျပည္နယ္တြင္ ဆရာေတာ္သံဃာေတာ္မ်ား ဦးေဆာင္ၿပီး ၿငိမ္းခ်မ္းေရးဆုေတာင္းပြဲျပဳလုပ္ခဲ့ေၾကာင္း သတင္း မ်ား၏အဆိုအရသိရသည္။ သို႔ရာတြင္ ထို ၿငိမ္းခ်မ္း ေရးေဆြးေႏြးပြဲကား ႏိုင္ငံေရးႏွင့္ႏွီးႏႊယ္ပတ္သက္ေနသည္။ ႏိုင္ငံေရးေတာင္းဆိုခ်က္၊ ဆုံးျဖတ္ခ်က္မ်ား ႏွင့္ အတူၿပီးဆုံးခဲ့ေၾကာင္းလည္းသိရသည္။ မည္သို႔ဆိုေစ ျပည္တြင္းၿငိမ္းခ်မ္းေရးကို ဦးတည္ျခင္းျဖစ္ရာ လက္ကမ္းႀကိဳရေပသည္။ ၿငိမ္းခ်မ္းေရးဆုေတာင္းပြဲမ်ားမ်ားျပဳလုပ္ျဖစ္ေစခ်င္သည္။ ပဋိပကၡတြင္ ပါဝင္ ပတ္သက္သူအားလုံး ၿငိမ္းခ်မ္းေရးစိတ္ဓာတ္မ်ား ႏွလုံးသားရင္းတြင္းသို႔ ကိန္းဝပ္ေရာက္ရွိသြားေစခ်င္ သည္။ အထူးသျဖင့္ ေမတၱာတရားျဖင့္ မႊမ္းထုံအပ္ေသာ ၿငိမ္းခ်မ္းေရးေဆြးေႏြးပြဲ မ်ားမ်ားျဖစ္ေစ ခ်င္သည္။
ဘာသာေပါင္းစုံတို႔ကလည္း မိမိတို႔ဘာသာ ေရးေန႔ရက္မ်ား၊ အခါႀကီးရက္ႀကီးမ်ား၊ ဘာသာေရး ပြဲေတာ္အခမ္းအနားမ်ားတြင္ ေမတၱာတရားလႊမ္းၿခဳံေသာ ၿငိမ္းခ်မ္းေရးဆုေတာင္းမႈမ်ားကိုျပဳလုပ္ျခင္းျဖင့္ ျပည္သူမ်ားအတြင္း ၿငိမ္းခ်မ္းေရးအသိတရားမ်ား ကိန္းေအာင္းလာႏိုင္ေစမည္ျဖစ္သည္။

အျမင္မွန္ႏိုင္ၾကပါေစ
ျမန္မာႏိုင္ငံအတြင္း လက္ရွိျဖစ္ပြားေနေသာ ပဋိပကၡအသီးသီးတြင္ ပါဝင္ပတ္သက္ေနသူမ်ား အေနျဖင့္ ႏိုင္ငံတကာႏွင့္ ျပည္တြင္းေရးရာအျဖာျဖာတို႔ကို ယထာဘူတက်စြာျဖင့္ ဆင္ျခင္သုံးသပ္ႏိုင္ၾက ရန္လိုအပ္ၾကေပမည္။ အျမင္မွန္မွ အသိမွန္မည္။ အသိမွန္ မွ လမ္းမွန္သို႔ေရာက္ႏိုင္ၾကမည္။ ျမန္မာႏိုင္ငံ တြင္ျဖစ္ပြားခဲ့ေသာ ျပည္တြင္းစစ္ပဋိပကၡမ်ား၏ဆိုးက်ိဳးတရားကို ကိုယ္တိုင္သိျမင္ခဲ့ရၿပီး ေနာင္တစကား မ်ားေျပာၾကားခဲ့သူတစ္ဦးရွိခဲ့သည္။ ကိုယ္တိုင္ကလည္း ျပည္တြင္းစစ္ပဋိပကၡကိုစတင္ခဲ့သူလည္းျဖစ္ သည္။ သူ ကား ကြန္ျမဴနစ္ပါတီ(ဗမာျပည္) (အလံနီကြန္ျမဴနစ္ ပါတီ) အေထြေထြအတြင္းေရးမႉး သခင္ စိုးျဖစ္သည္။
ျမန္မာျပည္တြင္းစစ္သည္ ၄င္းတို႔၏ တစ္ ယူသန္ဝါဒစြဲအမွားေၾကာင့္ ျဖစ္ရျခင္းျဖစ္ၿပီး၊ တိုင္းရင္း သားျပည္သူတို႔၏အသက္အိုးအိမ္စည္းစိမ္မ်ား ဆုံးရႈံး ရျခင္း၊ ျပည္၏ဘ႑ာမ်ား နစ္နာဆုံးရႈံးရျခင္းႏွင့္ တိုင္းျပည္မဖြံ႕ၿဖိဳးမတိုးတက္ရျခင္းအေၾကာင္းတို႔၏အဓိက တရားခံမွာ ၎တို႔သာျဖစ္ေၾကာင္း ဖြင့္ဟ ဝန္ခံသြားခဲ့သည္။ ႏိုင္ငံေရးဂု႐ုႀကီးတစ္ေယာက္ျဖစ္ေသာ သခင္စိုး၏ ေနာင္တစကားျဖစ္သည္။
ထို႔အတူ ျမန္မာ့ႏိုင္ငံေရးကိုေျပာင္းလဲခဲ့ေသာ ျမန္မာ့ဆိုရွယ္လစ္လမ္းစဥ္ပါတီသည္လည္း တိုင္းျပည္၏ပကတိအေျခအေနမ်ားကို ယထာဘူ တက်စြာရႈျမင္သုံးသပ္ၿပီး ႏိုင္ငံေတာ္၏အက်ိဳးစီးပြား အတြက္ ႏိုင္ငံေတာ္အာဏာကို စြန႔္လႊတ္ေပးခဲ့သည္။ျမန္မာ့ဆိုရွယ္လစ္လမ္းစဥ္ပါတီအေနျဖင့္ ၎တို႔ အာဏာစြန႔္လႊတ္ခဲ့ေသာ (၁၉၈၈) ခုႏွစ္ အေရးအခင္းျဖစ္စဥ္တြင္ တပ္မေတာ္၏အင္အားကိုအသုံးျပဳၿပီး ႏိုင္ငံေတာ္အားဆန႔္က်င္ေနသူမ်ားကို အင္အားသုံးၿဖိဳ ခြဲကာ ႏိုင္ငံ့အာဏာကိုဆက္လက္ရယူလိုလွ်င္ ရယူ ထားႏိုင္ခဲ့ေသာ္လည္း မလုပ္ေဆာင္ခဲ့။ ႏိုင္ငံေတာ္ႏွင့္ ျပည္သူမ်ား ထိခိုက္နစ္နာေစမည့္အေရးကို တြက္ဆၿပီး ပါတီေခါင္းေဆာင္မ်ားသည္ ပါတီကိုဖ်က္သိမ္းကာ တပ္မေတာ္သို႔ အာဏာကိုလႊဲေျပာင္းခဲ့ၿပီး (၁၉၇၄) ခုႏွစ္ဖြဲ႕စည္းပုံအေျခခံဥပေဒအရ တပ္မေတာ္သို႔ အာဏာကို လႊဲေျပာင္းေပးျခင္းမျပဳႏိုင္သျဖင့္ အာဏာကို သိမ္းေစသည့္ပုံစံျဖင့္ လႊဲေျပာင္းခဲ့ျခင္းျဖစ္သည္။
ပါတီေခါင္းေဆာင္မ်ားအားလုံး ႏိုင္ငံေရး ေလာကမွ လုံးဝအနားယူသြားခဲ့ၾကသည္။ ကိုယ္က်ိဳး ကို မငဲ့ကြက္၊ ပါတီအက်ိဳးကို မငဲ့ကြက္၊ တိုင္းျပည္မ်က္ ႏွာကိုေထာက္ကာ အာဏာကိုစြန႔္လႊတ္ခဲ့ၾကျခင္းျဖစ္ သည္။ တိုင္းျပည္ ဖ႐ိုဖရဲျဖစ္ၿပီး ၿငိမ္းခ်မ္းေရးပ်က္ျပား ကာ ျပည္သူေတြထိခိုက္နစ္နာမည္ကိုမလိုလား ၾကသျဖင့္ သတၱိရွိစြာ၊ သူရဲေကာင္းဆန္စြာျဖင့္ အာဏာကို စြန႔္လႊတ္ခဲ့ၾကသူမ်ား၊စြန႔္လႊတ္ရဲခဲ့သူမ်ား ျဖစ္ ၾကသည္။
အစိုးရအဆက္ဆက္၊ ေခတ္အဆက္ဆက္ ျပဳလုပ္ခဲ့ေသာ ၿငိမ္းခ်မ္းေရးေဆြးေႏြးပြဲကာလမ်ား တြင္လည္း အခ်ိဳ႕ေသာလက္နက္ကိုင္အဖြဲ႕အစည္းမ်ား၊ ပါတီမ်ားသည္လည္း တည္ဆဲႏိုင္ငံေတာ္အစိုးရ ႏွင့္ ပူးေပါင္းလာကာ ၿငိမ္းခ်မ္းေရးကိုရယူခဲ့သူမ်ားရွိခဲ့ၿပီး၊ သူတို႔၏လက္က်န္ဘဝမ်ားကို ေအးခ်မ္းစြာျဖင့္ ကုန္လြန္ေစခဲ့သူမ်ားရွိခဲ့ၾကသည္။ ဦးေအာင္ခမ္းထီလို ပအို႔ဝ္လက္နက္ကိုင္မ်ားသည္ပင္ မိမိတို႔တိုင္းရင္း သားလူမ်ိဳးမ်ားအတြက္ ႏိုင္ငံေတာ္အစိုးရႏွင့္ပူးေပါင္းကာ ေဒသဖြံ႕ၿဖိဳးေရးကိုလုပ္ေဆာင္ေနသည္မွာ ပအို႔ဝ္ ေဒသ၏ ဖြံ႕ၿဖိဳးတိုးတက္ၿငိမ္းခ်မ္းေနမႈက အထင္အရွားပင္ျဖစ္သည္။
(၂၀၁၃)ခုႏွစ္ကစတင္ခဲ့ၿပီး (၂၀၁၅)ခုႏွစ္ တြင္လက္မွတ္ေရးထိုးႏိုင္ခဲ့ေသာ တစ္ႏိုင္ငံလုံး အပစ္ အခတ္ရပ္စဲေရးညီလာခံသို႔တက္ေရာက္ေဆြးေႏြးခဲ့သည့္ ေတာ္လွန္ေရးသမာၻရင့္အဖြဲ႕အစည္းတစ္ခုျဖစ္ သည့္ KNU (ကရင္အမ်ိဳးသားအစည္းအ႐ုံး)ေခါင္းေဆာင္တစ္ဦးျဖစ္သူ ဖထီးေစာမူတူးေဆးဖိုးက “သတၱိရွိလို႔ေတာ္လွန္ေရးလုပ္ခဲ့တာ၊ အခုသတၱိရွိလို႔ ၿငိမ္းခ်မ္းေရးေဆြးဖို႔လာခဲ့တာ”ဟုေျပာခဲ့သည့္ စကား မွာလည္း ၎၏လက္နက္ကိုင္ေတာ္လွန္ေရးအေျခ အေနမ်ားႏွင့္ ေျပာင္းလဲလာေသာ စစ္ေရး၊ ႏိုင္ငံေရး အသြင္အျပင္မ်ားကို ယထာဘူတက်စြာ ရႈျမင္သုံးသပ္ၿပီး ေဒသႏွင့္ တိုင္းရင္းသားျပည္သူမ်ား၏ အက်ိဳး စီးပြားအတြက္ လိုလိုလားလားေျပာၾကားခဲ့ျခင္းပင္ျဖစ္သည္။ သူတို႔၏ေတာ္လွန္ေရးအေတြ႕အႀကဳံမ်ားက လည္းနည္းလွသည္မဟုတ္။

ၿငိမ္းခ်မ္းေရးသူရဲေကာင္းမ်ားအလိုရွိသည္
ျပည္ပမွ ေသြးထိုးလႈံ႕ေဆာ္ ေျမႇာက္ပင့္အားေပးမႈမ်ား၊ ခံယူခ်က္၊ ယုံၾကည္ခ်က္ အသိအျမင္လြဲမွား မႈမ်ားျဖင့္ ျပည္ေထာင္စုႀကီးႏွင့္ ျပည္သူမ်ားအက်ိဳးကို မ်က္ကြယ္ျပဳၿပီး လက္နက္ကိုင္လမ္းစဥ္ျဖင့္ အၾကမ္းဖက္လုပ္ရပ္မ်ားကိုသာ ဇြတ္တိုးလုပ္ကိုင္ေနၾကျခင္း က ျမန္မာျပည္သူမ်ားအခ်င္းခ်င္း ၿပိဳကြဲ ပ်က္စီးျခင္းသို႔ ေရာက္ရွိၾကရၿပီး မိမိတို႔ေဒသခံတိုင္းရင္းသားျပည္သူမ်ား၏ အနာဂတ္ေပ်ာက္ဆုံးေန သည္ကို သတိျပဳၾကရမည္ျဖစ္သည္။
ၿငိမ္းခ်မ္းသာယာၿပီး ဖြံ႕ၿဖိဳးတိုးတက္သည့္ျပည္နယ္တစ္ခု၊ ေဒသတစ္ခုျဖစ္ေစရန္ ျပည္နယ္အ တြင္း၊ ေဒသအတြင္းေနထိုင္ၾကသည့္ တိုင္းရင္းသား ျပည္သူမ်ားအားလုံး၏ စိတ္ဓာတ္ႏွင့္အင္အားသည္ အဓိကျဖစ္သည္။ ႏိုင္ငံ၏အင္အားသည္ ႏိုင္ငံအတြင္း မွာရွိသကဲ့သို႔ ျပည္နယ္ေဒသမ်ား၏အင္အားသည္ ျပည္နယ္ေဒသအတြင္းရွိ တိုင္းရင္းသားျပည္သူအား လုံး၏စုေပါင္းအင္အားမ်ားပင္ ျဖစ္သည္။
(၂၀ဝ၈)ခုႏွစ္ ဖြဲ႕စည္းပုံအေျခခံဥပေဒႏွင့္ အညီျဖစ္ထြန္းခဲ့ေသာ သမၼတ ဦးသိန္းစိန္၏အစိုးရ လက္ထက္ႏွင့္ ေဒၚေအာင္ဆန္းစုၾကည္ဦးေဆာင္ခဲ့သည့္အစိုးရအဖြဲ႕တို႔ အစိုးရႏွစ္ဆက္တြင္ ေဆြးေႏြးသ ေဘာတူညီခ်က္မ်ားျဖစ္သည့္ တစ္ႏိုင္ငံလုံးအပစ္အ ခတ္ရပ္စဲေရးသေဘာတူစာခ်ဳပ္ NCA စာခ်ဳပ္ပါ အ ခန္း(၁) အေျခခံမူမ်ားတြင္ “ဒီမိုကေရစီႏွင့္ ဖက္ဒရယ္စနစ္တို႔ကိုအေျခခံေသာျပည္ေထာင္စုကို ႏိုင္ငံ ေရးေဆြးေႏြးပြဲရလဒ္မ်ားႏွင့္အညီ တည္ေဆာက္သြားရန္”၊ “ႏိုင္ငံသားအားလုံး တန္းတူရည္တူ အခြင့္ အေရး မ်ားရရွိေစရန္”ဆိုသည့္ျပ႒ာန္းခ်က္မ်ားပါရွိၿပီးလည္း ျဖစ္သည္။ အားလုံးပါဝင္သည့္ ႏိုင္ငံေရး ေတြ႕ဆုံေဆြး ေႏြးပြဲမ်ားက်င္းပျခင္းက႑တြင္ “ျပည္ေထာင္စုညီ လာခံမွထြက္ေပၚလာေသာ ဆုံးျဖတ္ ခ်က္မ်ားအေပၚအေျခခံ၍ ဖြဲ႕စည္းပုံအေျခခံဥပေဒအပါအဝင္ ဥပေဒမ်ား ကို လိုအပ္သလိုျပင္ဆင္ျခင္း၊ ျဖည့္စြက္ျခင္းႏွင့္ ပယ္ဖ်က္ျခင္းမ်ားကို လုပ္ထုံးလုပ္နည္းမ်ားႏွင့္အညီျပဳ လုပ္ရန္သေဘာတူညီ သည္”ဟု လည္း ထည့္သြင္းသေဘာတူညီထားသည္။ ေျပာရမည္ဆိုပါက တစ္ႏိုင္ငံ လုံးပစ္ခတ္တိုက္ခိုက္ မႈရပ္စဲ ေရးစာခ်ဳပ္(NCA)၏အ ႏွစ္သာရမွာ ဒီမိုကေရစီႏွင့္ ဖက္ဒရယ္စနစ္တို႔ကိုအေျခခံသည့္ ျပည္ေထာင္ စု တည္ေဆာက္သြားေရး၊ လက္နက္ကိုင္တိုက္ခိုက္မႈမ်ားကိုစြန႔္လႊတ္ၿပီး ႏိုင္ငံေရးနည္းလမ္းမ်ားျဖင့္ ထာဝရၿငိမ္းခ်မ္းေရးတည္ေဆာက္ေရး၊ ျပန္လည္ထူေထာင္ေရးလုပ္ငန္းမ်ား ေဆာင္႐ြက္ေရး၊ ေဒသ တည္ၿငိမ္ေအးခ်မ္းေရးႏွင့္ တရားဥပေဒစိုးမိုးေရး၊ ေဒသဖြံ႕ၿဖိဳးတိုးတက္ေရးတို႔ကို ပူးေပါင္းေဆာင္႐ြက္ သြားရန္ျဖစ္ေၾကာင္း ရွင္းလင္း ျပတ္သားသည့္အျမင္မ်ားကို ရရွိၾကရန္လိုသည္။
ေခါင္းေဆာင္ဆိုသူမ်ားသည္ တိုင္းျပည္ ႏိုင္ငံႏွင့္ ျပည္သူမ်ား၏အက်ိဳးစီးပြားအတြက္ ေဆာင္ ႐ြက္ၾကရာတြင္ (လိုအပ္ပါက) အေျပာင္းအလဲမ်ားကို သတၱိရွိစြာျဖင့္ ေဆာင္႐ြက္ရဲသူမ်ား ျဖစ္ၾကရန္ လိုသည္။ အမ်ိဳးသားေခါင္းေဆာင္ႀကီး ဗိုလ္ခ်ဳပ္ေအာင္ဆန္း သည္ ျမန္မာ့လြတ္လပ္ေရးအတြက္ ႀကိဳးပမ္း လုပ္ေဆာင္ခဲ့ရာတြင္ ဂ်ပန္ႏွင့္ပူးေပါင္းၿပီး အဂၤလိပ္တို႔ကို တိုက္ခိုက္ခဲ့သလို၊ ေျပာင္းလဲျဖစ္ေပၚခဲ့သည့္ ႏိုင္ငံေရး အခင္းအက်င္းတြင္ အဂၤလိပ္ႏွင့္ ျပန္လည္ပူးေပါင္းကာ ဂ်ပန္တို႔ကို တြန္းလွန္တိုက္ထုတ္ခဲ့ သည္။ တ႐ုတ္ႏိုင္ငံ၏ေခါင္းေဆာင္ႀကီး တိန႔္ေရွာက္ဖိန္သည္ တိုင္း ျပည္၏အက်ိဳးစီးပြားအတြက္ ကြန္ျမဴနစ္ပါတီမွ တရား ေသဆုပ္ကိုင္ထားေသာကြန္ျမဴနစ္စီးပြားေရးစနစ္မွ ေသြဖည္ၿပီး ေဈးကြက္ စီးပြားေရးစနစ္သို႔ ေျပာင္းလဲ က်င့္သုံးခဲ့ျခင္းျဖင့္ ႏိုင္ငံအား ဖြံ႕ၿဖိဳးတိုးတက္ေရးလမ္းေၾကာင္းသို႔ ေရာက္ ရွိေစခဲ့သည္။
ႏိုင္ငံေရးလုပ္သည္ဆိုျခင္းမွာ အစဥ္အၿမဲတစ္သမတ္တည္းေျဖာင့္ျဖဴးေနသည္ကား မဟုတ္ေပ။ ႏွစ္ေပါင္း(၈၀)နီးပါးၾကာျမင့္ခဲ့ၿပီျဖစ္ေသာ လက္ နက္ကိုင္ပဋိပကၡမ်ားရပ္တန႔္ၿပီး ျမန္မာႏိုင္ငံအတြက္ ၿငိမ္းခ်မ္းေရးေဖာ္ေဆာင္ရာတြင္ တိုင္းရင္းသားျပည္သူ အားလုံး ျပည္ေထာင္စုစိတ္ဓာတ္အရင္းခံကာ ႏိုင္ငံေရးနည္းလမ္းျဖင့္ ေတြ႕ဆုံေဆြးေႏြးညႇိႏႈိင္းျခင္းျဖင့္သာ ေအာင္ျမင္မႈရရွိႏိုင္မည္ျဖစ္သည္။
ႏိုင္ငံေရးေခါင္းေဆာင္မ်ား၊ တိုင္းရင္းသား ေခါင္းေဆာင္မ်ားအေနျဖင့္ ကမာၻေပၚတြင္ျဖစ္ေပၚေန သည့္ႏိုင္ငံေရးအခင္းအက်င္းမ်ား၊ ႏိုင္ငံတြင္း ႏိုင္ငံ ေရးအခင္းအက်င္းမ်ားကို အစဥ္မျပတ္ေလ့လာျပဳျပင္ ေျပာင္းလဲရန္လိုအပ္ပါက လိုအပ္သလိုျပဳျပင္ေျပာင္းလဲရန္သတၱိရွိၾကေပမည္။ အထူးသျဖင့္ ႏိုင္ငံေရးတြင္ အၿမဲတမ္းရန္သူမရွိဆိုသည္ကို သေဘာေပါက္ၾကရန္ လိုသည္။ တကယ္ေတာ့ ေခါင္းေဆာင္ဆိုသူမ်ား သည္ မိမိတို႔၏အတၱအက်ိဳး၊ စီးပြားအက်ိဳးကိုပယ္ၿပီး ကိုယ့္ေဒသ၊ ကိုယ့္ၿမိဳ႕ကိုယ္႐ြာ၊ ကို႔ယ္ႏိုင္ငံ၊ ကိုယ့္ အမ်ိဳး အက်ိဳးကိုၾကည့္ၾကရန္လိုသည္။
စစ္သည္ မည္သူ႔ကိုမွ်အက်ိဳးမေပး။ျပည္ သူလူထုသည္သာ ေျမစာပင္ျဖစ္ရသည္ကို သိျမင္ႏိုင္ ရန္လိုအပ္သည္။ ၿငိမ္းခ်မ္းေရးလုပ္ေဆာင္ရာတြင္ လည္း ႐ိုးသားမႈမ်ားရွိရန္လိုသည္။ အထူးသျဖင့္ အမွားကို အမွားဟုသိလွ်င္ ျပင္ႏိုင္ရဲေသာသတၱိ၊ အမွန္ကိုအမွန္မွန္းသိလွ်င္ အမွန္တရားေနာက္သို႔ လိုက္ပါရဲေသာသတၱိ၊ စြမ္းရည္မ်ားရွိၾကရန္လည္း လိုအပ္သည္။ ျပည္သူမ်ား၏ ဒုကၡပင္လယ္ေဝေနရ သည္မ်ား၊ တိုင္းျပည္၏က်ဆုံးေနေသာ အေျခအေနမ်ား၊ ျပည္ပႏိုင္ငံအခ်ိဳ႕၏ ေခတ္သစ္ကိုလိုနီဇာတ္ သြင္းရန္ လုပ္ေဆာင္လာေနသည္မ်ားကိုလည္း ျမင္ႏိုင္ေအာင္ ၾကည့္ၾကရန္လိုအပ္ေပၿပီ။ ႏိုင္ငံေရး ေခါင္း ေဆာင္မ်ား၊ တိုင္းရင္းသားေခါင္းေဆာင္မ်ားသည္ တိုင္းျပည္တြင္ ျဖစ္ပ်က္ေနေသာအျဖစ္အပ်က္ မ်ားကို ႐ိုးသားပြင့္လင္းစြာ ရႈျမင္သုံးသပ္ၿပီး ၿငိမ္းခ်မ္းေရးလမ္းေၾကာင္းသို႔ သတၱိရွိစြာျဖင့္တက္လွမ္းလာၾကရန္ တိုက္တြန္းႏႈိးေဆာ္လိုက္ရပါသည္။

ျမန္မာႏိုင္ငံႀကီး ထာဝရေအးခ်မ္းဖို႔ ၿငိမ္းခ်မ္းေရးသူရဲေကာင္းမ်ား အလိုရွိပါသည္။

Related news

© 2021. All rights reserved.