ထိုင်းတော်ဝင်မင်းသမီးကြီး မဟာချက်ကရီသီရိဒုံစီမံကိန်းမှ ရေဆင်းစိုက်ပျိုးရေးတက္ကသိုလ်အတွက် သင်ကြားရေးနှင့် ရုံးလုပ်ငန်းပစ္စည်းကိရိယာများ လှူဒါန်း

263

စော (NP News) - စက်တင်ဘာ ၂၇
ထိုင်းနိုင်ငံ တော်ဝင်မင်းသမီးကြီး မဟာချက်ကရီသီရိဒုံစီမံကိန်းမှ ရေဆင်းစိုက်ပျိုးရေးတက္ကသိုလ်အတွက် သင်ကြားရေးနှင့် ရုံးလုပ်ငန်းပစ္စည်းကိရိယာများ လှူဒါန်းပေးအပ်ခြင်းအခမ်းအနားကို ပြီးခဲ့သည့် စက်တင်ဘာ (၂၅)ရက်က ရေဆင်းစိုက်ပျိုးရေးတက္ကသိုလ် ရာပြည့်ခန်းမ၌ ကျင်းပခဲ့ကြောင်း နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။
အဆိုပါအခမ်းအနားတွင် ပညာရေးဆိုသည်မှာ နိုင်ငံတစ်နိုင်ငံ ဖွံ့ဖြိုးတိုးတက်မှုအတွက် အခြေခံအုတ်မြစ်ဖြစ်ကြောင်း နှင့် အင်အားပြင်းငလျင်ဒဏ်ကြောင့် စိုက်ပျိုးရေးတက္ကသိုလ်၏ ပညာရေးလုပ်ငန်းများ ပြန်လည်ထူထောင်ရေးနှင့် ဖွံ့ဖြိုးရေးလုပ်ငန်းများအတွက် လိုအပ်သည်များ ကူညီပေးနိုင်ရန် ကမ်းလှမ်းပေးခဲ့သည့် ထိုင်းနိုင်ငံသံရုံး နှင့် တော်ဝင်မင်းသမီးကြီး မဟာချက်ကရီသီရိဒုံအား အထူးကျေးဇူးတင်ရှိကြောင်း စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာတင်ထွဋ်က ပြောကြားသည်။
ထို့နောက် ထိုင်းနိုင်ငံ တော်ဝင်မင်းသမီးကြီး မဟာချက်ကရီသီရိဒုံစီမံကိန်းမှ တာဝန်ရှိသူများက သင်ကြားရေးသုံးပစ္စည်းကိရိယာများပေးအပ်ရာ ရေဆင်းစိုက်ပျိုးရေးတက္ကသိုလ် ပါမောက္ခချုပ်က လက်ခံရယူပြီး ပါမောက္ခချုပ်က ထိုင်းနိုင်ငံ တော်ဝင်မင်းသမီးကြီးအတွက် ဂုဏ်ပြုမှတ်တမ်းလွှာနှင့် အမှတ်တရ လက်ဆောင်ပေးအပ်ခဲ့ကြောင်း သိရသည်။
အင်အားပြင်းမန္တလေးငလျင်ဒဏ်ကြောင့် ရေဆင်းစိုက်ပျိုးရေးတက္ကသိုလ်၏ အဆောက်အအုံအချို့ ထိခိုက်ပျက်စီးခဲ့သဖြင့် ပြန်လည်ပြုပြင် မွမ်းမံစဉ်ကာလတွင် ထိုင်းနိုင်ငံ တော်ဝင်မင်းသမီးကြီး မဟာချက်ကရီသီရိဒုံစီမံကိန်းမှ ကွန်ပျူတာများ၊ ပရိုဂျက်တာများ၊ ပရင်တာများ၊ လေအေးပေးစက်များ၊ မိတ္တူကူးစက်များနှင့် ဆက်စပ်ပစ္စည်းများ ထောက်ပံ့ခြင်းကြောင့် တက္ကသိုလ်၏ ပညာရေးလုပ်ငန်းများ ပြန်လည်ထူထောင်ရေးနှင့် ဖွံ့ဖြိုးရေးလုပ်ငန်းများအတွက် များစွာ အထောက်အကူဖြစ်စေကြောင်း သိရသည်။

Zawgyi Version:
ထိုင္းေတာ္ဝင္မင္းသမီးႀကီး မဟာခ်က္ကရီသီရိဒုံစီမံကိန္းမွ ေရဆင္းစိုက္ပ်ိဳးေရးတကၠသိုလ္အတြက္ သင္ၾကားေရးႏွင့္ ႐ုံးလုပ္ငန္းပစၥည္းကိရိယာမ်ား လႉဒါန္း
ေစာ (NP News) - စက္တင္ဘာ ၂၇
ထိုင္းႏိုင္ငံ ေတာ္ဝင္မင္းသမီးႀကီး မဟာခ်က္ကရီသီရိဒုံစီမံကိန္းမွ ေရဆင္းစိုက္ပ်ိဳးေရးတကၠသိုလ္အတြက္ သင္ၾကားေရးႏွင့္ ႐ုံးလုပ္ငန္းပစၥည္းကိရိယာမ်ား လႉဒါန္းေပးအပ္ျခင္းအခမ္းအနားကို ၿပီးခဲ့သည့္ စက္တင္ဘာ (၂၅)ရက္က ေရဆင္းစိုက္ပ်ိဳးေရးတကၠသိုလ္ ရာျပည့္ခန္းမ၌ က်င္းပခဲ့ေၾကာင္း ႏိုင္ငံေတာ္လုံၿခဳံေရးႏွင့္ ေအးခ်မ္းသာယာေရးေကာ္မရွင္၏ သတင္းထုတ္ျပန္ခ်က္အရ သိရသည္။
အဆိုပါအခမ္းအနားတြင္ ပညာေရးဆိုသည္မွာ ႏိုင္ငံတစ္ႏိုင္ငံ ဖြံ႕ၿဖိဳးတိုးတက္မႈအတြက္ အေျခခံအုတ္ျမစ္ျဖစ္ေၾကာင္း ႏွင့္ အင္အားျပင္းငလ်င္ဒဏ္ေၾကာင့္ စိုက္ပ်ိဳးေရးတကၠသိုလ္၏ ပညာေရးလုပ္ငန္းမ်ား ျပန္လည္ထူေထာင္ေရးႏွင့္ ဖြံ႕ၿဖိဳးေရးလုပ္ငန္းမ်ားအတြက္ လိုအပ္သည္မ်ား ကူညီေပးႏိုင္ရန္ ကမ္းလွမ္းေပးခဲ့သည့္ ထိုင္းႏိုင္ငံသံ႐ုံး ႏွင့္ ေတာ္ဝင္မင္းသမီးႀကီး မဟာခ်က္ကရီသီရိဒုံအား အထူးေက်းဇူးတင္ရွိေၾကာင္း စိုက္ပ်ိဳးေရး၊ ေမြးျမဴေရးႏွင့္ ဆည္ေျမာင္းဝန္ႀကီးဌာန၊ ဒုတိယဝန္ႀကီး ေဒါက္တာတင္ထြဋ္က ေျပာၾကားသည္။
ထို႔ေနာက္ ထိုင္းႏိုင္ငံ ေတာ္ဝင္မင္းသမီးႀကီး မဟာခ်က္ကရီသီရိဒုံစီမံကိန္းမွ တာဝန္ရွိသူမ်ားက သင္ၾကားေရးသုံးပစၥည္းကိရိယာမ်ားေပးအပ္ရာ ေရဆင္းစိုက္ပ်ိဳးေရးတကၠသိုလ္ ပါေမာကၡခ်ဳပ္က လက္ခံရယူၿပီး ပါေမာကၡခ်ဳပ္က ထိုင္းႏိုင္ငံ ေတာ္ဝင္မင္းသမီးႀကီးအတြက္ ဂုဏ္ျပဳမွတ္တမ္းလႊာႏွင့္ အမွတ္တရ လက္ေဆာင္ေပးအပ္ခဲ့ေၾကာင္း သိရသည္။
အင္အားျပင္းမႏၲေလးငလ်င္ဒဏ္ေၾကာင့္ ေရဆင္းစိုက္ပ်ိဳးေရးတကၠသိုလ္၏ အေဆာက္အအုံအခ်ိဳ႕ ထိခိုက္ပ်က္စီးခဲ့သျဖင့္ ျပန္လည္ျပဳျပင္ မြမ္းမံစဥ္ကာလတြင္ ထိုင္းႏိုင္ငံ ေတာ္ဝင္မင္းသမီးႀကီး မဟာခ်က္ကရီသီရိဒုံစီမံကိန္းမွ ကြန္ပ်ဴတာမ်ား၊ ပ႐ိုဂ်က္တာမ်ား၊ ပရင္တာမ်ား၊ ေလေအးေပးစက္မ်ား၊ မိတၱဴကူးစက္မ်ားႏွင့္ ဆက္စပ္ပစၥည္းမ်ား ေထာက္ပံ့ျခင္းေၾကာင့္ တကၠသိုလ္၏ ပညာေရးလုပ္ငန္းမ်ား ျပန္လည္ထူေထာင္ေရးႏွင့္ ဖြံ႕ၿဖိဳးေရးလုပ္ငန္းမ်ားအတြက္ မ်ားစြာ အေထာက္အကူျဖစ္ေစေၾကာင္း သိရသည္။