ရွှေ့ပြောင်းနေထိုင်မှုဆန့်ကျင်ရေး လှိုင်းဂယက်များ နိုင်ငံရေးဂိမ်းအရလား အစစ်အမှန် ခြိမ်းခြောက်မှုတွေကြောင့်လား

96

တင်ဇာ (NP News) - အောက်တိုဘာလ ၂
တစ်ချိန်တုန်းက နယ်စပ်တံခါးတွေကို နွေးထွေး စွာဖွင့်လှစ်ထားပြီး လူသားချင်း စာနာထောက်ထားမှု ဆိုင်ရာခိုလှုံခွင့်ကို ဂုဏ်ယူစွာ ထိန်းသိမ်းစောင့်ရှောက် ခဲ့တဲ့ ဥရောပတိုက်ကြီးဟာ အခုအခါမှာတော့ ရွှေ့ ပြောင်းနေထိုင်မှုဆန့်ကျင်ရေး နိုင်ငံရေးလှိုင်းလုံးတွေ တိုးမြင့်လာမှုနဲ့ရင်ဆိုင်နေရပါတယ်။ ဂျာမနီ၊ ပိုလန်၊ နယ်သာလန်နဲ့ အိုင်ယာလန်မြောက်ပိုင်းတို့မှာ လက် ယာယိမ်းအစွန်းရောက်တို့ရဲ့ဝါဒဖြန့်စကားတွေဟာ နိုင်ငံရေးဆွေးနွေးမှုတွေမှာ အဓိကအခန်းကဏ္ဍကို ရောက်ရှိလို့လာခဲ့ပါတယ်။ ဒီဖြစ်ရပ်တွေက အမျိုးသား မူဝါဒတွေကို ပုံစံပြောင်းလဲပစ်ခဲ့ပြီး အစိုးရတွေကိုပြုတ် ကျစေခဲ့သလို လမ်းတွေပေါ်မှာလည်း မငြိမ်မသက် ဆန္ဒပြမှုတွေဖြစ်ပေါ်စေခဲ့ပါတယ်။ ဒီလိုဖြစ်ပေါ်ပြောင်း လဲလာမှုတွေဟာ တိုးပွားလာနေတဲ့ ရွှေ့ပြောင်းနေထိုင် မှုဖိအားတွေကိုတုံ့ပြန်နေတယ်လို့ထင်ရပေမယ့် လက်တွေ့အခြေအနေကတော့ ပိုပြီး ရှုပ်ထွေးပါတယ်။
အလားတူပဲ (၂၀၂၅) ခုနှစ် ဧပြီလကတည်းက ယူကေရဲ့တချို့နေရာတွေမှာ ရွှေ့ပြောင်းနေထိုင်မှု ဆန့်ကျင်ရေးဆန္ဒပြပွဲတွေဖြစ်ပွားခဲ့ပြီး အဲဒီအထဲက တချို့ကတော့ အကြမ်းဖက်မှုအသွင်ဆောင်တဲ့အခြေ အနေထိပါရောက်ခဲ့ပါတယ်။ ရဲအရာရှိ အနည်းဆုံး (၄၀) ဒဏ်ရာရခဲ့ပြီး လူ(၁၄၀)ကျော်ကိုလည်း ဖမ်း ဆီးခဲ့ရတယ်။ ဒီဆန္ဒပြပွဲအများစုကို Britain First? Homeland Party နဲ့ Patriotic Alternative အပါအဝင် အစွန်းရောက်လက်ယာအဖွဲ့တွေက စီစဉ် ခဲ့တာဖြစ်တယ်လို့သိရပါတယ်။ အစောပိုင်းမှာ ဆန္ဒပြ မှုအနည်းငယ်သာဖြစ်ပေါ်ခဲ့ပေမယ့် ဇူလိုင်လ (၁၃) ရက်နေ့က Epping မြို့မှာစတင်ခဲ့တဲ့ ဆန္ဒပြပွဲအပြီး ဆက်တိုက်ဖြစ်ပေါ်လာတဲ့ ဆန္ဒပြမှုပမာဏတွေဟာ တိုးလာခဲ့ပါတယ်။ နောက်ပိုင်းမှာတော့ ဆန္ဒပြပွဲတွေ ဟာ ဘရစ္စတို၊ လီဗာပူး၊ မန်ချက်စတာနဲ့ နယူးကာ ဆယ်အပါအဝင် မြို့တွေအနှံ့ ပျံ့နှံ့သွားပြီး မငြိမ်မ သက်မှုတွေဖြစ်ပေါ်ခဲ့တယ်။ အကြီးဆုံးဆန္ဒပြပွဲက တော့ စက်တင်ဘာလ (၁၃)ရက်မှာဖြစ်ခဲ့ပြီး အစွန်း ရောက် လက်ယာလှုပ်ရှားသူ တော်မီရော်ဘင်ဆန် စီစဉ်တဲ့ လန်ဒန်ချီတက်ပွဲမှာ လူ (၁၅၀,ဝဝဝ)အထိ ပါဝင်ခဲ့ပြီး ရဲအရာရှိ (၂၆)ဦး ဒဏ်ရာရခဲ့ပါတယ်လို့ သတင်းမီဒီယာတွေရဲ့ဖော်ပြချက်အရ သိရပါတယ်။
" ကျွန်တော်တို့ရဲ့ အမျိုးသမီးတွေ၊ သမီးတွေ ဟာ လမ်းတွေပေါ်မှာ လမ်းလျှောက်ဖို့တောင်ကြောက် ရွံ့နေကြတယ်"လို့ တော်မီရော်ဘင်ဆန်က " ယူနိုက် တက်ကင်းဒမ်းကို စုစည်းကြစို့"ချီတက်ပွဲမှာ အား ပေးထောက်ခံသူ သောင်းချီကို ပြောကြားခဲ့တယ်။ နိုင်ငံသားတွေဟာ "အတားအဆီးမရှိတဲ့ နယ်စပ်၊ ထိန်းချုပ်မှုမရှိတဲ့ အစုလိုက်အပြုံလိုက် ရွှေ့ပြောင်း နေထိုင်မှုတွေရဲ့လက်ချက်နဲ့"ထိခိုက်နေရတယ်လို့ သူက ထပ်လောင်းပြောခဲ့တယ်။ တရားမဝင်ရွှေ့ပြောင်း နေထိုင်မှုကြောင့်ဖြစ်လာတဲ့ ခြိမ်းခြောက်မှုကနေ အမျိုး သမီးတွေနဲ့ကလေးတွေကိုကာကွယ်ဖို့ လိုအပ်ချက် ဟာ ရွှေ့ပြောင်းနေထိုင်မှုဆန့်ကျင်ရေးအတွက် လက် ယာနိုင်ငံရေးသမားတွေအသုံးပြုတဲ့ ကြွေးကြော်သံ တစ်ခု ဖြစ်လာခဲ့တယ်။ အစွန်းရောက် လက်ယာလှုပ် ရှား မှုတွေကို အဓိကထားပြီး သတင်းလိုက်နေတဲ့ သတင်းထောက် မီဂယ်ရာမို့စ်က InfoMigrants ကို ပြောကြားရာမှာ ဒီအခြေအနေတွေနဲ့ပတ်သက်လို့ သူ အံ့ဩမသွားဘူးလို့ပြောပါတယ်။ " အစွန်းရောက် လက်ယာယိမ်းတွေရဲ့ရည်မှန်းချက်ကတော့ ဒေသခံ တွေနဲ့ ရွှေ့ပြောင်းနေထိုင်သူတွေကြား ခွဲခြားမှုကို ဖန် တီးဖို့ပါပဲ။ သူတို့ရဲ့လုပ်ဆောင်ချက်တွေဟာ မဟာ အ စားထိုးသီအိုရီ (Great Replacement Theory) လိုမျိုး ကြံစည်မှု သီအိုရီတွေ၊ အစ္စလာမ်မုန်းတီးရေးနဲ့ သတင်းအတုတွေအပေါ်မှာ အာရုံစိုက်ထားတယ်။ သူတို့က အရေအတွက်တွေကိုဂရုမစိုက်ဘူး}လို့ မှတ်ချက်ပေးပါတယ်။ " သူတို့က လက်တွေ့အခြေ အနေကို ဂရုမစိုက်ဘူး။ သူတို့ဟာ လူမျိုးရေးခွဲခြား မှုအပေါ်အခြေခံတဲ့ တခြား လက်တွေ့အခြေအနေတစ် ခုကို ကစားနေတာဖြစ်တယ်။ လူဖြူ ခရစ်ယာန် ဥရော ပအဖြစ်ဖန်တီးရေးကို အခြေခံထားတာဖြစ်တယ်" လို့ သူကပြောပါတယ်။
ဒါဆို အမျိုးသမီးတွေဟာ အစွန်းရောက်ကင်း စောင့်ဆန္ဒပြအဖွဲ့တွေရဲ့ ကာကွယ်စောင့်ရှောက်မှုကို လိုအပ်ရလောက်အောင် ဘယ်အချိန်ကစပြီး အား နည်းချက်ရှိလာခဲ့တာလဲ။ လိင်ပိုင်းဆိုင်ရာစော်ကားမှု နဲ့ တရားမဝင်ရွှေ့ပြောင်းနေထိုင်မှုကြားက ဆက်စပ်မှု အကြောင်း လက်ယာနိုင်ငံရေးသမားတွေရဲ့ ပြောဆို ချက်တွေဟာ ဘယ်လောက်မှန်ကန်သလဲဆိုတာ ဆန်းစစ်ဖို့လိုလာပါတယ်။ ပြုပြင်ပြောင်းလဲရေး နိုင်ငံ ရေးသမားတွေဟာ တရားမဝင်ရွှေ့ပြောင်းနေထိုင်သူ တွေကြောင့်ဖြစ်ပေါ်လာတဲ့ ခြိမ်းခြောက်မှုကနေ အ မျိုးသမီးတွေနဲ့ကလေးတွေကိုကာကွယ်ဖို့ လိုအပ် ချက်ကို မကြာသေးခင်ကဆုပ်ကိုင်ခဲ့ကြတယ်။ အ လုပ်အကိုင်၊ အိမ်ရာနဲ့ကျောင်းတွေအပေါ် ရွှေ့ပြောင်း နေထိုင်မှုကြောင့်ဖြစ်လာတဲ့ ဖိအားတွေများလာတာနဲ့ အမျှ ရွှေ့ပြောင်းနေထိုင်မှုဆန့်ကျင်ရေးစကားလုံး တွေမှာ ရွှေ့ပြောင်းနေထိုင်သူတွေကို လိင်ပိုင်းဆိုင်ရာ အမြတ်ထုတ်မယ့်သူတွေအဖြစ် သတ်မှတ်ဖော်ပြလာ ကြပါတယ်။
Shadow တရားရေးအတွင်းဝန်ဖြစ်သူ ကွန် ဆာဗေးတစ်ပါတီမှ ရော်ဘတ်ဂျန်ရစ်ခ်ဟာ ရေဒီယို 4 ရဲ့ Today အစီအစဉ်မှာ လန်ဒန်ရှိ လိင်ပိုင်းဆိုင်ရာ ရာဇဝတ်မှု(၄၀)ရာခိုင်နှုန်းကို (၂၀၂၄)ခုနှစ်က နိုင်ငံ ခြားသားတွေကျူးလွန်ခဲ့တာဖြစ်တယ်လို့ ပြောကြား ခဲ့တယ်။ ဒီလိုပြောဆိုချက်ရဲ့အရင်းမြစ်ကိုတော့ " ဗြိတိန်မှာ ရွှေ့ပြောင်းနေထိုင်မှုကိုထိန်းချုပ်ခြင်းနဲ့ လျှော့ ချခြင်း"လို့ဖော်ပြထားတဲ့သုတေသနအဖွဲ့နဲ့ဘလော့ဂ် တစ်ခုဖြစ်တဲ့ ရွှေ့ပြောင်းနေထိုင်မှုထိန်းချုပ်ရေးဗဟို ဌာန (Centre for Migration Control - CMC) ကနေရယူခဲ့တာဖြစ်ပါတယ်။ CMC ရဲ့ ပြောဆိုချက် တွေဟာ မက်ထရိုပိုလီတန် ရဲတပ်ဖွဲ့က ဖော်ပြပေးတဲ့ အချက်အလက်တွေကနေ ရရှိတာဖြစ်ပါတယ်။ မက် ထရိုပိုလီတန်ရဲတပ်ဖွဲ့က နိုင်ငံသားအလိုက် လိင်ပိုင်း ဆိုင်ရာပြစ်မှုတွေနဲ့ပတ်သက်ပြီး တရားစွဲဆိုခြင်းခံရ တဲ့လူအရေအတွက်ကို အသေးစိတ်ဖော်ပြပေးခဲ့ တယ်။ ဂျန်ရစ်ခ်က " အာဖဂန်နဲ့ အီရီထရီးယားနိုင်ငံ သားတွေဟာ ဗြိတိသျှနိုင်ငံသားတစ်ဦးထက် လိင်ပိုင်း ဆိုင်ရာ ရာဇဝတ်မှုတစ်ခုကို ကျူးလွန်နိုင်ခြေ အဆ (၂၀) ပိုများပါတယ်"တဲ့။ တာလီဘန်တွေ ပြန်လည် အာဏာရရှိလာတာကြောင့် အာဖဂန်နစ္စတန်ကနေ ယူကေကိုရွှေ့ပြောင်းလာမှုဟာ (၂၀၂၁) ခုနှစ်နောက် ပိုင်း သိသိသာသာမြင့်တက်လာခဲ့သလို အီရီထရီးယား ရွှေ့ပြောင်းမှုကလည်း အီရီထရီးယား၊ ဆူဒန်နဲ့ အီသီ ယိုးပီးယားတို့မှာဖြစ်ပွားနေတဲ့စစ်ပွဲတွေကြောင့် တိုး လာခဲ့တယ်။
ဒါ့ပြင် ဒီနှစ်အစောပိုင်းတုန်းက သတင်းစာမျက် နှာဖုံးမှာဖော်ပြခဲ့တဲ့ လန်ဒန်မှာနေထိုင်သူ (၁၂) ဦးမှာ တစ်ဦးဟာ တရားမဝင်ရွှေ့ပြောင်းနေထိုင်သူဖြစ်တယ် ဆိုတဲ့ Telegraph သတင်းကြောင့် အငြင်းပွားမှုဖြစ် ခဲ့ဖူးတယ်။ အဲဒီသတင်းမှာ ကွန်ဆာဗေးတစ်ပါတီရဲ့ Shadow ပြည်ထဲရေးအတွင်းဝန် Chris Philp ရဲ့ ပြောကြားချက်ကို ကိုးကားဖော်ပြခဲ့ပြီး သူက ဒီကိန်း ဂဏန်းတွေဟာ " အလွန်စိုးရိမ်စရာ" ဖြစ်ပြီး " ယူကေ မှာ ဒီလို တရားမဝင်ရွှေ့ပြောင်းနေထိုင်သူအရေအတွက် များစွာရှိနေတာဟာ လုံးဝ လက်ခံနိုင်စရာမရှိ ဘူး"လို့ပြောခဲ့ပါတယ်။ (၁၂)ဦးမှာတစ်ဦးဆိုတဲ့ စာ ရင်းအင်းဟာ ရေပေးဝေမှုလိုအပ်ချက်ကိုတိုင်းတာ ဖို့အတွက် Thames ရေပေးဝေရေးက တာဝန်ပေး အပ်ထားတဲ့ မထုတ်ဝေရသေးတဲ့လေ့လာမှုတစ်ခုအ ပေါ် အခြေခံထားတာဖြစ်တယ်။ Thames ရေပေးဝေ ရေးရဲ့လေ့လာမှုဟာ တရားဝင်စာရင်းအင်းတွေမှာ မပါဝင်တဲ့ ရေအသုံးပြုသူအရေအတွက်ကို ခန့်မှန်းဖို့ ကြိုးစားခဲ့တာဖြစ်ပြီး ရွှေ့ပြောင်းနေထိုင်သူတွေသာ မက အိမ်နှစ်လုံးပိုင်ဆိုင်သူတွေ၊ ဧည့်သည်တွေနဲ့ ခရီးသွားတွေကိုပါ ထည့်သွင်းတွက်ချက်ခဲ့တာဖြစ်ပါ တယ်။ ဒါ့ပြင် သူက အကန့်အသတ်မရှိနေထိုင်ခွင့် ရရှိထားသူတွေအပြင် ပုံမှန်မဟုတ်တဲ့ ရွှေ့ပြောင်းနေ ထိုင်သူတွေရဲ့ ဗြိတိသျှဖွားကလေးတချို့ကိုပါ ထည့် သွင်းထားခဲ့တယ်လို့ တချို့ကသုံးသပ်ကြပါတယ်။ မီဒီယာတွေမှာ တရားမဝင်ရွှေ့ပြောင်းနေထိုင်သူတွေ ကို ပုံမှန်မဟုတ်တဲ့ ရွှေ့ပြောင်းနေထိုင်သူအဖြစ် ပြောင်းလဲဖော်ပြနေကြပေမယ့် ၎င်းတို့မှာ အခေါ်အ ဝေါ်သာကွာခြားပြီး စာရွက်စာတမ်းအထောက်အထား ခိုင်လုံမှုမရှိဘဲ ရွှေ့ပြောင်းနေထိုင်နေခြင်းမှာ အတူတူ ပဲဖြစ်နေပါတယ်။
လှေငယ်လေးတွေဟာ ယူကေကို ပုံမှန်မဟုတ် တဲ့ဝင်ရောက်မှုနည်းလမ်းတွေထဲမှာ အများဆုံးတွေ့ ရှိရဆဲဖြစ်ပြီး (၂၀၂၄)ခုနှစ်မှာရောက်ရှိလာသူ (၃၆ယ၈၁၆)ဦးရှိခဲ့တယ်။ ဒါဟာ (၂၀၂၃) ခုနှစ်က (၂၉,၄၃၇ ဦး)နဲ့နှိုင်းယှဉ်ရင် (၂၅%)တိုးလာတာဖြစ် ပါတယ်။ (၂၀၂၄) ခုနှစ်မှာ လှေငယ်လေးတွေနဲ့ ရောက်ရှိလာကြတဲ့နိုင်ငံခြားသားတွေထဲမှာ အာဖဂန် (၅,၉၁၉ ဦး)၊ ဆီးရီးယား (၄,၆၃၀ ဦး)နဲ့ အီရန် (၄,၁၅၈ ဦး) နိုင်ငံခြားသားတွေဟာ အများဆုံးဖြစ်ခဲ့ပြီး ဗီယက်နမ် (၃,၆၀၂ ဦး)၊ အီရီထရီးယား (၃,၃၈၀ ဦး) နဲ့ ဆူဒန် (၂,၆၉၅ ဦး) နိုင်ငံခြားသားတွေ ရောက်ရှိလာ မှုက (၂၀၂၃)ခုနှစ်နဲ့နှိုင်းယှဉ်ရင် သိသိသာသာ မြင့် တက်လာခဲ့တာကိုတွေ့ရပါတယ်။
သို့သော် ယခုနောက်ပိုင်းတိုးပွားလာတဲ့ ရွှေ့ပြောင်းနေထိုင်မှုဆန့်ကျင်ဆန္ဒပြပွဲတွေကြောင့်လား အတိအကျမသိရသော်လည်း ဥရောပသမဂ္ဂရဲ့ ခိုလှုံ ခွင့်အေဂျင်စီကနေရရှိတဲ့ အချက်အလက်တွေအရ (၂၀၂၅) ခုနှစ်ရဲ့ ပထမခြောက်လတာကာလအတွင်း ဥရောပသမဂ္ဂမှာ ခိုလှုံခွင့်လျှောက်ထားမှုဟာ (၂၃) ရာခိုင်နှုန်းကျဆင်းသွားတယ်လို့ ဖော်ပြလာပါတယ်။ ဥရောပသမဂ္ဂ ခိုလှုံခွင့်အေဂျင်စီ(န့ဗဗ)က ဇန်န ဝါရီလနဲ့ ဇွန်လကြားမှာ လျှောက်လွှာအသစ်ပေါင်း (၃၉၉ယဝဝဝ)တင်သွင်းခဲ့ကြပြီး ဒါဟာ (၂၀၂၄) ခုနှစ် ရဲ့ အလားတူကာလထက် (၁၁၄၀ဝဝ) ဒါမှမဟုတ် (၂၃)ရာခိုင်နှုန်းကျဆင်းသွားတာဖြစ်တယ်လို့ ပြောပါ တယ်။ ဂျာမနီဟာ ခိုလှုံခွင့်တောင်းသူတွေအတွက် အသွားချင်ဆုံးနိုင်ငံမဟုတ်တော့ဘဲ ခိုလှုံခွင့်လျှောက် ထားမှု အကျဆင်းဆုံးအဖြစ်မြင်တွေ့ခဲ့ရပြီး (၄၃) ရာ ခိုင်နှုန်းကျဆင်းသွားခဲ့တယ်။ ဒီနောက်မှာ အီတလီ နဲ့စပိန်တို့က (၂၅)ရာခိုင်နှုန်းနဲ့ (၁၃)ရာခိုင်နှုန်း အ သီးသီးကျဆင်းခဲ့ကြတယ်။ အထူးသဖြင့် ဆီးရီးယား နိုင်ငံသားတွေရဲ့ ခိုလှုံခွင့်လျှောက်လွှာ သိသိသာသာလျော့ကျသွားတာကြောင့်လို့ သတ်မှတ်ခဲ့ကြတယ်။ ဥရောပသမဂ္ဂတစ်လျှောက် ခိုလှုံခွင့်တောင်းဆိုမှုအ ရေအတွက်တွေကျဆင်းနေတာနဲ့ဆန့်ကျင်ဘက်မှာ တော့ ရွှေ့ပြောင်းနေထိုင်သူဆန့်ကျင်ရေး ကင်းစောင့် အဖွဲ့တွေ မြင့်တက်လာမှုကတော့ ဆက်လက်တိုးလာ ပုံရပါတယ်။
ယူကေအပါအဝင် ဥရောပနိုင်ငံတွေမှာ ရွှေ့ ပြောင်းနေထိုင်မှု ဆန့်ကျင်ဆန္ဒပြပွဲတွေ တိုးပွားလာ ခြင်းက လက်ယာအစွန်းရောက်တွေရဲ့ နိုင်ငံရေးလှုံ့ ဆော်မှုသက်သက်လား၊ ဒါမှမဟုတ် နိုင်ငံသားတွေရဲ့ လုံခြုံရေးနဲ့ စီးပွားရေးဆိုင်ရာ စိုးရိမ်ပူပန်မှုတွေ ကြောင့် အမှန်တကယ်ပေါ်ပေါက်လာခြင်းလားဆို တာကို အတိအကျပိုင်းဖြတ်ဖို့ခက်ခဲပါတယ်။ ဒါပေမဲ့ နိုင်ငံဖြတ်ကျော်မှုခင်းတွေနဲ့ အကြမ်းဖက်မှုတွေထူ ပြောလာတဲ့ အခုလိုခေတ်ကြီးမှာ ဘယ်နိုင်ငံမဆို အ မျိုးသားလုံခြုံရေးရှုထောင့်ကကြည့်ရင် မိမိနိုင်ငံသား တွေရဲ့အကျိုးစီးပွားကိုသာ ဦးစားပေးဆောင်ရွက်ဖို့ လိုအပ်ပါတယ်။

Zawgyi Version;
ေ႐ႊ႕ေျပာင္းေနထိုင္မႈဆန႔္က်င္ေရး လႈိင္းဂယက္မ်ား ႏိုင္ငံေရးဂိမ္းအရလား အစစ္အမွန္ ၿခိမ္းေျခာက္မႈေတြေၾကာင့္လား
တင္ဇာ (NP News) - ေအာက္တိုဘာလ ၂
တစ္ခ်ိန္တုန္းက နယ္စပ္တံခါးေတြကို ေႏြးေထြး စြာဖြင့္လွစ္ထားၿပီး လူသားခ်င္း စာနာေထာက္ထားမႈ ဆိုင္ရာခိုလႈံခြင့္ကို ဂုဏ္ယူစြာ ထိန္းသိမ္းေစာင့္ေရွာက္ ခဲ့တဲ့ ဥေရာပတိုက္ႀကီးဟာ အခုအခါမွာေတာ့ ေ႐ႊ႕ ေျပာင္းေနထိုင္မႈဆန႔္က်င္ေရး ႏိုင္ငံေရးလႈိင္းလုံးေတြ တိုးျမင့္လာမႈနဲ႔ရင္ဆိုင္ေနရပါတယ္။ ဂ်ာမနီ၊ ပိုလန္၊ နယ္သာလန္နဲ႔ အိုင္ယာလန္ေျမာက္ပိုင္းတို႔မွာ လက္ ယာယိမ္းအစြန္းေရာက္တို႔ရဲ႕ဝါဒျဖန႔္စကားေတြဟာ ႏိုင္ငံေရးေဆြးေႏြးမႈေတြမွာ အဓိကအခန္းက႑ကို ေရာက္ရွိလို႔လာခဲ့ပါတယ္။ ဒီျဖစ္ရပ္ေတြက အမ်ိဳးသား မူဝါဒေတြကို ပုံစံေျပာင္းလဲပစ္ခဲ့ၿပီး အစိုးရေတြကိုျပဳတ္ က်ေစခဲ့သလို လမ္းေတြေပၚမွာလည္း မၿငိမ္မသက္ ဆႏၵျပမႈေတြျဖစ္ေပၚေစခဲ့ပါတယ္။ ဒီလိုျဖစ္ေပၚေျပာင္း လဲလာမႈေတြဟာ တိုးပြားလာေနတဲ့ ေ႐ႊ႕ေျပာင္းေနထိုင္ မႈဖိအားေတြကိုတုံ႔ျပန္ေနတယ္လို႔ထင္ရေပမယ့္ လက္ေတြ႕အေျခအေနကေတာ့ ပိုၿပီး ရႈပ္ေထြးပါတယ္။
အလားတူပဲ (၂၀၂၅) ခုႏွစ္ ဧၿပီလကတည္းက ယူေကရဲ႕တခ်ိဳ႕ေနရာေတြမွာ ေ႐ႊ႕ေျပာင္းေနထိုင္မႈ ဆန႔္က်င္ေရးဆႏၵျပပြဲေတြျဖစ္ပြားခဲ့ၿပီး အဲဒီအထဲက တခ်ိဳ႕ကေတာ့ အၾကမ္းဖက္မႈအသြင္ေဆာင္တဲ့အေျခ အေနထိပါေရာက္ခဲ့ပါတယ္။ ရဲအရာရွိ အနည္းဆုံး (၄၀) ဒဏ္ရာရခဲ့ၿပီး လူ(၁၄၀)ေက်ာ္ကိုလည္း ဖမ္း ဆီးခဲ့ရတယ္။ ဒီဆႏၵျပပြဲအမ်ားစုကို Britain First? Homeland Party နဲ႔ Patriotic Alternative အပါအဝင္ အစြန္းေရာက္လက္ယာအဖြဲ႕ေတြက စီစဥ္ ခဲ့တာျဖစ္တယ္လို႔သိရပါတယ္။ အေစာပိုင္းမွာ ဆႏၵျပ မႈအနည္းငယ္သာျဖစ္ေပၚခဲ့ေပမယ့္ ဇူလိုင္လ (၁၃) ရက္ေန႔က Epping ၿမိဳ႕မွာစတင္ခဲ့တဲ့ ဆႏၵျပပြဲအၿပီး ဆက္တိုက္ျဖစ္ေပၚလာတဲ့ ဆႏၵျပမႈပမာဏေတြဟာ တိုးလာခဲ့ပါတယ္။ ေနာက္ပိုင္းမွာေတာ့ ဆႏၵျပပြဲေတြ ဟာ ဘရစၥတို၊ လီဗာပူး၊ မန္ခ်က္စတာနဲ႔ နယူးကာ ဆယ္အပါအဝင္ ၿမိဳ႕ေတြအႏွံ႔ ပ်ံ႕ႏွံ႔သြားၿပီး မၿငိမ္မ သက္မႈေတြျဖစ္ေပၚခဲ့တယ္။ အႀကီးဆုံးဆႏၵျပပြဲက ေတာ့ စက္တင္ဘာလ (၁၃)ရက္မွာျဖစ္ခဲ့ၿပီး အစြန္း ေရာက္ လက္ယာလႈပ္ရွားသူ ေတာ္မီေရာ္ဘင္ဆန္ စီစဥ္တဲ့ လန္ဒန္ခ်ီတက္ပြဲမွာ လူ (၁၅၀,ဝဝဝ)အထိ ပါဝင္ခဲ့ၿပီး ရဲအရာရွိ (၂၆)ဦး ဒဏ္ရာရခဲ့ပါတယ္လို႔ သတင္းမီဒီယာေတြရဲ႕ေဖာ္ျပခ်က္အရ သိရပါတယ္။
" ကြၽန္ေတာ္တို႔ရဲ႕ အမ်ိဳးသမီးေတြ၊ သမီးေတြ ဟာ လမ္းေတြေပၚမွာ လမ္းေလွ်ာက္ဖို႔ေတာင္ေၾကာက္ ႐ြံ႕ေနၾကတယ္"လို႔ ေတာ္မီေရာ္ဘင္ဆန္က " ယူႏိုက္ တက္ကင္းဒမ္းကို စုစည္းၾကစို႔"ခ်ီတက္ပြဲမွာ အား ေပးေထာက္ခံသူ ေသာင္းခ်ီကို ေျပာၾကားခဲ့တယ္။ ႏိုင္ငံသားေတြဟာ "အတားအဆီးမရွိတဲ့ နယ္စပ္၊ ထိန္းခ်ဳပ္မႈမရွိတဲ့ အစုလိုက္အၿပဳံလိုက္ ေ႐ႊ႕ေျပာင္း ေနထိုင္မႈေတြရဲ႕လက္ခ်က္နဲ႔"ထိခိုက္ေနရတယ္လို႔ သူက ထပ္ေလာင္းေျပာခဲ့တယ္။ တရားမဝင္ေ႐ႊ႕ေျပာင္း ေနထိုင္မႈေၾကာင့္ျဖစ္လာတဲ့ ၿခိမ္းေျခာက္မႈကေန အမ်ိဳး သမီးေတြနဲ႔ကေလးေတြကိုကာကြယ္ဖို႔ လိုအပ္ခ်က္ ဟာ ေ႐ႊ႕ေျပာင္းေနထိုင္မႈဆန႔္က်င္ေရးအတြက္ လက္ ယာႏိုင္ငံေရးသမားေတြအသုံးျပဳတဲ့ ေႂကြးေၾကာ္သံ တစ္ခု ျဖစ္လာခဲ့တယ္။ အစြန္းေရာက္ လက္ယာလႈပ္ ရွား မႈေတြကို အဓိကထားၿပီး သတင္းလိုက္ေနတဲ့ သတင္းေထာက္ မီဂယ္ရာမို႔စ္က InfoMigrants ကို ေျပာၾကားရာမွာ ဒီအေျခအေနေတြနဲ႔ပတ္သက္လို႔ သူ အံ့ဩမသြားဘူးလို႔ေျပာပါတယ္။ " အစြန္းေရာက္ လက္ယာယိမ္းေတြရဲ႕ရည္မွန္းခ်က္ကေတာ့ ေဒသခံ ေတြနဲ႔ ေ႐ႊ႕ေျပာင္းေနထိုင္သူေတြၾကား ခြဲျခားမႈကို ဖန္ တီးဖို႔ပါပဲ။ သူတို႔ရဲ႕လုပ္ေဆာင္ခ်က္ေတြဟာ မဟာ အ စားထိုးသီအိုရီ (Great Replacement Theory) လိုမ်ိဳး ႀကံစည္မႈ သီအိုရီေတြ၊ အစၥလာမ္မုန္းတီးေရးနဲ႔ သတင္းအတုေတြအေပၚမွာ အာ႐ုံစိုက္ထားတယ္။ သူတို႔က အေရအတြက္ေတြကိုဂ႐ုမစိုက္ဘူး}လို႔ မွတ္ခ်က္ေပးပါတယ္။ " သူတို႔က လက္ေတြ႕အေျခ အေနကို ဂ႐ုမစိုက္ဘူး။ သူတို႔ဟာ လူမ်ိဳးေရးခြဲျခား မႈအေပၚအေျခခံတဲ့ တျခား လက္ေတြ႕အေျခအေနတစ္ ခုကို ကစားေနတာျဖစ္တယ္။ လူျဖဴ ခရစ္ယာန္ ဥေရာ ပအျဖစ္ဖန္တီးေရးကို အေျခခံထားတာျဖစ္တယ္" လို႔ သူကေျပာပါတယ္။
ဒါဆို အမ်ိဳးသမီးေတြဟာ အစြန္းေရာက္ကင္း ေစာင့္ဆႏၵျပအဖြဲ႕ေတြရဲ႕ ကာကြယ္ေစာင့္ေရွာက္မႈကို လိုအပ္ရေလာက္ေအာင္ ဘယ္အခ်ိန္ကစၿပီး အား နည္းခ်က္ရွိလာခဲ့တာလဲ။ လိင္ပိုင္းဆိုင္ရာေစာ္ကားမႈ နဲ႔ တရားမဝင္ေ႐ႊ႕ေျပာင္းေနထိုင္မႈၾကားက ဆက္စပ္မႈ အေၾကာင္း လက္ယာႏိုင္ငံေရးသမားေတြရဲ႕ ေျပာဆို ခ်က္ေတြဟာ ဘယ္ေလာက္မွန္ကန္သလဲဆိုတာ ဆန္းစစ္ဖို႔လိုလာပါတယ္။ ျပဳျပင္ေျပာင္းလဲေရး ႏိုင္ငံ ေရးသမားေတြဟာ တရားမဝင္ေ႐ႊ႕ေျပာင္းေနထိုင္သူ ေတြေၾကာင့္ျဖစ္ေပၚလာတဲ့ ၿခိမ္းေျခာက္မႈကေန အ မ်ိဳးသမီးေတြနဲ႔ကေလးေတြကိုကာကြယ္ဖို႔ လိုအပ္ ခ်က္ကို မၾကာေသးခင္ကဆုပ္ကိုင္ခဲ့ၾကတယ္။ အ လုပ္အကိုင္၊ အိမ္ရာနဲ႔ေက်ာင္းေတြအေပၚ ေ႐ႊ႕ေျပာင္း ေနထိုင္မႈေၾကာင့္ျဖစ္လာတဲ့ ဖိအားေတြမ်ားလာတာနဲ႔ အမွ် ေ႐ႊ႕ေျပာင္းေနထိုင္မႈဆန႔္က်င္ေရးစကားလုံး ေတြမွာ ေ႐ႊ႕ေျပာင္းေနထိုင္သူေတြကို လိင္ပိုင္းဆိုင္ရာ အျမတ္ထုတ္မယ့္သူေတြအျဖစ္ သတ္မွတ္ေဖာ္ျပလာ ၾကပါတယ္။
Shadow တရားေရးအတြင္းဝန္ျဖစ္သူ ကြန္ ဆာေဗးတစ္ပါတီမွ ေရာ္ဘတ္ဂ်န္ရစ္ခ္ဟာ ေရဒီယို 4 ရဲ႕ Today အစီအစဥ္မွာ လန္ဒန္ရွိ လိင္ပိုင္းဆိုင္ရာ ရာဇဝတ္မႈ(၄၀)ရာခိုင္ႏႈန္းကို (၂၀၂၄)ခုႏွစ္က ႏိုင္ငံ ျခားသားေတြက်ဴးလြန္ခဲ့တာျဖစ္တယ္လို႔ ေျပာၾကား ခဲ့တယ္။ ဒီလိုေျပာဆိုခ်က္ရဲ႕အရင္းျမစ္ကိုေတာ့ " ၿဗိတိန္မွာ ေ႐ႊ႕ေျပာင္းေနထိုင္မႈကိုထိန္းခ်ဳပ္ျခင္းနဲ႔ ေလွ်ာ့ ခ်ျခင္း"လို႔ေဖာ္ျပထားတဲ့သုေတသနအဖြဲ႕နဲ႔ဘေလာ့ဂ္ တစ္ခုျဖစ္တဲ့ ေ႐ႊ႕ေျပာင္းေနထိုင္မႈထိန္းခ်ဳပ္ေရးဗဟို ဌာန (Centre for Migration Control - CMC) ကေနရယူခဲ့တာျဖစ္ပါတယ္။ CMC ရဲ႕ ေျပာဆိုခ်က္ ေတြဟာ မက္ထ႐ိုပိုလီတန္ ရဲတပ္ဖြဲ႕က ေဖာ္ျပေပးတဲ့ အခ်က္အလက္ေတြကေန ရရွိတာျဖစ္ပါတယ္။ မက္ ထ႐ိုပိုလီတန္ရဲတပ္ဖြဲ႕က ႏိုင္ငံသားအလိုက္ လိင္ပိုင္း ဆိုင္ရာျပစ္မႈေတြနဲ႔ပတ္သက္ၿပီး တရားစြဲဆိုျခင္းခံရ တဲ့လူအေရအတြက္ကို အေသးစိတ္ေဖာ္ျပေပးခဲ့ တယ္။ ဂ်န္ရစ္ခ္က " အာဖဂန္နဲ႔ အီရီထရီးယားႏိုင္ငံ သားေတြဟာ ၿဗိတိသွ်ႏိုင္ငံသားတစ္ဦးထက္ လိင္ပိုင္း ဆိုင္ရာ ရာဇဝတ္မႈတစ္ခုကို က်ဴးလြန္ႏိုင္ေျခ အဆ (၂၀) ပိုမ်ားပါတယ္"တဲ့။ တာလီဘန္ေတြ ျပန္လည္ အာဏာရရွိလာတာေၾကာင့္ အာဖဂန္နစၥတန္ကေန ယူေကကိုေ႐ႊ႕ေျပာင္းလာမႈဟာ (၂၀၂၁) ခုႏွစ္ေနာက္ ပိုင္း သိသိသာသာျမင့္တက္လာခဲ့သလို အီရီထရီးယား ေ႐ႊ႕ေျပာင္းမႈကလည္း အီရီထရီးယား၊ ဆူဒန္နဲ႔ အီသီ ယိုးပီးယားတို႔မွာျဖစ္ပြားေနတဲ့စစ္ပြဲေတြေၾကာင့္ တိုး လာခဲ့တယ္။
ဒါ့ျပင္ ဒီႏွစ္အေစာပိုင္းတုန္းက သတင္းစာမ်က္ ႏွာဖုံးမွာေဖာ္ျပခဲ့တဲ့ လန္ဒန္မွာေနထိုင္သူ (၁၂) ဦးမွာ တစ္ဦးဟာ တရားမဝင္ေ႐ႊ႕ေျပာင္းေနထိုင္သူျဖစ္တယ္ ဆိုတဲ့ Telegraph သတင္းေၾကာင့္ အျငင္းပြားမႈျဖစ္ ခဲ့ဖူးတယ္။ အဲဒီသတင္းမွာ ကြန္ဆာေဗးတစ္ပါတီရဲ႕ Shadow ျပည္ထဲေရးအတြင္းဝန္ Chris Philp ရဲ႕ ေျပာၾကားခ်က္ကို ကိုးကားေဖာ္ျပခဲ့ၿပီး သူက ဒီကိန္း ဂဏန္းေတြဟာ " အလြန္စိုးရိမ္စရာ" ျဖစ္ၿပီး " ယူေက မွာ ဒီလို တရားမဝင္ေ႐ႊ႕ေျပာင္းေနထိုင္သူအေရအတြက္ မ်ားစြာရွိေနတာဟာ လုံးဝ လက္ခံႏိုင္စရာမရွိ ဘူး"လို႔ေျပာခဲ့ပါတယ္။ (၁၂)ဦးမွာတစ္ဦးဆိုတဲ့ စာ ရင္းအင္းဟာ ေရေပးေဝမႈလိုအပ္ခ်က္ကိုတိုင္းတာ ဖို႔အတြက္ Thames ေရေပးေဝေရးက တာဝန္ေပး အပ္ထားတဲ့ မထုတ္ေဝရေသးတဲ့ေလ့လာမႈတစ္ခုအ ေပၚ အေျခခံထားတာျဖစ္တယ္။ Thames ေရေပးေဝ ေရးရဲ႕ေလ့လာမႈဟာ တရားဝင္စာရင္းအင္းေတြမွာ မပါဝင္တဲ့ ေရအသုံးျပဳသူအေရအတြက္ကို ခန႔္မွန္းဖို႔ ႀကိဳးစားခဲ့တာျဖစ္ၿပီး ေ႐ႊ႕ေျပာင္းေနထိုင္သူေတြသာ မက အိမ္ႏွစ္လုံးပိုင္ဆိုင္သူေတြ၊ ဧည့္သည္ေတြနဲ႔ ခရီးသြားေတြကိုပါ ထည့္သြင္းတြက္ခ်က္ခဲ့တာျဖစ္ပါ တယ္။ ဒါ့ျပင္ သူက အကန႔္အသတ္မရွိေနထိုင္ခြင့္ ရရွိထားသူေတြအျပင္ ပုံမွန္မဟုတ္တဲ့ ေ႐ႊ႕ေျပာင္းေန ထိုင္သူေတြရဲ႕ ၿဗိတိသွ်ဖြားကေလးတခ်ိဳ႕ကိုပါ ထည့္ သြင္းထားခဲ့တယ္လို႔ တခ်ိဳ႕ကသုံးသပ္ၾကပါတယ္။ မီဒီယာေတြမွာ တရားမဝင္ေ႐ႊ႕ေျပာင္းေနထိုင္သူေတြ ကို ပုံမွန္မဟုတ္တဲ့ ေ႐ႊ႕ေျပာင္းေနထိုင္သူအျဖစ္ ေျပာင္းလဲေဖာ္ျပေနၾကေပမယ့္ ၎တို႔မွာ အေခၚအ ေဝၚသာကြာျခားၿပီး စာ႐ြက္စာတမ္းအေထာက္အထား ခိုင္လုံမႈမရွိဘဲ ေ႐ႊ႕ေျပာင္းေနထိုင္ေနျခင္းမွာ အတူတူ ပဲျဖစ္ေနပါတယ္။
ေလွငယ္ေလးေတြဟာ ယူေကကို ပုံမွန္မဟုတ္ တဲ့ဝင္ေရာက္မႈနည္းလမ္းေတြထဲမွာ အမ်ားဆုံးေတြ႕ ရွိရဆဲျဖစ္ၿပီး (၂၀၂၄)ခုႏွစ္မွာေရာက္ရွိလာသူ (၃၆ယ၈၁၆)ဦးရွိခဲ့တယ္။ ဒါဟာ (၂၀၂၃) ခုႏွစ္က (၂၉,၄၃၇ ဦး)နဲ႔ႏႈိင္းယွဥ္ရင္ (၂၅%)တိုးလာတာျဖစ္ ပါတယ္။ (၂၀၂၄) ခုႏွစ္မွာ ေလွငယ္ေလးေတြနဲ႔ ေရာက္ရွိလာၾကတဲ့ႏိုင္ငံျခားသားေတြထဲမွာ အာဖဂန္ (၅,၉၁၉ ဦး)၊ ဆီးရီးယား (၄,၆၃၀ ဦး)နဲ႔ အီရန္ (၄,၁၅၈ ဦး) ႏိုင္ငံျခားသားေတြဟာ အမ်ားဆုံးျဖစ္ခဲ့ၿပီး ဗီယက္နမ္ (၃,၆၀၂ ဦး)၊ အီရီထရီးယား (၃,၃၈၀ ဦး) နဲ႔ ဆူဒန္ (၂,၆၉၅ ဦး) ႏိုင္ငံျခားသားေတြ ေရာက္ရွိလာ မႈက (၂၀၂၃)ခုႏွစ္နဲ႔ႏႈိင္းယွဥ္ရင္ သိသိသာသာ ျမင့္ တက္လာခဲ့တာကိုေတြ႕ရပါတယ္။
သို႔ေသာ္ ယခုေနာက္ပိုင္းတိုးပြားလာတဲ့ ေ႐ႊ႕ေျပာင္းေနထိုင္မႈဆန႔္က်င္ဆႏၵျပပြဲေတြေၾကာင့္လား အတိအက်မသိရေသာ္လည္း ဥေရာပသမဂၢရဲ႕ ခိုလႈံ ခြင့္ေအဂ်င္စီကေနရရွိတဲ့ အခ်က္အလက္ေတြအရ (၂၀၂၅) ခုႏွစ္ရဲ႕ ပထမေျခာက္လတာကာလအတြင္း ဥေရာပသမဂၢမွာ ခိုလႈံခြင့္ေလွ်ာက္ထားမႈဟာ (၂၃) ရာခိုင္ႏႈန္းက်ဆင္းသြားတယ္လို႔ ေဖာ္ျပလာပါတယ္။ ဥေရာပသမဂၢ ခိုလႈံခြင့္ေအဂ်င္စီ(န႔ဗဗ)က ဇန္န ဝါရီလနဲ႔ ဇြန္လၾကားမွာ ေလွ်ာက္လႊာအသစ္ေပါင္း (၃၉၉ယဝဝဝ)တင္သြင္းခဲ့ၾကၿပီး ဒါဟာ (၂၀၂၄) ခုႏွစ္ ရဲ႕ အလားတူကာလထက္ (၁၁၄၀ဝဝ) ဒါမွမဟုတ္ (၂၃)ရာခိုင္ႏႈန္းက်ဆင္းသြားတာျဖစ္တယ္လို႔ ေျပာပါ တယ္။ ဂ်ာမနီဟာ ခိုလႈံခြင့္ေတာင္းသူေတြအတြက္ အသြားခ်င္ဆုံးႏိုင္ငံမဟုတ္ေတာ့ဘဲ ခိုလႈံခြင့္ေလွ်ာက္ ထားမႈ အက်ဆင္းဆုံးအျဖစ္ျမင္ေတြ႕ခဲ့ရၿပီး (၄၃) ရာ ခိုင္ႏႈန္းက်ဆင္းသြားခဲ့တယ္။ ဒီေနာက္မွာ အီတလီ နဲ႔စပိန္တို႔က (၂၅)ရာခိုင္ႏႈန္းနဲ႔ (၁၃)ရာခိုင္ႏႈန္း အ သီးသီးက်ဆင္းခဲ့ၾကတယ္။ အထူးသျဖင့္ ဆီးရီးယား ႏိုင္ငံသားေတြရဲ႕ ခိုလႈံခြင့္ေလွ်ာက္လႊာ သိသိသာသာေလ်ာ့က်သြားတာေၾကာင့္လို႔ သတ္မွတ္ခဲ့ၾကတယ္။ ဥေရာပသမဂၢတစ္ေလွ်ာက္ ခိုလႈံခြင့္ေတာင္းဆိုမႈအ ေရအတြက္ေတြက်ဆင္းေနတာနဲ႔ဆန႔္က်င္ဘက္မွာ ေတာ့ ေ႐ႊ႕ေျပာင္းေနထိုင္သူဆန႔္က်င္ေရး ကင္းေစာင့္ အဖြဲ႕ေတြ ျမင့္တက္လာမႈကေတာ့ ဆက္လက္တိုးလာ ပုံရပါတယ္။
ယူေကအပါအဝင္ ဥေရာပႏိုင္ငံေတြမွာ ေ႐ႊ႕ ေျပာင္းေနထိုင္မႈ ဆန႔္က်င္ဆႏၵျပပြဲေတြ တိုးပြားလာ ျခင္းက လက္ယာအစြန္းေရာက္ေတြရဲ႕ ႏိုင္ငံေရးလႈံ႕ ေဆာ္မႈသက္သက္လား၊ ဒါမွမဟုတ္ ႏိုင္ငံသားေတြရဲ႕ လုံၿခဳံေရးနဲ႔ စီးပြားေရးဆိုင္ရာ စိုးရိမ္ပူပန္မႈေတြ ေၾကာင့္ အမွန္တကယ္ေပၚေပါက္လာျခင္းလားဆို တာကို အတိအက်ပိုင္းျဖတ္ဖို႔ခက္ခဲပါတယ္။ ဒါေပမဲ့ ႏိုင္ငံျဖတ္ေက်ာ္မႈခင္းေတြနဲ႔ အၾကမ္းဖက္မႈေတြထူ ေျပာလာတဲ့ အခုလိုေခတ္ႀကီးမွာ ဘယ္ႏိုင္ငံမဆို အ မ်ိဳးသားလုံၿခဳံေရးရႈေထာင့္ကၾကည့္ရင္ မိမိႏိုင္ငံသား ေတြရဲ႕အက်ိဳးစီးပြားကိုသာ ဦးစားေပးေဆာင္႐ြက္ဖို႔ လိုအပ္ပါတယ္။