ရွေးကောက်ပွဲနှင့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များဆွေးနွေးဖို့ မလေးရှားနိုင်ငံခြားရေးဝန်ကြီး မြန်မာနိုင်ငံသို့ လာမည်

276

ALynn (NP news) - အောက်တိုဘာ ၉
မလေးရှားနိုင်ငံခြားရေးဝန်ကြီး မိုဟာမက် ဟာဆန်သည် လာမည့်ရွေးကောက်ပွဲနှင့် ပတ်သက်၍ မြန်မာအစိုးရအဖွဲ့နှင့် ဆွေးနွေးရန်၊ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွင် တိုးတက်မှုရရှိရေး တွန်းအားပေးရန် အောက်တိုဘာလ ၉ ရက် (ကြာသပတေးနေ့) တွင် မြန်မာနိုင်ငံသို့ လာရောက်မည်ဖြစ်ကြောင်း မလေးရှားအစိုးရက ဖော်ပြထားသည်။
၎င်းသည် အာဆီယံအလှည့်ကျဥက္ကဋ္ဌအနေဖြင့် မြို့တော် နေပြည်တော်သို့ တစ်ရက်ကြာ ခရီးစဉ်လာရောက်မည်ဖြစ်ပြီး နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင် ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်အပါအဝင် ဝန်ကြီးချုပ်၊ နိုင်ငံခြားရေးဝန်ကြီးတို့နှင့် တွေ့ဆုံမည်ဖြစ်ကြောင်း မလေးရှားနိုင်ငံခြားရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
မြန်မာနိုင်ငံတွင် ဒီဇင်ဘာလ ၂၈ ရက်နေ့မှစတင်၍ ပထမအကြိမ် အထွေထွေရွေးကောက်ပွဲ ပြုလုပ်သွားမည်ဖြစ်ရာ နိုင်ငံတကာက ဂရုပြုစောင့်ကြည့်နေကြသည်။
ပြီးခဲ့သည့် ဇူလိုင်လက မလေးရှားနိုင်ငံခြားရေးဝန်ကြီးသည် မြန်မာနိုင်ငံအား ရွေးကောက်ပွဲကို ဦးစားပေးအဖြစ် မသတ်မှတ်ဘဲ ငြိမ်းချမ်းရေးဆိုင်ရာ ကတိကဝတ်များကို ကနဦး လိုက်နာရန် တိုက်တွန်းခဲ့ဖူးသည်။
နိုင်ငံခြားရေးဝန်ကြီးဌာန၏ ပြောကြားချက်အရ မိုဟာမက်သည် ငြိမ်းချမ်းရေးအစီအစဉ်ကို အကောင်အထည်ဖော်ရန် "အထူးသဖြင့် ပဋိပက္ခများ ရပ်စဲရေး၊ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီများ အတားအဆီးမရှိ ဝင်ရောက်ခွင့်ပေးရေးနှင့် မြန်မာ့အရေးပတ်သက်သူများအားလုံး ပေါင်းစပ်ပါဝင်သော ဆွေးနွေးပွဲများ ကျင်းပရေး" အတွက် မြန်မာအစိုးရအား တောင်းဆိုသွားမည်ဖြစ်ကြောင်း သိရသည်။
မိုဟာမက်သည် ကြာသပတေးနေ့က သီးခြားဖေ့စ်ဘွတ်ခ်ပို့စ်တစ်ခုတွင် မကြာသေးမီက အပစ်အခတ်ရပ်စဲရေး ချိုးဖောက်မှုများသည် ငြိမ်းချမ်းရေးအတွက် ကြိုးပမ်းအားထုတ်မှုများကို ထိခိုက်စေကြောင်း အသေးစိတ်အချက်အလက်များကို ဖော်ပြခြင်းမရှိဘဲ ဖော်ပြခဲ့သည်။
မလေးရှားနိုင်ငံခြားရေးဝန်ကြီး၏ မြန်မာနိုင်ငံသို့ ယခုလာရောက်မည့်ခရီးစဉ်မှာ ပြီးခဲ့သည့် စက်တင်ဘာလအတွင်းက ရွှေ့ဆိုင်းခဲ့ရသော ခရီးစဉ်ကို ပြန်လည်စတင်ခြင်းဖြစ်သည်။
ကနဦးခရီးစဉ်အစီအစဉ်တွင် ၎င်းအပါအဝင် အာဆီယံ နိုင်ငံ(၄)နိုင်ငံမှ နိုင်ငံခြားရေးဝန်ကြီးများ မြန်မာနိုင်ငံသို့ စက်တင်ဘာလအတွင်း လာရောက်မည်ဖြစ်ကြောင်း မလေးရှားနိုင်ငံပိုင်သတင်းမီဒီယာများက ဖော်ပြခဲ့ဖူးသည်။
၎င်းအဖွဲ့တွင် ထိုင်း၊ ဖိလစ်ပိုင်နှင့် အင်ဒိုနီးရှားတို့မှ နိုင်ငံခြားရေး ဝန်ကြီးများ ပါဝင်မည်ဖြစ်ပြီး အရေးပေါ် ကာလရုတ်သိမ်းပြီးနောက် မြန်မာအစိုးရသစ်၏ လက်အောက်မှ အခြေအနေများကို လေ့လာမည်ဖြစ်ကြောင်း သိရသော်လည်း ယခုခရီးစဉ်တွင်မူ ၎င်းနိုင်ငံခြားရေးဝန်ကြီးများ ပါဝင်ခြင်း ရှိ/မရှိကိုမူ မသိရှိရသေးပေ။

Zawgyi Version:
ေ႐ြးေကာက္ပြဲႏွင့္ ၿငိမ္းခ်မ္းေရးလုပ္ငန္းစဥ္မ်ားေဆြးေႏြးဖို႔ မေလးရွားႏိုင္ငံျခားေရးဝန္ႀကီး ျမန္မာႏိုင္ငံသို႔ လာမည္
ALynn (NP news) - ေအာက္တိုဘာ ၉
မေလးရွားႏိုင္ငံျခားေရးဝန္ႀကီး မိုဟာမက္ ဟာဆန္သည္ လာမည့္ေ႐ြးေကာက္ပြဲႏွင့္ ပတ္သက္၍ ျမန္မာအစိုးရအဖြဲ႕ႏွင့္ ေဆြးေႏြးရန္၊ ၿငိမ္းခ်မ္းေရးလုပ္ငန္းစဥ္တြင္ တိုးတက္မႈရရွိေရး တြန္းအားေပးရန္ ေအာက္တိုဘာလ ၉ ရက္ (ၾကာသပေတးေန႔) တြင္ ျမန္မာႏိုင္ငံသို႔ လာေရာက္မည္ျဖစ္ေၾကာင္း မေလးရွားအစိုးရက ေဖာ္ျပထားသည္။
၎သည္ အာဆီယံအလွည့္က်ဥကၠ႒အေနျဖင့္ ၿမိဳ႕ေတာ္ ေနျပည္ေတာ္သို႔ တစ္ရက္ၾကာ ခရီးစဥ္လာေရာက္မည္ျဖစ္ၿပီး ႏိုင္ငံေတာ္လုံၿခဳံေရးႏွင့္ ေအးခ်မ္းသာယာေရးေကာ္မရွင္ ဥကၠ႒ ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လႈိင္အပါအဝင္ ဝန္ႀကီးခ်ဳပ္၊ ႏိုင္ငံျခားေရးဝန္ႀကီးတို႔ႏွင့္ ေတြ႕ဆုံမည္ျဖစ္ေၾကာင္း မေလးရွားႏိုင္ငံျခားေရးဝန္ႀကီးဌာန၏ ထုတ္ျပန္ခ်က္တြင္ ေဖာ္ျပထားသည္။
ျမန္မာႏိုင္ငံတြင္ ဒီဇင္ဘာလ ၂၈ ရက္ေန႔မွစတင္၍ ပထမအႀကိမ္ အေထြေထြေ႐ြးေကာက္ပြဲ ျပဳလုပ္သြားမည္ျဖစ္ရာ ႏိုင္ငံတကာက ဂ႐ုျပဳေစာင့္ၾကည့္ေနၾကသည္။
ၿပီးခဲ့သည့္ ဇူလိုင္လက မေလးရွားႏိုင္ငံျခားေရးဝန္ႀကီးသည္ ျမန္မာႏိုင္ငံအား ေ႐ြးေကာက္ပြဲကို ဦးစားေပးအျဖစ္ မသတ္မွတ္ဘဲ ၿငိမ္းခ်မ္းေရးဆိုင္ရာ ကတိကဝတ္မ်ားကို ကနဦး လိုက္နာရန္ တိုက္တြန္းခဲ့ဖူးသည္။
ႏိုင္ငံျခားေရးဝန္ႀကီးဌာန၏ ေျပာၾကားခ်က္အရ မိုဟာမက္သည္ ၿငိမ္းခ်မ္းေရးအစီအစဥ္ကို အေကာင္အထည္ေဖာ္ရန္ "အထူးသျဖင့္ ပဋိပကၡမ်ား ရပ္စဲေရး၊ လူသားခ်င္းစာနာေထာက္ထားမႈဆိုင္ရာ အကူအညီမ်ား အတားအဆီးမရွိ ဝင္ေရာက္ခြင့္ေပးေရးႏွင့္ ျမန္မာ့အေရးပတ္သက္သူမ်ားအားလုံး ေပါင္းစပ္ပါဝင္ေသာ ေဆြးေႏြးပြဲမ်ား က်င္းပေရး" အတြက္ ျမန္မာအစိုးရအား ေတာင္းဆိုသြားမည္ျဖစ္ေၾကာင္း သိရသည္။
မိုဟာမက္သည္ ၾကာသပေတးေန႔က သီးျခားေဖ့စ္ဘြတ္ခ္ပို႔စ္တစ္ခုတြင္ မၾကာေသးမီက အပစ္အခတ္ရပ္စဲေရး ခ်ိဳးေဖာက္မႈမ်ားသည္ ၿငိမ္းခ်မ္းေရးအတြက္ ႀကိဳးပမ္းအားထုတ္မႈမ်ားကို ထိခိုက္ေစေၾကာင္း အေသးစိတ္အခ်က္အလက္မ်ားကို ေဖာ္ျပျခင္းမရွိဘဲ ေဖာ္ျပခဲ့သည္။
မေလးရွားႏိုင္ငံျခားေရးဝန္ႀကီး၏ ျမန္မာႏိုင္ငံသို႔ ယခုလာေရာက္မည့္ခရီးစဥ္မွာ ၿပီးခဲ့သည့္ စက္တင္ဘာလအတြင္းက ေ႐ႊ႕ဆိုင္းခဲ့ရေသာ ခရီးစဥ္ကို ျပန္လည္စတင္ျခင္းျဖစ္သည္။
ကနဦးခရီးစဥ္အစီအစဥ္တြင္ ၎အပါအဝင္ အာဆီယံ ႏိုင္ငံ(၄)ႏိုင္ငံမွ ႏိုင္ငံျခားေရးဝန္ႀကီးမ်ား ျမန္မာႏိုင္ငံသို႔ စက္တင္ဘာလအတြင္း လာေရာက္မည္ျဖစ္ေၾကာင္း မေလးရွားႏိုင္ငံပိုင္သတင္းမီဒီယာမ်ားက ေဖာ္ျပခဲ့ဖူးသည္။
၎အဖြဲ႕တြင္ ထိုင္း၊ ဖိလစ္ပိုင္ႏွင့္ အင္ဒိုနီးရွားတို႔မွ ႏိုင္ငံျခားေရး ဝန္ႀကီးမ်ား ပါဝင္မည္ျဖစ္ၿပီး အေရးေပၚ ကာလ႐ုတ္သိမ္းၿပီးေနာက္ ျမန္မာအစိုးရသစ္၏ လက္ေအာက္မွ အေျခအေနမ်ားကို ေလ့လာမည္ျဖစ္ေၾကာင္း သိရေသာ္လည္း ယခုခရီးစဥ္တြင္မူ ၎ႏိုင္ငံျခားေရးဝန္ႀကီးမ်ား ပါဝင္ျခင္း ရွိ/မရွိကိုမူ မသိရွိရေသးေပ။