ချောက်တွင် ကျောင်းအုပ်ဆရာ တစ်ဦး နှင့် ၎င်း၏မိသားစုဝင် တစ်ဦးအား အကြမ်းဖက်အဖွဲ့က ဖမ်းဆီးသွား

630

Pearl (NP News) -အောက်တိုဘာ ၁၆
ချောက်တွင် ကျောင်းအုပ်ဆရာ တစ်ဦး နှင့် ၎င်း၏မိသားစုဝင် တစ်ဦးအား အကြမ်းဖက်အဖွဲ့က ဖမ်းဆီးသွားခဲ့ကြောင်း ပြည်ထဲရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ထားသည်။
ပြီးခဲ့သည့် အောက်တိုဘာ ( ၁၄ ရက်) ၊ နံနက် ၇ နာရီခွဲခန့်က မကွေးတိုင်းဒေသကြီး၊ ချောက်မြို့နယ်၊ ပွင့်လင်းကျေးရွာ အနီးတွင် ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။
ချောက်မြို့နယ် ၊ ချောင်းတက်ကျေးရွာတွင်နေ ထိုင်သော ကျောက်ရဲကျေးရွာ အခြေခံပညာ အထက်တန်းကျောင်းမှ ကျောင်းအုပ်ဆရာ ဦးအောင်ကြီးမြင့်(၅၆)နှစ်သည် ချောင်းတက်ကျေးရွာမှ ချောက်မြို့သို့ ဆိုင်ကယ်ဖြင့် တစ်ဦးတည်းထွက်ခွာလာခဲ့ကြောင်း သိရသည်။
ထိုသို့ ထွက်ခွာလာစဉ် ပွင့်လင်းကျေးရွာအနီးအရောက် အသင့်စောင့်နေသည့် PDF အဖွဲ့ဝင် အင်အား ၁၀ ဦးခန့်က ဆိုင်ကယ်အား တားဆီး၍ ချောင်းတက်ကျေးရွာသို့ ဖမ်းဆီးခေါ်ဆောင်လာကာ တစ်ရွာတည်းနေ ၎င်း၏ညီဖြစ်သူ ဦးသန်းထွန်းအောင်(၄၆)နှစ်အား ထပ်မံဖမ်းဆီး၍ ချောင်းတက်ကျေးရွာ၏ အရှေ့တောင်ဘက် ၃ မိုင် ခန့်အကွာ မကျီးကန်ကျေးရွာဘက်သို့ အကြမ်းဖက် ဖမ်းဆီးခေါ်ဆောင်သွားခဲ့ကြောင်း သိရသည်။
အထက်ပါဖြစ်စဉ်မှ နိုင်ငံ့ဝန်ထမ်း တစ်ဦးနှင့် အရပ်သားပြည်သူ တစ်ဦးအား ပစ်မှတ်ထားဖမ်းဆီး၍ ခြိမ်းခြောက်ငွေတောင်းခံခြင်း၊ သတ်ဖြတ်ခြင်းများစသော ရာဇဝတ်မှုများအား ကျူးလွန်လုပ်ဆောင်လျက်ရှိသည့် အကြမ်းဖက်သမားများအား ဖော်ထုတ်ဖမ်းဆီးအရေးယူနိုင်ရေးနှင့် ဖမ်းဆီးခံထားရသူ နှစ်ဦးအား ပြန်လည်ကယ်တင်နိုင်ရေး လုံခြုံရေးတပ်ဖွဲ့ဝင်များက လိုအပ်သည့် လုံခြုံရေးလုပ်ငန်းစဉ်များနှင့်အညီ ဆက်လက်ဆောင်ရွက် လျက်ရှိကြောင်း သိရသည်။
zawgyi version
ေခ်ာက္တြင္ ေက်ာင္းအုပ္ဆရာ တစ္ဦး ႏွင့္ ၎၏မိသားစုဝင္ တစ္ဦးအား အၾကမ္းဖက္အဖြဲ႕က ဖမ္းဆီးသြား
Pearl (NP News) -ေအာက္တိုဘာ ၁၆
ေခ်ာက္တြင္ ေက်ာင္းအုပ္ဆရာ တစ္ဦး ႏွင့္ ၎၏မိသားစုဝင္ တစ္ဦးအား အၾကမ္းဖက္အဖြဲ႕က ဖမ္းဆီးသြားခဲ့ေၾကာင္း ျပည္ထဲေရးဝန္ႀကီးဌာနက သတင္းထုတ္ျပန္ထားသည္။
ၿပီးခဲ့သည့္ ေအာက္တိုဘာ ( ၁၄ ရက္) ၊ နံနက္ ၇ နာရီခြဲခန႔္က မေကြးတိုင္းေဒသႀကီး၊ ေခ်ာက္ၿမိဳ႕နယ္၊ ပြင့္လင္းေက်း႐ြာ အနီးတြင္ ျဖစ္ပြားခဲ့ျခင္းျဖစ္သည္။
ေခ်ာက္ၿမိဳ႕နယ္ ၊ ေခ်ာင္းတက္ေက်း႐ြာတြင္ေန ထိုင္ေသာ ေက်ာက္ရဲေက်း႐ြာ အေျခခံပညာ အထက္တန္းေက်ာင္းမွ ေက်ာင္းအုပ္ဆရာ ဦးေအာင္ႀကီးျမင့္(၅၆)ႏွစ္သည္ ေခ်ာင္းတက္ေက်း႐ြာမွ ေခ်ာက္ၿမိဳ႕သို႔ ဆိုင္ကယ္ျဖင့္ တစ္ဦးတည္းထြက္ခြာလာခဲ့ေၾကာင္း သိရသည္။
ထိုသို႔ ထြက္ခြာလာစဥ္ ပြင့္လင္းေက်း႐ြာအနီးအေရာက္ အသင့္ေစာင့္ေနသည့္ PDF အဖြဲ႕ဝင္ အင္အား ၁၀ ဦးခန႔္က ဆိုင္ကယ္အား တားဆီး၍ ေခ်ာင္းတက္ေက်း႐ြာသို႔ ဖမ္းဆီးေခၚေဆာင္လာကာ တစ္႐ြာတည္းေန ၎၏ညီျဖစ္သူ ဦးသန္းထြန္းေအာင္(၄၆)ႏွစ္အား ထပ္မံဖမ္းဆီး၍ ေခ်ာင္းတက္ေက်း႐ြာ၏ အေရွ႕ေတာင္ဘက္ ၃ မိုင္ ခန႔္အကြာ မက်ီးကန္ေက်း႐ြာဘက္သို႔ အၾကမ္းဖက္ ဖမ္းဆီးေခၚေဆာင္သြားခဲ့ေၾကာင္း သိရသည္။
အထက္ပါျဖစ္စဥ္မွ ႏိုင္ငံ့ဝန္ထမ္း တစ္ဦးႏွင့္ အရပ္သားျပည္သူ တစ္ဦးအား ပစ္မွတ္ထားဖမ္းဆီး၍ ၿခိမ္းေျခာက္ေငြေတာင္းခံျခင္း၊ သတ္ျဖတ္ျခင္းမ်ားစေသာ ရာဇဝတ္မႈမ်ားအား က်ဴးလြန္လုပ္ေဆာင္လ်က္ရွိသည့္ အၾကမ္းဖက္သမားမ်ားအား ေဖာ္ထုတ္ဖမ္းဆီးအေရးယူႏိုင္ေရးႏွင့္ ဖမ္းဆီးခံထားရသူ ႏွစ္ဦးအား ျပန္လည္ကယ္တင္ႏိုင္ေရး လုံၿခဳံေရးတပ္ဖြဲ႕ဝင္မ်ားက လိုအပ္သည့္ လုံၿခဳံေရးလုပ္ငန္းစဥ္မ်ားႏွင့္အညီ ဆက္လက္ေဆာင္႐ြက္ လ်က္ရွိေၾကာင္း သိရသည္။