နျူကလီးယားသဘောတူညီချက်ကို အမေရိကန်ကချိုးဖောက်ခဲ့ရင် တုံ့ပြန်မှုတွေလုပ်ဆောင်သွားမယ်လို့ ရုရှား ကတိပြု

184

Pika (NP News) - နိုဝင်ဘာ ၁
နျူကလီးယားလက်နက်စမ်းသပ်မှုကို ဆိုင်းငံ့ထားတဲ့ သဘောတူညီချက်ကို အမေရိကန်က ချိုးဖောက်ခဲ့မယ်ဆိုရင် ရုရှားဘက်ကလည်း အလားတူတုံ့ပြန်မှုတွေ လုပ်ဆောင်သွားမယ်လို့ ရုရှားအစိုးရပြောရေးဆိုခွင့်ရှိသူ ဒီမစ်ထရီပက် စကော့ဗ်က ထုတ်ပြန်ပြောကြားခဲ့ပါတယ်။
နျူကလီးယားလက်နက်စမ်းသပ်မှုတွေကို ချက်ချင်းပြန်လည်စတင်ဖို့ ပင်တဂွန်စစ်ဌာနချုပ်ကို အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က အမိန့်ပေးခဲ့ပြီးနောက် ဒီမစ်ထရီပက်စကော့ဗ်ရဲ့ပြောဆိုချက်တွေ ထွက်ပေါ်လာတာဖြစ်ပါတယ်။
ဒေါ်နယ်ထရမ့်က “အခြားနိုင်ငံတွေရဲ့နျူကလီးယားလက်နက်စမ်းသပ်မှု အစီအစဉ်တွေကြောင့် ကျွန်တော်တို့ရဲ့ နျူကလီးယားလက်နက်တွေကို တန်းတူအခြေခံနဲ့ စတင်စမ်းသပ်ဖို့ ပင်တဂွန်စစ်ဌာနချုပ်ကို ညွှန်ကြားထားပါ တယ်။ နျူကလီးယားလက်နက်စမ်းသပ်မှု လုပ်ငန်းစဉ်ကို ချက်ချင်းစတင်သွားမှာပါ” လို့ ပြောခဲ့ပါတယ်။
ဒီမစ်ထရီပက်စကော့ဗ်က “တစ်ယောက်ယောက် နျူကလီးယားလက်နက်စမ်းသပ်မှုကို ဆိုင်းငံ့ထားတဲ့ သဘောတူညီချက်ကို ချိုးဖောက်ခဲ့မယ်ဆိုရင် ရုရှားဘက်ကလည်း အလားတူလုပ်ဆောင်သွားမှာပါ” လို့ ပြောခဲ့ပါ တယ်။ အမေရိကန်နိုင်ငံက နျူကလီးယားလက်နက်စမ်းသပ်မှုတွေ လုပ်ဆောင်ခဲ့မယ်ဆိုရင် ရုရှားကလည်း နျူကလီးယားလက်နက်စမ်းသပ်မှုလုပ်ဆောင်တွေ လုပ်ဆောင်သွားမယ်လို့ ရုရှားအစိုးရက သတိပေးပြောဆိုခဲ့ပြီး နောက် သီတင်းပတ်အနည်းငယ်အကြာမှာ ဒေါ်နယ်ထရမ့်ရဲ့အမိန့်ပေးမှုတွေ ထွက်ပေါ်လာတာပဲဖြစ်ပါတယ်။

Zawgyi Version:
န်ဴကလီးယားသေဘာတူညီခ်က္ကို အေမရိကန္ကခ်ိဳးေဖာက္ခဲ့ရင္ တုံ႔ျပန္မႈေတြလုပ္ေဆာင္သြားမယ္လို႔ ႐ုရွား ကတိျပဳ
Pika (NP News) - ႏိုဝင္ဘာ ၁
န်ဴကလီးယားလက္နက္စမ္းသပ္မႈကို ဆိုင္းငံ့ထားတဲ့ သေဘာတူညီခ်က္ကို အေမရိကန္ကခ်ိဳးေဖာက္ခဲ့မယ္ဆိုရင္ ႐ုရွားဘက္ကလည္း အလားတူတုံ႔ျပန္မႈေတြ လုပ္ေဆာင္သြားမယ္လို႔ ႐ုရွားအစိုးရေျပာေရးဆိုခြင့္ရွိသူ ဒီမစ္ထရီပက္ စေကာ့ဗ္က ထုတ္ျပန္ေျပာၾကားခဲ့ပါတယ္။
န်ဴကလီးယားလက္နက္စမ္းသပ္မႈေတြကို ခ်က္ခ်င္းျပန္လည္စတင္ဖို႔ ပင္တဂြန္စစ္ဌာနခ်ဳပ္ကို အေမရိကန္သမၼတ ေဒၚနယ္ထရမ့္က အမိန႔္ေပးခဲ့ၿပီးေနာက္ ဒီမစ္ထရီပက္စေကာ့ဗ္ရဲ႕ေျပာဆိုခ်က္ေတြ ထြက္ေပၚလာတာျဖစ္ပါတယ္။
ေဒၚနယ္ထရမ့္က “အျခားႏိုင္ငံေတြရဲ႕န်ဴကလီးယားလက္နက္စမ္းသပ္မႈ အစီအစဥ္ေတြေၾကာင့္ ကြၽန္ေတာ္တို႔ရဲ႕ န်ဴကလီးယားလက္နက္ေတြကို တန္းတူအေျခခံနဲ႔ စတင္စမ္းသပ္ဖို႔ ပင္တဂြန္စစ္ဌာနခ်ဳပ္ကို ၫႊန္ၾကားထားပါ တယ္။ န်ဴကလီးယားလက္နက္စမ္းသပ္မႈ လုပ္ငန္းစဥ္ကို ခ်က္ခ်င္းစတင္သြားမွာပါ” လို႔ ေျပာခဲ့ပါတယ္။
ဒီမစ္ထရီပက္စေကာ့ဗ္က “တစ္ေယာက္ေယာက္ န်ဴကလီးယားလက္နက္စမ္းသပ္မႈကို ဆိုင္းငံ့ထားတဲ့ သေဘာတူညီခ်က္ကို ခ်ိဳးေဖာက္ခဲ့မယ္ဆိုရင္ ႐ုရွားဘက္ကလည္း အလားတူလုပ္ေဆာင္သြားမွာပါ” လို႔ ေျပာခဲ့ပါ တယ္။ အေမရိကန္ႏိုင္ငံက န်ဴကလီးယားလက္နက္စမ္းသပ္မႈေတြ လုပ္ေဆာင္ခဲ့မယ္ဆိုရင္ ႐ုရွားကလည္း န်ဴကလီးယားလက္နက္စမ္းသပ္မႈလုပ္ေဆာင္ေတြ လုပ္ေဆာင္သြားမယ္လို႔ ႐ုရွားအစိုးရက သတိေပးေျပာဆိုခဲ့ၿပီး ေနာက္ သီတင္းပတ္အနည္းငယ္အၾကာမွာ ေဒၚနယ္ထရမ့္ရဲ႕အမိန႔္ေပးမႈေတြ ထြက္ေပၚလာတာပဲျဖစ္ပါတယ္။