ဘော်လ်တစ်ပင်လယ်အပေါ်ပျံသန်းလာတဲ့ ရုရှားထောက်လှမ်းရေးလေယာဉ်ကို ပိုလန်တိုက်လေယာဉ်ကြားဖြတ် ဟန့်တား

 283

Pika (NP News) - နိုဝင်ဘာ ၁

ဘောလ်တစ်ပင်လယ်ပြင်အပေါ် ဖြတ်သန်းလာတဲ့ ရုရှားထောက်လှမ်းရေးလေယာဉ်တစ်စီးကို ပိုလန်စစ်တပ်ရဲ့ MiG-29 တိုက်လေယာဉ်က ကြားဖြတ်ဟန့်တားမှုတွေ လုပ်ဆောင်ခဲ့တယ်လို့ ပိုလန်ကာကွယ်ရေးဝန်ကြီး Wladyslaw Kosiniak-Kamysz က ပြောကြားခဲ့ပါတယ်။
အဲဒီဖြစ်ရပ်ဟာ ယခုသီတင်းပတ်အတွင်း ပိုလန်တိုက်လေယာဉ်တွေက ရုရှားလေယာဉ်တွေကို ကြားဖြတ် ဟန့်တားမှုတွေလုပ်ဆောင်ခဲ့တဲ့ နှစ်ကြိမ်မြောက်ဖြစ်ရပ်ဖြစ်တယ်လို့လည်း သိရပါတယ်။ ပြီးခဲ့တဲ့ရက်ပိုင်းတုန်း ကလည်း ဘောလ်တစ်ပင်လယ်ပေါ်က နိုင်ငံတကာလေပိုင်နက်ထဲမှာ ထောက်လှမ်းရေးမစ်ရှင်တွေအတွက် ပျံသန်း နေတဲ့ရုရှားလေယာဉ်တစ်စင်းကို ပိုလန်တိုက်လေယာဉ်တွေက ကြားဖြတ်ဟန့်တားခဲ့တယ်လို့ သိရပါတယ်။
ပိုလန်ကာကွယ်ရေးဝန်ကြီး Wladyslaw Kosiniak-Kamysz က “ဒီနေ့မှာတော့ ကျွန်တော်တို့စစ်တပ်ရဲ့ MiG-29 တိုက်လေယာဉ်ဟာ ဘောလ်တစ်ပင်လယ်ပြင်ပေါ်မှာ ပျံသန်းနေတဲ့ ရုရှားထောက်လှမ်းရေးလေယာဉ်ကို ကြားဖြတ် ဟန့်တားမှုတွေ လုပ်ဆောင်ခဲ့ပါတယ်” လို့ ပြောခဲ့ပါတယ်။
ဒါပေမယ့်လည်း အဲဒီကိစ္စနဲ့ပတ်သက်တဲ့နောက်ထပ်အသေးစိတ်အချက်အလက်တွေကိုတော့ Wladyslaw Kosiniak-Kamysz က ထုတ်ဖော်ပြောဆိုခဲ့တာမျိုး မရှိခဲ့ဘူးလို့ သိရပါတယ်။ ပိုလန်နိုင်ငံရဲ့လေပိုင်နက်ထဲကို ရုရှားရဲ့ဒရုန်းတွေ ချိုးဖောက်ဝင်ရောက်လာခဲ့တဲ့ဖြစ်ရပ်တွေအပြီး အချိန်တစ်လနီးပါးအကြာမှာ ယခုလိုဖြစ်ရပ်တွေ ထပ်မံဖြစ်ပွားလာခဲ့တာပဲဖြစ်ပါတယ်။

Zawgyi Version:
ေဘာ္လ္တစ္ပင္လယ္အေပၚပ်ံသန္းလာတဲ့ ႐ုရွားေထာက္လွမ္းေရးေလယာဥ္ကို ပိုလန္တိုက္ေလယာဥ္ၾကားျဖတ္ ဟန႔္တား
Pika (NP News) - ႏိုဝင္ဘာ ၁
ေဘာလ္တစ္ပင္လယ္ျပင္အေပၚ ျဖတ္သန္းလာတဲ့ ႐ုရွားေထာက္လွမ္းေရးေလယာဥ္တစ္စီးကို ပိုလန္စစ္တပ္ရဲ႕ MiG-29 တိုက္ေလယာဥ္က ၾကားျဖတ္ဟန႔္တားမႈေတြ လုပ္ေဆာင္ခဲ့တယ္လို႔ ပိုလန္ကာကြယ္ေရးဝန္ႀကီး Wladyslaw Kosiniak-Kamysz က ေျပာၾကားခဲ့ပါတယ္။
အဲဒီျဖစ္ရပ္ဟာ ယခုသီတင္းပတ္အတြင္း ပိုလန္တိုက္ေလယာဥ္ေတြက ႐ုရွားေလယာဥ္ေတြကို ၾကားျဖတ္ ဟန႔္တားမႈေတြလုပ္ေဆာင္ခဲ့တဲ့ ႏွစ္ႀကိမ္ေျမာက္ျဖစ္ရပ္ျဖစ္တယ္လို႔လည္း သိရပါတယ္။ ၿပီးခဲ့တဲ့ရက္ပိုင္းတုန္း ကလည္း ေဘာလ္တစ္ပင္လယ္ေပၚက ႏိုင္ငံတကာေလပိုင္နက္ထဲမွာ ေထာက္လွမ္းေရးမစ္ရွင္ေတြအတြက္ ပ်ံသန္း ေနတဲ့႐ုရွားေလယာဥ္တစ္စင္းကို ပိုလန္တိုက္ေလယာဥ္ေတြက ၾကားျဖတ္ဟန႔္တားခဲ့တယ္လို႔ သိရပါတယ္။
ပိုလန္ကာကြယ္ေရးဝန္ႀကီး Wladyslaw Kosiniak-Kamysz က “ဒီေန႔မွာေတာ့ ကြၽန္ေတာ္တို႔စစ္တပ္ရဲ႕ MiG-29 တိုက္ေလယာဥ္ဟာ ေဘာလ္တစ္ပင္လယ္ျပင္ေပၚမွာ ပ်ံသန္းေနတဲ့ ႐ုရွားေထာက္လွမ္းေရးေလယာဥ္ကို ၾကားျဖတ္ ဟန႔္တားမႈေတြ လုပ္ေဆာင္ခဲ့ပါတယ္” လို႔ ေျပာခဲ့ပါတယ္။
ဒါေပမယ့္လည္း အဲဒီကိစၥနဲ႔ပတ္သက္တဲ့ေနာက္ထပ္အေသးစိတ္အခ်က္အလက္ေတြကိုေတာ့ Wladyslaw Kosiniak-Kamysz က ထုတ္ေဖာ္ေျပာဆိုခဲ့တာမ်ိဳး မရွိခဲ့ဘူးလို႔ သိရပါတယ္။ ပိုလန္ႏိုင္ငံရဲ႕ေလပိုင္နက္ထဲကို ႐ုရွားရဲ႕ဒ႐ုန္းေတြ ခ်ိဳးေဖာက္ဝင္ေရာက္လာခဲ့တဲ့ျဖစ္ရပ္ေတြအၿပီး အခ်ိန္တစ္လနီးပါးအၾကာမွာ ယခုလိုျဖစ္ရပ္ေတြ ထပ္မံျဖစ္ပြားလာခဲ့တာပဲျဖစ္ပါတယ္။

Related news

© 2021. All rights reserved.