ပယ်ဖျက်ခံရသည့် ကိုယ်စားလှယ်လောင်း(၈၆) ဦးအနက် အသနားခံစာ ပြန်တင်ထားသူများလည်း ရှိနေ

 552

သန့်ဇင် (NP News) - နိုဝင်ဘာ ၁
ပယ်ဖျက်ခဲ့သည့် ကိုယ်စားလှယ်လောင်း (၈၆) ဦးအနက် အသနားခံစာပြန်တင်ထားသူများ လည်းရှိနေကြောင်း နိုင်ငံရေးပါတီအချို့ထံ NP News က ဆက်သွယ်မေးမြန်းထားသည့် အချက်အလက်များအရ သိရသည်။ လာမည့် ဒီဇင်ဘာလ (၂၈) ရက်တွင် ပါတီစုံအထွေထွေရွေးကောက်ပွဲအပိုင်း (၁) ကို လာမည့် ဒီဇင်ဘာ (၂၈) ရက်တွင် မြို့နယ် ပေါင်း (၁၀၂)မြို့နယ်တွင် စတင်ကျင်းပမည်ဖြစ်ပြီး လွှတ်တော်အလိုက် မဲဆန္ဒနယ်အသီးသီး၌ အမည်စာရင်းတင် သွင်းသည့် ကိုယ်စားလှယ်လောင်း (၅၀၂၃) ဦးရှိပြီးကြောင်း သိရသည်။ ယင်းလွှတ်တော်ကိုယ်စားလှယ်လောင်းများ အတွင်း ဖွဲ့စည်းပုံအခြေခံ ဥပဒေ၊ သက်ဆိုင်ရာလွှတ်တော်ရွေးကောက်ပွဲဥပဒေ၊ နည်းဥပဒေများနှင့် ညီညွတ်မှု မရှိသည့် အတွက် ပယ်ဖျက်ခဲ့သည့် ကိုယ် စားလှယ်လောင်း (၈၆) ဦး ရှိကြောင်း ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် (့နဃ) က ထုတ်ပြန်ထားကြောင်း သိရသည်။
“ကျွန်တော်ပါတီမှာက (၆)ယောက်ပါပါတယ်။ ပါတီအနေနဲ့ UEC ရဲ့သတ်မှတ်ချက်နဲ့ အညီပဲ လေးစားလိုက် နာပြီးတော့ သွားနေတာလေ။ သူတို့အပိုင်းအနေနဲ့ကတော့ သူတို့အပိုင်းနဲ့သူတို့ ဦးဆောင်ကြမှာပေါ့။ ဘာလို့ဆိုတော့ ဘာအကြောင်း ကြောင့်ဆိုတဲ့ဟာကို အဓိကကျတယ်လေ။ အဲဒီ အကြောင်းအရာ ဟုတ်ခြင်းမဟုတ်ခြင်း မှန်ခြင်းမမှန်ခြင်း က သူတို့အနေကတော့ UEC ကို အတိအလင်း အကြောင်းကြားမှု၊ အသနားခံမှုရှိကောင်းရှိနိုင်တာပေါ့နော်။ UEC က စဉ်းစားမယ်ဆိုရင်တော့ စဉ်စားကြမှာပေါ့။ UEC ရဲ့အပိုင်းကျတော့ ပြောရတာခက်တာပေါ့။ သူတို့ Right တွေနဲ့သူတို့ လုပ်ကြတာပေါ့။ one By one right ကတော့ ဟုတ်တယ် မဟုတ်ဘူးဆို တာလေးတွေ သူတို့တင်ကြမှာပေါ့” ဟု ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ (USDP) မှ ပြောရေး ဆိုခွင့်ရှိသူ ဦးသိန်းထွန်းဦးက ပြောသည်။
ထို့ပြင် ပြည်သူ့ပါတီ(PP)က ရွေးကောက် ပွဲဝင်ရောက်ယှဉ်ပြိုင်မည့် ကိုယ်စားလှယ်လောင်း (၅)ဦးထက်မနည်း သည်လည်း ပယ်ဖျက်ခံထားရသည့် ကိုယ်စားလှယ်လောင်း (၈၆) ဦးအတွင်း ပါဝင်ခဲ့ကြောင်းသိရသည်။ ပယ်ဖျက်ခံ ရသော အချို့ ကိုယ်စားလှယ်လောင်းများသည် UEC သို့အသားနားခံစာ တင်ပြထားသော်လည်း လက်ရှိအချိန်အထိ ပြန်လည် အကြောင်းပြန်ခြင်းမျိုး မရှိသေးကြောင်းလည်း ပြည်သူ့ပါတီမှ ဥက္ကဋ္ဌဦးကိုကိုကြီးက ဆိုသည်။
“တချို့လည်းပဲ ကော်မရှင်ကို အယူခံ တင်ထားတာရှိပါတယ်။ အဲဒါတွေက တချို့ပြန်မကျ သေးဘူး။ ဒါကြောင့်မို့ ကျွန်တော်တို့က ကိန်းဂဏန်းကို အတိအကျပြောလို့မရသေးဘူး။ ထူးထူးခြားခြားကတော့ တချို့ကိစ္စတွေမှာ ဘာဖြစ်လဲ ဆိုတော့ ကာယကံရှင် ကိုယ်တိုင်မသိလိုက်တာမျိုးတွေရှိတယ်။ မသိလိုက်ဘူးဆိုတာက တချို့က ဝန်ထမ်းပေါ့။ ဝန် ထမ်းကလည်း အလုပ်ထွက်စာသွားတင်တယ်။ အလုပ်ထွက်စာတင်တဲ့အခါမှာ CDM ကာလနဲ့ရော ပြီးတော့ DCS ဆိုပြီး အလုပ်ထုတ်စာပေးလိုက်တယ်။ ပေးတဲ့အပြင် ဌာနက သစ္စာမဲ့ဝန်ထမ်းဆိုပြီး အလုပ်ထုတ်စာပေးပြီးတော့ အမည်မည်း စာရင်း Blacklis စာရင်းပေးလိုက်တယ်။ စောစောစီးစီးသိရင် ဒါတွေ ကြိုတင်စီစဉ်ထားလို့ရပြီး ကိုယ်စားလှယ်လောင်း အနေနဲ့ကျတော့မှ ဌာနဆိုင်ရာအသီးသီးက စစ်ဆေး တဲ့အခါမှာ အရင်မူလတာဝန်ထမ်းဆောင်ခဲ့တဲ့ဌာနမှာ Blacklist သဘောမျိုးဖြစ်နေတယ်။ အမှန်က ကျွန်တော်တို့ စောစောစီးစီးသိရင် ကြိုတင်ပြင်ဆင် လို့ရတယ်။ သို့သော် ဒီကာလဟာ အချိန်ကာလအကန့် အသက်နဲ့ဆိုတော့ နားလည်မှုလွဲတာလေးတွေရှိ တယ်”ဟု ဦးကိုကိုကြီးက ပြီးခဲ့သည့် အောက်တို ဘာလ (၂၅) ရက်က မီဒီယာများကို ပြောဖြေကြားထား သည်။
ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် (UEC) အနေဖြင့် ကိုယ်စားလှယ်လောင်းများ၏ သတ်မှတ်ချက်များနှင့် ပတ်သက်၍ ကနဦးကြေညာ ချက်များရှိပြီး ယင်းအချက်များနှင့် မကိုက်ညီသည့်အတွက် တစ်ပြေးညီလုပ်ဆောင်သွား ခြင်းသာဖြစ်ကြောင်း USDP ၏ ပြောရေးဆိုခွင့်ရှိသူ ဦးသိန်းထွန်းဦးက ဆိုသည်။
“ UEC က သူ့ရဲ့သတ်မှတ်ချက်တွေကို အရင်ဆုံးကြေညာတယ်။ ဒီသတ်မှတ်ချက်တွေ မကိုက်ညီတော့ဘူးဆို ရင် မည်သူ့ကိုမဆိုပေါ့နော်။ ဘက်လိုက်မှုမရှိဘဲနဲ့ တစ်ပြေးညီတည်းလုပ်သွားတဲ့ ဟာကို သွားတွေ့ရတယ်။ အဲဒီ တစ်ပြေးညီ တည်း လုပ်ဆောင်မှုပေါ်မှာလည်း ကျော်လွန်ပြီးလုပ်တာ မဟုတ်ဘူးလေ။ သူတို့သတ်မှတ်တယ်။ သတ်မှတ် ထားတဲ့ အတိုင်းမှာပဲ ဒီအချက်တွေ ဒီအချက်တွေက ကျော်လွန်နေတယ်။ ဒါမကြိုက်ဘူး။ ဒီလိုအပေါ်တွေမှာ ဆောင်ရွက်သွား တယ်လို့ ကျွန်တော်တို့ ဒီလိုပဲပြော ရမှာဖြစ်ပါတယ်”ဟု ဦးသိန်းထွန်းဦးက ပြောသည်။
ပယ်ဖျက်ခံရသည့် လွှတ်တော်ကိုယ်စားလှယ်လောင်းများစာရင်းတွင် ပြည်သူ့ရှေ့ဆောင် ပါတီ (PPP) ဥက္ကဋ္ဌ ဒေါ်သက်သက်ခိုင် ကိုယ်တိုင် ပါဝင်ခဲ့ကြောင်းသိရသည်။ ပြည်သူ့ရှေ့ဆောင်ပါတီ ဥက္ကဋ္ဌ ဒေါ်သက်သက်ခိုင်ကိုမူ သက်ဆိုင်ရာ လွှတ်တော်ရွေးကောက်ပွဲ ဥပဒေပုဒ်မ (၈)(ဃ)ပါ ပြဋ္ဌာန်းချက်နှင့် ငြိစွန်းသဖြင့် ကိုယ်စားလှယ်လောင်း စာရင်းမှ ပယ်ဖျက်ခြင်းဖြစ်ကြောင်းလည်း UEC က ပြန်လည် ဖြေကြားထားချက်အရ သိရသည်။
အဆိုပါ အကြောင်းအရာနှင့်ပတ်သက်၍ ဒေါ်သက်သက်ခိုင်အနေဖြင့် UEC သို့ အသနားခံ စာတင်ထားခြင်း ရှိမရှိကို ပြည်သူ့ရှေ့ဆောင်ပါတီမှ တာဝန်ရှိသူတစ်ဦးထံ NP News က ဖုန်းဖြင့်ဆက်သွယ်မေးမြန်းခဲ့သော်လည်း လက်ခံ ဖြေ ကြားခဲ့ခြင်းမရှိပေ။

Zawgyi Version:
ပယ္ဖ်က္ခံရသည့္ ကိုယ္စားလွယ္ေလာင္း (၈၆) ဦးအနက္ အသနားခံစာ ျပန္တင္ထားသူမ်ားလည္း ရွိေန
သန႔္ဇင္ (NP News) - ႏိုဝင္ဘာ ၁
ပယ္ဖ်က္ခဲ့သည့္ ကိုယ္စားလွယ္ေလာင္း (၈၆) ဦးအနက္ အသနားခံစာျပန္တင္ထားသူမ်ား လည္းရွိေနေၾကာင္း ႏိုင္ငံေရးပါတီအခ်ိဳ႕ထံ NP News က ဆက္သြယ္ေမးျမန္းထားသည့္ အခ်က္အလက္မ်ားအရ သိရသည္။ လာမည့္ ဒီဇင္ဘာလ (၂၈) ရက္တြင္ ပါတီစုံအေထြေထြေ႐ြးေကာက္ပြဲအပိုင္း (၁) ကို လာမည့္ ဒီဇင္ဘာ (၂၈) ရက္တြင္ ၿမိဳ႕နယ္ ေပါင္း (၁၀၂)ၿမိဳ႕နယ္တြင္ စတင္က်င္းပမည္ျဖစ္ၿပီး လႊတ္ေတာ္အလိုက္ မဲဆႏၵနယ္အသီးသီး၌ အမည္စာရင္းတင္ သြင္းသည့္ ကိုယ္စားလွယ္ေလာင္း (၅၀၂၃) ဦးရွိၿပီးေၾကာင္း သိရသည္။ ယင္းလႊတ္ေတာ္ကိုယ္စားလွယ္ေလာင္းမ်ား အတြင္း ဖြဲ႕စည္းပုံအေျခခံ ဥပေဒ၊ သက္ဆိုင္ရာလႊတ္ေတာ္ေ႐ြးေကာက္ပြဲဥပေဒ၊ နည္းဥပေဒမ်ားႏွင့္ ညီၫြတ္မႈ မရွိသည့္ အတြက္ ပယ္ဖ်က္ခဲ့သည့္ ကိုယ္ စားလွယ္ေလာင္း (၈၆) ဦး ရွိေၾကာင္း ျပည္ေထာင္စု ေ႐ြးေကာက္ပြဲ ေကာ္မရွင္ (့နဃ) က ထုတ္ျပန္ထားေၾကာင္း သိရသည္။
“ကြၽန္ေတာ္ပါတီမွာက (၆)ေယာက္ပါပါတယ္။ ပါတီအေနနဲ႔ UEC ရဲ႕သတ္မွတ္ခ်က္နဲ႔ အညီပဲ ေလးစားလိုက္ နာၿပီးေတာ့ သြားေနတာေလ။ သူတို႔အပိုင္းအေနနဲ႔ကေတာ့ သူတို႔အပိုင္းနဲ႔သူတို႔ ဦးေဆာင္ၾကမွာေပါ့။ ဘာလို႔ဆိုေတာ့ ဘာအေၾကာင္း ေၾကာင့္ဆိုတဲ့ဟာကို အဓိကက်တယ္ေလ။ အဲဒီ အေၾကာင္းအရာ ဟုတ္ျခင္းမဟုတ္ျခင္း မွန္ျခင္းမမွန္ျခင္း က သူတို႔အေနကေတာ့ UEC ကို အတိအလင္း အေၾကာင္းၾကားမႈ၊ အသနားခံမႈရွိေကာင္းရွိႏိုင္တာေပါ့ေနာ္။ UEC က စဥ္းစားမယ္ဆိုရင္ေတာ့ စဥ္စားၾကမွာေပါ့။ UEC ရဲ႕အပိုင္းက်ေတာ့ ေျပာရတာခက္တာေပါ့။ သူတို႔ Right ေတြနဲ႔သူတို႔ လုပ္ၾကတာေပါ့။ one By one right ကေတာ့ ဟုတ္တယ္ မဟုတ္ဘူးဆို တာေလးေတြ သူတို႔တင္ၾကမွာေပါ့” ဟု ျပည္ေထာင္စု ႀကံ့ခိုင္ေရးႏွင့္ဖြံ႕ၿဖိဳးေရးပါတီ (USDP) မွ ေျပာေရး ဆိုခြင့္ရွိသူ ဦးသိန္းထြန္းဦးက ေျပာသည္။
ထို႔ျပင္ ျပည္သူ႔ပါတီ(PP)က ေ႐ြးေကာက္ ပြဲဝင္ေရာက္ယွဥ္ၿပိဳင္မည့္ ကိုယ္စားလွယ္ေလာင္း (၅)ဦးထက္မနည္း သည္လည္း ပယ္ဖ်က္ခံထားရသည့္ ကိုယ္စားလွယ္ေလာင္း (၈၆) ဦးအတြင္း ပါဝင္ခဲ့ေၾကာင္းသိရသည္။ ပယ္ဖ်က္ခံ ရေသာ အခ်ိဳ႕ ကိုယ္စားလွယ္ေလာင္းမ်ားသည္ UEC သို႔အသားနားခံစာ တင္ျပထားေသာ္လည္း လက္ရွိအခ်ိန္အထိ ျပန္လည္ အေၾကာင္းျပန္ျခင္းမ်ိဳး မရွိေသးေၾကာင္းလည္း ျပည္သူ႔ပါတီမွ ဥကၠ႒ဦးကိုကိုႀကီးက ဆိုသည္။
“တခ်ိဳ႕လည္းပဲ ေကာ္မရွင္ကို အယူခံ တင္ထားတာရွိပါတယ္။ အဲဒါေတြက တခ်ိဳ႕ျပန္မက် ေသးဘူး။ ဒါေၾကာင့္မို႔ ကြၽန္ေတာ္တို႔က ကိန္းဂဏန္းကို အတိအက်ေျပာလို႔မရေသးဘူး။ ထူးထူးျခားျခားကေတာ့ တခ်ိဳ႕ကိစၥေတြမွာ ဘာျဖစ္လဲ ဆိုေတာ့ ကာယကံရွင္ ကိုယ္တိုင္မသိလိုက္တာမ်ိဳးေတြရွိတယ္။ မသိလိုက္ဘူးဆိုတာက တခ်ိဳ႕က ဝန္ထမ္းေပါ့။ ဝန္ ထမ္းကလည္း အလုပ္ထြက္စာသြားတင္တယ္။ အလုပ္ထြက္စာတင္တဲ့အခါမွာ CDM ကာလနဲ႔ေရာ ၿပီးေတာ့ DCS ဆိုၿပီး အလုပ္ထုတ္စာေပးလိုက္တယ္။ ေပးတဲ့အျပင္ ဌာနက သစၥာမဲ့ဝန္ထမ္းဆိုၿပီး အလုပ္ထုတ္စာေပးၿပီးေတာ့ အမည္မည္း စာရင္း Blacklis စာရင္းေပးလိုက္တယ္။ ေစာေစာစီးစီးသိရင္ ဒါေတြ ႀကိဳတင္စီစဥ္ထားလို႔ရၿပီး ကိုယ္စားလွယ္ေလာင္း အေနနဲ႔က်ေတာ့မွ ဌာနဆိုင္ရာအသီးသီးက စစ္ေဆး တဲ့အခါမွာ အရင္မူလတာဝန္ထမ္းေဆာင္ခဲ့တဲ့ဌာနမွာ Blacklist သေဘာမ်ိဳးျဖစ္ေနတယ္။ အမွန္က ကြၽန္ေတာ္တို႔ ေစာေစာစီးစီးသိရင္ ႀကိဳတင္ျပင္ဆင္ လို႔ရတယ္။ သို႔ေသာ္ ဒီကာလဟာ အခ်ိန္ကာလအကန႔္ အသက္နဲ႔ဆိုေတာ့ နားလည္မႈလြဲတာေလးေတြရွိ တယ္”ဟု ဦးကိုကိုႀကီးက ၿပီးခဲ့သည့္ ေအာက္တို ဘာလ (၂၅) ရက္က မီဒီယာမ်ားကို ေျပာေျဖၾကားထား သည္။
ျပည္ေထာင္စု ေ႐ြးေကာက္ပြဲေကာ္မရွင္ (UEC) အေနျဖင့္ ကိုယ္စားလွယ္ေလာင္းမ်ား၏ သတ္မွတ္ခ်က္မ်ားႏွင့္ ပတ္သက္၍ ကနဦးေၾကညာ ခ်က္မ်ားရွိၿပီး ယင္းအခ်က္မ်ားႏွင့္ မကိုက္ညီသည့္အတြက္ တစ္ေျပးညီလုပ္ေဆာင္သြား ျခင္းသာျဖစ္ေၾကာင္း USDP ၏ ေျပာေရးဆိုခြင့္ရွိသူ ဦးသိန္းထြန္းဦးက ဆိုသည္။
“ UEC က သူ႔ရဲ႕သတ္မွတ္ခ်က္ေတြကို အရင္ဆုံးေၾကညာတယ္။ ဒီသတ္မွတ္ခ်က္ေတြ မကိုက္ညီေတာ့ဘူးဆို ရင္ မည္သူ႔ကိုမဆိုေပါ့ေနာ္။ ဘက္လိုက္မႈမရွိဘဲနဲ႔ တစ္ေျပးညီတည္းလုပ္သြားတဲ့ ဟာကို သြားေတြ႕ရတယ္။ အဲဒီ တစ္ေျပးညီ တည္း လုပ္ေဆာင္မႈေပၚမွာလည္း ေက်ာ္လြန္ၿပီးလုပ္တာ မဟုတ္ဘူးေလ။ သူတို႔သတ္မွတ္တယ္။ သတ္မွတ္ ထားတဲ့ အတိုင္းမွာပဲ ဒီအခ်က္ေတြ ဒီအခ်က္ေတြက ေက်ာ္လြန္ေနတယ္။ ဒါမႀကိဳက္ဘူး။ ဒီလိုအေပၚေတြမွာ ေဆာင္႐ြက္သြား တယ္လို႔ ကြၽန္ေတာ္တို႔ ဒီလိုပဲေျပာ ရမွာျဖစ္ပါတယ္”ဟု ဦးသိန္းထြန္းဦးက ေျပာသည္။
ပယ္ဖ်က္ခံရသည့္ လႊတ္ေတာ္ကိုယ္စားလွယ္ေလာင္းမ်ားစာရင္းတြင္ ျပည္သူ႔ေရွ႕ေဆာင္ ပါတီ (PPP) ဥကၠ႒ ေဒၚသက္သက္ခိုင္ ကိုယ္တိုင္ ပါဝင္ခဲ့ေၾကာင္းသိရသည္။ ျပည္သူ႔ေရွ႕ေဆာင္ပါတီ ဥကၠ႒ ေဒၚသက္သက္ခိုင္ကိုမူ သက္ဆိုင္ရာ လႊတ္ေတာ္ေ႐ြးေကာက္ပြဲ ဥပေဒပုဒ္မ (၈)(ဃ)ပါ ျပ႒ာန္းခ်က္ႏွင့္ ၿငိစြန္းသျဖင့္ ကိုယ္စားလွယ္ေလာင္း စာရင္းမွ ပယ္ဖ်က္ျခင္းျဖစ္ေၾကာင္းလည္း UEC က ျပန္လည္ ေျဖၾကားထားခ်က္အရ သိရသည္။
အဆိုပါ အေၾကာင္းအရာႏွင့္ပတ္သက္၍ ေဒၚသက္သက္ခိုင္အေနျဖင့္ UEC သို႔ အသနားခံ စာတင္ထားျခင္း ရွိမရွိကို ျပည္သူ႔ေရွ႕ေဆာင္ပါတီမွ တာဝန္ရွိသူတစ္ဦးထံ NP News က ဖုန္းျဖင့္ဆက္သြယ္ေမးျမန္းခဲ့ေသာ္လည္း လက္ခံေျဖၾကားခဲ့ျခင္းမရွိေပ။

Related news

© 2021. All rights reserved.