နျူကလီးယားလက်နက်များပြန်လည်စမ်းသပ်ရန် အမိန့်ပေးသည့် ဒေါ်နယ်ထရမ့်ကို ဝေဖန်ပြစ်တင်မှုများရှိနေ

184

ဂျန်ဇက် (NP News) - နိုဝင်ဘာ ၂
ဒုတိယကမ္ဘာစစ်အတွင်း အမေရိကန်နိုင်ငံ၏ အနုမြူဗုံးကြဲချခံရမှုမှအသက်ရှင် လွတ်မြောက်လာ သူများအဖွဲ့က အမေရိကန်နိုင်ငံမှ နျူကလီးယား လက်နက်များ ပြန်လည်စမ်းသပ်မည့်အစီအစဉ်ကို ဝေဖန်ပြစ်တင်လိုက်ပြီး လုံးဝ လက်မခံနိုင်ကြောင်း ပြောဆိုလိုက်သည်။
အမေရိကန်နိုင်ငံသည် ဒုတိယကမ္ဘာစစ်အတွင်းက ဂျပန်နိုင်ငံ ဟီရိုရှီးမားမြို့နှင့် နာဂါစကီမြို့တို့ကို အဏုမြူ ဗုံးကြဲခဲ့ရာ အနည်းဆုံးလူပေါင်း (၂)သိန်းသေဆုံးခဲ့ကြောင်းသိရသည်။ အမေရိကန်သမ္မတဒေါ်နယ်ထရမ့်သည် ပြီးခဲ့သည့် ရက်ပိုင်းက တရုတ်၊ ရုရှားနိုင်ငံတို့ကို ယှဉ်ပြိုင်နိုင်ရန်အတွက် နျူကလီးယားလက်နက်များ ပြန်လည်စမ်းသပ်ရန် အမိန့် ပေးခဲ့ပြီးနောက် ငြိမ်းချမ်းရေးနိုဘယ်ဆုကို ရရှိခဲ့သည့် ဒုတိယကမ္ဘာစစ်အတွင်း အမေရိကန်နိုင်ငံ ၏ အနုမြူဗုံးကြဲချခံရမှ အသက်ရှင်လွတ်မြောက်လာ သူများအဖွဲ့က ဝေဖန်ပြစ်တင်ခဲ့ခြင်းဖြစ်သည်။ အမေရိကန်နိုင်ငံ၏အနုမြူဗုံးကြဲချခံရမှ အသက်ရှင် လွတ်မြောက်လာသူများအဖွဲ့ဖြစ်သည့် Nihon Hidankyo အဖွဲ့ကလည်း ဂျပန်နိုင်ငံရှိ အမေရိကန် သံရုံးကို ကန့်ကွက်ကြောင်း စာရေးပေးပို့ခဲ့ကြောင်း သိရသည်။
ဂျပန်နိုင်ငံရှိ အနုမြူဗုံးကြဲချခံရမှုမှ အသက်ရှင်လွတ်မြောက်လာသူများအဖွဲ့က ‘အမေရိကန် သမ္မတရဲ့ညွှန်ကြား ချက်တွေဟာ နျူကလီးယား လက်နက်မရှိဘဲငြိမ်းချမ်းတဲ့ကမ္ဘာကြီးဖြစ်အောင် ကြိုးပမ်းအားထုတ်မှုတွေကို ထိခိုက်စေ မယ်။ နျူကလီးယားလက်နက်များ ပြန်လည်စမ်းသပ်မယ့်အစီအစဉ်ကို လုံးဝလက်မခံနိုင်ဘူး’ ဟုပြောသည်။ ထို့ပြင် ဂျပန်နိုင်ငံ နာဂါစာကီမြို့တော်ဝန်ကလည်း အမေရိကန်သမ္မတ၏ အမိန့်ကို ဝေဖန်ပြစ်တင်ခဲ့ပြီး နျူကလီးယားလက် နက်များ ကင်းစင်သော ကမ္ဘာတစ်ခုဖြစ်ပေါ် လာစေရန် သွေး၊ ချွေးနှင့်မျက်ရည်များဖြင့် အားထုတ်နေသည့် ကမ္ဘာ တစ်ဝန်းရှိလူများ၏ ကြိုးပမ်းအား ထုတ်မှုများကို နင်းခြေခဲ့ခြင်းဖြစ်ကြောင်း ပြောသည်။ နာဂါစကီမြို့ တော်ဝန်က ‘နျူကလီးယားလက်နက်များ ချက်ချင်းပြန်လည်စမ်းသပ်မယ်ဆိုရင် ဒေါ်နယ် ထရမ့်ဟာ ငြိမ်းချမ်းရေးနိုဘယ်ဆုအတွက် ထိုက်တန် မှုမရှိဘူးလို့ ပြောရမယ်’ ဟု ပြောသည်။
ဂျပန်နိုင်ငံရှိ လူပုဂ္ဂိုလ်အဖွဲ့အစည်းများအပြင် ရုရှားနှင့်တရုတ်အစိုးရတာဝန်ရှိသူများကလည်း နျူကလီးယား လက်နက်များ ပြန်လည်စမ်းသပ် မည့်ဆိုသော အမေရိကန်သမ္မတ၏အမိန့်ကို ဝေဖန်ပြစ်တင်ခဲ့ကြောင်းသိရသည်။ ရုရှားလွှတ် တော်ကိုယ်စားလှယ်တစ်ဦးက အမေရိကန်သမ္မတ၏အမိန့်သည် ထိပ်တိုက်တွေ့ဆုံမှုများဖြစ်လာစေရန်နှင့် ကြိုတင်မခန့်မှန်းနိုင်သောခေတ်သစ်ကို ရောက် ရှိလာစေရန် ဖန်တီးလိုက်ခြင်းဖြစ်ကြောင်း ဝေဖန်ထားသည်။
တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနကလည်း အမေရိကန်နိုင်ငံအနေဖြင့် နျူကလီးယား လက်နက်များ စမ်းသပ်မှု နှင့်ပတ်သက်သော ကတိများကိုလိုက် နာစေလိုကြောင်း သတိပေးထားသည်။

Zawgyi Version:
န်ဴကလီးယားလက္နက္မ်ားျပန္လည္စမ္းသပ္ရန္ အမိန႔္ေပးသည့္ ေဒၚနယ္ထရမ့္ကို ေဝဖန္ျပစ္တင္မႈမ်ားရွိေန
ဂ်န္ဇက္ (NP News) - ႏိုဝင္ဘာ ၂
ဒုတိယကမာၻစစ္အတြင္း အေမရိကန္ႏိုင္ငံ၏ အႏုျမဴဗုံးႀကဲခ်ခံရမႈမွအသက္ရွင္ လြတ္ေျမာက္လာ သူမ်ားအဖြဲ႕က အေမရိကန္ႏိုင္ငံမွ န်ဴကလီးယား လက္နက္မ်ား ျပန္လည္စမ္းသပ္မည့္အစီအစဥ္ကို ေဝဖန္ျပစ္တင္လိုက္ၿပီး လုံးဝ လက္မခံႏိုင္ေၾကာင္း ေျပာဆိုလိုက္သည္။
အေမရိကန္ႏိုင္ငံသည္ ဒုတိယကမာၻစစ္အတြင္းက ဂ်ပန္ႏိုင္ငံ ဟီ႐ိုရွီးမားၿမိဳ႕ႏွင့္ နာဂါစကီၿမိဳ႕တို႔ကို အဏုျမဴ ဗုံးႀကဲခဲ့ရာ အနည္းဆုံးလူေပါင္း (၂)သိန္းေသဆုံးခဲ့ေၾကာင္းသိရသည္။ အေမရိကန္သမၼတေဒၚနယ္ထရမ့္သည္ ၿပီးခဲ့သည့္ ရက္ပိုင္းက တ႐ုတ္၊ ႐ုရွားႏိုင္ငံတို႔ကို ယွဥ္ၿပိဳင္ႏိုင္ရန္အတြက္ န်ဴကလီးယားလက္နက္မ်ား ျပန္လည္စမ္းသပ္ရန္ အမိန႔္ ေပးခဲ့ၿပီးေနာက္ ၿငိမ္းခ်မ္းေရးႏိုဘယ္ဆုကို ရရွိခဲ့သည့္ ဒုတိယကမာၻစစ္အတြင္း အေမရိကန္ႏိုင္ငံ ၏ အႏုျမဴဗုံးႀကဲခ်ခံရမွ အသက္ရွင္လြတ္ေျမာက္လာ သူမ်ားအဖြဲ႕က ေဝဖန္ျပစ္တင္ခဲ့ျခင္းျဖစ္သည္။ အေမရိကန္ႏိုင္ငံ၏အႏုျမဴဗုံးႀကဲခ်ခံရမွ အသက္ရွင္ လြတ္ေျမာက္လာသူမ်ားအဖြဲ႕ျဖစ္သည့္ Nihon Hidankyo အဖြဲ႕ကလည္း ဂ်ပန္ႏိုင္ငံရွိ အေမရိကန္ သံ႐ုံးကို ကန႔္ကြက္ေၾကာင္း စာေရးေပးပို႔ခဲ့ေၾကာင္း သိရသည္။
ဂ်ပန္ႏိုင္ငံရွိ အႏုျမဴဗုံးႀကဲခ်ခံရမႈမွ အသက္ရွင္လြတ္ေျမာက္လာသူမ်ားအဖြဲ႕က ‘အေမရိကန္ သမၼတရဲ႕ၫႊန္ၾကား ခ်က္ေတြဟာ န်ဴကလီးယား လက္နက္မရွိဘဲၿငိမ္းခ်မ္းတဲ့ကမာၻႀကီးျဖစ္ေအာင္ ႀကိဳးပမ္းအားထုတ္မႈေတြကို ထိခိုက္ေစ မယ္။ န်ဴကလီးယားလက္နက္မ်ား ျပန္လည္စမ္းသပ္မယ့္အစီအစဥ္ကို လုံးဝလက္မခံႏိုင္ဘူး’ ဟုေျပာသည္။ ထို႔ျပင္ ဂ်ပန္ႏိုင္ငံ နာဂါစာကီၿမိဳ႕ေတာ္ဝန္ကလည္း အေမရိကန္သမၼတ၏ အမိန႔္ကို ေဝဖန္ျပစ္တင္ခဲ့ၿပီး န်ဴကလီးယားလက္ နက္မ်ား ကင္းစင္ေသာ ကမာၻတစ္ခုျဖစ္ေပၚ လာေစရန္ ေသြး၊ ေခြၽးႏွင့္မ်က္ရည္မ်ားျဖင့္ အားထုတ္ေနသည့္ ကမာၻ တစ္ဝန္းရွိလူမ်ား၏ ႀကိဳးပမ္းအား ထုတ္မႈမ်ားကို နင္းေျခခဲ့ျခင္းျဖစ္ေၾကာင္း ေျပာသည္။ နာဂါစကီၿမိဳ႕ ေတာ္ဝန္က ‘န်ဴကလီးယားလက္နက္မ်ား ခ်က္ခ်င္းျပန္လည္စမ္းသပ္မယ္ဆိုရင္ ေဒၚနယ္ ထရမ့္ဟာ ၿငိမ္းခ်မ္းေရးႏိုဘယ္ဆုအတြက္ ထိုက္တန္ မႈမရွိဘူးလို႔ ေျပာရမယ္’ ဟု ေျပာသည္။
ဂ်ပန္ႏိုင္ငံရွိ လူပုဂၢိဳလ္အဖြဲ႕အစည္းမ်ားအျပင္ ႐ုရွားႏွင့္တ႐ုတ္အစိုးရတာဝန္ရွိသူမ်ားကလည္း န်ဴကလီးယား လက္နက္မ်ား ျပန္လည္စမ္းသပ္ မည့္ဆိုေသာ အေမရိကန္သမၼတ၏အမိန႔္ကို ေဝဖန္ျပစ္တင္ခဲ့ေၾကာင္းသိရသည္။ ႐ုရွားလႊတ္ ေတာ္ကိုယ္စားလွယ္တစ္ဦးက အေမရိကန္သမၼတ၏အမိန႔္သည္ ထိပ္တိုက္ေတြ႕ဆုံမႈမ်ားျဖစ္လာေစရန္ႏွင့္ ႀကိဳတင္မခန႔္မွန္းႏိုင္ေသာေခတ္သစ္ကို ေရာက္ ရွိလာေစရန္ ဖန္တီးလိုက္ျခင္းျဖစ္ေၾကာင္း ေဝဖန္ထားသည္။
တ႐ုတ္ႏိုင္ငံျခားေရးဝန္ႀကီးဌာနကလည္း အေမရိကန္ႏိုင္ငံအေနျဖင့္ န်ဴကလီးယား လက္နက္မ်ား စမ္းသပ္မႈ ႏွင့္ပတ္သက္ေသာ ကတိမ်ားကိုလိုက္ နာေစလိုေၾကာင္း သတိေပးထားသည္။